Ch-3 :လက်ဆောင်ပေးသူတောင်းစား
မီးလောင်ပျက်စီးသွားသော အဝါရောင်စက္ကူသည် လုရှန်းကိုယ်တိုင် ရေးဆွဲထားသော ဂါထာစာရွက် ဖြစ်၏။
သူမ၏ဆရာ ဟာ တကယ့်ကျင့်ကြံအားထုတ်သူတစ်ဦးဖြစ်သည်။ လုရှန်း သည် အရာအားလုံးကို မှတ်မိနိုင်သော အရွယ်မှစ၍ ဆရာနှင့်အတူ ကျင့်ကြံအားထုတ်မှုများ ပြုလုပ်ခဲ့သည်။ သူမ သည် ဆရာ၏အဆင့် ကို မမီသော်လည်း ဆရာ က သူမ၏ကျင့်ကြံမှုဆိုင်ရာ အရည်အချင်းကို အသိအမှတ်ပြုခဲ့သည်။
သင့်လျော်သော အရာများကို သင်ယူရန် လုရှန်း ငြင်းဆိုတိုင်း ဆရာ က "ငပျင်း" ဟူ၍ မှတ်ချက်ပေးလေ့ရှိသည်။ ထို့ကြောင့် သူမ သည် ရိုးရှင်းသော အကျင့်ဆိုးများနှင့် ယုတ်မာသော လှည့်ကွက်များကို အမြဲလေ့လာရန် ကြိုးစားခဲ့သည်။
"ဟား..."
လုရှန်း စဉ်းစားမိသည်။ အကယ်၍ သူမ သာ ဆရာ၏စကားကို နားထောင်ပြီး ထမင်းစားရန် တစ်ယောက်တည်း အပြင်မထွက်ခဲ့ပါက၊ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် နောက်ဆုံးမှာ သေဆုံးမှုကို ရှောင်ရှားနိုင်ခဲ့မည်ဖြစ်သည်။
သို့သော်... ကျေးဇူးတင်ရမည့်အရာမှာ ဘုရားသခင် က သူမ အား အခြားသော အသက်တစ်ခုကို ကောင်းချီးပေးခဲ့ခြင်းပင်ဖြစ်သည်။
သူမရဲ့ကြင်နာတတ်တဲ့ စရိုက်ကြောင့် ဖြစ်မယ်။
**
လျိုယွဲ့ရွာတွင်မူ လုရှန်း ကို ရှာဖွေနေဆဲဖြစ်တယ်။
သို့သော် လုရှန်း သည် ခေါက်ဆွဲဆိုင်ရှေ့ မုန့်ထုပ်ကိုင်ထားပြီး လက်ဖဝါးပေါ် ရှိ ကြေးပြား၂ပြားကို ကြည့်နေတယ်။
သူမ လမ်းဘေး နံရံဘေးမှာ ထိုင်ကာအနားယူချိန် အမျိုးသမီးတစ်ယောက် က သူမ ဆီ ကြေးပြား ၆ ပြားပစ်ချပေးခဲ့သည်။ အိမ်က အမြန်ထွက်လာတာမို့ ကြေးပြားအလုံအလောက်မပါသောကြောင့် နောက်တစ်ကြိမ် ပြန်ဆုံကြရင် ထပ်ပေးမယ်လို့လည်း ပြောခဲ့သည်။
ဒါ့အပြင် ထိုအမျိုးသမီး က သူ့အစေခံ ကို လုရှန်း ကို ပန်းသီးတစ်လုံးပေးခိုင်းခဲ့တယ်။ စောစော က သူမ စားခဲ့တဲ့ ပန်းသီးဖြစ်တယ်။
သူ့ဆရာ က ‘လူတစ်ယောက် ဟာ အလွန်လောဘမကြီးသင့်" လို့ တစ်ခါကပြောဖူးတယ်။ လုရှန်း က သူမမှာ မုန့်တွေရှိပြီးသားမို့ မုန့်မတောင်းသင့် သည် ကို သိသည်။
သူမကိုယ်သူမယုံကြည်၍ သက်ပြင်းချလိုက်ကာ ကျန်ကြေးပြား ၂ပြားကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်တယ်။
ဘဝ က ခက်ခဲလွန်းတယ်!
လုရှန်း သည် ခေါင်းမော့ပြီး ကောင်းကင်ကို မော့ကြည့်တယ်။ စောသေးသည်။ မှောင်တော့မှ လျိုယွဲ့ရွာ ကို ပြန်တော့မယ်။
နောက်ပိုင်း လေပြင်းများတိုက်ခတ်လာမယ်လို့ ခန့်မှန်းမိသည်။ ညဘက်တွင် သူမအလိုရှိရာကို လွယ်ကူစွာလုပ်ဆောင်နိုင် သည်။
“သခင်မလေး ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ထမင်းကျွေးပါ!"
