အခန်း (၂၀) - ဝိညာဉ်များကို ပို့ဆောင်ခြင်း
တကယ့်ကို ထူးဆန်းတယ်။ အမျိုးသမီးလျို က သူ့သား လုဂျန်ကို သိပ်စိတ်မပူပဲ လုနိုင်းကို ပိုဂရုစိုက်သည်။ ဒါ့အပြင် လုနိုင်းက အိမ်မှုကိစ္စတွေကို လုပ်စရာမလိုဘူး။ သူတို့ မူလလုရှန်းကို ခိုင်းသည်။ အသက်၅နှစ်အရွယ်သာရှိသေးတဲ့ လုဂျန်သည် ရွာရှိ အခြားကလေးများနဲ့အတူ တောထဲမှ ထင်းများကို လိုက်ကောက်ရသည်။
လုဂျန်နဲ့ လုရှင်း အပေါ် အမျိုးသမီးလျိုရဲ့ သဘောထားကို သူမ ပြန်သတိရမိသည်။ သူတို့နှစ်ယောက် က အမျိုးသမီးလျိုရဲ့ သားသမီးအရင်းများ မဟုတ်ဘူးဟု လုရှန်း သံသယဖြစ်မိသည်။
"ဒီနေ့ မင်းအတွက်ပဲ မြန်မြန်စားလိုက်။ အေးလာရင် အရသာရှိတော့မှာ မဟုတ်ဘူး"
"ညီမလေး အရင်စား!"
လုဂျန် က ကြက်ဥအကာတစ်စိတ်တစ်ပိုင်းကို လုရှင်းကို ကျွေးသည်။ ဆန်ပြုတ် က ပူနေတုန်းပဲ၊ လုရှင်း ဒါကို စားရတာ သဘောကျသည်။ လုရှန်း စားတာကို မြင်ပြီးနောက် လုဂျန်လည်း ဂရုတစိုက် ကိုက်သည်။
"စားစရာ!"
"ဒါက စားဖူးသမျှ အရသာအရှိဆုံးပဲ"
လုရှန်း က ရယ်မောရင်း- "မြက်ရှင်းဖို့ ကြိုးကြိုးစားစားလုပ်ရင် အရသာရှိတဲ့ အစားအစာတွေက အနာဂတ်မှာ လာလိမ့်မယ်"
ဗိုက်ဖြည့်ပြီးနောက် ၃ယောက်သား မြက်ပင်များကို ဆက်ပြီး ပေါင်းသင်ကြသည်။ လုရှန်း ကောင်းသောနေ့လည်ခင်းတစ်ခုလုံး အလုပ်ပြီးအောင်လုပ်ရင်း ကုန်ဆုံးနေခဲ့သည်။
နေရာလွတ်လက်ကောက် မျာ အစားအသောက်များစွာ ရှိသည်။ အာလူးအနည်းငယ်ကို ထုတ်ပြီး အတုံးလေးတွေဖြစ်အောင် လှီးသည်။ ခရမ်းချဉ်သီးအချို့ကို အစေ့တွေကို ယူပြီး စိုက်ပျိုးရန် ပြင်ဆင်သည်။
"ဒုတိယအစ်မ၊ ဒါ ဘာတွေလဲ"
မြက်ပင်များကို ပေါင်းသတ်ပြီးနောက် မောပန်းနွမ်းနယ်နေသော နေ့လယ်ခင်းအချိန်တွင် လုဂျန် သည် အမျိုးသမီးလျိုနဲ့ လုနိုင်း တို့ကို မေ့သွားသည်။ သူ က လုရှန်း ရဲ့ လက်ပေါ်က ပစ္စည်းများကို စူးစမ်းချင်စိတ်ဖြင့် စိုက်ကြည့်နေသည်။
လုရှန်း က ပြုံးပြီး ပြန်ပြော၏- "လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထူးဆန်းတဲ့လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ဒီပစ္စည်းတွေက စားလို့ရတယ်တဲ့။ သူ က စိုက်ဖို့ အစေ့တချို့ ပေးခဲ့တာ"
"ဒါပေမယ့်။ ဒါတွေကို ခွဲလိုက်ပြီလေ။ သူတို့ အသက်ရှင်နေသေးလား"
လုဂျန် က စိုးရိမ်သောကဖြင့် ကြည့်နေ၏။"စိုက်လို့ရသေးတယ်တဲ့"
လုရှန်း စကားပြောရင်းနဲ့ မောင်နှမကို ခရမ်းချဉ်သီးတစ်ဝက် ဝေငှလိုက်သည်။
"ရှင်းရှင်း က ဒီဟာရမယ်"
လုရှင်း က ၃ နှစ်အရွယ်သာရှိသေးပြီး ထိုအစားအစာအမျိုးအစားများကို တခါမှ မစားဖူးပါ။ လုရှင်း က ယူလိုက်ပြီး ဆုပ်ကိုင်ကာ ခေါင်းငုံ့ စားသည်။ သို့သော် လုရှင်း က ချက်ချင်း မျက်မှောင်ကြုံ့ကာ လုရှန်းကို- "ဒုတိယအစ်မ ဒါ ချဉ်တယ်"
လုရှန်း နဲ့ လုဂျန် လည်း မထိန်းနိုင်ပဲ ရယ်မောတယ်။
လုရန် ရုတ်တရက် တံခါးကို ဖွင့်လိုက်ချိန် နှစ်ယောက်သား၏ ရယ်မောသံများ ချက်ချင်း ရပ်သွားသည်။ လုရှန်း က ချောင်းဟန့်ပြီး ပြုံးတယ်- "အစ်ကို နိုးပြီလား? အစ်ကို့အတွက် အစားအစာ မီးဖိုချောင်မှာရှိတယ်"
"ကောင်းပြီ"
လုရန် မီးဖိုချောင်ကို လျှောက်မသွားမီ တိုးညှင်းသော အသံဖြင့် ပြန်ဖြေသည်။ သူ တကယ် ဆာလောင်နေ၏။ သူ့အခန်းထဲ တနေကုန်နေခဲ့သောကြောင့် ဖြစ်သည်။
ညစာစားချိန် တွင် လုရှန်း က အာလူးအခွံခွာပြီး အအေးခံထားတဲ့ အာလူး ကို ခချဉ်သီး၊ ကြက်ဥနဲ့ မွှေသည်။ လုရန် က သံသယဖြစ်နေပေမဲ့ သူမကို မမေးပါ။ လုမောင်နှမတွေ အတွက် ပထမဦးဆုံး အကြိမ် ဒီလိုအစားအစာကို စားဖူးတာဖြစ်သည်။
ညဘက်တွင် လုရှင်း က အမျိုးသမီးလျို ကို တပြီး အော်ဟစ်ငိုကြွေးခဲ့ပေမဲ့ မကြာခင်မှာ ပင် အိပ်ပျော်သွားခဲ့သည်။ လုဂျန် ကမူ အမြဲတမ်း ဥာဏ်ရည်ထက်မြက်သော ကောင်လေးတစ်ယောက်ဖြစ်သည်။ ရွာသားတွေရဲ့ သဘောထားကို မြင်တော့ တစ်ခုခုကို အနည်းနဲ့အများ နားလည်သည်။ ထို့ကြောင့် အော်ဟစ်တာတွေ ဝုန်းဒိုင်းကြဲတာတွေ မလုပ်ခဲ့။
လေထန်သောညအချိန်၌ လုရှန်း သည် အခန်းထဲတွင် မအိပ်သေးပေ။ သူမ သည် အမျိုးသမီးဟဲ နဲ့ မူလပိုင်ရှင်ရဲ့ ဝိညာဉ်များကို အမျိုးသမီးလျို ဆီ လွှတ်ဖို့ ပြင်ဆင်ထားသည်။
သူမ အဝါရောင်ဂါထာစာရွက်ကို ထုတ်ပြီး လက်ညှိုးကို ကိုက်လိုက်သည်။ ထို့နောက် သူမရဲ့ သွေးတွေနဲ့ အဝါရောင် ဂါထာစာရွက်ပေါ်ကို ရှုပ်ထွေးတဲ့ အက္ခရာတစ်ခု ရေးဆွဲလိုက်သည်။ ထို့နောက် သူမ မြေပြင်ပေါ် မှာ အဝါရောင် ဂါထာစာရွက်ချထားပြီး မျက်လုံးမှိတ်ကာ- "သွေးကို လမ်းပြအဖြစ် လမ်းခင်းပါ။ ဟောင်ချန်အမြန်ဖွင့်ပြီး ဝိညာဉ်များကို အိမ်တော်ဆီ ပြန်ပို့ပေးပါ!"
အဝါရောင်ဂါထာစာရွက်ပေါ် တွင် ထူးဆန်းတဲ့ အနီရောင် အလင်းတန်းကို ထွက်ပေါ်လာပြီး မြေပြင်ပေါ်မှာ မှောင်မိုက်တဲ့ တွင်းပေါက်တစ်ခု ပေါ်လာ၏။ ထိုတွင်းပေါက် သည် အဆုံးမရှိသော ပြင်းထန်သော သရဲတစ္ဆေ အော်သံများဖြင့် ပြည့်နေလေသည်။
လုရှန်း က သူတို့နှစ်ယောက်ရဲ့ ဝိညာဉ်များပါတဲ့ ကမ္ပည်းပြားကို ထုတ်ပြီး တွင်းပေါက်ဝတွင် ကပ်လိုက်သည်။ ဂါထာစာရွက် ချက်ချင်း ပျက်စီးသွား၏။ အမှောင်တွင်းရဲ့ စုပ်ယူခြင်းခံရပြီး ဝိညာဉ်၂ကောင် နှင့် တွင်းပေါက် သည် လည်း ပျောက်ကွယ်သွား၏။ နောက်ဆုံးတော့ အခန်း သည် အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားတော့သည်။
ဝိညာဉ်များ ကို လွှတ်ပြီးနောက် လုရှန်း အခန်းထဲ မှာ အိပ်ဖို့ပြင်သည်။