🌷 Chapter 10
ထိုအမျိုးသမီးမှာ ဒေါသအလွန်ထွက်နေသည်။ အထူးသဖြင့် ဘေးတွင် ငိုနေသော မြေးဖြစ်သူ၏အသံကြောင့်ပင်။ နန်ယု ထိုင်ခုံပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသည်ကိုမြင်သောအခါ သူ ရှေ့သို့ တိုးလာပြီး နန်ယုဆံပင်အား ဆောင့်ဆွဲချင်နေသည်။
သို့သော် နန်မိသားစု ကိုယ်ရံတော်များသည် အေးအေးဆေး ဆေး နေမည့်သူများမဟုတ်ပေ။
သို့သော် ၎င်းတို့ထက် ပိုမြန်သည်မှာ ခန္ဓာကိုယ်သေးသေးလေးတစ်ခုဖြစ်သည်။
ဖေးယွင်ကျင်း မတွန့်ဆုတ်ဘဲ သူ့လက်မောင်းများကို ထုတ်၍ နန်ယုအားကာလိုက်သည်။ သူ့မျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး မည်သည့်အချိန်မဆို ခုန်အုပ်ကာကိုက်ရန် အဆင်သင့်ရှိနေသည့် ဝံပုလွေပေါက်လေးတစ်ကောင်နှင့်တူနေသည်။
ထိုအဘွားကြီးမှာ အလွန်အံ့ဩသွားပြီးနောက် သူမ ရှေ့တွင် ရပ်နေသည့် အရပ်ရှည်သော ကိုယ်ရံတော်ကိုမြင်လိုက်ရသည်။ သူ့ မျက်လုံးများပြူးကျယ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
"အမလေး၊ သေပါပြီ! နန်မိသားစုရဲ့သခင်မလေးက ကျွန်မလို သက်ကြီးရွယ်အိုအမျိုးသမီးတစ်ယောက်ကို သေအောင်လုပ်နေပြီ!"
အသောပိုင်းဖက်တီးလေး၏ဆူညံသံမှာ level 5 ဆိုပါက ဤတစ်ကြိမ်မှာ Level 10 ရှိမည်ပင်။
သူ့အဖွား လဲကျနေသည်ကိုမြင်သောအခါ ဖက်တီးလေး၏ မျက်ရည်များမှာ ပိုမိုပြင်းထန်လာပြီး နတ်ဆိုးများ စုံတွဲသီချင်း သီဆိုနေသကဲ့သို့ဖြစ်နေသည်။
နန်ယု: ...
ဗိုက်အောင့်လာတာကြောင့် သူမ၏ သည်းခံနိုင်စွမ်းကုန်ဆုံးလာခဲ့လေပြီ။
(T/N - solar plexus က လူ့ခန္ဓာကိုယ်ရဲ့ ဝမ်းဗိုက်အလယ်ပိုင်းမှာရှိတဲ့ အာရုံကြောထုံးတစ်ခုပါ၊ သူ့ကို Celiac plexus လို့ခေါ်ပြီး sympathetic အာရုံကြောစနစ် ရဲ့ အရေးကြီးတဲ့ အစိတ် အပိုင်းတစ်ခုလည်းဟုတ်ပါတယ်၊ diaphragm အောက်ဘက်မှာရှိတာမလို့ ခေါင်းကိုက်တယ်လို့သုံးမရလို့ ဗိုက်အောင့်တာနဲ့သုံးပေးထားပါတယ် ဟီး")
အိမ်တော်ထိန်းကျိုး ထိုနှစ်ဦးအား အပြင်သို့ ထုတ်ခိုင်းလိုက်သည်။ ဤကိစ္စကို နန်ယုအား အသိပေးရန် မသင့်သော်လည်း ဆရာမမှ အိမ်တော်ထိန်းကျိုးနှင့်ဖုန်းပြောနေသည်ကို သူမ ကြားသွားသည်။
အခြေအနေကို စုံစမ်းပြီးနောက် နန်ယု သူမကိုယ်တိုင်ကိုင် တွယ်ဖြေရှင်းရန်ကမ်းလှမ်းခဲ့သည်။
အိမ်တော်ထိန်းကျိုးမှာတော့ ထိုင်၍ စကားပြောဆိုနိုင်သည်ဟု စိတ်ကူးထားခဲ့သည်။ ကလေးနှစ်ဦး၏ခိုက်ရန်ဖြစ်ပွားမှုသည် အရေးမကြီးဘဲ ဒဏ်ရာများမှာလည်း ပြင်းထန်ခြင်းမရှိပေ။ ဖေးယွင်ကျင်း မျက်နှာပုံပျက်သွားမည်ကိုပင် သူ စိုးရိမ်ခဲ့ခြင်းမရှိပေ။
ဒီလို... ဒီလိုလူမျိုးတစ်ယောက်ရောက်လာမည်ဟု မည်သူက ထင်ခဲ့မည်နည်း ??
အိမ်တော်ထိန်းကျိုး သူ့လျှာဖျားမှ ဆဲဆိုလိုသည့် စကားကိုမျို ချလိုက်ပြီး နန်ယု ထံသို့တောင်းပန်ရန် လှည့်လိုက်စဉ် နန်ယု၏ မျက်လုံးများမှာ တံခါးဝဆီသို့ ရုတ်တရက်ရွှေ့လျားသွားခဲ့သည်။ သူမ စောင့်ဆိုင်းနေသော သူမှာ အဆုံးတွင်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
"အမေ! ဘာလုပ်နေတာလဲ"
ဝူကျန့်ဝေ အခန်းထဲသို့ပင် မဝင်ခင်ကတည်းက သူ့မိခင်၏ ကျယ်လောင်သောအသံကိုကြားခဲ့ရသည်။ သူ့ရင်ထဲ တစ်စုံ တစ်ရာ ပျက်ယွင်းသွားသကဲ့သို့ခံစားရပြီး အမူအရာကိုဂရုမစိုက်တော့ဘဲအပြေးဝင်လာခဲ့ရသည်။ သူ့ရှေ့မှ မြင်ကွင်းမှာ အလွန်ပြင်းထန်နေသဖြင့် သူ သူ့မိခင်အားပင် မသိကျိုးကျွန် ပြုချင်လာခဲ့သည်။
"သားလေး! မင်း အချိန်မှီရောက်လာတာပဲ! သူက!"
ထိုအမျိုးသမီးသည် သူ့ကျောထောက်နောက်ခံ ရောက်လာပြီဟု ခံစားမိဟန်တူပြီး နန်ယု အပေါ်မကျေနပ်ချက်များကို သူ့သားအား ပြောပြရန်ကြံရွယ်လိုက်သော်လည်း သားဖြစ်သူ၏ အုံ့မှိုင်းနေသောမျက်နှာကိုမြင်လိုက်သောအခါ ကြောက်လန့်သွားပြီး ချက်ချင်းဆိုသလိုရပ်တန့်လိုက်သည်။
သူမသည် သူ့သားနှင့် မြေးမှလွဲ၍ မည်သူကိုမျှမကြောက်ခဲ့ပေ။
အထူးသဖြင့် ၎င်း၏သားဖြစ်သူ ဝူကျန့်ဝေကိုပင်။ သူသည် ဝူမိသားစု၏ရွှေဖီးနစ်ငှက်ဖြစ်ပြီး သူ့စကားတစ်ခွန်းမှာ မည်သူ့စကားတစ်ရာနှင့်မဆို တန်ဖိုးတူသည်။
မိခင်ဖြစ်သူ အော်ဟစ်ခြင်းကိုရပ်တန့်လိုက်သော်လည်း သားဖြစ်သူကမူ ဆက်လက်လုပ်ဆောင်နေသည်။ ကလေးပီပီ လူကြီးတစ်ယောက်လို အရှည်မတွေးနိုင်ဘဲ လေတက်လိုက်၊ ဖေးယွင်ကျင်းအား ရိုက်သတ်လိုက်မည်ဟု ရေရွတ်လိုက်လုပ်နေခဲ့သည်။
ဝူကျန့်ဝေ ဖက်တီးလေး၏ပါးစပ်ကို ပိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။
"မဒမ်ဖေး၊ ကျွန်တော့်အမေက ပညာမတတ်သလို အလျှင်စလိုလုပ်တတ်သူပါ၊ ခုလိုအနှောင့်အယှက်ပေးခဲ့တာတွေအတွက် တကယ် တောင်းပန်ပါတယ်"
ထို့နောက် ဖက်တီးလေးခေါင်းကိုကိုင်၍ နှစ်ဦးစလုံးလေးလေး စားစား ခါးညွတ်အရိုအသေပေးလိုက်ပြီး သူတို့၏ဟန်ပန်မှာ အလွန်နှိမ့်ချနေလေသည်။
နန်ယု မျက်တောင်ခတ်လိုက်ပြီး သူ့ဘေးနားမှ နို့လက်ဖက် ရည်ကို ပေါ့ပေါ့ပါးပါးကောက်ယူလိုက်သည်။ သူ မည်သည့်စကားမျှမဆိုဘဲ ငြိမ်သက်နေသည်။
ဤထူးဆန်းသော အခြေအနေကြောင့် ဝူကျန့်ဝေ မထရဲပေ။ ဖက်တီးလေး၏ငိုယိုမှုနှင့် ရုန်းကန်မှုများပင် တဖြည်းဖြည်း လျော့ကျသွားသည်။
ခဏအကြာတွင် ဝူကျန့်ဝေခြေထောက်များ တုန်နေသည်ကို သတိပြုမိသောအခါ နန်ယု စကားနှစ်ခွန်းအားဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ထွက်သွားတော့"
ဝူကျန့်ဝေ အတင်းအကျပ်နေရန် မလုပ်ရဲတော့ပေ။ သူ နန်ယုအား ဖော်ရွေသောအပြုံးတစ်ခုပြပြီး မကြာမီတောင်းပန်မည်ဟုကတိပေးကာ ကျန်နှစ်ဦးနှင့်အတူ အလျင်အမြန်ထွက်ခွာသွားသည်။
သူ ဤကိစ္စမှာ ထိုမျှလွယ်လွယ်နှင့်ပြီးဆုံးမည်မဟုတ်ကြောင်း သိသည်။
အနည်းဆုံးအားဖြင့် ၎င်းမှာ ကလေးနှစ်ဦး၏ခိုက်ရန်ဖြစ်ပွားမှုမျှသာဖြစ်သော်လည်း အများဆုံးအားဖြင့် ဖေးနှင့် နန်မိသားစုများအပေါ် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
ပေ... ပေထန်မိသားစုအပေါ်လည်း ဖြစ်နိုင်သည်။
မည်သူမှ ပေထန်မိသားစုသည် ဖေးယွင်ကျင်းအားအမှန်တကယ် လက်လွှတ်လိုက်ပြီလားဆိုတာမသိကြပေ။ အဆုံးတွင် သူ့ထံ ပေထန်မျိုးနွယ်၏သွေးတစ်ဝက်ပါသည်ပင်။
ဤနေရာသို့လာရာလမ်းတွင် သူသည် သူငယ်တန်းကျောင်း အုပ်၏ အဖြစ်အပျက်တစ်ခုလုံးနှင့်ပတ်သက်သော ရှင်းပြ ချက်အား နားထောင်ခဲ့ရသည်။ ယခုအခါ သူငယ်တန်းကျောင်း ၏ထောင့်တိုင်းကို စောင့်ကြည့်နေပြီဖြစ်၍ အမှန်တရားကို ရှာဖွေရန်မခက်ခဲတော့ပေ။
မူလက စိတ်ဆိုးအောင်စတင်ပြုလုပ်သူမှာ သူ့သားဖြစ်ပြီး ထိုစကားများကိုပင်ပြောခဲ့သည်။
ဝူကျန့်ဝေ ဖေးယွင်ကျင်း သူ့သားရှိသည့် သူငယ်တန်းကျောင်းသို့ ရောက်ရှိသွားကြောင်းသိရသောအခါ သူသည် သူ့ဇနီးနှင့်အတူအတင်းအဖျင်းပြောဆိုခဲ့သည်ကိုသာ နောင်တရနေမိ သည်။ သူ့သား ထိုစကားအားကြားသွားသည်မှာသေချာသည်။ ဤသားက သူ့မိခင်ကြောင့် ထပ်မံဆိုးသွမ်းသွားခဲ့သည်။
တကယ်ပဲ!
သူ့မိခင်နှင့် သားဖြစ်သူတို့ကသာ သူ့အားအကျိုးမဲ့အောင်ပြု လုပ်ခဲ့သူဖြစ်ရာ သူ ဘာလုပ်နိုင်မည်နည်း ??
ဝူကျန့်ဝေ မည်သို့တောင်းပန်ရမည်ကိုစဉ်းစားရန် ဦးနှောက်အားအလုပ်ပေးရုံသာတတ်နိုင်တော့သည်။
ဗီလာထဲ တိတ်ဆိတ်သွားပြန်သည်။
နန်ယု သူ့နို့လက်ဖက်ရည်ကို နောက်တစ်ကြိမ်သောက်လိုက်သည်။ လတ်ဆတ်သောနို့၏သိမ်မွေ့သောအနံ့နှင့် အဆင့်မြင့်လက်ဖက်ရည်ရနံ့တို့ ပေါင်းစပ်နေမှုမှာ သူ့ စိတ်အားကြည်လင်စေသည်။
နန်ယုပိုင်ဆိုင်သော နန်နှင့်ဖေးမိသားစုများသည် ပိရမစ်၏ အ ထွတ်အထိပ်တွင်ရှိသည်ဆိုပါစို့။ ထိုအခါ ထိုအမျိုးသမီး၏ ဂုဏ်ယူနေသော သားမှာ... ပိရမစ်အစွန်းနားရှိ သဲမှုန့်မျှသာ
သူ အဖြစ်အပျက်တစ်ခုလုံးကို သိရှိလိုက်ရသောအခါ ဖက်တီးလေးမိဘများနှင့်ပတ်သက်သော အချက်အလက်များကိုလည်းရရှိခဲ့သည်။
သူ့ဖခင်နာမည်နှင့် သူတည်ထောင်ခဲ့သော ကုမ္ပဏီကိုမြင်သော အခါ နန်ယုသည် အဘယ်ကြောင့် ရင်းနှီးနေရကြောင်းကို နောက်ဆုံးတွင်နားလည်သွားသည်။
သာမန်နာမည်ရှိသော ဝူကျန့်ဝေသည် ဝတ္ထုတွင်စာကြောင်းအနည်းငယ်သာပါဝင်ခဲ့သော်လည်း ယခုအခါ သူတို့၏ချင်ချန်ဌာနခွဲတွင် ထူးခြားသောလူတစ်ဦးရှိနေသည်။ ထိုသူမှာ နန်ယု ရှာဖွေနေသော်လည်း အကြောင်းပြချက်မှန်မှန်ကန်ကန်ဖြင့်ရှာမတွေ့ခဲ့သော သူ ဖြစ်သည်။
မထင်မှတ်ထားဘဲ အခွင့်အရေးတစ်ခုမှ အလိုအလျောက်ရောက်ရှိလာခဲ့သည်။
"ကလေး"
နန်ယု စိတ်ထဲခံစားလို့ကောင်းနေသဖြင့် ဖေးယွင်ကျင်း၏မကြာသေးမီက ပြုမူပုံကို တွေးလိုက်ရင်း သူ စိုးရိမ်တကြီးမေးလိုက်သည်။
"နာနေလား ?"
မျက်နှာပေါ်မှ သွေးစွန်းရာများမှာ သန့်ရှင်းရေးလုပ်ထားသော် လည်း သိသာနေဆဲဖြစ်သည်။
"မနာပါဘူး"
ဖေးယွင်ကျင်း ခေါင်းခါလိုက်ပြီး ချက်ချင်းခေါင်းငုံ့ကာစကား လုံးသုံးလုံးကို အသံတိုးတိုးလေးဖြင့် ရေရွတ်လိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ်"
ယခင်ကလေးထိန်းမှ လူကြီးများသည် စကားနားမထောင်သောကလေးများကို မုန်းတီးပြီး စကားနားမထောင်သော ကလေးများအား စွန့်ပစ်လိမ့်မည်ဟု တစ်ချိန်ကပြောခဲ့သည်။
သူ ပစ်ထားခံရတာကို မလိုချင်ဘူး၊ သူ...
"ဟမ် ?"
နန်ယု ဖေးယွင်ကျင်း၏အနည်းငယ်ဖွထားသော ဆံပင်ကို လက်ဖြင့်ဖိလိုက်သည်။
"ဘာလို့ တောင်းပန်နေရတာလဲ"
"ဘာလို့ တောင်းပန်ရတာလဲ၊ မင်း လုပ်ခဲ့တာကောင်းပါတယ်၊ အဲဒီလို အပြောအဆိုဆိုးတာမျိုးကို နာသွားအောင်ရိုက်ရမှာ!"