no

Font
Theme

🌷 Chapter 9

"ဘယ်သူ ရယ်တာလဲ ? အိမ်တော်ထိန်းကျိုး၊ ဘယ်သူ သတ္တိရှိလဲဆိုတာကို ကျမ ကြည့်ချင်သေးတယ်၊ သူတို့ကို သေချာ ပေါက်သွားကြည့်ရမယ်!"

နန်ယု ဖေးယွင်ကျင့်၏ဆိုလိုရင်းကို နားလည်ရုံသာမက အိမ်တော်ထိန်းကျိုးပါနားလည်ပြီး ယခင်ဖြစ်ရပ်ကို ချက်ချင်းပြန်အမှတ်ရသွားကြသည်။

ဖေးယွင်ကျင်း ကဲ့သို့ကလေးတစ်ယောက်မှာအလွန်စိတ်ခံစားမှုနုနယ်လေသည်။ ထိုအဘွားကြီး၏ ညစ်ညမ်းသောပါးစပ်မှာ အပြစ်တင်မှုများအပြည့်ရှိလေရာ သူမ ၎င်းတို့အား ဝင်ခွင့်မပေးသင့်ခဲ့ပေ။

နှစ်ပေါင်းများစွာထိန်းသိမ်းခဲ့သည့် ကောင်းမွန်သောအမူအ ကျင့်များကြောင့် အိမ်တော်ထိန်းကျိုး ဆဲဆိုခြင်းမှ ရှောင်ရှားနိုင်ခဲ့သည်။ ယင်းအစား သူ စိတ်မကောင်းဖြစ်နေသည့် အကြည့်ဖြင့် ဖေးယွင်ကျင့်အားလှမ်းကြည့်လိုက်သည်။

"သခင်လေး၊ ဒါက သခင်လေးအပြစ်မဟုတ်ဘူး၊ အဲ့ဒီလူတွေရဲ့အပြစ်ချည်းပဲ..."

ဖေးယွင်ကျင်း သူ့နှုတ်ခမ်းအားကိုက်ထားပြီး ဘာမှမပြောတော့ပေ။

သူ့အား ငယ်စဉ်ကတည်းက သူ့အားမည်သူမျှ မလိုချင်၊ ၎င်းတို့က သူ့အား မုန်းတီးကြသည်။ သူသည် အချစ်မခံရသောကလေးတစ်ဦးဖြစ်သည်ဟု ကလေးထိန်းထံမှ ဦးနှောက်ဆေးခြင်းခံခဲ့ရသည်။

ဖေးယွင်ကျင်း ထိုပြောဆိုချက်များအား တိတ်တဆိတ်အကြိမ်ပေါင်းများစွာချေပခဲ့သော်လည်း နေ့ရက်များစွာ၊ နှစ်ပေါင်းများစွာကြာလာသောအခါ ထိုစကားများ၏လွှမ်းမိုးမှုခံခဲ့ရသည်။

နန်ယု အနှစ် ၂၀ ကြာပြီးနောက်မှာ ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့၏အချစ်သည် ချောမွေ့ခြင်းမရှိကြောင်းမှတ်မိသည်။ ဖေးယွင်ကျင်းသည် သူ့ ငယ်ဘဝအတွေ့အကြုံများကြောင့် သွေး အေးပြီး တစ်ကိုယ်ကောင်းဆန်ကာ မည်သူ့ကိုမျှမယုံကြည်ပေ။ ကံကောင်းထောက်မစွာဇာတ်လိုက်မသည် ပေါ့ပါးသွက်လက်ကာ တောက်ပသောမိန်းကလေးတစ်ဦးပင်။

သို့သော် ၎င်းတို့ ပျော်ရွှင်စရာဇာတ်သိမ်းတစ်ခုရောက်ဖို့ရာ အခက်အခဲများစွာကိုဖြတ်သန်းခဲ့ကြရသည်။

လူတစ်ဦး၏စရိုက်လက္ခဏာမှာ တစ်ညတည်းနှင့် ပေါ်ပေါက်လာခြင်းမဟုတ်ပေ။ ဖေးယွင်ကျင်း ယခုအချိန်တွင် ရက်စက်သေးသည်မဟုတ်သော်လည်း အခြေအနေအား အကဲဖြတ်တတ်အောင်သင်ယူနိုင်ခဲ့သည်။

နန်ယု ဖေးယွင်ကျင်း သူမ စိတ်ချမ်းသာအောင်ကြိုးစားနေမှန်း သိသည်။

သူမ သူ့အား ထိုအိပ်မက်ဆိုးမှကယ်တင်ခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဖေးယွင်ကျင်း စာဖတ်တတ်အောင် မသင်ယူခဲ့သော်လည်း သူသည် ရှင်သန်ရန် နည်းလမ်းများကို ဗီဇအတိုင်း သင်ယူခဲ့သည်။

ဖေးမိသားစု၏ဘိုးဘွားအိမ်တော်တွင် သူ ပြောခဲ့သည့် "ဟုတ်" ဟူသော စကားလုံးကဲ့သို့ပင် ၎င်းမှာ မိမိကိုယ်ကိုကယ်တင်နေသည့် ကလေးဖြစ်သည်။

သူ့လက်ရှိဘဝအား ဖျက်ဆီးမည့် မည်သို့သောမတော်တဆမှုမျိုးကိုမှမလိုချင်သလို နန်ယု စိတ်ဆိုးမည်ကိုလည်းမလိုချင်ပေ။

ထိုသို့မဟုတ်ပါက သူ ထိုအမှောင်ထုထဲသို့ပြန်ရောက်သွားပြီး အငတ်ခံနေရလိမ့်မည်။

နန်ယု ထိုစိတ်ဓာတ်အား ပြီးပြည့်စုံစွာနားလည်သည်။

"ရှောင်ကျင်း"

ဖေးယွင်ကျင်း တုန်လှုပ်သွားသည်။ နန်ယု သူ့အား ထိုကဲ့သို့ ပုံမှန် မခေါ်လေ့ရှိပေ။ ယခင်တစ်ကြိမ်က တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့ရှေ့တွင် ရင်းနှီးကြောင်း ပြသရန်သာဖြစ်သည်။

သူမ ပုံမှန်အားဖြင့် "ကလေးလေး" သို့မဟုတ် နာမည်တိုက် ရိုက်ခေါ်သည်။

သို့သော် ဖေးယွင်ကျင်း နန်ယု သူ့အား "ရှောင်ကျင်း" ဟု ခေါ် သည်ကို တကယ်နှစ်သက်သည်။ အဲ့ဒါက သူ့ရဲ့ ကိုယ်ပိုင်နာမည်၊ သူ့ရဲ့...အရာတစ်ခုပါ။

"ငါ ဘာလို့ မင်းကို အထောက်အပံ့ပေးတယ်ဆိုတာ မင်းသိလား"

ဖေးယွင်ကျင်း ရိုးသားစွာဖြင့် ခေါင်းခါလိုက်သည်။

သူ့ဘေးတွင် ရပ်နေသော အိမ်တော်ထိန်းကျိုး ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။ သူ့သခင်မလေးမှာ ကြင်နာတတ်သည့်ကလေး တစ်ဦး ဖြစ်ကြောင်းသိသည်။ သခင်မလေးသည် သခင်လေး ဆင်းရဲဒုက္ခခံစားနေရသည်အား သေချာပေါက်မကြည့်နိုင်ပေ...

"ဖေးမိသားစုက ပိုက်ဆံပေးလို့"

ဟမ်?

အိမ်တော်ထိန်းကျိုး၏ ညင်သာမှုမှာ ရုတ်တရက် အနှောင့်အ ယှက်ခံလိုက်ရပြီး သူ မယုံကြည်နိုင်သည့်အကြည့်ဖြင့် နန်ယုအားကြည့်လိုက်သည်။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည့် ပရော်ဖက်ရှင်နယ်စိတ်ကြောင့် သူ တိတ်ဆိတ်နေခဲ့သော်လည်း သူ့မျက်နှာပေါ်ရှိ အမူအရာအား ခဏတာထိန်းချုပ်၍မရခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် နန်ယုအကြည့်မှာ အိမ်တော်ထိန်းကျိုးပေါ်မရှိသေးပေ။

သူမ ဖေးယွင်ကျင့်၏မျက်လုံးနားထိ ဒူးထောက်လိုက်ပြီး အလေးအနက်ထားကာ

"မင်း ဒီမှာနေနေသမျှ မင်းရဲ့ကုန်ကျစရိတ်တွေအားလုံးကို ဖေးမိသားစုကပေးလိမ့်မယ်၊ ငါတောင် အပိုငွေနည်းနည်းရှာနိုင်ဦးမယ်"

"ပိုက်ဆံရှာရတာ ပျော်စရာကောင်းတဲ့အရာတစ်ခုပဲ၊ မင်း နားလည်လား"

ဖေးယွင်ကျင်း ခဏရပ်လိုက်ပြီး တွန့်ဆုတ်စွာခေါင်းညိတ်လိုက်သည်။

သူ ပိုက်ဆံအကြောင်းအား နားမလည်သော်လည်း ၎င်းမှာ အရေးကြီးသည်ကို သိသည်။

သူ ဖေးမိသားစုတွင် ရှိစဉ်က သူ့အား ပြုစုစောင့်ရှောက်သည့် အထိန်းတော်နှင့် အခြားအိမ်အကူများ တစ်လမှာ တစ်ရက်တော့ စိတ်ကောင်းဝင်နေတတ်ကြသည်။

ဖေးယွင်ကျင်း လူကြိုက်မများသေးဘဲ ငယ်ရွယ်သေးသည့် အတွက် သူတို့ စကားပြောသည့်အခါ သူ့အား ရှောင်လေ့မရှိပေ။

"လစာရပြီးရင် ငါကြိုက်တဲ့အရာတစ်ခုခုကို ဝယ်လို့ရပြီ" နဲ့ "ငါသာ ပိုက်ဆံပိုရှိရင် ကောင်းမှာ" လိုမျိုး စကားတွေပေါ့။

ထို့ကြောင့် ဖေးယွင်ကျင်း လစာ၏အရေးပါပုံ၊ ပိုက်ဆံ၏ အရေးပါပုံတို့အား နားလည်ခဲ့သော်လည်း ၎င်းမှာ ရရှိရန်ခက် ခဲသောအလုပ်ဖြစ်ကြောင်းကိုလည်း နားလည်ခဲ့သည်။

ထိုလူများသည် သူတို့ ပင်ပန်းကြောင်း၊ အလုပ်မလုပ်လိုကြောင်းကို သီးသန့် အကြိမ်ရေမရေမတွက်နိုင်အောင် ဖော်ပြခဲ့ကြသည်။ သို့သော် ဖေးယွင်ကျင်း မှတ်မိနိုင်သည့် အချိန်ကတည်းက ထိုသူတို့မှာ ရင်းနှီးသော မျက်နှာများဖြစ်ပြီး နှစ်ပေါင်းများစွာကြာပြီးနောက်တွင်လည်း ထိုနေရာ၌ပင် ရှိနေကြသည်။

ဖေးယွင်ကျင်း ပိုက်ဆံ၏အရေးပါပုံကို နားလည်ခဲ့သည်။

"ဒါကြောင့် မင်းဘာပြောပြော ငါ့အတွက် အရေးမကြီးဘူး၊ ပိုက်ဆံရှာရတာက အရေးကြီးဆုံးပဲ"

"မင်း နားလည်ရမယ်၊ သူငယ်တန်းသွားတယ်ဆိုတာ ပိုက်ဆံသုံးတာပဲ၊ ပိုက်ဆံသုံးတာက ငါ့အတွက် ပိုက်ဆံရှာပေးတာကို ဆိုလိုတယ်၊ ငါ ပိုက်ဆံရှာရရင်ပျော်တယ်၊ နားလည်လား"

ဖေးယွင်ကျင်း မည်မျှထက်မြက်သည်ဆိုစေကာမူ သူသည် လေးနှစ်ပင် မပြည့်သေးပေ။ ရိုးရိုးသားသားပြောရလျှင် နန်ယု၏ရှည်လျားထွေဖြားသော ရှင်းပြချက်အား သူ လုံးဝနားမလည်ခဲ့ပေ။

သို့သော် သူ အချက်တစ်ချက်ကိုတော့ နားလည်ခဲ့သည်။

သူသာ သူငယ်တန်းကျောင်းသွားပါက နန်ယု ပျော်ရွှင်လိမ့် မည်။

နန်ယု ပျော်ရွှင်နေပါက သူ့အား မောင်းထုတ်မည်မဟုတ်ပေ။

"ကျွန်တော် နားလည်ပါပြီ"

နားလည်ပြီဟု ခံစားရသော ဖေးယွင်ကျင်းမှာ ချက်ချင်းပင် လက်ဆန့်ပြီး အိမ်တော်ထိန်းကျိုးဘောင်းဘီအနားစကို ဆွဲလိုက်သည်။

"အိမ်တော်ထိန်းကျိုး၊ ရှောင်ကျင်း မှားသွားတယ်ဆိုတာ သိပါပြီ၊ ရှောင်ကျင်း ကျောင်းသွားချင်ပါတယ်"

အိမ်တော်ထိန်းကျိုး- "..."

မင်း နားမလည်သေးဘူးလို့တော့ ငါ ထင်တာပဲ !!

လူကြီးတစ်ဦးအနေဖြင့် အိမ်တော်ထိန်းကျိုး နန်ယု ကလေးအားလုံးဝလှည့်စားနေသည်ကိုမြင်နေရသည်။ ဖေးယွင်ကျင်းသာ ကျောင်းတက်ရောက်ခဲ့လျှင်!

မည်သို့ပင်ဖြစ်စေ ရလဒ်ကောင်းသည် မဟုတ်ပါလား။

စည်းကမ်းမရှိသော အိမ်တော်ထိန်းကျိုး ချက်ချင်းဘက်ပြောင်းသွားသည်။

"ကောင်းပြီ၊ အခု သွားကြမယ်၊ ယာဉ်မောင်းစောင့်နေပြီ၊ လာ၊ သခင်မလေးကို နှုတ်ဆက်လိုက်ဦး"

"အန်တီ၊ ဘိုင့်ဘိုင်~"

ထိုလူအိုကြီးနှင့် ထွက်သွားသည်ကို ကြည့်ရင်း နန်ယု ကလေးပြုစုပျိုးထောင်ခြင်း၏ပျော်ရွှင်မှုအား ရုတ်တရက်နားလည်သွားရသည်။

သူတို့သည် အလွန်အမင်း အဖြူထည်ဆန်ပြီး နာခံမှုရှိကြသည်။ ဒါ ရှင်းပြလို့မရသည့် အောင်မြင်မှုတစ်ခုလိုပင်ခံစားရစေသည်။

သူမလို ပြုစုပျိုးထောင်ရာမှာ ကျွမ်းကျင်သည့်သူတစ်ယောက်နှင့်ဆိုရင် ဖေးယွင်ကျင်းသည် နိုင်ငံ၏အားထားရာဖြစ်လာနိုင်ပါသည်။

အနည်းဆုံးတော့ ယခင်ဘဝက အမျိုးသမီးများအား အမြတ်ထုတ်ခဲ့သည့် အမှိုက်ကောင်ထက် ပိုကောင်းသည်မဟုတ်ပါလား ??

သူမ ထိုသို့တွေးနေစဉ် နန်ယု အိမ်တော်ထိန်းကျိုးအား မက်ဆေ့ချ်တစ်စောင် ချက်ချင်းပို့လိုက်သည်။

"အိမ်တော်ထိန်းကျိုး၊ ရှောင်ကျင်းရဲ့ကျောင်း၊ အစားအစာ၊ သင်တန်း စတာတွေရဲ့ ကုန်ကျစရိတ်တွေကိုတွက်ချက်ပြီး နှစ်ဆတင်ပြီး ကျွန်မဆီ ပို့ပေးပါ"

အသေးငယ်ဆုံးအရာပင် အကျိုးရှိပြီး ရှောင်ကျင်း မည်မျှပင် ချစ်စရာကောင်းသည်ဆိုစေကာမူ အရေးမကြီးပေ။

နန်ယု ဖေးမိသားစုပေးဆပ်ရမည့် ငွေတစ်ပြားတစ်ချပ်ကိုပင် လက်လွတ်ခံမည် မဟုတ်ပေ။

ဖေးမိသားစု၏ အလွန်အမင်းမာနကြီးမှုကို ကြည့်လျှင် သူတို့ အလွန်အကျွံမဟုတ်သရွေ့တော့ ဒီပိုက်ဆံတွေအတွက် ဈေးဆစ်မည်မဟုတ်ပေ။ ၎င်းမှာ ပိုက်ဆံအပိုရှာရန် ပြီးပြည့်စုံသော နည်းလမ်းပင်။

စာပို့ပြီးနောက် နန်ယု အပေါ်ထပ်သို့ တက်ရန် ပြင်လိုက်စဉ် သူမ၏ ဖုန်း ရုတ်တရက်တုန်ခါလာသည်။

မျက်နှာပြင်ပေါ်တွင် "အချစ်" ဟူသော စကားလုံးကို မြင်လိုက်ရသောအခါ နန်ယုနှုတ်ခမ်းများ အောက်သို့ ကွေးညွတ်သွားသည်။ ၎င်းမှာ သူမ၏ နာမည်ခံခင်ပွန်းဖြစ်သည်။

သို့သော် သူမ၏ လက်ရှိ "အချစ်ကိုဦးစားပေးတဲ့" ပုံစံကို တွေးပြီးနောက် သူမ ဖုန်းခေါ်ဆိုမှုခလုတ်အား နှိပ်လိုက်သည်။

တိတ်ဆိတ်ခြင်း—

နန်ယု ဘာမျှမပြောဘဲ ဖုန်း၏ တစ်ဖက်ခြမ်းရှိ ဖေးယီကျန့်လည်း ချက်ချင်းမပြောဘဲ သူမ စကားပြောရန် စောင့်နေခြင်း ဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေ ယခင်ကဆိုလျှင် သူမသည် စိတ်မရှည်စွာဖြင့် တောက်လျှောက် ပြောနေပေမည်။

ထိုအတွေးမှာ နန်ယု၏ စိတ်ထဲသို့ ဝင်လာသော်လည်း သူမသာဆိုလျှင် ဖေးယီကျန့်အား ဘာပြောရမည်ကို အမှန်တကယ် မသိပေ။

"နန်ယု"

နောက်ဆုံးတွင် ဖေးယီကျန့် အရင်စကားစပြောလိုက်သည်။

သူ့အသံမှာ သာယာပြီး ရှင်းလင်းကာ အေးစက်စက်ရှိသည်။ ဖုန်း၏ ပုံပျက်နေသောအသံမှပင် နားထဲတွင် တဒင်္ဂခံစားမှုတစ်ခု ဖြစ်စေသည်။

"တောင်းပန်ပါတယ်"

နန်ယု တောင်းပန်စကားကြောင့် မျက်ခုံးပင့်မိလိုက်သည်။

ဤတောင်းပန်စကားသည် ဖေးမိသားစုတွင် ယခင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စအတွက်လား၊ သို့မဟုတ် နောက်ပိုင်း ပွဲသို့ တစ်ယောက်တည်းသွားခဲ့ခြင်းအတွက်လား၊ သို့မဟုတ် သူ၏သားအား ပြုစုပျိုးထောင်ပေးခြင်းအတွက်လား။

ဖေးယီကျန့် ထိုအဖြစ်အပျက်သုံးခုစလုံးတွင် ပါဝင်ပတ်သက်ခြင်း မရှိသကဲ့သို့ ပေါ်နေသော်လည်း အမှန်တကယ်တွင် သူသည် ပြဿနာ၏ အရင်းအမြစ်ဖြစ်သည်။

ဒါပေမဲ့ ဘယ်လိုပြောရမလဲ။ ဖေးမိသားစုသည် စိတ်နေစိတ် ထား ထူးဆန်းသောသူများ စုဝေးရာဖြစ်သော်လည်း ဖေးယီကျန့်သည် ရွှံ့ညွန်ဖြင့် မညစ်ညူးဘဲ ပွင့်သော ပဒုမ္မာကြာပန်းကဲ့သို့ ထင်ပေါ်နေသည်။

ဒီမှာ "ပဒုမ္မာကြာပန်း" ဆိုတာက အဓိပ္ပာယ်ကောင်းနဲ့သုံးတာပါ။

သူမ ဖေးမိသားစုအား အလွန်မုန်းတီးပြီး ရှုပ်ထွေးသော ကိစ္စရပ်အားလုံးကို ကိုင်တွယ်ဖြေရှင်းရသော်လည်း နန်ယု ဖေးဘီကျန့်ကို အများကြီး မမုန်းတီးပေ။

အခြားမည်သူမဆို သူ့အား မုန်းတီးရန် ခက်ခဲသည်။

သူသည် ရှေးခေတ်ဝတ္ထုများမှ ဗုဒ္ဓဘာသာတပည့်များကဲ့သို့ သိမ်မွေ့ပြီး အေးစက်ကာ လောကီလူ့ဘောင်၏ မစင်ကြယ်မှုများက သူ့အား မညစ်နွမ်းစေပေ။

တောင်းဆိုမှုမှာ အလွန်အကျွံမဟုတ်သရွေ့ ဖေးယီကျန့် သဘောတူလိမ့်မည်။

သူသည် စကားပြောရလွယ်ကူသည် မဟုတ်ဘဲ ဂရုမစိုက်ခြင်းသာ ဖြစ်သည်။

နန်ယုသာ နန်မိသားစု၏ လုပ်ငန်းအား နှောင့်ယှက်လိုခြင်း မရှိပါက သူမသည် အခုပင် ကွာရှင်းရန် တောင်းဆိုမည်ဆိုလျှင်ပင် ဖေးယီကျန့် ချက်ချင်း သဘောတူလိမ့်မည်ဟု သူမ ယုံ ကြည်သည်။

"အာ၊ ရပါတယ်"

ဖေးယီကျန့်မှာ နန်ကျီနှင့်မတူဘဲ သူ့ရှေ့တွင် ဟန်ဆောင်ရန် မလိုအပ်သလို နန်မိသားစုထံတွင်လည်း တိုင်တန်းမည် မဟုတ်ပေ။

ထို့အပြင် ထိုနှစ်ဦးမှာ အစကတည်းက ရင်းနှီးခြင်းမရှိပေ။ ၎င်းသည် နန်ယု၏ တစ်ဖက်သက် အချစ်သာ ဖြစ်ခဲ့ပြီး လက်ထပ်ခြင်းနှင့် လက်ထပ်စာရင်းသွင်းခြင်းတို့နှင့်ပင် သူတို့၏ တွေ့ဆုံမှုအရေအတွက်သည် သုံးကြိမ်ပင်မကျော်ခဲ့ချေ။

နန်ယု၏ အမြင်တွင် ထိုလက်ထပ်ခြင်းဆိုသည်မှာ ဖေးမိသား စု၏ သဘောတူညီမှုသာ။ ဖေးယီကျန့် နန်ယုအား သူနှင့် တကယ်လက်ထပ်ချင်သလားဟု နှစ်ကြိမ် မေးခဲ့သည်။

ထိုအချိန်က နန်ယု အလွန်ဝမ်းသာခဲ့သည်။ မည်သို့ ငြင်းပယ်နိုင်မည်နည်း။

အာဏာကြီးသော ဖေးရှင်းလင်နှင့် အခြားသက်ကြီးပိုင်းများနှင့် နှိုင်းယှဉ်လျှင် ဖေးမိသားစု၏ခေါင်းဆောင်ဖြစ်သော ဖေးယီကျန့်သည် ရုပ်သေးရုပ်တစ်ရုပ်ထက် မပိုပေ။

သို့သော် ယခုအချိန်တွင် နန်ယု ရှုထောင့်မှကြည့်လျှင် ဤလူသည်... နန်ကျီ ယခင်က ပြောခဲ့သကဲ့သို့ခန့်မှန်းရခက်လှသည်။

သူ၏တိုတောင်းသော တုံ့ပြန်မှုနောက်တွင် နောက်ထပ် စိတ်မသက်မသာဖြစ်ဖွယ် တိတ်ဆိတ်မှုတစ်ခုဖြစ်ပေါ်ခဲ့သည်။

နန်ယု "အလုပ်များနေတယ်" ဟု ပြောပြီး ဖုန်းချသင့်သလားဟု စဉ်းစားနေစဉ် ဖေးယီကျန့်၏အသံထပ်မံထွက်ပေါ်လာသည်။

