no

Font
Theme

🌷 Chapter 38

အန်းနင်နှင့် နန်ကျီတို့ကြားမှ ဇာတ်လမ်းကနားလည်မှုလွဲမှားမှုများနှင့် မမျှော်လင့်သော အခြေအနေအနည်းငယ်ကြောင့် သူတို့ တစ်ယောက်ကိုတစ်ယောက်လွဲချော်သွားခဲ့သည့် ဇာတ် လမ်းဖြစ်သည်။

ဤဇာတ်လမ်းတွင် အတုအယောင်အကြောင်းအရာလည်း ပါဝင်သည်။ ထို့ကြောင့် နောင်တရရုံသက်သက်မှနေ၍ ခါးသီးသည့်ပြိုင်ဆိုင်မှုအဖြစ် ပြောင်းလဲသွားသည်။

တစ်နှစ်အကြာ၌ အန်းနင် ဤစီမံကိန်းကြောင့် မမျှော်လင့်ဘဲ သေဆုံးသွားသည်။ အန်းရီရန်ကမူ မိဘများ သို့မဟုတ် တခြားဆွေမျိုးများမရှိဘဲ ရက်စက်ကြမ်းကြုတ်သည့် အပြစ်ပေးခြင်းကိုနှစ်သက်သော စိတ်မမှန်သည့်သူတစ်ဦးဖွင့်ထားသော မိဘမဲ့ ဂေဟာသို့ပို့ခံလိုက်ရသည်။

အန်းရီရန် ထိုနေရာ၌ သုံးနှစ်တာ ဆင်းရဲဒုက္ခများကို ခံစားခဲ့ရသည်။ နောက်ဆုံးတွင် လိမ္မာပါးနပ်မှုနှင့်ကံကောင်းမှုများကြောင့် စုံတွဲတစ်တွဲမှ သူ့အားမွေးစားလိုက်သည်။ သို့သော်း သူသည် သူ့ဖခင်အရင်းအား မုန်းတီးစိတ်သက်သက်နှင့် ဆက် လက်ရှာဖွေနေခဲ့သည်။

သူသည် သူတို့အား “စွန့်ပစ်ခဲ့သော”၊ သူ့အမေအား ဤမျှမပျော်ရွှင်အောင်နှင့် သူ့ဘဝကို ဤမျှခက်ခဲအောင် လုပ်ခဲ့သည့် လူအား လက်စားချေရန်ကြိုးစားနေသည်။

အချို့သောနည်းလမ်းများနှင့် ဇာတ်ဆောင်နှင့် ဒုတိယအမျိုး သားဇာတ်ဆောင်တို့မှာ အလားတူကြီးပြင်းမှုနှင့် ရည်မှန်းချက်များရှိကြသည်။

ထိုလက်စားချေမှုမှာ နန်ကျီသေဆုံးမှုနှင့် နန်မိသားစု၏ကျဆုံး ခန်းအား ဖြစ်ပေါ်စေပြီး နန်ယု၏လမ်းပေါ်၌ ကြေကွဲဖွယ်ရာ သေဆုံးမှုအား သွယ်ဝိုက်ဖြစ်ပေါ်စေသည်။

သို့သော်လည်း အန်းရီရန်အားလုံးဝအပြစ်တင်ရန်ခက်ခဲသည်။ ဤအခြေအနေ၏အစမှာ ရှေးယခင်ကတည်းက စိုက်ပျိုးထားပြီးသားပင်။

နန်ယု၏တစ်ခုတည်းသော မျှော်လင့်ချက်မှာ လွတ်မြောက်ရန်ပင်။

အန်းနင်နှင့် နန်ယုတို့ အစည်းအဝေးခန်းထဲ၌ကျန်ရှိနေသော နှစ်ယောက်တည်းသောသူများဖြစ်သည်။ သွက်လက်သည့် ဝူကျန့်ဝေ့မှာ တခြားသူများအားလုံးကို ပြန်လွှတ်ပေးခဲ့သည်။ သူ နန်ကျီအားစောင့်ရန် အပေါ်ဆုံးထပ်ကို တစ်ယောက်ယောက်ကိုပင်ပို့ခဲ့ပြီး သူ ရောက်လာချိန်၌ ဤနေရာသို့ခေါ်လာရန်သေချာ စေခဲ့သည်။

ဝူကျန့်ဝေ့မှာ အဆင့်အတန်းနိမ့်ပါးသည့် နောက်ခံမှနေ၍ ဤကဲ့သို့ စည်းစိမ်ဥစ္စာကိုတည်ဆောက်ခဲ့သောကြောင့် သူ့ထံ၌ ထူးချွန်သည့်ဉာဏ်ရည်ရှိရမည်မှာ သံသယမရှိပေ။

တိတ်ဆိတ်နေသည့် အစည်းအဝေးခန်းထဲတွင် အန်းနင် ခေါင်းငုံ့ထားပြီး အတွေးထဲနစ်မြောနေသည်။ နန်ယု ထိုသူနှစ်ဦးကြားတွင် ပြောစရာသိပ်မရှိဘူးဟု တွေးပြီး နန်ကျီရောက်လာရန် စောင့်နေခြင်းမှာ ပိုကောင်းလိမ့်မည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူမ တိတ်ဆိတ်စွာနေပြီး သူမ၏ဖုန်းနှင့် နားကြပ်များကို ထုတ်ကာ တီဗီဇာတ်လမ်းတွဲတစ်ခုအား ကြည့်နေ သည်။ သူ့အမူအရာမှာ ပေါ့ပါးပြီး အလျင်လိုဟန်မရှိပေ။

ငါးဆယ့်ခြောက်မိနစ်အကြာတွင်...

ဗြုန်း!

ကျယ်လောင်သည့်အသံနှင့် အစည်းအဝေးခန်းတံခါးမှာ တကယ်ကို ပေါက်ကွဲလုနီးနီးဖြစ်သွားသည်။

နန်ကျီ ဆံပင်များရှုပ်ပွနေပြီး၊ သူ့လည်စည်းမှာ လွဲနေကာ၊ မျက်လုံးများ နီရဲနေရင်း သူတို့ရှေ့တွင်ပေါ်လာခဲ့သည်။

သူ၏မောပန်းနေပုံမှာ လေယာဉ်ပေါ်ကနေ ဤအထိ တစ် လျှောက်လုံး ပြေးလာခဲ့ခြင်းဖြစ်ရမည်ဟု ပြောနေသည်။

“အန်းနင်၊ ဟူး—”

နန်ကျီ အန်းနင်ဆီသို့ လျှောက်သွားသည်။ သူ့ညီမငယ် နန်ယု သူ့အနား၌ ရှိနေသည်ကိုမူ လုံးဝသတိမထားမိပေ။ ဤကဲ့သို့အခြေအနေများနှင့် ရင်ဆိုင်ရချိန်၌ သူ့ဉာဏ်ရည်မှာလျော့ကျသွားခြင်းသည် တကယ်ပင်လော ??

သို့သော် သူမ အန်းနင် အလိုလိုနောက်ပြန်ရွေ့သွားသည်ကိုမြင်သောအခါ နန်ယု ထရပ်လိုက်သည်။

သူ လက်တစ်ဖက်နှင့် နန်ကျီအားတားလိုက်ပြီး ကျန်တစ်ဖက်က တံတောင်ဆစ်ဖြင့် သူ့ရင်ဘတ်ကိုဖိထားသည်။

"ဟေး၊ နိုးတော့! သူ ထွက်မပြေးတော့ဘူး၊ ကော သူ့ကို ကြောက်အောင် လုပ်နေတာပဲ!"

နန်ယု၏ဝင်ရောက်နှောင့်ယှက်မှုမှာ နောက်ဆုံးတော့ နန်ကျီအား သူ့အသိစိတ်ဆီသို့ ပြန်ရောက်စေသည်။

သူ့အကြည့်သည် နောက်ဆုံးတော့ နန်ယုပေါ်သို့ ကျရောက်လာသည်။

“ယုယု ?”

သူ့ဘေးတွင် တစ်ယောက်ယောက်ရှိနေသည်အား ယခုမှသတိ ထားမိလိုက်သကဲ့သို့ပင်။

နန်ယု - ဟဲဟဲ။

သူ နန်ကျီအား မျက်လုံးလှိမ့်ပြလိုက်သည်။

“ကော ပုံကိုကြည့်ပါဦး၊ အရမ်းရှက်စရာကောင်းတာပဲ!”

နန်ကျီ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့လည်စည်းအားဆွဲလိုက်သည်။

“တောင်းပန်ပါတယ်၊ ငါ မင်းကို ကြောက်အောင်လုပ်မိပြီ”

အန်းနင်လည်း ယခုမူ သူ့အသိစိတ်ဆီ ပြန်ရောက်လာပုံရပြီး အားမတင်းနိုင်သည့် အပြုံးတစ်ခုအားပေးလိုက်သည်။

“မတွေ့တာကြာပြီ”

နန်ကျီ အန်းနင်အားကြည့်နေပြီး အန်းနင်က နန်ကျီအားကြည့်နေခဲ့သည်။ နန်ယုမှာမူ ဘေး၌ လူပိုဖြစ်နေရသည်။

သူ နန်ကျီအားဆွဲပြီး အန်းနင်၏မျက်နှာချင်းဆိုင်၌ ထိုင်ခိုင်း လိုက်သည်။ ထို့နောက် သူ ရှည်လျားသည့် အစည်းအဝေးစားပွဲ ၏ အဓိကနေရာအားယူလိုက်သည်။ သူတို့သုံးယောက်တည် ငြိမ်သည့် တြိဂံပုံစံလို ဖြစ်ပေါ်နေသောကြောင့် တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့သည် အစည်းအဝေးတစ်ခုလုပ်နေသကဲ့သို့ပင်။

“ကဲ”

အစည်းအဝေးမှူး နန်ယု သူ့လက်များကို ပုတ်လိုက်သည်။

“မေးခွန်းတွေ ရှိလား ? တစ်ယောက်ချင်းစီ မျက်နှာချင်းဆိုင် ပြောကြစို့၊ ဒီနည်းနဲ့မှ တစ်ယောက်ယောက်က ညဘက်နောက်ကျတဲ့ထိ အရက်တွေသောက်ပြီး အရူးလိုပြုမူမှာ မဟုတ်တော့ဘူး”

နန်ကျီ- “ယုယု!”

သူ့ကို မျက်နှာသာနည်းနည်းပေးပါဦး၊ အန်းနင်ရဲ့ရှေ့မှာ အဲ့လို မပြောပါနဲ့!

နန်ယု ဂရုမစိုက်ပေ။ သူ ထိုအရာကို ပြောပြီးနောက်၌တိတ် ဆိတ်သွားပြီး ထိုသူနှစ်ဦးထဲမှ မည်သူအရင်ပြောမည်ကိုစောင့်နေသည်။

သို့သော် အံ့ဩစရာကောင်းသည်မှာ အန်းနင် အရင်ပြောလိုက်ခြင်းပင်။

“တကယ်တော့ ပြောစရာသိပ်မရှိပါဘူး၊ နှစ်ပေါင်းများစွာကြာခဲ့ပြီ၊ ဒါ အချစ်ဇာတ်လမ်းတစ်ခုအဆုံးသတ်သွားရုံပါပဲ ”

အန်းနင် သူ့လက်ကောက်ဝတ်ပေါ်မှ ကြိုးနီလေးအား မသိစိတ်နှင့်ထိလိုက်သည်။ သူ့ မျက်လုံးများမှာ နန်ကျီထံမရှိဘဲ အစည်း အဝေးစားပွဲ၏အလယ်မှ အိုးနှင့်စိုက်ထားသည့် အပင်ပေါ်၌ ရှိနေသည်။

နန်ကျီ လက်မခံနိုင်ပေ- “အချစ်ဇာတ်လမ်းတစ်ခုအဆုံးသတ်သွားရုံပဲတဲ့လား ?"

"အန်းနင်! မင်း တကယ် အဲ့လိုထင်လား"

နန်ယု- ...

သူ သိပြီးသား!

ဒီလို အကျိုးမရှိတဲ့စကားပြောနေတာက ဘာ အတွက်လဲ ?

သူ ဒီမှာမရှိခဲ့ရင် အန်းနင်နဲ့ နန်ကျီတို့သေချာပေါက်ကွဲကွာသွားကြမည်ပင်။

“ရပ်!”

နန်ယု ရပ်ရန် အမူအရာတစ်ခုလုပ်လိုက်ပြီး အန်းနင်၏နှလုံး သားကင်းမဲ့သည့်စကားများအားဖြတ်လိုက်သည်။

“အချိန်ကိုချွေတာကြရအောင် ပိုပြီးထိရောက်အောင်လုပ်ကြစို့ ”

“ကော၊ ကော ဒီမစ္စအန်းကို အခုထိ ချစ်တုန်းပဲလား”

နန်ယု၏မမျှော်လင့်သည့်လှုပ်ရှားမှုကြောင့် နန်ကျီ ငြိမ်သွားပြီး အလိုလိုခေါင်းညိတ်လိုက်သည်။

နန်ယု ကျေနပ်စွာပြုံးလိုက်သည်။

“အရမ်းကောင်းတယ် ”

ထို့နောက် သူ အန်းနင်အားကြည့်လိုက်သည်။

"မစ္စအန်း၊ ကျွန်မ ဘုရားသခင်ကိုတောင်ကျိန်ဆိုရဲပါတယ်၊ ကျွန်မ ကောက အရင်နှစ်အနည်းငယ်အတွင်း ဘယ်မိန်းက လေးနဲ့မှ ရင်းနှီးတဲ့ဆက်ဆံရေးမရှိခဲ့ဘူး၊ သူ ရှင့်အတွက် သန့်စင်တဲ့လူပျိုလေးတစ်ယောက်အဖြစ်ရှိနေခဲ့တာပါ၊ သူ့လက်ထောက်တွေနဲ့ အတွင်းရေးမှူးတွေတောင်မှ အမျိုးသားတွေချည်းပဲ"

"ရှင့် ဘက်ကရော"

"ရှင် ကျွန်မ ကောကို အခုထိ ချစ်တုန်းပဲလား"

နန်ယု ထိုနှစ်ဦး အချစ်ထဲမှာနစ်မြောနေသည်ကို သိလိုက်သည်။ ထို့ကြောင့် သူမ အန်းနင်တွင် ချစ်သူရှိ၊ မရှိ သို့မဟုတ် လက် ထပ်ပြီးပြီလားဆိုသည်ကို မမေးတော့ဘဲ အဓိကအချက်ကိုသာ တိုက်ရိုက်ပြောလိုက်သည်။

ယခု ၄ နာရီနီးပါး ရှိနေပြီဖြစ်ပြီး သူ ရှောင်ကျင်းနှင့် ၅ နာရီ၌ ဗီဒီယို‌ကောလ်ခေါ်ရန်ရှိသည်။

သို့သော် အန်းနင်၏တုံ့ပြန်မှုမှာ နည်းနည်းထူးဆန်းနေသည်။ သူ နန်ယုအားမယုံနိုင်သည့် အကြည့်ဖြင့်ကြည့်နေပြီး၊ ကြောက် ရွံ့ထိတ်လန့်နေပုံပေါ်နေသည်။

"ရှင်၊ သူ့ကို ကောလို့ ခေါ်လိုက်တာလား"

ဒီမေးခွန်းလား ?

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment