အခန်း (၂၁) - အကူအညီ
သို့ပေမဲ့ အနောက်တောင်တန်းမှ ထွက်ပေါ်လာသော တိုက်ခိုက်သံများကို ကြားရသည်။ သူမ သည် အမြဲတမ်း အကြားအာရုံကောင်းမွန်ပြီး တခြားသူများ မကြားနိုင်သည့် အသံများကို ကြားနိုင်သည်။ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သွားစစ်ဆေးဖို့ ဆုံးဖြတ်လိုက်သည်။
ချူစစ်ဟန်နဲ့ ချူယွမ် တို့ သည် အစပိုင်းတွင် သူတို့ရဲ့ကံကြမ္မာကို စမ်းကြည့်ချင်ခဲ့သည်။ မမျှော်လင့်ဘဲ၊ သူတို့ သည် ဒဏ္ဍာရီဆန်ဆန် 'အနက်ရောင်ပုံရိပ်’နဲ့ အမှန်တကယ် ကြုံတွေ့ခဲ့ရသည်။
အနက်ရောင်ပုံရိပ် သည် ချင်းဂွန်း [ကိုယ်ဖော့သိုင်းလ] ကို တက်ကျွမ်းပြီး ချူစစ်ဟန်နဲ့ ချူယွမ် သည် အနောက်၌ ကျန်လုနီးပါး ဖြစ်ခဲ့သည်။ သူတို့ နောက်ဆုံးမှာ ပုံရိပ်ကို လိုက်ဖမ်းနိုင်ခဲ့တယ်။
သူတို့နှစ်ယောက် မတိုက်ခိုက်ခင် လူတစ်စု ရုတ်တရက် ပေါ်လာပြီး သူတို့ရဲ့လမ်းကြောင်း ကို ပိတ်ဆို့သည်။ နှစ်ယောက်သား အမှောင်ထဲမှာ ပျောက်ကွယ်သွားတဲ့ အနက်ရောင်ပုံရိပ်ကို ကူကယ်ရာမဲ့ စောင့်ကြည့်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိခဲ့။
လုရှန်း သည် သူမ၏နှာခေါင်းထဲ သို့ သွေးနံ့လှိုင်းအနံ့များ တိုးဝင်နေသည့် အနောက်ဘက်တောထဲသို့ ဝင်လာခဲ့သည်။ သူမ ရှေ့ကို တိုးလာလေလေ တိုက်ပွဲသံများ ပိုကြားရသည်။ တိုက်ပွဲတွင် လူအများအပြား ပါဝင်နေပုံရသည်။
"ဘုရားရေ သူတို့တွေ အများကြီးပဲ"
ချူယွမ် က သူ့မျက်နှာပေါ်က သွေးများကို သုတ်လိုက်ပြီး ချူစစ်ဟန်နဲ့ ကျောချင်းကပ်ထားသည်။ သူနဲ့ ချူစစ်ဟန်တို့ကို အနက်ရောင် ဝတ်စုံများ က ဝိုင်းထားသောအခါ သူမရဲ့မျက်ဝန်းများ နိုးကြားလာသည်။
ထိုအချိန်တွင် ချူစစ်ဟန်ရဲ့ ကြောက်စရာကောင်းလောက်အောင် အေးစက်သော အမူအရာ ထွက်ပေါ်နေ၏။ သူ၏ပါးလွှာသော နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူရဲ့စူးရှတဲ့ မျက်ဝန်းက ပတ်ဝန်းကျင်ကို ကြည့်သည်။
လူသေအလောင်း အများအပြားက သူတို့ကို ဝိုင်းရံထားသည်။ သို့ပေမဲ့ သူတို့နှစ်ဦးဆီကို ရောက်လာတဲ့ အနက်ရောင်ပုံရိပ်များရဲ့ စီးဆင်းမှုတွေက အဆုံးမရှိသလို ခံစားရသည်။ တစ်သုတ် ရှုံးနိမ့်သည့် အခါတိုင်း၊ နောက်တစ်သုတ် အစားထိုးသည်။
သူတို့နှစ်ယောက်လုံး ကိုယ်ခံပညာကို လေ့ကျင့်ခဲ့ကြပေမယ့် ခွန်အား မှာ အကန့်အသတ်ရှိသည်။ ဒီအခြေအနေကြောင့် သူတို့နှစ်ဦးစလုံး ဒီနေရာမှာ သေဆုံးနိုင်ခြေရှိသည်။
"ငါတို့ အလိမ်ခံရပြီ"
ခဏကြာတော့ ချူစစ်ဟန် က အေးစက်စက် ပြောလာသည်။ ဟောင်ရန်မြို့ က ထွက်လာသည့်အခိုက်တွင် တစ်စုံတစ်ယောက်၏ ထောင်ချောက်ထဲသို့ ကျဆင်းသွားခဲ့သည်။ ဒါဟာ သူ့အမှားပင်။
"သူတို့က သခင်ရဲ့အသက်ကို လိုချင်နေတာ!"
ချူယွမ် အံကြိတ်ပြီး ပြတ်ပြတ်သားသား အမူအရာနဲ့ ပြောလိုက်သည်- "သခင် ကျွန်တော်မျိုးရဲ့ ယုတ်ညံ့တဲ့အသက်ကို အသုံးပြုပြီး သခင့်ကို အစွမ်းကုန် ကာကွယ်ပေးမယ်လို့ ကတိပေးတယ်"
ချူစစ်ဟန် က ဆက်မပြောတော့ပေ။ သတ်ဖြတ်မှု ထပ်မံဖြစ်ပွားခဲ့လေသည်။
အမှောင်အနီးမှာ ရပ်နေတဲ့ လူနှစ်ယောက် အခြေအနေကို အေးစက်စွာ အကဲဖြတ်နေကြသည်။
"သခင်ကြီး စိတ်မပူပါနဲ့၊ ချူစစ်ဟန် ဒီတစ်ခါတော့ မလွတ်မြောက်နိုင်ပါဘူး"
ယောက်ျားတစ်ယောက် က ချူစစ်ဟန်ကို စိုက်ကြည့်နေရင်း သူ့မျက်နှာပေါ် တွင် မကောင်းဆိုးဝါး အပြုံးတစ်ခု ပေါ်လာသည်။
"ဒီလိုဖြစ်ရင် ပိုကောင်းတယ်"
သူတို့နှစ်ဦး စကားပြောတာကို နားထောင်ရင်း လုရှန်း ရယ်မောသည်။ သူမ ကိုယ်ပျောက်ဂါထာစာရွက် ကပ်လိုက်ပြီး အသုံးချပြီး ပေါ့ပေါ့ပါးပါး လျှောက်လာသည်။
တိုက်ပွဲသံများ က လေထဲတွင် တစ်စစ တစ်စစဖြင့် လုရှန်း သည် အနားကို ရောက်လာ၏။ အနက်ရောင်ဝတ်စုံနှစ်ဦးက အနက်ရောင် အခြားအမျိုးသား အုပ်စုနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း သူမ သိလိုက်သည်။
အနီးတစ်ဝိုက်တွင် ရုပ်အလောင်းအချို့ ရှိနေသည်။ ပြည့်နှက်နေသော မျက်နှာများနဲ့ ဝိညာဉ်များက ရှုပ်ထွေးနေကာ ပတ်ဝန်းကျင် ပတ်ပတ်လည် ပြန့်ကျဲနေသည်။
လုရှန်း သည် ဝိညာဉ်စုပ်ဂါထာစာရွက် ထုတ်ကာ ဝိညာဉ်များကို စုပ်ယူလိုက်သည်။ သူမ ဒီဝိညာဉ်များရဲ့ များစွာသော နာကျည်းမှုကို ခံစားမိသည်။ သူတို့ကို လှည့်ပတ်သွားလာခွင့်ပေးပါက ပျက်စီးသွားနိုင်သည်။ ဒါကြောင့် သူတို့ကို ကောင်းကောင်းသိမ်းထားဖို့ တွေးမိသည်။
သူမ သည် အမြဲတမ်း ဖြောင့်မတ်သူတစ်ဦးဖြစ်ပြီး "အများစုရဲ့အာဏာရှင်"ကို သည်းမခံနိုင်ပါပေ။ ဒါကြောင့် သူမ အနက်ရောင်ကမ္ပည်းပြားကို ထုတ်ပြီး ပတ်ဝန်းကျင်ကို စကင်န်ဖတ်သည်။ ထို့နောက် သူမရဲ့အကြည့်တွေက အနီးနားရှိ အလောင်းကို ကြည့်လိုက်သည်။
သူမ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေပေါ် အနက်ရောင် ဂါထာစာရွက်ကို ကပ်လိုက်သည်။ ခဏအကြာတွင် အနက်ရောင် ဂါထာစက္ကူစာရွက်မှ တိမ်မည်းများ ထွက်လာသည်။ သူတို့ က 'ရှင်ပြန်ထမြောက်ခြင်း' နှင့် ပြင်ပကမ္ဘာကို မြင်ရသည့်အတွက် စိတ်လှုပ်ရှားနေကြကာ ညတွင် အော်ဟစ်ကြွေးကြော်နေကြသည်။
လုရှန်း က လှောင်ပြောင်ပြုံးလျက် သူမရဲ့စကားများက တိမ်မည်းများကို ချက်ချင်း တိတ်ဆိတ်သွားစေ၏။
"မင်း ထွက်သွားပြီးရင် လမ်းမလွဲလိုက်နဲ့။ မဟုတ်ရင် ငါ မင်းကို ဖျက်ဆီးပစ်မယ်!"
တိမ်မည်းများ က နာနာခံခံဖြင့် ရပ်၍ - "ငါတို့ သခင်အမိန့်ကို နာခံဖို့ အသင့်ရှိနေပါတယ်၊ သခင်!"
လုရှန်း က အမှောင်ထဲက နှစ်ယောက်ကို လက်ညိုးထိုး၍- "သွား၊ ဟိုနှစ်ယောက် ကို သွားရိုက်”