"မင်း"

ဖေးယီကျန့် တစ်စက္ကန့်လောက်ရပ်လိုက်သည်။ သို့သော် ခန့် မှန်းရခက်သည်ဟု ထင်ရသော်လည်း သူက ဆက်ပြောလိုက်သည်။

"မင်း ပွဲကို မသွားချင်ရင် မသွားနဲ့ 'A Thousand Miles of Spring Scenery' ကို ပို့ပေးလိုက်မယ်"

"ငါ ယွင်ကျင်းကို ဂရုစိုက်ပေးဖို့ လူတစ်ယောက်ရှာထားပြီးပြီ၊ ဒါကြောင့် စိတ်မပူနဲ့၊ ဒုတိယဦးလေးက မင်းကို ဖေးမိသားစုကို ပြန်လာဖို့ ထပ်ပြီးအတင်းအကြပ်လုပ်တော့မှာ မဟုတ်ဘူး"

ရိုးရှင်းသော စကားနှစ်ခွန်းဖြင့် အရာအားလုံးဖြေရှင်းပြီးဖြစ် သည်။

ကြည့်စမ်း၊ ဒီလူက စဉ်းစားတတ်ပြီး ရက်ရောမှုမရှိဘူးလား ?

နန်ယု ရယ်မောလိုက်သည်။

"မလိုဘူး၊ ဘာမှ လုပ်စရာမလိုပါဘူး"

သူမ ဖေးယီကျန့်၏ဝင်ရောက်စွက်ဖက်မှုကို မလိုအပ်ပေ။

"မင်း အလုပ်များနေတာပဲ ဆက်လုပ်ပါ"

ဆင်ခြင်တုံတရားရှိသည့် ကိစ္စနှင့် ပတ်သက်လျှင် သူမ သေချာ ပေါက် မရှုံးနိုင်ပေ။

ဖေးယီကျန့်၏တုံ့ပြန်မှုသည် နန်ယုမျှော်လင့်ထားသည့်အတိုင်းပင်။ နန်ယု ငြင်းဆန်ပြီးနောက် သူ သူမအား ထပ်မံစည်းရုံးရန် မကြိုးစားတော့ပေ။

သူ ချက်ချင်းပင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်းနှင့် နန်ယု အကူအညီလိုအပ်သောအခါ သူ့အား ဆက်သွယ်နိုင်ကြောင်းပြောလိုက်သည်။

၎င်းမှာ နန်ယု အလွန်နှစ်သက်သည့်အရာဖြစ်သည်။

သူမ၏ရှင်းလင်းသော ငြင်းဆိုမှုကို ယဉ်ကျေးမှု သို့မဟုတ် ရှက်ရွံ့မှုဟု မှားယွင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုခံရခြင်းကို သူ အမုန်းတီးဆုံးပင်။

ရိုးရှင်းသောကိစ္စအား ရှုပ်ထွေးအောင်လုပ်ရတော့မည်ဖြစ်ပြီး ဖေးယီကျန့်၏နည်းဗျူဟာမှာ နန်ယုအား ပိုပြီးစကားပြောဖို့ရာဆွဲဆောင်ခဲ့သည်။

ဖုန်းခေါ်ဆိုမှုမှာ လျင်မြန်စွာပြီးဆုံးသွားသည်။ စိတ်မသက်မသာဖြစ်ဖွယ် တိတ်ဆိတ်မှုနှင့်ပင် ၎င်းမှာ တစ်မိနစ်သာ ကြာသည်။ ဒါ တစ်လကြာအောင် ဖုန်းမပြောခဲ့သော အိမ်ထောင် သည်စုံတွဲအသစ်ကဲ့သို့ မဟုတ်ပေ။

သို့သော် နန်ယု စိတ်ကျေနပ်မှုရှိသည်။ အခုအချိန်ကစပြီး ကွာရှင်းတဲ့အထိ ဒီအကွာအဝေးကိုဆက်ထိန်းထားမယ်။

ဒီမိသားစုက နောက်ထပ်ဖေးတစ်ယောက်မလိုအပ်တော့ဘူး။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment