no

Font
Theme

အခန်း(၃၀) - စန်းဟူရဲ့လာရောက်လည်ပတ်မှု

အမျိုးသမီးလျန် ပြန်သွားတော့ လုရှန်း က လုရန်ကို ငွေများကို ပေးခဲ့တယ်။

“အဖွား က အဲဒါတွေ ပေးခဲ့ပေမယ့် ညီမလေးမှာ ငွေတဒါဇင် ကျန်သေးတယ်။ အစ်ကိုမှာ ဘာမှလုပ်စရာမရှိရင် ကျောင်းပြန်တက်ပြီး စာကျက်ပါ”

"ငွေ ဘယ်ကရမလဲ?” လုရန် မျက်မှောင်ကြုတ်သွား၏။

အမျိုးသမီးလျို က လုမိသားစုရဲ့ငွေကြေးများကို စီမံခန့်ခွဲခဲ့ပြီး အမျိုးသမီးဟဲရဲ့ခန်းဝင်ပစ္စည်းကို အလွဲသုံးစားလုပ်ခဲ့တာကြောင့် လုရှန်း အတွက် ကျောက်စိမ်းလက်ကောက် သာကျန်ခဲ့သည်။

သူ့အဖိုး အသက်ရှင်နေချိန်တုန်းက သူဌေးတစ်ယောက်၏အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့လက်ဆောင်အနေနဲ့ သူဌေး က ကျောက်စိမ်းလက်ကောက်ကို ပေးခဲ့တယ်။

"အဖေ မသွားခင် ပေးခဲ့တာ"

လုရန် က လှောင်ပြောင်သည်။ "သူ့မှာ အသိတရားကျန်နေသေးတာပဲ"

"ဒါဆို ကျောင်းပြန်တက်ပြီး စာကျက်မှာလား?"

“နောက်နှစ်အထိ စောင့်မယ်။ အခုဒီမှာ ဘယ်သူမှမရှိဘူး၊ လယ်မြေတွေကို လျစ်လျူရှုလို့မရဘူး"

လုရန် စကားပြောနေစဉ် ဘေးနားရှိ ပစ္စည်းများကို မီးဖိုချောင်သို့ရွှေ့သည်။

“လယ်မြေတွေကို ညီမလေး စီမံခန့်ခွဲနိုင်တယ်"

လုရှန်း က သူ့နောက် က လိုက်လာသည်။ "အစ်ကို၊ စိတ်မပူပါနဲ့။ ညီမလေး ဒါတွေကို ကောင်းကောင်း လုပ်ပေးမယ်"

သူမ သည် စိုက်ပျိုးရေးတွင် အံ့သြဖွယ်ကောင်းလှသည်။

သူမ တောင်ပေါ်မှာ နေထိုင်စဉ် လယ်ဧကအနည်းငယ်ကို ကိုယ်တိုင် စိုက်ပျိုးခဲ့သည်။ အမှန်တော့၊ သူမ၏ဆရာ အနားမှာရှိရင် တိတ်တဆိတ် သေချာပေါက် အကူအညီ‌တောင်းသည်။

“ညီမလေး က?"

လုရန် ရယ်မောသည် "လယ်မြေတွေကို ထိန်းနိုင်တယ်?"

လုရှန်း က အိမ်မှုကိစ္စများကို ပုံမှန်လုပ်သော်လည်း လယ်လုပ်ခဲသည်။

ရိတ်သိမ်းချိန်အတွင်း မိသားစုကို ကူညီပေးခဲ့ပေမဲ့ တစ်ချိန်လုံး အိမ်မှုကိစ္စများနဲ့အလုပ်ရှုပ်နေခဲ့သည်။

"ဟုတ်တယ်! အစ်ကို၊ စာလုပ်။ ညီမလေး ကိုယ်တိုင်လုပ်နိုင်တယ်!"

လုရန် ကျောင်းစာ ပြန်လေ့လာတာက မူလပိုင်ရှင်၏နောက်ဆုံးဆန္ဒဖြစ်သည်။ သူမ သူတို့အတွက် ဖြည့်ဆည်းပေးရမယ်။

သူမ၏လေးနက်တဲ့ မျက်နှာကို ကြည့်ပြီး လုရန် အနည်းငယ် သံသယဝင်လာသည်။ "သေချာလား?"

"သေချာတယ်!" လုရှန်း ပြုံးတယ် "ညီမလေးတို့ရဲ့လယ်မြေတွေက ဒီလောက်ကြီးမဟုတ်ဘူး။ ညီမလေး စီမံခန့်ခွဲနိုင်တယ်"

“ကောင်းပြီ"

သူ့ညီမ က သူ့ကို ကျောင်းပြန်တက်ဖို့ စိတ်အားထက်သန်နေတာမို့ သူမရဲ့စေတနာကို အလေးမထားလို့မရဘူး။

သူ အားလပ်ချိန်မှာ ကူညီဖို့ ပြန်လာမယ်။

"ကျောင်းလခအတွက် ပေးရတဲ့ငွေ လောက်လား"

လုရှန်း အနည်းငယ် စိတ်ရှုပ်သွား၏။

ငွေမရှာနိုင်သေးသဖြင့် အခုရှိနေသော ပမာဏ သည် လုံလောက်မှုရှိမရှိ သူမလည်းမသိပါပေ။

“လောက်တယ်" လုရန်က ပြုံး၍ အမျိုးသမီးလျန် ပေးခဲ့တဲ့ ငွေတုံးခြောက်တုံးကို ယူလိုက်သည်။

"ကျန်တာကိုယ့်အတွက်ကိုယ် သိမ်းထား"

"သေချာလား?" လုရှန်း မသေချာသော အသံဖြင့် မေးသည်။

"လောက်တယ်!" လုရန် က ရယ်သည်။

သူမ ခေါင်းညိတ်တယ်။ "ကောင်းပြီ မလောက်ရင်ပြော။ ဖုံးကွယ်ဖို့ မကြိုးစားနဲ့"

လုရှန်း မော့ကြည့်လိုက်ရာ နေဝင်နေပြီဆိုတာ သိလိုက်သည်။

လုရန် မီးဖိုချောင်ထဲ အလုပ်ရှုပ်နေချိန် လုရှန်းနဲ့မောင်နှစ်မ၂ယောက် က ခြံဝင်းထဲတွင် ဟင်းသီးဟင်းရွက်များကို ခူးသည်။

ရုတ်တရက် တစ်စုံတစ်ယောက် ခြံတံခါးကို တွန်းဖွင့်လိုက်သည်။ ကြွက်သားတောင့်တင်းပြီး ပိန်ပိန်ပါးပါး လူငယ်တချို့ ဝင်လာကြ၏။ အဖွဲ့ဦးဆောင်တဲ့ လူငယ်က သူ့ပါးစပ်မှ မြက်ပင်တစ်ချောင်းကို ကိုက်ထားသည်။

"လုရန်! လုရန် ဒီမှာရှိလား?”

လုရှန်း က သူမ ခေါင်းကို မော့လိုက်ပြီး သူတို့ကို ကြည့်လိုက်သည်။ ။

"အိုး?"

စန်းဟူရဲ့မျက်လုံးများ တောက်ပသွားသည်။ "ဒီအလှတရားက ဘယ်ကများလဲ? မင်း က လုနိုင်း ထက် ပိုလှတယ်"

လုရန် သည် ရုန်းရင်းဆန်ခတ်အသံကြားတော့ ထွက်လာ၏။ စန်းဟူရဲ့စကားကိုကြားပြီးနောက် သူ့ရဲ့အမူအရာပြောင်းလဲသွားတော့သည်။ သူ သည် ရှေ့သို့ လျှောက်သွားကာ လုရှန်းနဲ့ကျန်လူများကို ပိတ်ဆို့၍ လုရန် အေးစက်စက်အသံဖြင့် "စန်းဟူ မင်း ဘာလာလုပ်တာလဲ?"

စန်းဟူ လို လူက သူ့ညီမ၏ခြေချောင်းနှင့်ပင် မထိုက်တန်ပါ။

"ဒါက လုရှန်း ဖြစ်ရမယ်" စန်းဟူ က လုရှန်း ကို အကြာကြီး စိုက်ကြည့်ရင်း မေးစေ့ ပွတ်သပ်သည်။ "ပညာရှိကျောင်းသား တစ်ယောက် က သူနဲ့မင်းညီမ စေ့စပ်ကြောင်းလမ်းတာကို ဖြတ်လိုက်သလို ခရိုင်တရားသူကြီးကလည်း သူမကို လက်မထပ်ချင်ဘူးတဲ့"

“အစ်ကိုရန် မင်းညီမ က နာမည်ပျက်နေပြီဆိုတော့ အစ်ကိုစန်းကို ဘာလို့ မပေးတာလဲ? သူ့ကို ပေးလိုက်ရင် သူ ပျော်သွားပြီး မင်းကို ဆုချလိမ့်မယ်"

ဘေးနားမှာ ရပ်နေတဲ့ လူတစ်ယောက်က လှောင်ပြောင်ကာ ပြောသည်။

"မင်း ဘာပြောလိုက်တာလဲ?"

လုရန်၏အမူအရာက မည်းမှောင်သွားပြီး ထိုကဲ့သို့ပြောသော လူငယ်ကို ချက်ချင်းပင် မြေပြင်ပေါ်သို့ လှဲချပစ်လိုက်တော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment