အခန်း (၁၅) - အရာရှိတွေနဲ့အတူရှိနေတယ်
"ဒုတိယအစ်မ၊ သူတို့.. သူတို့ က အမေနဲ့တတိယအစ်မကို ကြိမ်းမောင်းတယ်"
လုရှင်း နှုတ်ခမ်းစူကာ ညည်းညူရင်း မျက်နှာပေါ် မကျေနပ်ချက်တွေနဲ့ ပြည့်နေ၏။
အမျိုးသမီးလျိုနဲ့ လုနိုင်းတို့မှာ မနာလိုမှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ခံစားချက်တွေ ရှိပေမဲ့လည်း ဒီကလေး နှစ်ယောက်က အပြစ်ကင်းသည်… သူတို့ ဘာမှ မသိကြဘူး။
လုရှန်း က တစ်ဖက်သားရဲ့ခံစားချက်တွေကို အမြဲစဉ်းစားပေးသူဖြစ်သည်။ သူမကို ကောင်းကောင်းဆက်ဆံရင် သူမလည်း ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံသည်။
သူမ နဖူးကို ညင်သာစွာ ပွတ်သပ်ပြီး သူတို့ကို ပြုံးပြသည်- "သူတို့ကို လျစ်လျူရှုလိုက်"
"အားရှန်း!"
လုရန် က သူ့အခန်းထဲကနေ လှမ်းအော်၏။
လုရှန်း ခေါင်းလှည့်ကြည့်တော့ လုရန်ကိုမြင်ပြီး ပြုံးပြလိုက်သည်။
"အစ်ကိုကြီး"
လုရှန်း ရဲ့အပြုံးကြောင့် လုရန် အံ့သြသွား၏။ အမေဆုံးပြီးကတည်းက သူ့ညီမအပြုံးကို တစ်ခါမှ မမြင်ဖူးဘူး။ ဒီလိုမျိုး ၈ နှစ်ကျော်သွားခဲ့သည်။
လုရှန်း ရဲ့မျက်လုံးများနဲ့ မျက်ခုံးများ က အမျိုးသမီးဟဲနဲ့တူသည်။ နူးညံ့သိမ်မွေ့သည်။ သို့သော် လုရှန်း ရဲ့မျက်နှာ က အမျိုးသမီးဟဲထက် ပို၍ ဆွဲဆောင်မှုရှိသည်။ သူမ ပြုံးလိုက်တဲ့အခါ တစ်ယောက်ယောက်ရဲ့နှလုံးသားကို အပြုံးနဲ့နှစ်သိမ့်ပေးနိုင်သကဲ့သို့ နွေးထွေးမှုလည်း ခံစားရသည်။
အရင်ကတော့ လုရှန်း က ခေါင်းငုံ့ပြီး ပျော့ညံ့တဲ့အမူအရာ ကို ဖော်ပြခဲ့သည်။ ထို့ကြောင့် လူတိုင်း က သူမရဲ့အသွင်အပြင်ကို လစ်လျူရှုစေတယ်။ သူမ၏အစ်ကို လုရန်တောင် သူ့ညီမ က ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဆိုတာကို ဒီနေ့မှ သိရသည်။
လုရန် က ပြုံးပြီး- "ညီမလေး ပြန်လာတာ ကောင်းတယ်။"
လုရန်ကိုမြင်တော့ လုရှန်း မူလပိုင်ရှင်ရဲ့ဆန္ဒကို တွေးမိသည်။ သူမရဲ့အပြုံး က ပျောက်ကွယ်သွားကာ တိုးတိုးလေး ပြောလိုက်သည်- "အစ်ကိုကြီး၊ စန်းဟူနဲ့မပေါင်းနဲ့တော့"
စန်းဟူ သည် လျိုယွဲ့ရွာတွင် ကြီးကြီးကျယ်ကျယ် အလုပ်မလုပ်ဘဲ ပျင်းရိသူဖြစ်ပြီး နာမည်ဆိုးနဲ့ကြီးပြင်းသူဖြစ်သည်။ သူ က နေ့ဘက်မှာ ဈေးဝယ်ထွက်ပြီး ညဘက်တွင် ခိုးသည်။ ရွာကလူတိုင်း တစ်ခုခု ပျောက်သွားသည့်အခါ တရားခံကို သိကြ သည်။ သို့သော် သက်သေမရှိတာမို့ သူတို့ရဲ့ဒေါသတွေကို တခြားနည်းနဲ့ပဲ ဖော်ထုတ်ကြတော့သည်။
လုရန် တိတ်ဆိတ်နေတာမြင်တော့ လုရှန်းက- "မနေ့ညက အမေ့ကို အိပ်မက်မက်တယ်။ ကျောင်းပြန်တက်ပြီး စာကျက်ဖို့ ပြောတယ်။ အမေ က အကိုကို ဂုဏ်သိက္ခာရှိတဲ့ အလုပ်တစ်ခုမှာ လုပ်ဖို့ မမျှော်လင့်ထားပေမဲ့ အစ်ကိုကြီး အသုံးမကျတဲ့လူတစ်ယောက် မဖြစ်လာဖို့ မျှော်လင့်နေတယ်"
လုရန် က အမျိုးသမီးဟဲ အပေါ် နာခံမှုအရှိဆုံးဖြစ်သည်။ တကယ်ပဲ သူမ ပြောပြတော့ လုရန် တုန်လှုပ်ပြီး မေးမြန်း၏- “ညီမလေး… အမေ့ကို တကယ်အိပ်မက်မက်ခဲ့တာလား?"
