အခန်း(၂၇) - ရှင့်ဦးလေးလား?
သူက အသက်ကြီးပြီး အဂတိလိုက်စားတဲ့ အရာရှိတစ်ဦးလို့ သူမကို ဘယ်သူက ပြောလိုက်တာလဲ?
ချုစစ်ဟန်က အသက် ၁၅ နှစ်တွင် သူ၏မြို့တွင် ထိပ်တန်းကျောင်းသားဖြစ်နေပြီး ခရိုင် ၁၅ ခုမှာ ရပ်တည်နိုင်ခဲ့သည်။ နောက်ဆုံးဟန်လင်းအကယ်ဒမီ သို့ ဝင်ရောက်ပြီး အင်ပါယာစာရေးတစ်ယောက်ဖြစ်လာခဲ့တယ်။
အသက် ၁၈ နှစ်တွင် အမဲလိုက်ပွဲ၌ ဧကရာဇ်မင်း၏ အသက်ကို ကယ်တင်ခဲ့သည်။ ဒါကြောင့် သူ သည် စတုတ္ထအဆင့် အရာရှိအဖြစ် ရာထူးတိုးမြှင့်ခံရပြီး လင်းဂျန်ရုံးတော် ၏ တရားသူကြီးအနေနဲ့ ခန့်အပ်ခြင်းခံခဲ့ရသည်။
ထိုအချိန်တုန်း က သူ သည် ဟောင်ရန်မြို့နဲ့ ရွမ်ယွဲ့တိုင်းပြည်တစ်ခုလုံးကို အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့တယ်။
ဒါ့အပြင် အမှုပေါင်းမြောက်မြားစွာကို ဘက်မလိုက်ဘဲ တရားမျှတစွာ ကိုင်တွယ်ခြင်းကြောင့် သူ၏ကျော်ကြားမှု က ဒီ ၂ နှစ်အတွင်းမှာ တိုးတက်လာခဲ့တယ်။
သူမ ပြောမှပဲ... သူက ဘယ်လိုလုပ် အကျင့်ပျက်တဲ့ အရာရှိဖြစ်သွားတာတုန်း??
"အဆင်ပြေရဲ့လား? သခင်လေးရဲ့ အမူအရာ က ဘာလို့ ရုပ်ဆိုးနေတာလဲ?"
လုရှန်း သူ့ကို သံသယနဲ့ ကြည့်သည်။
ခဏနေဦး... သူ့မျိုးရိုး က 'ချူ' လို့ ပြောခဲ့တာမဟုတ်လား? ငါလက်ထပ်မယ့်လူ က ချူမျိုးရိုး မလား?
"တရားသူကြီး က ရှင့်ဦးလေးလား?"
ချုစစ်ဟန် : “...”
အခု သူ ဦးလေး တစ်ယောက် ဖြစ်သွားပြန်ပြီ။
"အဲဒါ အရေးမကြီးဘူး"
အရေးကြီးတာက…
"မင်းက မနေ့ကလူလား?"
"ဟုတ်ရင် ဘာဖြစ်မလဲ? မဟုတ်ရင် ဘာဖြစ်မလဲ?"
သူမ ယောင်ဝါးဝါးဖြင့် ပြန်ဖြေပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။ "ဒီကိတ်မုန့်တွေကို ကျွန်မ ယူလို့ရမလား?"
မြည်းကြည့်တော့ တော်တော်အရသာရှိသည်။ လုဂျန်နဲ့ လုရှင်းတို့ ကြိုက်လိမ့်မည်။ဒါ့အပြင် ချုစစ်ဟန် က မုန့်စားတာကို ကြိုက်တဲ့ပုံ မပေါ်ဘူး။
သူမ၏ဆရာ က စားကောင်းသောက်ဖွယ်အားလုံးမှာ စိတ်ဝိညာဉ်ရှိသည်တဲ့။ ဒါကြောင့် လူတွေက အစာကို မဖြုန်းတီးသင့်ဘူးတဲ့လေ။
"ကောင်းပြီ"
ချုစစ်ဟန် ခေါင်းညိတ်ပြီးနောက် လုရှန်း က အဝတ်အနည်းငယ်ကို တနေရာမှ ထုတ်ယူလိုက်ပြီး မုန့်များကို ထုပ်ပိုးလိုက်သည်။
မုန့်တွေကို ထုပ်ပိုးပြီးနောက် သူမ က တုံးအသော အမူအရာဖြင့် ရယ်မောပြီး နှာခေါင်းကို ကုတ်ရင်း မေးသည်။
"ပြောစရာရှိသေးလား?"
"မရှိဘူး"
မကြာခင် သူမဆီက အဖြေမရတော့ဘူးဆိုတာ သိလိုက်ရတော့ ချုစစ်ဟန် သူမကို ဆက်နေဖို့ အတင်းအကျပ် မလုပ်တော့ပေ။
ဘာပဲဖြစ်ဖြစ် သူ က ဟောင်ရန်မြို့မှာ အချိန်အကြာကြီး နေရဦးမှာပဲလေ။
အောက်ထပ်ကို ဆင်းလာသောအခါ ချုယွမ် က တခြားသူများကို ခေါ်လာသည်။
လုရှင်း နိုးနေပြီဖြစ်တာမို့ မုန့်ပုံးတစ်ပုံးကို ယူကာ လုရန် အနောက်ကနေ လိုက်လာသည်။
လုဂျန် က မုန့် ၂ ဘူး သယ်လာသည်။
"အစ်ကိုကြီး ဘာလို့ သူတို့အတွက် မုန့်ဝယ်ပေးတာလဲ? ညီမလေး စားသောက်ဆိုင်ထဲက တစ်ချို့ ယူလာတယ်"
လုရှန်း၏ စကားဆုံးချိန် လုရ န်က ချုစစ်ဟန်နှင့် ချုယွမ်တို့ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်တာကို တွေ့ရသည်။
"ငါ ဒါတွေကို မဝယ်ခဲ့ဘူး" သူ့မှာ ငွေအများကြီး မရှိဘူး။ စားဖို့သောက်ဖို့ ပါးစပ်အများကြီး ရှိသေးလို့။ ဘယ်လိုလုပ် ဒီလို ငွေသုံးရဲမှာလဲ?
လုရှန်း အံ့အားသင့်သွားသည် "အစ်ကိုကြီး ဝယ်ပေးတာမဟုတ်ဘူးလား?"
ဒါဆို ဒါတွေကို ဘယ်သူ ဝယ်ပေးတာလဲ?
လုဂျန် က တိုးတိုးလေး ပြော၏။ "ဒုတိယအစ်မ၊ အစ်ကိုချုယွမ် ဝယ်ပေးတာ"
"အစ်ကိုချုယွမ်"
လုရှန်း ဘေးမှာရပ်နေတဲ့ ချုယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ ချုယွမ် ရင်ဘတ်ပေါ် လက်ပိုက်ထားပြီး ခေါင်းကို မောက်မာစွာ မော့ထား၏။
သူ က ချုစစ်ဟန် အနောက်သို့ သွားရပ်သည်။
လုရှန်းက လုရန်၏လက်ထဲ သူမ၏မုန့်များကို ထည့်လိုက်ပြီး ချုစစ်ဟန်ကို ပြုံးပြုံးလေး ဆိုသည်။ “သခင်လေး က ချုစစ်ဟန် ဆိုတဲ့ တရားသူကြီးကို သိလား”
ချုစစ်ဟန် သူမကို ကြည့်ကာ ခေါင်းညိတ်၏။
"ဒါဆို... ဒါဆို ကျွန်မကို မျက်နှာသာပေးနိုင်မလား?"
ချုစစ်ဟန် ခေါင်းညိတ်ပြီး ဂရုတစိုက် နားထောင်၏ "ပြောကြည့်"
"အင်း... ကျွန်မရဲ့ မိထွေးအကြောင်း" သူမ က လုဂျန်ကို ငုံ့ကြည့်ပြီး တိုးတိုးလေးပြောသည်။ "သူ့ကို သေဒဏ်မပေးဖို့ တောင်းပန်လို့ရမလား?"
"အိုး?" ချုစစ်ဟန် မျက်ခုံးပင့်သွား၏။ "ဘာလို့လဲ? သူမ က မင်းကို သေစေချင်နေတာလေ။ မင်း လက်စားမချေချင်ဘူးလား"
လုရန်လည်း မျက်မှောင်ကြုတ်ကာ ရှုပ်ထွေးသော အမူအရာဖြင့် သူမကို ကြည့်နေသည်။
ဘဝတစ်ခုအတွက် ဘဝတစ်ခုဖြစ်သည်။အမျိုးသမီးလျိုဟာ သူ့အမေကို သတ်ခဲ့ပြီး သူ့ညီမကို သတ်လုနီးပါး ဖြစ်ခဲ့သည်။ ဘာလို့ ယုတ်မာတဲ့အမျိုးသမီးအစား အသနားခံနေတာလဲဆိုတာ သူ နားမလည်ပါ။
"လူတချို့အတွက်၊ လွယ်လွယ်နဲ့သေတာ သိပ်နှမြောဖို့ကောင်းတယ်"
"ဒါဆို မင်းဘာလုပ်ချင်လဲ?" ချုစစ်ဟန် က စပ်စုသော အကြည့်နဲ့ မေးသည်။
"ထောင်ထဲမှာပဲ အသက်ကြီးတဲ့အထိ သေစေချင်တယ်"
ချက်ခြင်းသေခြင်းနဲ့ယှဉ်ရင် အမျိုးသမီးလျိုက နှိပ်စက်ညှဉ်းပန်းခံရသည့် ပုံစံနဲ့သေထိုက်သည်ဟု သူမ ခံစားရသည်။
ဒါ့အပြင်…
ဒီနည်းလမ်း က အနည်းဆုံး လုဂျန်နဲ့ လုရှင်း စိတ်ငြိမ်သက်မှုကို ပေးစွမ်းလိမ့်မယ်။