🌷 Chapter 13
“ယုယု! နင် ရောက်လာပြီ!”
နှစ်ယောက်စလုံး နွေးထွေးစွာ ပြုံးလိုက်ကြပြီး တုကျောင်းကျောင်း နန်ယု၏လက်အား လှမ်းကိုင်ဖို့ပင်ကြိုးစားလိုက်သည်။
“မလုပ်နဲ့၊ ငါ ပူလို့”
နန်ယု ကမ်းလှမ်းမှုအား ပခုံးတွန့်ကာပြောရင်း ခါချလိုက်သည်။ ယခုမှာ နွေဦးအစဖြစ်ပြီး မြို့တော်က အေးစိမ့်နေဆဲပင်။ ဘယ်လိုလုပ် ပူနိုင်မှာလဲ ??
သို့သော် နန်ယု ထိုသို့ပြောလိုက်သောကြောင့် အမှန်တကယ် ပူသည်ဖြစ်စေ၊ မပူသည်ဖြစ်စေ တုကျောင်းကျောင်း ငြင်းခုံမနေတော့ပေ။
သူမ လက်အား ပေါ့ပေါ့ပါးပါး ပြန်ရုပ်သိမ်းလိုက်သည်။
“ယုယု၊ ဒီနေ့ ကားပိတ်တယ်မဟုတ်လား၊ ကံကောင်းလို့ ဝေဝေနဲ့ငါက အစောကြီးထွက်လာတာ ဆယ်နာရီမထိုးခင်ကတည်း က ရောက်နေခဲ့တာ”
တုကျောင်းကျောင်း၏ရည်ရွယ်ချက်မှာ သူတို့ အချိန်အကြာကြီး စောင့်ခဲ့ရကြောင်းကို ပြောပြရန်နှင့် ထိုမှ နန်ယုအား နည်းနည်းလေးတောင်းပန်ချင်စိတ်ဖြစ်စေပြီး အိတ်အတွက် တောင်းဆိုဖို့ ပိုမိုလွယ်ကူစေနိုင်မည်ဖြစ်သည်။
သို့သော် နန်ယု သူ့စကားကို လျစ်လျူရှုလိုက်ပြီး ဖေးယွင်ကျင်းလက်အားဆွဲလိုက်သည်။
“ဖေးယွင်ကျင်းကို မိတ်ဆက်ပေးမယ်”
“ရှောင်ကျင်း၊ အန်တီတွေကို နှုတ်ဆက်လိုက်ပါဦး”
ဖေးယွင်ကျင်းမှာ နာခံတတ်သည်။
“မင်္ဂလာပါ အန်တီတို့”
သူ၏ ချိုသာသောအသံနှင့် ချစ်စရာကောင်းသော၊ နူးညံ့သိမ်မွေ့သောမျက်နှာဖြင့် ထိုမျှငယ်ရွယ်သောအရွယ်၌ပင် သခင်ကြီးဖြစ်နိုင်သည့် အရည်အချင်းတွေကို ပိုင်ဆိုင်ထားသည်။
သူ့ မျက်နှာပေါ်ရှိ မသင့်လျော်သောခြစ်ရာသုံးခုကပင် သူ့ ဆွဲဆောင်မှုအားမလျော့ကျစေပေ။ ကြောင်နှုတ်ခမ်းမွေးများနှင့် ဆင်တူသဖြင့် ချစ်စရာကောင်းသည့် ဆွဲဆောင်မှုလေးဖြင့် ပေါင်းစပ်လိုက်သလိုပင်။
သို့သော် အသက်နှစ်ဆယ်ကျော်အရွယ်တွင် အန်တီဟု အခေါ်ခံရခြင်းမှာ...
တုကျောင်းကျောင်းနှင့်ရှုယွီဝေတို့ အပြုံးများ နည်းနည်းလေး မလှတော့ပေ။ ပထမတော့ သူတို့ ထိုနာမည်မှာ ဖေးမိသားစုကဟု ထင်ခဲ့သည်။ သို့သော် ပို၍အနီးကပ်ကြည့်သောအခါရင်းနှီး နေသည်ကို တွေ့ရသည်။
—နေဦး! အဲဒါ နန်နန် အရင်က စောဒကတက်ခဲ့တဲ့ ဈေးပေါတဲ့လင်ပါသားနာမည် မဟုတ်လား!
နှစ်ယောက်စလုံးအံ့အားသင့်သွားသည်။ နန်နန် ထိုကောင်လေးအားတကယ်တမ်းမုန်းပေမဲ့ ဘာလို့ရုတ်တရက် ဒီကိုခေါ်လာရတာလဲ ?
သူတို့ချင်း ရင်းနှီးနေပုံရသည်။ သူ မိသားစုတစ်ခုလုံးကို ချစ်သွားတာလား ?
နန်ယု သူမရှေ့မှ လူနှစ်ဦး၏အကြည့်များ ပြောင်းလဲသွားသည်အား သတိမထားမိသလိုပင်။ သူမ အရောင်းဝန်ထမ်း၏ကမ်း လှမ်းမှုအားလျစ်လျူရှုလိုက်ပြီး PAG လက်ဝတ်ရတနာကောင် တာသို့ လျှောက်သွားကာကြည့်နေသည်။
ဦးဆောင်နေသော ဇိမ်ခံအမှတ်တံဆိပ်တစ်ခုဖြစ်သည့် PAG ၏ လုပ်ငန်းမှာ လက်ကိုင်အိတ်များထက် ကျော်လွန်၍ ၎င်းတို့၏ လက်ဝတ်ရတနာများသည်လည်း ထင်ရှားကျော်ကြားသည်။
“နန်နန် ဘယ်တစ်ခုကို ကြိုက်လဲ၊ ငါတော့ ဒီလက်ကောက်က လှတယ်လို့ ထင်တယ်”
သူမ မစဉ်းစားနိုင်လျှင်လည်း ဆက်စဉ်းစားနေစရာမလိုတော့ပေ။ တုကျောင်းကျောင်း တကယ်ပင် ဆာလောင်နေပြီး အမြန်ဆုံး ပြီးမြောက်အောင် လုပ်လိုက်ရန် စီစဉ်သည်။ ဈေးဝယ်ပြီး သည်နှင့် နန်ယုအား အဆောက်အအုံ၏ အပေါ်ဆုံးထပ်ရှိ စားသောက်ဆိုင်တွင် ညစာဝယ်ကျွေးခိုင်းမည်။
ထိုစားသောက်ဆိုင်မှာ အဖွဲ့ဝင်စနစ်ရှိပြီး သတ်မှတ်ချက်များမှာလည်းအလွန်မြင့်မားသည်။ သူတို့နှစ်ယောက်မှာ ထိုသတ်မှတ် ချက်များနှင့် ပြည့်မီခြင်းမရှိပေ။ နန်နန်သာ ဝင်နိုင်ပြီး သူတို့ အရင်က အကြိမ်အနည်းငယ် စားခဲ့ဖူးသည်။ အစားအသောက်များမှာ အမှန်ပင်အရသာရှိသည်။
အဓိကအချက်မှာ ထိုနေရာတွင် စားနိုင်ခြင်းမှာ ဂုဏ်ရှိကြောင်းအား သက်သေပြခြင်းပင် ဖြစ်သည်။ ထိုနေရာရှိ လူအများစုမှာ ချမ်းသာသူများ သို့မဟုတ် ဂုဏ်သရေရှိသူများဖြစ်သော ကြောင့် သူတို့နှင့် ရင်းနှီးခြင်းသည် အမြဲကောင်းသောအရာပင်။
နောက်ပိုင်းတွင် ဆိုရှယ်မီဒီယာပေါ်တွင် ကြွားလုံးထုတ်ရန် လှပသော ဓာတ်ပုံများရိုက်နိုင်မည်ဖြစ်၍ ထိုအချက်အားတွေးလိုက်သောအခါ ပင်ပန်းနွမ်းနယ်မှုမှာ ဘာမျှမဟုတ်တော့သလို ဖြစ်သွားသည်။
“ဒါ မဆိုးဘူးလားလို့”
နန်ယု အရောင်းဝန်ထမ်းအား ရင်ထိုးနှစ်ခု ယူလာရန်တောင်းဆိုပြီးနောက် လှည့်ကာ ဖေးယွင်ကျင်းအား ပိုမိုနီးကပ်စွာကြည့် ရှုနိုင်ရန် ပွေ့ချီလိုက်သည်။
“မင်း ကြိုက်လား”
ဖေးယွင်ကျင်း နန်ယုအားကြည့်ပြီး ပြုံး၍ခေါင်းညိတ်လိုက်သည်။
“ကြိုက်တယ်”
ရင်ထိုးနှစ်ခုစလုံးမှာ စိန်နှင့် ကျောက်မျက်ရတနာအစစ်များဖြင့် ထည့်သွင်းထားပြီး အမှတ်တံဆိပ်၏တန်ဖိုးကြောင့် ၎င်းတို့၏စျေးနှုန်းမှာ မြင်ရသည့်အတိုင်းပင် လှပနေသည်။
တစ်ခုသည် ယွမ် ၈၁၀,၀၀၀ ဖြစ်ပြီး ကျန်တစ်ခုမှာ ယွမ် ၈၈၀,၀၀၀ ဖြစ်သည်။
“ဒါ လှလား”
ယခုတစ်ကြိမ်တွင် မေးခွန်းကို တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့အား မေးလိုက်သည်။
ထိုအမျိုးသမီးနှစ်ဦးမှာ သဘာဝအတိုင်း ခေါင်းညိတ်ကြသည်။ နန်ယု ၎င်းတို့အား လက်ဆောင်အဖြစ် ဝယ်ပေးမည်လားဟုပင် တွေးတောနေကြသည်။ သူတို့ လိုချင်သော အိတ်မဟုတ်သော် လည်း လက်ခံနိုင်သည်။
“လှနေသရွေ့တော့...”
နန်ယု ညင်သာစွာ ပြုံးလိုက်သည်။ တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့၏ အပြုံးများ ပိုမိုကျယ်ပြန့်လာသောအခါ သူ ရုတ် တရက် ထပ်ပြောလိုက်သည်။
“ဒီနေ့က ရှောင်ကျင်းနဲ့ပထမဆုံးအကြိမ်တွေ့တာပဲ၊ နင်တို့ အန်တီနှစ်ယောက်က တစ်ခုခုလက်ဆောင်မပေးချင်ကြဘူးလား”
တုကျောင်းကျောင်းနှင့်ရှုယွီဝေတို့၏အပြုံးများ အေးခဲသွားရသည်။
“...အမ်?”
သူတို့နှစ်ဦးမှာ အမှန်ပင် နှစ်ပေါင်းများစွာကောင်းသော သူငယ် ချင်းများဖြစ်ပြီး ထိုအချိန်တွင် သူတို့၏တုံ့ပြန်မှုများမှာ မယုံနိုင်လောက်အောင်တူညီနေကြသည်။
သူတို့ အပြည့်အဝတုံ့ပြန်နိုင်ခြင်း မရှိမီတွင် ဖေးယွင်ကျင်း နန်ယုလက်ပေါ်မှဆင်းကာ သူ့ကိုယ် သူ မတ်မတ်ရပ်ပြီးနောက် သူတို့နှစ်ယောက်အား တစ်ဝက်ခန့်ငုံ့ကာကျေးဇူးတင်လိုက်သည်။
“အန်တီတို့ရဲ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန် တော်အရမ်းကြိုက်တယ်”
ထိုသို့ပြောပြီးနောက် သူ ခေါင်းအားမော့လိုက်ပြီး တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့အား အပြစ်ကင်းကာချစ်စရာကောင်း သော အပြုံးလေးပြုံးပြလိုက်သည်။ သူ့ သွားစွယ်လေးနှစ်ချောင်းမှာထွက်ပေါ်နေပြီး ဆိုးသွမ်းသည့်… နတ်ဆိုးလေးလိုပင်။
ဝိုး!
နန်ယု စိတ်ထဲမှ ဖေးယွင်ကျင်းအား လက်မထောင်ပြလိုက်သည်။ ဆယ်စုနှစ်တစ်ခုကျော်ကြာ လူတိုင်းအားလှည့်စားခဲ့သော အမျိုးသားဇာတ်လိုက်ဖြစ်ဖို့ ထိုက်တန်လှသည်။
ထိုမျှငယ်သောအရွယ်တွင်ပင် အံ့အားသင့်ဖွယ်ကောင်းသော သရုပ်ဆောင်စွမ်းရည်ကိုပြသနိုင်ပြီး တုံ့ပြန်မှုများမှာလည်း အလွန်လျင်မြန်သည်။
တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့၏အံ့အားသင့်နေသော မျက်နှာများကို မြင်သောအခါ နန်ယု စိတ်ထဲ သူမ၏သရုပ် ဆောင်စွမ်းရည်များဝင်ပူးသွားသလိုပင်။
“မဖြစ်နိုင်တာ ?”
သူ့ အပြုံးမှာမှေးမှိန်သွားသည်။
“ငါတို့ရဲ့ ဆက်ဆံရေးနဲ့ဆိုရင်တော့…”
ကျန်စကားများအား ဆက်မပြောတော့ဘဲ နန်ယု မျက်နှာထက် အနည်းငယ်နာကျင်မှုရှိနေသည်။
“ဟုတ်ပြီ၊ ငါ နားလည်ပါပြီ"
တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့ အမှန်ပင်ရှက်ရွံ့ပြီး စိတ်ထဲမှာဆန့်ကျင်နေကြသည်။ ထိုရင်ထိုးတစ်ခုချင်းစီ၏တန်ဖိုးမှာ အနည်းဆုံး ယွမ် ၈၀၀,၀၀၀ ခန့်ရှိသည်။ ၎င်းတို့၏တစ်လအသုံးစရိတ်မှာ ယွမ် ၁၀၀,၀၀၀ သာရှိပြီး နှစ်ယောက်စလုံး လက်ဖွာတတ်သူများပင်။
ထို့ကြောင့် နန်ယု၏ဝယ်ယူမှုများအား အခွင့်ကောင်းယူခဲ့လျှင်ပင် သူတို့၏ငွေကြေးမှာ ကန့်သတ်ချက်ရှိသည်။ တုကျောင်းကျောင်းအကောင့်ထဲတွင် ယွမ် ၉၀၀,၀၀၀ ကျော်သာရှိပြီး ရှုယွီဝေမှာ အနည်းငယ်ပိုသာပြီး ယွမ် ၁.၃ သန်းကျော်ရှိသည်။
ထိုရင်ထိုးများ ဝယ်ယူခြင်းမှာ တကယ်ကို စိတ်အနှောင့်အ ယှက်ဖြစ်စရာဖြစ်သည်။ ပြဿနာမှာ ၎င်းသည် ကလေးအ တွက် လက်ဆောင်ဖြစ်နေခြင်းပင်။
ဖေးယွင်ကျင်း မိဘများငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်သွားသည်ကို လူတိုင်းသိပြီး ပေထန် သို့မဟုတ် ဖေးမိသားစုမှာ သူ့အားဂရုမစိုက်ကြပေ။ အသုံးမဝင်တဲ့ ကလေးတစ်ယောက် ပျော်ရွှင်စေဖို့အတွက် ငွေအမြောက်အမြား သုံးနေရတာလား ? သူတို့ မခွဲနိုင်ချေ။ တကယ်ကို မတတ်နိုင်ပေ။