no

Font
Theme

အခန်း (၂၂) - ပါပီလေးတွေရဲ့ စကေး

ပွဲကြည့်ပရိသတ် နှစ်ဦး သည် တိုက်ပွဲကို သဘောကျစွာ ကြည့်ရှုခဲ့ကြပြီး အိပ်မက်ဆိုးတစ်ခု ကျရောက်တော့မည်ကို မသိခဲ့ကြပေ။

"ဟုတ်ကဲ့!"

သူမရဲ့အမိန့်ကို အသိအမှတ်ပြုပြီးနောက်တွင် အနက်ရောင်တိမ်တိုက်များက အနက်ရောင် ဝတ်ထားသော အမျိုးသားများရဲ့ ခန္ဓာကိုယ် ဆီသို့ ဦးတည်ကြသည်။

ချူစစ်ဟန်နဲ့ ချူယွမ် တို့သည် ထွက်ပြေးဖို့ လမ်းကြောင်းကို တွေးတောရင်း မူလနေရာမှာပဲ ရပ်နေကြသည်။ သို့ပေမဲ့ အနက်ရောင် ဝတ်စုံများ က ရုတ်တရက် တိုက်ခိုက်ခြင်း ရပ်တန့်သွားတာကို သူတို့ သဘောပေါက်လိုက်ကြသည်။ ထို့အစား အနက်ရောင်ဝတ်ထားတဲ့ ဒီအမျိုးသားတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်ကို တင်းမာစွာ လှည့်ပြီး တစ်ပုံစံတည်း လှည့်ကြည့်လိုက်သည်။ ထို့နောက် မကြာမီ သူတို့ ပျားအုံလို ထိုဦးတည်ရာဆီသို့ ပြေးသွားကြသည်။

နောက်ဆုံးတော့ ပရိသတ်နှစ်ယောက် က တစ်ခုခုလွဲနေပြီဆိုတာ သိလိုက်သည်။ လေတွေပြောင်းလဲသွားလို့ အံ့ဩသွားပြီး ကျိန်ဆဲကြတယ်။ အခင်းဖြစ်ပွားရာနေရာမှ လွတ်မြောက်ရန် ချင်းဂွန်း ကို အသုံးပြုပြီး ထွက်ပြေးကြတယ်။

"သခင်..သခင်၊ ဘာဖြစ်နေတာလဲ?"

ချူယွမ် က တုန်လှုပ်ချောက်ချားသော အမူအရာနဲ့ အခြေအနေကို ကြည့်ရင်း ထစ်ထစ်ငေါ့ငေါ့ မေးတယ်။

ချူစစ်ဟန် က မျက်မှောင်ကြုတ်ပြီး စူးရှသော မျက်လုံးများတွင် ရှုပ်ထွေးမှုများ ပေါ်လာသည်။ စက္ကန့်အနည်းငယ်ကြာပြီး နောက်ဆုံးမှာ သူက အသံတိုးတိုးလေးနဲ့ ပြောလာသည်- "တစ်ခုခုက သူတို့ကို ထိန်းချုပ်လိုက်ပုံပဲ”

ဒီစကားကို ကြားလိုက်တော့ ချူယွမ် စိတ်ထဲမှာ ပထမဆုံး ထင်မြင်ယူဆချက်မှာ ယုတ်ညံ့သော လှည့်ကွက်၊ နာမည်ဆိုးဖြင့် ကျော်ကြားသော ရုပ်သေးရုပ် ဖြစ်သည်။ သူ သည် ပြောတာကို တခြားသူတွေ ပြောတာကိုသာ ကြားခဲ့ရပြီး လက်တွေ့မှာ မတွေ့ဖူးဘူး။

"သခင်၊ တစ်စုံတစ်ယောက် က သူတို့ကို ရုပ်သေးပညာနဲ့ ခြယ်လှယ်နေတာလို့ ပြောချင်တာလား?"

ချူစစ်ဟန် က ခေါင်းယမ်းတယ်- "မသေချာသေးဘူး"

ချူယွမ် က အသက်ပြင်းပြင်းရှုသွင်း၍- "ဘာပဲဖြစ်ဖြစ် ဒါဟာ ကျွန်တော်တို့အတွက် သေးငယ်တဲ့လွတ်မြောက်မှုပဲ"

ထိုနေရာတွင် သူ့အသက်ဆုံးရှုံးမည်လို့ ထင်နေခဲ့သည်။

ချူယွမ် စိတ်အေးလက်ဆေးဖြစ်နေချိန် ချူယွမ်နှင့် ဆန့်ကျင်ဘက်ဖြစ်တဲ့ ချူစစ်ဟန် က တစ်စုံတစ်ခုကို ရှာဖွေရန် ကြိုးစားနေပြီး သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ဘယ်သူ က ငါတို့ကို ကူညီခဲ့တာလဲ? သူတို့ ဘာကြောင့် ကူညီခဲ့တာလဲ?

ချူယွမ် က ပုလဲတစ်လုံးကို ထုတ်ယူလိုက်ပြီး ပတ်ဝန်းကျင်ကို တောက်ပသွားစေသည်။ လုရှန်း သူတို့ရဲ့မျက်နှာများကို ကြည်လင်ပြတ်သားစွာ မြင်လိုက်သည်။

သူတို့ပဲလား?