"ဟုတ်တယ်။"
လုရှန်း ခေါင်းညိတ်လိုက်ပြီး လုဂျန်နှင့်လုရှန်းကို အခန်းထဲပြန်ခိုင်းသည်။
လုရှန် က လုရန်ကို ပြန်ကြည့်၍ တစ်စိတ်တစ်ပိုင်း ဖြစ်ရပ်မှန်ကို ဖန်တီးပြောလိုက်သည်- "ရေကန်ထဲ ပစ်ချခံရတော့ သေတော့မယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် ညီမလေး အမေ့ကိုတွေ့တယ်။ အဲဒီနောက် မူးလဲသွားခဲ့တယ်။ နိုးလာတော့ ကမ်းစပ်မှာ ဖြစ်နေခဲ့တာ”
"အမျိုးသမီးလျိုနဲ့ လုနိုင်း က ညီမလေး ကို သတ်ဖို့ကြိုးစားခဲ့တယ်လို့ ပြောလိုက်တာလား?”
လုရန် သည် ဒေါသထွက်လွန်းလို့ သူ့နဖူးရှိ သွေးကြောများ ပေါက်ကွဲမတက်ဖြစ်နေ၏။ သူ သည် လက်သီးကို တင်းတင်းဆုပ်ပြီး အေးစက်တဲ့လေသံနဲ့ မေးမြန်းတယ်- "သူတို့ ဘယ်မှာလဲ?"
"ငါ သူတို့ကိုသတ်မယ်!"
"သူတို့?" လုရှန်း က ပြုံး၍- "သူတို့ အခု အရာရှိတွေနဲ့အတူ ရှိနေတယ်။"
လုရန် က မျက်မှောင်ကြုတ်၍ မေးသည်- "ညီမလေး ဘာကိုဆိုလိုတာလဲ?"
လုရှန်း က ထိုင်ခုံလေး ယူလာပြီး ဝင်ထိုင်ကာ ကောင်းကင်ကို မော့ကြည့်ရင်း ပြုံး၏။"သူတို့ရဲ့လုပ်ရပ် ဖော်ထုတ်ခံလိုက်ရလို့ တာဝန်ရှိသူတွေက ဖမ်းသွားပြီ။"
" သူတို့ရဲ့လုပ်ရပ်ကို ဖော်ထုတ်လိုက်တာမို့ တာဝန်ရှိသူတွေက ဖမ်းသွားပြီ"
အမျိုးသမီးလျို သည် တစ်စုံတစ်ယောက်ရဲ့ဇနီးအဖြစ် လျိုယွဲ့ရွာ တွင် ရောင်းစားခံရပြီး ခင်ပွန်းဖြစ်သူ က လုနိုင်း ကို မွေးဖွားပြီး မကြာမီပင် သေဆုံးသွားခဲ့ သည်။
လွန်ခဲ့သော ၈နှစ်ခန့် က အမျိုးသမီးလျို သည် လုတာ့ဟွား နဲ့အမျိုးသမီးဟဲ ကို အန္တရာယ်ဖြစ်အောင် လှည့်စားခဲ့သည်။ ထို့နောက် လုတာ့ဟွား နဲ့လက်ထပ သည်။
အမျိုးသမီးလျို မှာ မိသားစုမရှိတဲ့အပြင် လုတာ့ဟွား က လည်း အမျိုးသမီးလျို ကို ကယ်တင်ဖို့ ရည်ရွယ်ချက်မရှိ။
ဒါကြောင့် လုနိုင်းနဲ့အမျိုးသမီးလျို တို့ ထွက်လာနိုင်ဖို့ က မဖြစ်နိုင်ပါပေ။
သို့သော် အမျိုးသမီးလျိုရဲ့စရိုက် အရ လွယ်လွယ်နှင့် အရှုံးပေးမှာမဟုတ်ဘူး။