လုရှန်း လမ်းလျှောက်သွားစဉ် ရုတ်တရက် လူတစ်ဦးက သူမ၏ခြေထောက်ကို ပွေ့ဖက်လာသည်။ မျက်နှာပြန်လှည့်ကြည့်လိုက်သောအခါ အဘွားအိုတစ်ဦး က သူမ၏လက်ထဲမှ အသားမုန့်ကို ဆာလောင်စွာ စိုက်ကြည့်နေသည်ကို တွေ့ရသည်။
အဘွားအို၏ဘေးတွင် ကောင်လေးတစ်ဦး ရပ်နေသည်။ သူ၏မျက်နှာညစ်ပတ်နေသော်လည်း မျက်လုံးများကတော့ ကြည်လင်တောက်ပသည်။ ကောင်လေး က လုရှန်းကို ကြည့်ပြီး "အဘွား လူမှားနေတာ။ သူမကလည်း သူတောင်းစားပဲ"
လုရှန်း စကားမပြောနိုင်အောင် ဖြစ်သွားသည်။ ထိုစကားကို ကြားသောအခါ အဘွားကြီး က လုရှန်းကို စိုက်ကြည့်ပြီးနောက် သူမ၏ခြေထောက်ကို လွှတ်ပေးလိုက်သည်။
အဘွားအို က ရှက်ကြောက်သောအမူအရာဖြင့် "အဖွားက မျက်စိမှုန်တဲ့အတွက် အရာဝတ္ထုတွေကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ သမီးလည်း အဖွားတို့လို သနားစရာကောင်းတဲ့လူဖြစ်မယ်လို့ မမျှော်လင့်ထားဘူး"
ထိုစကားလုံးများကြောင့် လုရှန်း နှုတ်ဆိတ်သွားပြန်သည်။
"ယူထား"
တခဏတာတုံ့ဆိုင်းပြီးနောက်၊ လုရှန်းသည် အဘွားအိုထံသို့ သူမ ဆီမှာရှိသော မုန့် ၂ခုကို တွန့်ဆုတ်စွာဖြင့် ပေးလိုက်တော့သည်။
လုရှန်း သက်ပြင်းချလိုက်မိသည်။__ 'ငါ တကယ်ကို ကြင်နာလွန်းတယ်။'
သူမရဲ့ဆန့်ကျင်ဘက်အခြမ်းရှိ စားသောက်ဆိုင်ဒုတိယထပ်တွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦး သည် ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။ ပုံမှန်အားဖြင့် ငြိမ်သက်နေတတ်သော သူ၏မျက်လုံးများတွင် စိတ်ဝင်စားမှုအရိပ်အယောင် ပြည့်နှက်နေခဲ့သည်။
"သခင် ဘာကို ကြည့်နေတာလဲ?”
ခရိုင်တရားသူကြီးဝတ်စုံဝတ်ဆင်ထားသော အဆင့်မြင့်အရာရှိတစ်ဦး က မေးမြန်းလာသည်။ သာမန်အခါက ငြိမ်သက်စွာရှိနေတတ်သော်လည်း ယခုအခါ ရယ်မောနေသည်ကို တွေ့ရသဖြင့် သူ၏သိချင်စိတ်ကို မထိန်းနိုင်တော့ပေ။
အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ် သည် အောက်သို့ ငုံ့ကြည့်ရန် မထိန်းနိုင်ခဲ့။ သို့သော် သူ မြင်ရသည်မှာ ငယ်ရွယ်သော သူတောင်းစားတစ်ဦး မုန့်စားနေသည်မျှသာ ဖြစ်ပြီး ဘာမှထူးခြားမှုမရှိပေ။
"ဘာမှမဟုတ်ဘူး”
အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ် သည် တည်တည်ငြိမ်ငြိမ်ပြန်ကြည့်ကာ မတ်တပ်ထရပ်ပြီး "နောက်ကျနေပြီ။ ငါ သွားရမယ့်ကိစ္စရှိတယ်။ အခု သွားမယ်"
"ကောင်းပြီ!"
ထိုလူ၏စကားကိုကြားသောအခါ၊ နောက်လိုက် က အလျင်အမြန်ထရပ်ကာ သူ၏နောက်သို့ လိုက်လာခဲ့သည်။
ချူစစ်ဟန် ထွက်လာသောအခါ၊ အခြားသူတောင်းစားအား အစာကျွေးပေးသော ကြင်နာတတ်သည့် သူတောင်းစားကို မျက်ဝါးထင်ထင် တွေ့လိုက်ရသည်။ သူမသည် ခေါင်းငုံ့နေပြီး ပါးစပ်ထဲတွင် မိုးမခသစ်ရွက်ကို ကိုက်ထားကာ တံတားပေါ်တွင် ရပ်နေလျက်ရှိသည်။ သူမ ဘာတွေးနေမှန်းကိုတော့ မည်သူမျှ မသိနိုင်ပေ။