သူမ ထိတ်လန့်စွာ မျက်ခုံးပင့်လိုက်သည်။ သူတို့နှစ်ဦးနဲ့ ဒီလိုတွေ့လိမ့်မယ်လို့ သူမ ကိုယ်တိုင် မမျှော်လင့်ထားပေ။ သူမ ဒီကမ္ဘာမှာ ၂ ရက်သာ နေထိုင်ခဲ့ပေမဲ့ သူတို့နှင့် ၃ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီးဖြစ်သည်။

လူငယ်လေး တစ်ယောက် က မိုက်မဲစွာ ကြည့်နေသည်။ ထိုသူက ကြောက်ရွံ့သူမဟုတ်။ သို့ပေမဲ့ တစ်ဖက်ကို ကြည့်ကာ သူက လူရိုးမဟုတ်တာ ဘယ်သူမဆို ပြောနိုင်သည်။

တကယ်လို့ သူမ ဒီနေရာမှာ ဆက်ရှိနေပါက မကြာခင် ရှာတွေ့သွားလိမ့်မယ်။ သူမ ခန္ဓာကိုယ်ကို လှည့်ဖို့ ကြိုးစားလိုက်သည်။ သူမ ဂရုမစိုက်သလို ဖြစ်သွားခဲ့သည်။ ရုတ်တရက် လေပြင်းတိုက်ခတ်မှုနှင့်အတူ သူမ၏ ကိုယ်ပျောက်ဂါထာစက္ကူ ပြုတ်ကျသွား၏။

"အဲဒီမှာ ဘယ်သူလဲ?"

ချူယွမ် အော်လိုက်သည်။

လုရှန်း က သူမရဲ့ ကိုယ်ဖော့သိုင်းနဲ့ အခင်းဖြစ်ပွားရာနေရာမှ အမြန်မပြေးခင် တုန်လှုပ်သွားသည်။

ချူယွမ် သူမကို လိုက်ချင်သော်လည်း ချူစစ်ဟန် က သူ့ကို တားသည်။

"သခင်၊ ကျွန်တော်တို့ သူ့ကို လိုက်နေတာမဟုတ်ဘူးလား?"

ချူစစ်ဟန် က ခေါင်းယမ်းတယ်- "မလိုဘူး"

ပုံသဏ္ဍာန် နှင့် ရင်းနှီးနေသလို ခံစားရသည်။

"လူသတ်သမား ရုတ်တရက် ထွက်သွားတာက အဲဒီလူနဲ့ ပတ်သက်နိုင်သလား"

"ဖြစ်နိုင်တယ်"

ဒီလူ ရောက်ရှိနေခြင်းကို သူတို့ အချိန်အတော်ကြာ သတိမပြုမိခဲ့ဘူး။ လုံးဝ မရိုးရှင်းဘူး!

"သခင်၊ ဒီလူ က ကျွန်တော်တို့ လိုက်ဖမ်းနေတဲ့ အနက်ရောင်ပုံရိပ်လို့ ထင်လား?"

"မဟုတ်ဘူး"

အနက်ရောင်ပုံရိပ် သည် ကိုယ်လုံးကိုယ်ပေါက် သန်မာပြီး ပိန်ပိန်ပါးပါးသည်။ အခု ပုံရိပ်ကတော့၊ အမျိုးသမီးတစ်ဦးနဲ့တူသည်။

ချူစစ်ဟန်ရဲ့စိတ်ထဲ လုရှန်းရဲ့ပုံရိပ် ရုတ်တရက် ထွက်ပေါ်လာကာ သူ၏မျက်ဝန်း တောက်ပသွား၏။

တကယ်လို့ သူမသာ ဖြစ်ခဲ့ရင် သူတို့ကို ဘာလို့ ကယ်တင်ချင်တာလဲ? သူမ ဘာလို့ ဒီမှာ ပေါ်လာတာလဲ? သူမ ဒီမှာ ဘာအတွက် ရှိနေတာလဲ?

သံသယအစီအရီ က ချူစစ်ဟန်ကို ခေါင်းကိုက်စေသည်။ သို့ပေမဲ့ ချူစစ်ဟန် ခေါင်းယမ်းကာ ပြုံးတယ်။

“သခင်၊ ဒီအလောင်းတွေ…”

"သူတို့အတွက် စိတ်မပူပါနဲ့၊ ညကျရင် တစ်ယောက်ယောက်က လာပြီး ကောက်ယူလိမ့်မယ်"

စကားပြောပြီးနောက် ချူစစ်ဟန် တောထဲက ထွက်လာသည်။

လုရှန်း ထွက်မသွားခဲ့။ ချူစစ်ဟန်နဲ့ ချူယွမ် တို့ အဝေးမရောက်ခင်အထိ သူမ စောင့်နေခဲ့သည်။ သူတို့ လျိုယွဲ့ရွာမှ ထွက်ခွာပြီးနောက် သူမ တိမ်မည်းများကို ပြန်ခေါ်ခဲ့သည်။ ထို့နောက် သမ်းဝေပြီး အိမ်ပြန်အိပ်စက်ခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment