no

Font
Theme

အခန်း (၃၃) - အမျိုးသမီးကျောင်း၏ထောင်ချောက်

"မဟုတ်။ မဟုတ်ပါဘူး!"

သခင်မချု မကျေမနပ် ပြုံးပြီး "လင်းအာ က နူးညံ့သိမ်မွေ့ပြီး နာခံတတ်သူပါ။ အရမ်းကြင်နာတယ်! သူမ မှာ ဒီလောက် ခြယ်လှယ်နိုင်မဲ့ နည်းလမ်း မရှိပါဘူး"

"တကယ်လား?" ချုစစ်ဟန် က ဖျတ်ခနဲ ပြုံးသည်။ "အမျိုးသမီးဂျန် ဟာ ပညာတတ်၊ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တယ်လို့ အဖွားပြောခဲ့ဖူးတာကို သတိရမိတယ်"

အမျိုးသမီးဂျန်နဲ့သခင်ကြီးချု လက်ထပ်ထားတာကို သိချိန်က သူ့အသက် ၅ နှစ်အရွယ် ဖြစ်သည်။

ထိုနှစ်မှာ ဖြစ်ပျက်ခဲ့သမျှကို မှတ်မိနေခဲ့သည်။

သူ့စကားက သခင်မချုကိုပြောစရာစကားမဲ့စေပြီး အနားယူဖို့ဆင်ခြေသုံးပြီး ထွက်လာရုံသာတက်နိုင်ခဲ့တယ်။

“သခင်၊ ချုစစ်လင်းနဲ့ပတ်သက်လို့…”

သခင်မချု ထွက်သွားတာနဲ့ ချုယွမ် ရှေ့ကို လျှောက်လာပြီး ဝင်ပြောသည်။

"လောလောဆယ် သူ့ကို လျစ်လျူရှုလိုက်" ချုစစ်ဟန် က လှည့်ကြည့်ပြီး ပေါ့ပေါ့ပါးပါးနဲ့ "ကန်းအိမ်တော် မှာ သံသယရှိသူတစ်ယောက်ကို ဖမ်းမိတယ်လို့ တရားသူကြီး က ပြောတယ်။ လှည်းပြင်ထား ရုံးတော်ကို သွားမယ်"

“ကောင်းပြီ"

သူ့အမိန့်ကိုလက်ခံပြီး ချုယွမ် လှည့်ထွက်သွားသည်။

ချုစစ်ဟန် စာရွက်စာတမ်းကို ကောက်ယူပြီး ဆက်လက်စစ်ဆေး၏။ သို့သော် လုရှန်း က မနေ့ညကလူ ဟုတ်၊ မဟုတ် သူစဉ်းစားနေခဲ့သည်။

နောက်တနေ့တွင်။

လုရှန်း နိုးလာသောအခါ ခါတိုင်းလို ဟင်းရွက်များကို လှမ်းကြည့်သည်။

တစ်ဖက်တွင်၊ လုရန် က သူ့ပစ္စည်းများကို ထုပ်ပိုးပြီး ကျောင်းတက်ရန် ပြင်ဆင်သည်။

လုဂျန်နဲ့ လုရှင်းတို့ဟာ အမျိုးသမီးလျိုနဲ့ လုတာ့ဟွား တို့စီက အလည်အပတ်ပြန်လာပြီးကတည်းက သူတို့အကြောင်း မပြောတော့။

လုရှန်း သည် သူတို့ကို ဒီရက်အနည်းငယ်အတွင်း အပြင်မထွက်ဖို့ ပြောခဲ့ပြီး ကလေးတွေ က လိမ်မာသည်။

ဟင်းသီးဟင်းရွက်များကို ရေလောင်းပြီးနောက် လုရှန်း သည် သူမ၏ပုခုံးထက်မှာ ပေါက်ပြားကိုကိုင်ကာ လယ်ကွင်းစီ ထွက်လာခဲ့သည်။

ဆောင်းဦးပေါက်ရာသီဖြစ်ပြီး စပါးပင်များ အဝါရောင်ပြောင်းနေပြီဖြစ်တယ်။

သို့သော် စပါးရိတ်သိမ်းမှုက ကောင်းမွန်လွန်းပုံမပေါ်ပါ။

အလုပ်ရှုပ်နေတဲ့ ရွာသူရွာသားများ သူမအား ပေါ့ပေါ့ဆဆ လျှောက်သွားတာကို ကြည့်ရင်း အံ့သြတကြီး လှမ်းကြည့်ကြတယ်။

မနေ့ညက စန်းဟူနဲ့သူ့လူတွေကို ဘယ်လိုတိုက်ခိုက်ခဲ့သလဲဆိုတာကို သတိရရင်း ကြောက်လန့်တကြားနဲ့ခေါင်းလှည့်လိုက်တော့သည်။

"ဟေ့ ဒါက လုရှန်း မဟုတ်ဘူးလား"

ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦး ခေါင်းမော့ကာ စူးစိုက်ကြည့်၏ "မင်းအဖေ ထောင်ကျသွားလို့ မင်းရဲ့လယ်တွေကို စွန့်မယ်လို့ ငါထင်ခဲ့တာ"

လုရှန်း သည် ဒီအမျိုးသမီးက သူမ ဖခင်ရဲ့ဝမ်းကွဲ လုတာ့မင်း ရဲ့ဇနီးမှန်း သိသည်။ ထိုမိန်းမက ယုတ်မာတဲ့စကားပြောတတ်သူဖြစ်တယ်။

လုမိသားစုမှာ ဒီလိုကြီးလေးတဲ့ကိစ္စဖြစ်တဲ့အခါ ရွာကလူတွေအားလုံးက သူတို့ကို နှစ်သိမ့်ပေးဖို့ လာကြတယ်။ သို့သော် လုတာ့မင်း ရဲ့မိသားစု မလာခဲ့။

လုရှန်း က သူမ၏ပေါက်ပြားကို ချကာ ထိုမိန်းမကို ကြည့်ပြီး ပြုံးကာပြန်ပြောလိုက်သည်။ "တကယ်လို့ ရှင် ဒါမှမဟုတ် ဦးလေး သေသွားရင် ဒီလယ်တွေကို မလုပ်တော့ဘူးလား?”

“နင်…”

စကားမပြောနိုင်အောင်ဖြစ်သွားသည့် အမျိုးသမီးကျောင်း သည် ရုတ်တရက် သရဲတစ္ဆေမြင်သွားသလို ခံစားလိုက်ရသည်။

ဒါ အရင်က ကျယ်ကျယ်လောင်လောင်တောင် မပြောဝံ့တဲ့ လုရှန်း လား?

လုရှန်း သည် ကောက်ရိုးဦးထုပ်နှင့် အညိုရောင်အင်္ကျီ တို ဝတ်ဆင်ထားပြီး သူမ၏လက်ကောက်များက နှင်းများကဲ့သို့ ဖြူဖွေး၏။သူမ၏မျက်နှာက ထူးခြားလွန်းတာကြောင့် တစ်ရွာလုံးမှာ ဘယ်သူမှ သူမနဲ့မတူပေ။

အမျိုးသမီးကျောင်း သည် လုရှန်း၏ပြုံးနေသော မျက်နှာနဲ့ဖြူစင်သော အသားအရေကို ကြည့်ပြီးတော့ မနာလိုဖြစ်လာ၏။

လုတာ့ဟွား ရဲ့မူလဇနီး အမျိုးသမီးဟဲမှာလည်း လှပတဲ့ မျက်နှာရှိသည်။ ဒီလိုလှပပြီး အလုပ်ကြိုးစားသော ဇနီးကိုလက်ထပ်ခဲ့သော လုတာ့ဟွား ကို ရွာရှိလူတိုင်းက ချီးကျူးခဲ့ကြသည်။

ဒါပေမယ့် ဘာဖြစ်လဲ?

အလုပ်အရမ်းကြိုးစားတဲ့အတွက် အသက်၃၀အရွယ်မှာ အမျိုးသမီးဟဲရဲ့အလှ မှေးမှိန်သွားခဲ့သည် မဟုတ်လား?

မဟုတ်ရင် လုတာ့ဟွား ဟာ အမျိုးသမီးလျိုနဲ့ခင်မင်ရင်းနှီးလာမှာ မဟုတ်။

ဒါကိုတွေးလိုက်တော့ အမျိုးသမီးကျောင်း ပိုနေလို့ကောင်းလာ၏။

"လုရှန်း၊ ငါ မင်းကို ဂရုမစိုက်ဘူးလို့ မပြောနဲ့။ မင်း အသက် ၁၆ နှစ်ရှိပြီ။ ပညာရှိကျောင်းသား က မင်းနဲ့စေ့စပ်ကြောင်းလမ်းတာကို ဖြတ်ခဲ့ပြီး သခင်ချုတို့ဘက်ကလဲ မင်းနဲ့လက်ထပ်တော့မှာ မဟုတ်ဘူး။ ငါ ကောင်းမွန်တဲ့ မိသားစုကို သိတယ်။ သူတို့က တင်တောင်းကြေး ငွေတုံး ၂၀ တောင်ပေးမှာ…"

“ငါ ဘာလို့ မင်း အတွက် အောင်သွယ်မလုပ်ရမှာလဲ?"

ထိုမိသားစုရဲ့သားက မွေးလာကတည်း က အရူးဖြစ်လို့ အခုနှစ်တွင် အသက် ၂၆ ရှိပေမဲ့ အိမ်ထောင်မပြုရသေး။

ဒါ့အပြင် အဲဒီ့ မိသားစုမှာ သားတစ်ယောက်ထဲပဲ ရှိသည်။ သူတို့ရဲ့ မိသားစုသွေး ကို ဆက်ခံနိုင်ရန် ကလေးမွေးဖွားနိုင်သည့် အမျိုးသမီးမှတပါး အခြားဘယ်အရာကိုမျှ မလိုလားကြပေ။ သို့သော် ထိုလူကိုလည်း ဘယ်သူမှ လက်ထပ်ဖို့ ဆန္ဒမရှိပေ။

လုရှန်း ကို ထိုသူနှင့် လက်ထပ်အောင် လှည့်စားနိုင်ခဲ့မယ်ဆိုရင် အဲဒီ ငွေတုံး ၂၀ ကို သေချာပေါက်ရလိမ့်မယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment