အခန်း (၁၉) - ငါ ဒါကို လုပ်ခဲ့တယ်
လုတာ့ဟွား ရဲ့ ဝန်ခံချက်ကြောင့် လျိုယွဲ့ရွာတစ်ခုလုံးကို ဒေါသနဲ့ မယုံကြည်မှုများ ကျန်ရစ်ခဲ့သည်။ အများစု က လုရန်နဲ့ လုရှန်းကို စာနာကြသည်။ သူတို့နှစ်ယောက် ကြီးပြင်းလာတဲ့ချိန် မိခင်မေတ္တာကို ခံယူသင့်ပေမဲ့ သူတို့ရဲ့မိုက်မဲတဲ့ ဖခင်နဲ့ မိထွေးကြောင့် မခံစားခဲ့ရဘူး။
ရွာသူကြီးနဲ့ နီးစပ်တဲ့ ရွာသားတစ်ချို့ က လုညီအစ်ကို မောင်နှမများထံ သွားရောက်ပြီး ဝမ်းနည်းကြောင်း ပြောဆိုသည်။ ကံအဆိုးဆုံး က လုရှန်းလို့ အားလုံးက ထင်နေကြပေမဲ့ သူတို့ရောက်လာချိန် သူမ ကောင်းကောင်းနေပုံပေါ်သည်။ သူမ က လုဂျန်နဲ့ လုရှင်းတို့နဲ့အတူ ခြံဝင်းအတွင်း မြက်ခင်းများကို အေးအေးဆေးဆေး ပေါင်းသင်နေသည်။ ရွာသူရွာသားအားလုံး က သူမကို ဝမ်းနည်းလွန်းပြီး အလုပ်နဲ့အာရုံပြောင်းဖို့ဆုံးဖြတ်ထားပုံပေါ်သည် ဟု ထင်နေခဲ့သည်။ ဒါကြောင့် လူတိုင်း က စကားနည်းနည်းပဲပြောပြီး ထွက်သွားကြသည်။
"အားရှန်း၊ မင်း ဒီအကြောင်းကို သိထားပြီးသားလား?”
လုရန် ထွက်လာချိန် လုရန်ရဲ့မျက်နှာ အလွန်ဖျော့နေပြီး မျက်လုံးအောက်တွင် မျက်ကွင်းညိုညိုများရှိနေသည်။ သူ့မျက်နှာ က ပင်ပန်းနွမ်းနယ်နေပုံပေါ်နေလေသည်။ လုရန် က မျက်ရည်များနဲ့ သူမကို ကြည့်လာသည်။
"မကြာသေးဘူး"
လုရှန်း က ပေါက်ပြားကို ချ၍ ပြောလိုက်သည်- "လွန်ခဲ့တဲ့ ၂ရက်တည်းက ဒီအကြောင်းကို သိတာ"
လုနိုင်း က ခရိုင်တရားသူကြီး နှင့် လက်ထပ်ချင်တယ်လို့ ပြောခဲ့ပေမဲ့ လုနိုင်း သည် လုမိသားစုရဲ့သမီးအရင်းမဟုတ်ပေ။ ဒါကြောင့် မူလလုရှန်းကို သတ်ဖို့ အမျိုးသမီးလျို ကို ကူညီခဲ့သည်။ သို့ပေမဲ့ အမျိုးသမီးလျို သည် အားနည်းသူများကို အနိုင်ကျင့်ပြီး အားကြီးသူများကို ကြောက်ရွံ့သည်။ သူမ သည် လုတာ့ဟွား အား အမျိုးသမီးဟဲကို အဆိပ်ခတ်ရန် သတ္တိရှိရှိ ဆွဲဆောင်ခဲ့ပေမဲ့ ခရိုင်တရားသူကြီးကို မစော်ကားဝံ့ပေ။ ဒါကြောင့် သူမ လုနိုင်းရဲ့တောင်းဆိုမှုကို ငြင်းပယ်ခဲ့သည်။
သို့သော် လုနိုင်း သည် ခြိမ်းခြောက်ဖို့ ဒီကိစ္စကို အသုံးပြုခဲ့သည်။ အမျိုးသမီးလျို သာ လုနိုင်းကို မကူညီခဲ့ပါက လုနိုင်း က အမျိုးသမီးဟဲ အဆိပ်သင့်စေရန် လုတာ့ဟွားကို အတင်းအကျပ် ခိုင်းစေတဲ့ လုပ်ရပ်ကို ထုတ်ဖော်လိမ့်မယ်။ အမျိုးသမီးလျို သည် သမီးဖြစ်သူရဲ့ကိုယ်ရည်ကိုယ်သွေးကို ကောင်းစွာသိသည်။ အခြားနည်းလမ်းမရှိဘဲ၊ အမျိုးသမီးလျို သည် လုနိုင်းကို မူလလုရှန်းကို ဖယ်ရှားဖို့ ကူညီရန် သဘောတူခဲ့သည်။
