အခန်း(၂၆) - 'ကျွန်မ လှလား?'
ချုစစ်ဟန်က သူ့ကိုယ်သူ ရည်ညွှန်းပြီး 'ငါ' ဟု သုံးနှုန်းပြောသည်။ ဒါက ခရိုင်တရားသူကြီးကို အံဩစေသော်လည်း ခဏကြာတော့ သဘောပေါက်သွားသည်။ ချုစစ်ဟန် သည် သူ၏နောက်ခံကို လုရှန်း သိရန် မလိုလားပါ။
ချုယွမ် က ထက်မြက်သူဖြစ်လို့ လုရန်ကို "ကျွန်တော်တို့သခင်က မိန်းကလေးလုနဲ့ စကားပြောချင်နေလို့ လူကြီးမင်းလု ကျေးဇူးပြုပြီး ကျွန်တော်နဲ့ အနောက်ဘက်ကို အရင်လိုက်ခဲ့ပေးပါ"
ဒီစကားကို ကြားတော့ လုရန် က လုရှန်းကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
လုရှန်း က လုဂျန်ကို အစ်ကိုဖြစ်သူဆီ ကမ်းပေးပြီး "ညီမလေး အဆင်ပြေတယ်၊ စိတ်မပူနဲ့"
မသွားခင် လုရန်က ရှုပ်ထွေးသော အကြည့်ဖြင့် သူမကို ပြန်ကြည့်သည်။
ညီမလေး ပျောက်သွားပြီး ပြန်လာကတည်းက ပင်ကိုယ်စရိုက်နဲ့ တခြားရှုထောင့်တွေ အများကြီး ပြောင်းလဲသွားသည်ဟု သူ ခံစားနေမိသည်။
"မိန်းကလေးလု လိုက်ခဲ့ပါ"
ခရိုင်တရားသူကြီး သည်လည်း သူတို့နောက်ကို လိုက်ချင်ပေမယ့် ချုစစ်ဟန်၏ ရုတ်တရက် အေးစက်စက် အကြည့်တစ်ချက်ကြောင့် သူ၏ခြေလှမ်းကို သတိမထားမိဘဲ ရပ်လိုက်ရသည်။
ချုစစ်ဟန် က သူ၏အကြည့်ကို ဆုတ်လိုက်ပြီး အရင် ထွက်လာခဲ့သည်။
လုရှန်း က ပြုံးပြုံးရွှင်ရွှင်ဖြင့် ခရိုင်တရားသူကြီးကို ဦးညွှတ်ပြီး ချုစစ်ဟန်၏အနောက် မှ အမြန်လိုက်လာခဲ့တယ်။
ထောင်မှူး က ဒါကိုမြင်တော့ စွန့်လွှတ်ဖို့ နည်းနည်း ဝန်လေးသလို ခံစားလာရသော်လည်း တခြား အကြံဉာဏ်တွေ မတွေးဝံ့တော့ပေ။
ချုစစ်ဟန်နဲ့ လုရှန်းတို့ သည် ထောင်ကနေအပြန် စားသောက်ဆိုင် တစ်ဆိုင်ကို ဝင်ကြတယ်။
စားပွဲထိုး က သူတို့ကို ဒုတိယထပ်က အခန်းတစ်ခုစီ ပို့ပေးပြီး မထွက်သွားခင် အဆာပြေနဲ့ လက်ဖက်ရည်ချပေးတယ်။
နှစ်ယောက်လုံး က ဆန့်ကျင်ဘက် ထိုင်နေကြပြီး စကားအကြာကြီး မပြောဖြစ်ကြပေ။
"ကျွန်မ လှလား?" လုရှန်းက တိတ်ဆိတ်မှုကိုချိုးဖျက်ပြီး မျက်ခုံးပင့်ကာ ပြုံးရင်း မေးလိုက်သည်။
ဒီမေးခွန်းကြောင့် ချုစစ်ဟန် ပြောစရာ စကားမဲ့သွား၏။
သူ့ဘဝရဲ့ အနှစ်၂၀အတွင်း ပထမဆုံးအကြိမ် ဒီလို မိန်းကလေးမျိုးကို တွေ့ဖူးတာပဲ။
"ချုစစ်ဟန်"
"ဟင်?" လုရှန်း က အချိန်မီ မတုံ့ပြန်နိုင်ခဲ့။
သူက စိတ်ရှည်ရှည်ဖြင့် ပြောလာခဲ့သည်။ “ငါ့နာမည်"
"အိုး" သူမ ပြုံးပြီး လက်ကို တန်းကာ နှုတ်ဆက်လိုက်သည် "လုရှန်း"
ချုစစ်ဟန် ထူးဆန်းသော အမူအရာနဲ့ သူမ၏လက်ကို စိုက်ကြည့်နေသည်။
ဒီတော့မှ လုရှန်းက ဒီခေတ် လူတွေက လက်ဆွဲနှုတ်ဆက်တာ မဟုတ်ကြောင်း သတိရမိသည်။ သူမ ပြုံးပြီး လက်ကို ပြန်ရုတ်လိုက်သည်။နောက်ဖြစ်စဉ်ကတော့ သူမ ကိတ်မုန့်တစ်ချို့ကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်၏။
ချုစစ်ဟန်က သူမဆီက တုံ့ပြန်မှုကို စောင့်မျှော်နေပေမဲ့ သူမကတော့ အနှိုင်းမဲ့လက်ဖက်ရည်ကို ဆက်သောက်နေခဲ့သည်။
သူ က မျက်မှောင်ကြုတ်၍ "မင်းမှာ မေးစရာ မရှိဘူးလား?"
"ဘာလဲ?"
သူမ၏ ကြည်လင်သော မျက်လုံးများသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။
"ငါက ချုမိသားစုက..."
"အဲတော့?"
ချုစစ်ဟန်သည်လည်း ကိုယ်တိုင် ဘာပြောဖို့ ကြိုးစားမိနေသလဲ မသိတော့ပေ။
ချုစစ်ဟန် တိတ်တဆိတ် သက်ပြင်းမချမီ သူမကို ခဏလောက် ကြည့်နေသည်။
"ကိစ္စမရှိဘူး" သူ စကားမဆက်ခင် ခဏလောက် ငြိမ်ပြီးမှ "မနေ့ညက တောင်ပေါ်ကို သွားခဲ့တာလား"
"အနောက်ဘက်တောင်တန်း?" လုရှန်း က မျက်တောင်ခတ်ကာ "အဲဒါ ဘယ်မှာလဲ?"
သူမ၏ မျက်နှာ အပြစ်ကင်းစင်သော ပုံပေါက်နေသော်လည်း သူမ စိတ်ထဲ၌ ပြောနေမိသည် - ဒီလူက မရိုးသားဘူး။ တစ်ချက်ကြည့်လိုက်တာနဲ့ ငါမှန်း သံသယဖြစ်နေမှာ စိုးမိတယ်!
"မင်း က ငြင်းနေတော့လည်း ထားလိုက်ပါတော့"
သူ၏ မှတ်ဉာဏ် အမြဲကောင်းနေပြီး အရပ်အမြင့်နဲ့ လူတစ်ယောက်၏ ပုံသဏ္ဍာန်ကို အရင်နေ့ကတည်းက မှတ်သားခဲ့သည်။
အခန်းထဲ မဝင်ခင် သူမ အနောက်က ရည်ရွယ်ချက်ရှိရှိနဲ့ လျှောက်ခဲ့တယ်။ သူမ၏ ပုံသဏ္ဍာန်ဟာ သူ မှတ်သားထားသမျှနဲ့ ထပ်တူကျနေတာကို တွေ့ရှိခဲ့သည်။
သူမ၏ ဆံပင်အရှည်ကတောင် အတူတူပဲ။
"ဒါဆို ကျွန်မကို ဖိတ်ပြီး ဘာပြောချင်တာလဲ?"
ချုစစ်ဟန် သူမ၏ စိတ်မရှည်သံကို ကြားလိုက်ရသည်။ သူမ မေးခွန်းကို ရှောင်ဖို့ သတိထားနေတာကို သိတော့ ချုစစ်ဟန် ရုတ်တရက် သူမ ကို ရီစရာ ဟာသတခုကဲ့သို့ ပြောလိုက်သည်။"မင်း ဘယ်သူနဲ့ လက်ထပ်ရမယ်ဆိုတာ မင်းသိလား"
လုရှန်း ထိုစကားကို ကြားတော့ ဂရုမစိုက်ပဲ ပြောလိုက်သည် "လင်းဂျန်ရဲ့တရားသူကြီး လို့တော့ သိထားတယ်"
သူမ ပြောပြီးတာနဲ့ လက်ဖက်ရည်ဆက်သောက်ရင်း ညည်းညူတယ်။ "သူ့အကြောင်း ပြောရမယ်ဆိုရင်တော့ တော်တော်အိုနေပြီ လို့ ပြောတယ်။ အဲဒီအရွယ်မှာ ငယ်ရွယ်ပြီး လှပတဲ့ မိန်းကလေးတစ်ယောက်ကို တောင်းတတယ်ဆိုတော့ အဲဒီ့လူကြီးက လူကောင်း မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာကတော့ အကျင့်ပျက်နေတဲ့ အရာရှိတစ်ယောက်ဖြစ်ပုံပဲ"
ချုစစ်ဟန် သည် 'အကျင့်ပျက်အရာရှိ_ချုစစ်ဟန်' အကြောင်း သူမ ပြောတာကို ကြားတော့ ဘာပြောရမှန်း မသိ ဖြစ်သွားတော့သည်။