Ch-2 : သူတောင်းစားအပေါ် အမှားကျုးလွန်ခြင်း။
ထိုအချိန်တွင် လူအားလုံးက ပျောက်ဆုံးနေပြီဟု ထင်နေရသော လုရှန်းမှာ ဟောင်ရန်မြို့တွင်း၌ ပန်းသီးစားရင်း ပေါ့ပေါ့ပါးပါး ဈေးဝယ်ထွက်နေသည်။ မနေ့ညက သူမ သည် ရွာရှေ့ကပျက်စီးနေသော အိမ်ဟောင်းတစ်လုံးအတွင်း မီးပုံရှေ့၌ တစ်ညတာကုန်ဆုံးခဲ့ပြီး မနက်မိုးလင်း မှ လျိုယွဲ့ရွာမှ ထွက်ခွာလာခဲ့သည်။
ဤခန္ဓာကိုယ်၏ မူလမှတ်ဉာဏ်အရ လုရှန်း သည် အသတ်ခံရခြင်း ဖြစ်သည်။ သူမ၏ညီမ လုနိုင်းနှင့် မိထွေးဖြစ်သူ အမျိုးသမီးလျိုတို့ က ခရိုင်တရားသူကြီးနှင့် လက်ထပ်နိုင်ရန် သူမ အား သန်ခေါင်းယံအချိန်တွင် အသက်ရှူကြပ်အောင်ပြုလုပ်ကာ ရေကန်ထဲသို့ ပစ်ချသတ်ဖြတ်ခဲ့ကြသည်။ ဤခန္ဓာကိုယ်ထဲသို့ ဝိညာဉ်အမြန်ကူးပြောင်းဝင်ရောက်မှုမရှိခဲ့ပါက ဤခန္ဓာကိုယ် သည် ပျက်စီးသွားမည်ဖြစ်သည်။ သူမ က ခေါက်ဆွဲဆိုင်တွင် ဓာတ်ငွေ့အဆိပ်သင့်ကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ကြာမြင့်စွာကြာပြီးနောက်မှ ဝိညာဉ်ကူးပြောင်းလာခဲ့သည်။
လုရှန်း သည် ရေကန်နားတွင် ကြာကြာထိုင်ပြီး ဖြစ်ပျက်ခဲ့သမျှကို လက်ခံခဲ့သည်။ လောလောဆယ် မှာ လျိုယွဲ့ရွာသို့ မပြန်သေးချေ။ ဤခန္ဓာကိုယ်၏ မူလရှင် သည် ထိုရွာတွင် အချည်းနှီး သေဆုံးသွားခဲ့ရသည်။ အမျိုးသမီးလျိုနှင့် လုနိုင်းတို့ မှ ရာဇဝတ်မှုကို ဝန်ခံမှသာ ခန္ဓာကိုယ်ဟောင်းရှင်၏ ဝိညာဉ် သည် အေးချမ်းမှုရရှိမည်ဖြစ်သည်။
"ဒီအသားပေါင်း က ဘယ်လောက်လဲ"
လုရှန်း သည် ပေါင်မုန့်ဆိုင်တစ်ဆိုင်ရှေ့သို့ ရောက်ရှိလာပြီး စားချင်စိတ်ကို မထိန်းနိုင်ဖြစ်ကာ သရေကျသွားသည်။ သူမ၏ဆရာပေးခဲ့သော လက်ကောက်ထဲတွင် ဟင်းသီးဟင်းရွက်များ၊ ငါးအရှင်များနှင့် ပုစွန်အရှင်များ ရှိသော်လည်း မနေ့ညက ငါးကင်စားခဲ့ပြီး ယနေ့ အသားမုန့်အနံ့ကို ရှူမိရာ ဗိုက်ပြန်ဆာလာသည်။ သူမ ဆရာနှင့်အတူ ကုန်စုံဆိုင်သို့သွားခဲ့စဉ်က ဝက်သားကို ပိုမိုဝယ်ထားခဲ့သင့်တာ ဟု တွေးမိသည်။
"ဒီသူတောင်းစားက ဘယ်ကရောက်လာတာလဲ။ ချထားစမ်း”
ဆိုင်ရှင်က စိတ်မရှည်စွာ ကြည့်နေသည်။ သူ၏ အမူအရာမှာ စိတ်အနှောင့်အယှက်ဖြစ်စေသော ယင်ကောင်တစ်ကောင်ကို မောင်းထုတ်နေသည့် ပုံစံမျိုးဖြစ်၏။
လုရှန်း ရပ်လိုက်ပြီး သူမ၏ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်သည်။ သူမ၏ အဝတ်အစားများမှာ စုတ်ပြဲလျက်ရှိပြီး ဖိနပ်တစ်ဖက်လည်း ပျောက်ဆုံးနေသည်။ သူမ သည် သေးငယ်သော မှန်တစ်ချပ်ကို ထုတ်၍ သူမ၏မျက်နှာကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာငယ်လေးမှာ ညစ်ပတ်နေပြီး နှစ်ပေါင်းများစွာ မျက်နှာမသစ်၊ ခေါင်းမဖြီးထားသကဲ့သို့ ဖြစ်နေသည်။
လုရှန်း သည် မှန်ကို တိတ်တဆိတ် ပြန်သိမ်းလိုက်ပြီး အသားပေါင်မုန့်ကို ကြည့်ရင်း နောက်ထပ်ဆိုင်တစ်ဆိုင်ဆီသို့ ရောက်လာသည်။
နောက်ထပ်ဆိုင်တစ်ဆိုင်သို့ ရောက်သောအခါ၊ ထိုဆိုင်ပိုင်ရှင် သည် လုရှန်းကို မနှင်ထုတ်ဘဲ၊ စက္ကူအိတ်ထဲသို့ အသားမုန့်နှစ်ခုထည့်၍ ပေးလိုက်သည်။ "သမီး... ဗိုက်ဆာနေတာဖြစ်မယ်။ ဒါ သမီးအတွက်"
"ကျေးဇူးတင်ပါတယ်!" လုရှန်း က ပြောသည်။ သူမ စားနေသော ပန်းသီးမှာ အစေ့တစ်စေ့စာခန့်သာ ကျန်တော့သည်။ သူမ သည် ပန်းသီးအူတိုင်ကို အမှိုက်ပြည့်နေသော ဝါးခြင်း ထဲသို့ ပစ်ထည့်လိုက်ပြီး၊ ပြုံးရင်းဖြင့် အသားပေါင်မုန့်ကို လက်ဆန့်ယူလိုက်သည်။
ထို့နောက် သူမ သည် အိတ်ကပ်ထဲမှ ကြေးပြားတစ်ချပ်ထုတ်၍ ဆိုင်ပိုင်ရှင်အား ပေးလိုက်သည်။ ဆိုင်ပိုင်ရှင် အံ့အားသင့်သွားသည်။ "သမီး... အသားပေါက်စီ တစ်ခုကို ကြေးပြားတပြားလေ…”
"တကယ်လား?" လုရှန်း သည် ခြေလှမ်း၁လှမ်း ဆုတ်ကာ ဆိုင်ပိုင်ရှင် အား ပြုံးပြလိုက်သည်။ "ဒါဆို သမီးအတွက် နောက်ထပ် အသားမုန့်၂ခု ထပ်ထုပ်ပေးပါဦး"
"ကောင်းပြီ!" ဟု ဆိုင်ပိုင်ရှင် က ပြောသည်။ ငွေရယူပြီးနောက်၊ သူ သည် ဝမ်းသာစွာဖြင့် နောက်ထပ် အသားပေါက်စီ ၂ခုကို ထုပ်ပိုးပေးလိုက်သည်။
ထိုအချိန်တွင် လုရှန်း သည် ပထမဆိုင်မှ ပိုင်ရှင်၏ ညည်းညူသံကို ကြားလိုက်ရသည်။ "သူတောင်းစားတောင် အခု အသားပေါက်စီ စားနိုင်နေပြီ... ဘယ်လောက်ကံမကောင်းလိုက်သလဲ!"
လုရှန်း ထိုစကားကို ကြားသောအခါ မျက်ခုံးပင့်သွားသည်။ ထို့နောက် သူမ သည် အဝါရောင်ဂါထာစာရွက်တစ်ရွက်ကို ထုတ်၍ စကားလုံးအချို့ကို တီးတိုးရွတ်ဆိုလိုက်သည်။ လမ်းသွားလမ်းလာများ က သူမအား စူးစမ်းကြည့်ရှုနေကြသည်။
ခဏကြာသောအခါ၊ သူမ၏လက်ထဲရှိ အဝါရောင်စက္ကူမှာ ရုတ်တရက် မီးလောင်ကျွမ်းသွားကာ ပြာဖြစ်သွားသော်လည်း မည်သူမျှ သတိမထားမိကြပေ။ အဝါရောင်ပြာများ လောင်ကျွမ်းပျောက်ကွယ်သွားသောအခါ၊ သူမ၏ နှုတ်ခမ်းထောင့်တွင် မကောင်းသော ပြုံးရိပ်တစ်ခု ပေါ်လာခဲ့သည်။
ဆရာ က လူတိုင်းမှာ သူတို့ရဲ့နေထိုင်မှုပုံစံရှိတယ်လို့ တစ်ခါက ပြောဖူးတယ်။ အခြားသူများတွင် သဘောထားကွဲလွဲခွင့်ရှိသလို ယင်းအပေါ် လေးစားရပေမည်။
ပထမဆိုင်ပိုင်ရှင် က အားနည်းသူများကို အနိုင်ကျင့်ပြီး အားကြီးသူများကို ကြောက်ရွံ့သူ၊ ဒုတိယဆိုင်ပိုင်ရှင် က ကြင်နာတတ်ပြီး မကောင်းမှုကို ကြောက်သူ ဖြစ်သည်။
လုရှန်း ထွက်သွားပြီးနောက် ပထမဆိုင် က အသားပေါက်စီတွေ မရောင်းရဘဲ ဒုတိယဆိုင်က မကြာခင် အသားပေါက်စီအားလုံး ရောင်းထွက်သွားခဲ့တယ်။