🌷 Chapter 12
ထို့နောက် သူမ "မှတ်ဉာဏ်များ" တွင် ဤအချစ်ဆုံးသူငယ် ချင်းများဟု ယူဆထားသော ထိုနှစ်ဦးမှာ သူမ ကံဆိုးမှုအား မည်သို့ အခွင့်ကောင်းယူခဲ့သည်ကိုပြန်လည်အမှတ်ရသည်။ ၎င်းတို့၏ရုပ်ဆိုးအကျည်းတန်သော မျက်နှာများမှာအမှန်ပင်မနှစ်မြို့ဖွယ်ဖြစ်သည်။
နန်ယု နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးညွတ်သွားပြီး လက်ညှိုးကို ဆန့်ထုတ်ကာ အကြိမ်အနည်းငယ်ဖိလိုက်သည်။
"နန်နန်ပုနန်- ကောင်းပြီ၊ မနက်ဖြန် မနက် ၁၀ နာရီမှာ PAG မှာ တွေ့မယ်"
ထို့နောက် သူမ ထို Page မှထွက်လိုက်ပြီး သူ့ နာမည်အား ကျွမ်းကျင်စွာပြောင်းလဲလိုက်သည်။
[နန်ယု]
ရိုးရှင်းသည်။ ထိုနှစ်ယောက် နာမည်တူယူမည်ကိုမကြောက်ပေ။
နောက်တစ်နေ့ မနက်ကိုးနာရီ
နန်ယု အောက်ထပ်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ဆင်းလာသောအခါ ဖေးယွင်ကျင်းသည် အဝတ်အစားများဝတ် ဆင်ပြီးသားဖြင့် သူမအား ထိုင်စောင့်နေသည်ကိုတွေ့ရသည်။
သူ နန်ယုအားမြင်သောအခါ မျက်လုံးများ အရောင်တောက်သွားသော်လည်း တစ်ခုခုကိုတွေးလိုက်မိသကဲ့သို့ တည်ငြိမ်ဟန်ဆောင်ရန်ကြိုးစားလိုက်သည်။
အရင်က အေးစက်စက်ပုံစံနှင့်ယှဉ်ရင် သူ အများကြီးပိုပြီး အသက်ဝင်လာသည်။
အိမ်တော်ထိန်းကျိုး ပြုံးလိုက်ပြီး "သခင်မလေး၊ သခင်လေးက မနက် ၈ နာရီထဲက အဲဒီမှာစောင့်နေတာ"
မနေ့ညက နန်ယု ဖေးယွင်ကျင်းအား အပြင်ခေါ်သွားချင်ကြောင်း ရုတ်တရက်ပြောလာခဲ့သည်။ ဘာကြောင့်ရယ်လို့တော့ အိမ်တော်ထိန်းကျိုးမသိသော်လည်း နန်ယု ဆန္ဒရှိနေသောကြောင့် သူ ဘာမှပြောစရာမရှိပေ။
ထို့အပြင် ခဏ အတူတူအချိန်အနည်းငယ်ကုန်ဆုံးပြီးနောက်မှာ အိမ်တော်ထိန်းကျိုးကလည်း ဖေးယွင်ကျင်းဟာ သိမ်မွေ့ပြီး ကောင်းတဲ့ကလေးတစ်ယောက်ဆိုတာကိုသိသည်။ သဘာဝအားဖြင့် သူနှင့်နန်ယုတို့ ပိုပြီးရင်းနှီးချစ်ခင်တာမျိုးကိုမျှော် လင့်နေခဲ့သည်။
“အလျင်မလိုနဲ့၊ မနက်စာ အရင်စားကြရအောင်”
ကားလမ်းပိတ်တာမျိုးမရှိလျှင်ပင် ဗီလာမှ PAG ဆိုင်သို့ ကားမောင်းသွားလျှင်တစ်နာရီကြာမည်။ ထို့အပြင် စနေနေ့ဖြစ်သောကြောင့် မည်မျှကြာမည်ကို သူ မသိပေ။ သို့သော် နန်ယု စိုးရိမ်ပူပန်ခြင်း လုံးဝမရှိချေ။
သူ မနက်စာကို ဖြည်းဖြည်းချင်းစားပြီး မိတ်ကပ်ကိုဂရုတစိုက် လိမ်းသည်။ ဆယ်နာရီလောက်မှသာ ထရပ်လိုက်သည်။
“ကလေး”
နန်ယု ဖေးယွင်ကျင်းအား နှုတ်ဆက်လိုက်တော့ သူ အမြန်လိုက်လာသည်။
“ကျွန်တော် ဒီမှာ!”