ထိုအခိုက်တွင် မူလလုရှန်း ရေချိုးခန်းမှ ပြန်ရောက်လာသည်ကို သူတို့ မသိလိုက်ပေ။ ဒီစကားဝိုင်းတစ်ခုလုံးကို ကြားသွားခဲ့သည်။ အမျိုးသမီးလျို သည် မူလလုရှန်း က လုပ်ရပ်တွေကို ဖော်ထုတ်မှာကို ကြောက်တာမို့ သတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ လုနိုင်းရဲ့အကူအညီနဲ့ တွန်းထုတ်လိုက်ပြီး အခန်းထဲသို့ ဆွဲခေါ်ကာ ခေါင်းအုံးဖြင့် အသက်ရှူကျပ်အောင် လုပ်ခဲ့သည်။ ထို့နောက် အလောင်းကို အနီးနားရှိ ရေကန်ထဲသို့ ပစ်ချခဲ့သည်။
"ဘယ်သူဆီကကြားတာလဲ" လုရန် မေးလိုက်သည်။
"လုနိုင်းနဲ့ အမျိုးသမီးလျို"
လုရှန်း က ခေါင်းငုံ့ပြီး သူမရဲ့အမူအရာကို ဖုံးကွယ်ထား၏။ လုရန်ရဲ့အမူအရာ က အနည်းငယ် တင်းမာလာသည်။ စက္ကန့်အနည်းငယ်ကြာပြီးတော့ အေးစက်စက်လေသံဖြင့်- "ဒါကြောင့် သူတို့ မင်းကို သတ်ချင်တာလား"
လုရှန်း က ခေါင်းညိတ်၏။- "ထင်တာပဲ"
လုရန် ပြောစရာစကားမဲ့သွား၏။ အမျိုးသမီးလျို ကို ဘေးဖယ်ထားရင်တောင် သူ့အဖေ က သူ့အမေ သေဆုံးမှုမှာ ပါဝင်ပတ်သက်နေသည် ဆိုတာ မယုံနိုင်ပါ။ လုရန် သည် စိတ်ဆင်းရဲတာကို မျိုသိပ်ပြီး ပျော့ညံ့တဲ့ အသံနဲ့ မေးလိုက်သည်- "လွန်ခဲ့တဲ့၂ရက်က သရဲခြောက်တာ က …"
"ဒါတွေအားလုံး ညီမလေး လုပ်တာ" လုရှန်း ဝန်ခံသည်။
"ကောင်းကောင်းလုပ်ခဲ့တယ်!"
လုရန် ပြောပြီးတာနဲ့ သူ့အခန်းထဲပြန်ဝင်သွားသည်။
လုဂျန် က လုရန် အခန်းထဲပြန်သွားချိန်ကို စောင့်နေ၏။ ထို့နောက် သူ က လုရှင်း နဲ့အတူ လုရှန်း ရှိရာကို မျှော်ကြည့်၍- "ဒုတိယအစ်မ သားတို့ ဗိုက်ဆာနေပြီ"
"အစ်မ မင်းကို ထမင်းကျွေးမယ်"
သူမ လက်ဆေးပြီးနောက် မီးဖိုချောင်သွားသည်။ အမျိုးသမီးလျို သည် အလွန်တွက်ဆတတ်သူဖြစ်သည်။ လုရှန်း သည် အရသာရှိသည့် ဟင်းပွဲလုပ်ဖို့ မစောင့်နိုင်အောင်ဖြစ်နေ၏။ လုရှန်း ထမင်းအိုးကို ဖွင့်ကြည့်လိုက်ရာ တစ်ဝက်ပဲရှိသည်။ သူမ သည် တခါမှ မထိဖူးသော မုန့်ညက်အိုးကို လှမ်းမြင်လိုက်သည်။ ဥတွေကို တစ်ချက်ကြည့်သည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ရိုးရှင်းသော ဆန်ပြုတ် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
သူမ သည် နောက်တစ်နာရီအတွင်း အလုပ်များနေသည်။ ပြီးတာနဲ့ သူမ ကြက်ဥအကာပန်းကန်ကို ယူလာပြီး လုဂျန်နဲ့ လုရှင်းကို မြည်းကြည့်ဖို့ တောင်းဆိုသည်။ ထို့နောက် သူမက လုရန်ရဲ့အခန်းကို သွားပြီး တံခါးခေါက်လိုက်သည်။ လုရန် က စားချင်စိတ်မရှိတာမို့ သူတို့ကိုပဲ စားခိုင်းခဲ့တယ်။ လုရှန်း ကလည်း သူ့ကို အတင်းအကျပ် ဖိအားမပေးပေ။ ထမင်းစား စားပွဲသို့ ပြန်ရောက်တော့ ကလေး နှစ်ယောက် စောင့်နေတာ သိလိုက်သည်။
"စားတော့" လုရှန်း က တစ်ယောက်ချင်းစီကို ဝေငှလိုက်သည်။
လုဂျန် က ခရမ်းချဉ်သီးကို ယူကာ မျိုချလိုက်သည်- "ဒုတိယအစ်မ၊ အမေ က အဖေနဲ့ တတိယအစ်မအတွက် ကြမ်းခင်းဝယ်ပေးတယ် သိလား?”