သူ့အသံမှာ နည်းနည်းကျယ်လာပြီး သူ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
နန်ယု ပြုံးလိုက်ပြီး ဖေးယွင်ကျင်းနှင့် မျက်နှာချင်းဆိုင်အနေ အထားဖြစ်အောင် ဒူးထောက်လိုက်သည်။
“မင်းကို ဒီနေ့ တာဝန်တစ်ခုပေးချင်တယ်”
“ငါတို့ အပြင်ထွက်ပြီးရင် ငါက မင်းကို တစ်ခုခုကိုကြိုက်လားလို့မေးခဲ့ရင် မင်းက ခေါင်းညိတ်ပြီး ကြိုက်တယ်လို့ပြောရမှာ၊ နားလည်လား”
ဖေးယွင်ကျင်း ကြောင်သွားသော်လည်း မကြာမီ အားရပါးရ ခေါင်းညိတ်လိုက်ပြီး သူ့ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာလေး နက်စွာဖြင့် “နားလည်ပါပြီ!”
“တော်တယ်” နန်ယု ထရပ်လိုက်သည်။
“သွားကြစို့”
သူ့ညာလက်မှာ ဖေးယွင်ကျင်းဆီသို့သဘာဝအတိုင်း ဆန့်တန်းလာသည်။ အဓိပ္ပာယ်ကမူ ရှင်းနေသည်။
ဖေးယွင်ကျင်း သူ့နှုတ်ခမ်းကိုကိုက်လိုက်ပြီး ပထမဆုံးအကြိမ် အဖြစ် နန်ယုအားမော့ကြည့်လာသည်။ သူမ မကြည့်နေသည်ကိုသတိထားမိသောအခါ သူ့လက်ကို အဝတ်အစားပေါ်တွင် သုတ်လိုက်သည်။ ပြီးမှ ဘယ်လက်ကိုဆန့်ကာ နန်ယု့လက်ထဲထည့်လိုက်သည်။
သူ့မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး လေကိုညင် သာစွာ ရှူထုတ်လိုက်သည်။ ထိုလုပ်ရပ်မှာ စွမ်းအင်များစွာ ကုန် ခန်းသွားသကဲ့သို့ပင်။
နန်ယု ဖေးယွင်ကျင်း၏မျှော်လင့်ချက်အနည်းငယ်အား မသိကျိုးကျွန်ပြုလိုက်ပြီး သူ့လက်ကိုကိုင်ကာအပြင်ဘက်သို့ဦး တည်လိုက်သည်။
—နွေးထွေးလိုက်တာ၊ နူးညံ့လိုက်တာ
ဖေးယွင်ကျင်း လမ်းကိုငုံ့ကြည့်နေပေမဲ့ သူ့စိတ်ထဲမှာ အတွေးတစ်ခုဖြတ်ခနဲဝင်လာသည်။ “လက်” တစ်ခုလိုပဲ။
"ကျောင်းကျောင်းပုကျောင်း: ငါတို့ ရောက်ပြီ!"
10:20 AM မှာ အုပ်စုစကားပြောခန်းမှ မက်ဆေ့ချ်တစ်ခု ဝင်လာသည်။
"နန်ယု: ကားပိတ်နေတယ်"
"ဝေဝေပုဝေ: ရတယ်၊ ငါတို့စောင့်နေမယ်၊ ယုယု အေးဆေးလာခဲ့"
ဟုတ်တယ်၊ နန်ယု မစိုးရိမ်ပေ။ သူ့ ကားထဲတွင် နေရာအများကြီးရှိသည်။ အစားအသောက်နှင့် ရုပ်ရုပ်ကြည့်လို့ရတာတွေလည်းရှိသည်။ သူ စိတ်ရှိရာအတိုင်းလှဲအိပ်နေနိုင်သည်။
နန်ယု တီဗွီဖွင့်ပြီး ဖေးယွင်ကျင်းအားပေးလိုက်သည်။ သူကမူ တစ်ဝက်လှဲလျောင်းကာဖုန်းကြည့်နေပြီး နှစ်ယောက်သားတစ်ယောက်နှင့်တစ်ယောက် အနှောင့်အယှက်မပေးကြပေ။
ထိုအချိန်တွင် တီဗီမှ ရင်းနှီးသောအသံတစ်သံ ထွက်ပေါ်လာသည်။
“တစ်နေ့မှာ၊ တစ်ချိန်က ငြိမ်းချမ်းခဲ့တဲ့ ရွာလေးတစ်ခုမှာ...”
သူမ မော့ကြည့်လိုက်သောအခါ ရင်းနှီးသည်ကိုတွေ့ရသည်။ ဒါ ကောင်လေးတွေအကြိုက်ဖြစ်တဲ့ Ultraman မဟုတ်ဘူးလား ?
ဖေးယွင်ကျင်းအာရုံစိုက်နေသော အကြည့်ကို မြင်သောအခါ နန်ယု စိတ်ထဲမှသက်ပြင်းချမိသည်။ သွေးအေးပြီးရက်စက်ကြမ်းကြုတ်ကာ လူပေါင်းများစွာကိုကစားခဲ့သော ဇာတ်လိုက်တောင်မှ “Ultraman ၏သွေးဆောင်မှု” ကနေမလွတ်မြောက်နိုင်ပေ။
၁၁း၃၀ နာရီမှာတော့ အုပ်စုစကားပြောခန်းထဲမှာ မက်ဆေ့ချ်တွေ ထပ်ဝင်လာသည်။
"ဝေဝေပုဝေ: ယုယု ဘယ်ရောက်နေပြီလဲ"
ဒီတစ်ခါတော့ နန်ယု ချက်ချင်းမပြန်တော့ပေ။ ဖုန်းကို ခဏကြည့်လိုက်ပြီးနောက် ရှေ့ကတီဗွီဆီထံ အာရုံပြန်ရောက် သွားသည်။
ဇာတ်ဝင်ခန်းမှာ Ultraman ကို ဘီလူးတစ်ကောင်က အနိုင်ယူလိုက်သည့် နေရာသို့ရောက်နေပြီး လူတိုင်းကလည်း သူ့အား ထရပ်ဖို့အတွက် စိုးရိမ်တကြီး တောင်းဆိုနေကြသည်။
ဖေးယွင်ကျင်း သူ့လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ တီဗီထဲသို့ပြေးဝင်ပြီး Ultraman အား ဘီလူးနှင့် တိုက်ခိုက်ရာတွင် ကူညီမည့်ဟန်နှင့်။
ကြွပ်—
နန်ယု အာလူးကြော်တစ်ဖဲ့ ကိုက်လိုက်သည်။ Ultramanနောက် ဆုံးတွင် ဘီလူးများအား အနိုင်ယူမည်ကို သူမ သိသော်လည်း သရုပ်ဆောင်များ၏ မျက်နှာများကို ကြည့်နေရုံဖြင့်ပင် အချိန် ကုန်ခံနိုင်ပေသည်။
နန်ယု အသွင်အပြင်အား စွဲလန်းသည်ဟုဝန်ခံသည်။ သူမသည် လူများသာမက လှပသောအရာအားလုံးကိုနှစ်သက်သည်။
ထိုအချိန်တွင် တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့မှာ ထိုမျှ အေးအေးဆေးဆေး မရှိကြတော့ပေ။ သူတို့သည် နန်ယု စောင့် ဆိုင်းရသည်ကို မနှစ်သက်တာသိသောကြောင့် ဆယ်နာရီမတိုင်မီ PAG သို့ ရောက်ရှိခဲ့ကြသည်။
သဘာဝကျစွာပင် သူတို့ပစ္စည်းများစတင်ကြည့်ရှုကြပြီး နန်ယုအား နောက်ပိုင်းတွင် ပေးခိုင်းရန်ရည်ရွယ်ကာ တစ်ယောက်တစ်အိတ်စီရွေးချယ်ထားကြသည်။
သို့သော် ဆယ်နာရီခွဲထိ နန်ယု ရောက်မလာသေးပေ။
စနေ၊ တနင်္ဂနွေနေ့တွေမှာ မြို့တော်၏ကားလမ်းတွေ ပိတ်တာကို သူတို့နားလည်ကြသည်။
ဆယ့်တစ်နာရီရောက်လာသော်လည်း သူမ အရိပ်အယောင်တောင် မမြင်ရသေးပေ။
တုကျောင်းကျောင်းနှင့်ရှုယွီဝေတို့ တစ်ယောက်ကိုတစ်ယောက်လှမ်းကြည့်လိုက်ကြသည်။ သူတို့ နန်ယုအား ဆက် တိုက်တိုက်တွန်းနေလျှင် နန်ယု စိတ်အနှောင့်အယှက်ဖြစ်မှာ သေချာသည်။ သို့သော် သူတို့လည်း PAG မှာ တစ်နာရီကျော်ကြာအောင် လှည့်ပတ်ကြည့်နေကြတာဖြစ်ပြီး နောက်ထပ်ဆိုရင်တော့ အရောင်းဝန်ထမ်းများထံမှ ထူးဆန်းသောအကြည့်များခံရနိုင်သည်။
၁၁ နာရီခွဲသို့ နီးကပ်လာသောအခါ ရှုယွီဝေ မက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။ သို့သော် နန်ယု စာမပြန်ပေ။
နှစ်ယောက်သား ပင်ပန်းပြီးဆာလောင်နေကြသည်။ ဤကဲ့သို့ ဇိမ်ခံပစ္စည်းဆိုင်မျိုးမှာ အဆာပြေများနှင့် အနားယူစရာနေရာများ ရှိတတ်သော်လည်း သူတို့ အလကားလာစားသူများလို မဖြစ်လိုသောကြောင့် ဆာလောင်မှုကို ခံနိုင်ရည်ရှိရှိစောင့်ဆိုင်းနေကြသည်။ သူတို့ စိတ်ထဲမှ နန်ယုအားကျိန်ဆဲနေကြသော် လည်း သူတို့သာ သိကြသည်။
နောက်ဆုံးတွင် မနက် ၁၂ နာရီ မထိုးခင် မိနစ်အနည်းငယ်အလိုမှာ PAG ဝင်ပေါက်မှာ ရင်းနှီးသည့်ပုံရိပ်တစ်ခု ပေါ်လာသည်။
ဒါ နန်ယုပဲ!
ဒါပေမဲ့ သူ့ဘေးနားက ကလေးက ဘယ်သူလဲ ?
တုကျောင်းကျောင်းနှင့် ရှုယွီဝေ သိပ်ဂရုမစိုက်ကြပေ။