no

Font
Theme

🌷 Chapter 4

နန်ယုသည် စိတ်ကူးယဥ်ကမ္ဘာတစ်ခုအနေဖြင့် “ဖန်တီးထား သည်” ဟူသော အခြခံသဘောတရားအပေါ် စိုးရိမ်နေခဲ့ရသည်။

သို့သော်ငြား ချမ်းသာကြွယ်ဝသည့် မိသားစုများပါဝင်သော ဝတ္ထုတစ်ခုတွင် ရဲများသည် အပြုသဘောဆောင်ကာအကျိုး သက်ရောက်မှုသိပ်မရှိသည့် ဇာတ်ကောင်ဖြစ်ကာအသုံးမဝင်သလိုဖြစ်နေကြသည်။ ပြဿနာတစ်ခုခုဖြစ်လာပါက ဇာတ် ကောင်များ၏ပြသာနာအပေါ် ပထမဆုံးတုံ့ပြန်မှုမှာ ရဲများအားခေါ်ရန်မဟုတ်သည်မှာသေချာသည်။

နန်ယုမှတ်ဉာဏ်များပြန်လည်ရရှိပြီးနောက် ကမ္ဘာကြီးသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် ပုံမှန်မဟုတ်ကြောင်းကို ရှာဖွေသိရှိလာရသည်။

အနည်းဆုံး သာမန်လူသားများအတွက် ရဲများသည် ချုပ်ကိုင်နိုင်သောအာဏာ ရှိသည်။ မည်သည့် လူချမ်းသာမိသားစုမဆို အစိုးရအားထင်ရှားစွာဆန့်ကျင်မည်မဟုတ်ဘဲ ၎င်းတို့အားလုံးသည် "ဥပဒေကိုလိုက်နာသူများ" အဖြစ်ဟန်ဆောင်ကြမည်သာ။

သို့ဖြစ်ရာ နန်ယုသည် နောက်ပိုင်းတွင် ဖေးယွင်ကျင်းအိမ်တော်ထိန်းကျိုးအားဖြုတ်ချမည့် သက်သေအချက်အလက်များကို အကိုဖြစ်သူအားကြိုတင်စုဆောင်းစေခဲ့သည်။ နှစ်ရက်ကုန်လွန်ပြီးနောက် အဆုံးတွင် ၎င်းတို့ရယူနိုင်ခဲ့သည်။

ဤသည်မှာ တစ်ကြိမ်ထက်မကကြောင်း အလွန်သိသာလှသည်။ အဓိကဇာတ်လိုက်မှလည်း အိမ်တော်ထိန်းကျိုးသည် နှစ်သုံးဆယ် နီးပါး ခိုးယူထားခဲ့ကြောင်းလည်းဖော်ပြခဲ့သည်။ လက်ရှိခိုးယူထားသောပမာဏမှာ အံ့အားသင့်စရာကောင်းအောင်မများသေးသော် လည်း ထိုပမာဏသည့် သူ့အား ထောင်ထဲ၌ ရာစုနှစ်တစ်ခုနီးပါးထိန်းသိမ်းရန်လုံလောက်သည်ပင်။

ရဲများ အလျင်အမြန်ရောက်ရှိလာသဖြင့် ယေဘုယျအားဖြင့် အခြေအနေကိုနားလည်ကြပုံရသည်။ အိမ်တော်ထိန်းကျိုး၏မထိရောက် သောပြန်လည်ချေပချက်များနှင့်မတူညီဘဲ ရဲများသည် အထောက်အထားများကိုစစ်ဆေးရာတွင် စစ်မှန်ကြာင်းအတည်ပြုနိုင်ခဲ့ သည်။

ကိုယ်ရံတော်များထံမှ အိမ်တော်ထိန်းကျိုးအားခေါ်ထုတ်သွားပြီးနောက် ရဲအရာရှိမှ မေးခွန်းအချို့မေးရန်ဆောင် ရွက်တော့မည့် ဆဲဆဲ နန်ယုမှ ဦးစွာစကားဆိုလိုက်သည်။

"ရှင်၊ ဒီကိုလာပေးပါ "

သူ့အကြည့်သည် အိမ်တော်ထိန်းကျိုးအား စတင်ဖမ်းဆီးရာတွင်ဦးဆောင်ခဲ့သော ကိုယ်ရံတော်အပေါ်မြဲမြံနေသည်။

“ဟုတ်ကဲ့ပါ မဒမ် ”

နန်ယု၏အမှတ်ရမှုကြောင့် အပျော်များဖုံးလွှမ်းခဲ့ကာ သူ့မျက်လုံးထဲ စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားရသည်။

“သူ့ကို ခေါ်လာခဲ့၊ အမ် သခင်လေးကို ဒီခေါ်လာခဲ့”

“ဟုတ်ကဲ့ပါ!”

မေးခွန်းထုတ်ခြင်း တုံ့ဆိုင်းခြင်းအလျင်းမရှိပဲ ကိုယ်ရံတော်သည် သူ့တာဝန်ကိုအလျင်အမြန်လုပ်ဆောင်လိုက်သည်။

ဖေးယွင်ကျင်းအား စောင့်ရှာက်ရမည့်တာဝန်ရှိသည့် ကလေးထိန်းမှာမူ မသက်မသာခံစားနေရသည်။ သို့သော် သူ့ထံ ငြင်းဆိုဖွယ်ရာ ခိုင်လုံသော အထောက်အထားမရှိချေ။ အဆုံးတွင် နန်ယုသည် ဖေးယွင်ကျင်း၏တရားဝင်အုပ်ထိန်းသူသာ။

ဒါပေမယ့် မဒမ်က ကလေးကိုမကြိုက်ဘူးမဟုတ်လား ?

လက်ထပ်ပြီးကတည်းက ယခုထိ နှစ်ပတ်ကြာသည့်တိုင် ကလေးအကြောင်းကို နန်ယုမမေးခဲ့ချေ။ဒါ့ကြောင့် သူ ထင်ခဲ့တာ…

ကလေးထိန်း၏အတွေးများရပ်တန့်သွားပြီး သူ့လက်မောင်းသည်လည်း ရုတ်တရက်ဆိုသလို ပေါ့ပါသွားသယောင်ခံစားရသည်။

တစ်ပါးသူ လက်ထဲရောက်ရှိသွားသည့် ဖေးယွင်ကျင့်သည် တုံ့ပြန်မှုသိပ်မပြဘဲ တစ်ပါးသူ၏ဆန္ဒအလျောက်လှုပ်ရှားနေရသည့် ရုပ်သေးရုပ်လေးတစ်ဖွယ်ဖြစ်နေခဲ့သည်။

နန်ယု သူ့ကိုယ်သူ လူကောင်းတစ်ယောက်ဟုမထင်ချေ။ သို့ပေမယ့် သူ့အတိတ်ဘဝ၌ အနာဂတ်မျှော်လင့်ချက်များဖြစ်လာခဲ့မည့် ကလေးငယ်များအားကာကွယ်စောင့်ရှောက်ရမည်ဟူ၍ နန်ယု လုံးဝဦးနှောက်ဆေးခံထားရသည်။ ယခုအချိန်မှာ ရဲများသည်လည်း ထိုနေရာတွင်ရှိနေပြီဖြစ်ကာ ၎င်းတို့ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက် သို့မဟုတ် ငါးယောက် မည်မျှပင် ဖမ်းဆီးကာမူ သူ့အတွက်အရေးမကြီးချေ။

သူမ၏ဖြူဖွေးနေသောလက်ချောင်းလေးများဖြင့် ကလေးထိန်းအား ညွှန်ပြကာ

“ဒါနဲ့ အဲ့တစ်ယောက်က ကလေးကိုနှိပ်စက်နေတာ ပြီးတော့ စိတ်ကျန်းမာရေးလည်းမကောင်းဘူး သူ့ကိုလည်း ရှင်တို့နဲ့အတူခေါ် သွားပေးပါ ”

ထိုစဉ်တစ်ခန်းလုံး ရုတ်တရက်ဆိုသလို တိတ်ဆိတ်သွားရသည်။

ဖေးမိသားစုဝင်များနှင့် အိမ်အကူများမျက်နှာထက် အံ့သြမှင်သက်မှုများဖုံးလွှမ်းသွားသည်။

ဖေးမိသားစုရဲ့တစ်ဦးတည်းသောမျိုးဆက်အစစ်အမှန်ဖြစ်တဲ့ ဖေးယွင်ကျင်းကို ကလေးထိန်းတစ်ယောက်ကအနိုင်ကျင့်နေတယ်?

ဒါ ဒါဒါ…

ခဏတာအတွင်းမှာ မည်သူမှ စကားမဆိုနိုင်ခဲ့ကြချေ။

ကိုယ်ရံတော်လက်ထဲမှာ ရှိနေသည့် ဖေးယွင်ကျင်းမျက်လုံးများသာ အနည်းငယ်မှိတ်တုပ်မှိတ်တုပ်ဖြစ်သွားခဲ့သည်။ တခြားသူများ၏ အာရုံစိုက်မှုများအားလုံး ကလေးထိန်းဆီရောက်ရှိနေချိန်မှာ သူ နန်ယုအားလျှို့ဝှက်စွာ တစ်ချက်ကြည့် လိုက်သည်။

--- သူက သူ့ရဲ့ အမေအသစ်လား ?

လွန်ခဲ့သောနှစ်ပတ်ခန့်က ဖေးယွင်ကျင်း တစ်ခါမျှသာ သူမအား အဝေးမှမြင်ဖူးသည်။ ထိုည အိမ်ဖော်များသည် သူအိပ်နေပြီအထင်နှင့် တီးတိုးပြောဆိုခဲ့ကြသည်။

“ နောက်မိန်းမသာ ကလေးမွေးလာရင် သခင်လေးတော့... အမေမရှိတဲ့ကလေးတွေက ဆိုးဝါးတဲ့ဘဝရဖို့ကံပါလာကြတာပဲ”

“အလိုလေး အကယ်၍ နောက်မိန်းမက.... ? ငါတို့ ဘယ်လိုလုပ်ကြမလဲ ?”

လူတွေက မိထွေးရှိရင် ဖထွေးရလာတယ်တဲ့ ဖေးယီကျန့်ကိုယ်တိုင်ကိုက သားဖြစ်သူကို ဂရုမစိုက်တဲ့အတွက် ဖေးယွင်ကျင်း၏ အနာဂတ်သည် ဆိုးရွားလာဖို့သာရှိတော့သည်။

“ နောက်တစ်ဆင့်ပြန်ဆုတ်ကြတာပေါ့၊ ကျမ ဖေးမိသားစုကို ဝင်လာတုန်းက ကောင်းတာတွေအများကြီးယူလာတယ်၊ ကျမ တနေ့နိုးလာတဲ့အချိန်မှာ အဲ့တာတွေပျောက်သွားလိမ့်မယ်လို့မထင်ခဲ့မိဘူး ”

ထိုစကာလုံးများသည် အမှန်ရင်ထူစူးနစ်သွားစေသည်။ ဖေးမိသားစုဝင်များဟည် ဂုဏ်ရှိန်ကြီးသည့်မိသာစစုအဖြစ်ဂုဏ် ယူတတ်ကြသည်။ သို့ဖြစ်ရာ အမျိုးသမီးတစ်ဦး၏ ပိုင်ဆိုင်မှုအာစ မည်သို့ခန်းမှန်းနိုင်မည်နည်း။ အထူးသဖြင့် လွန်ခဲ့သည့်နှစ်များတလျှောက် အရှိန်အဝါကြီးလာခဲ့သော နန်မိသားစု၏ သမီးဆိုတာမျိုးပင်။

“ဒါ မတော်တဆပဲ၊ ငါတို့ သေချာကိုင်တွယ်လိုက်မယ် ”

လူအိုကြီးသည် သူ့အသံအား နူးညံ့စေကာ သူ့မျက်နှာပေါ် လိပ်ပြာမလုံသည့်ဟန်ဖြင့် အပြုံးလေးတစ်ခုစွန်းထင်းနေခဲ့သည်။ သူပြောသည့်စကားလုံးများမှာ ယုံကြည်ဖွယ်မရှိကြောင်းသိသာလှသည်။

အဘယ်ကြောင့်ဆိုသော် အဖမ်းခေါ်ခံသွားရသည့်လူများထဲ တစ်နှစ် သို့ နှစ်နှစ်ထက်ပိုအောင် သို့မဟုတ် အနည်းဆုံးငါးနှစ်ခန့် ဖေးမိသားစုထံအလုပ်ကျွေးပြုနေကြသူများပင်။ သူတို့ ( ဖေးမိသားစု ) သတိထားခဲ့မိကြလို့လား ??

ဟင့်အင်း!

ထို့အပြင် နန်ယုသည် အာမခံချက်ရှာနေခြင်းမဟုတ်ချေ။

ယနေ့ သူ့ရည်ရွယ်ချက်သည် ဖေးမိသားစုထံမှထွက်သွားရန်သာ။

သူ အဆုံးအစွန်ထိသွားမည်ဆိုလျှင် မည်သူမှ သူ့အားတားရဲလိမ့်မည်မဟုတ်ချေ။ ခိုင်လုံသောသတ်သေများအား စုဆောင်းခြင်းဖြင့် သူ သုံးရက်ခန့်ကြာစောင့်ဆိုင်းခဲ့ပြီး ယခုလိုအချိန် မျိုးတွင် အပြီးသတ်စကားများပြောဆိုရန်ပြင်ဆင်ထားခဲ့သည်။

နန်ယုနှင့် ဖေးယီကျန့်တို့၏လက်ထပ်ထိမ်းမြှားထားမှုအား အလွယ်တကူမဖျက်သိမ်းနိုင်ပေ။ လက်ထပ်ပြီးနောက်တွင်လည်း အထောက်အထားအနေဖြင့် စီမံကိန်းအချို့အား နန်မိသားစုနှင့် ဖေးမိသားစုတို့သည် အချင်းချင်းကမ်းလှမ်းခဲ့ကြပြီးဖြစ်သည်။

ထိုစီမံကိန်းများမှာလည်း စတင်ဆောင်ရွက်နေဆဲဖြစ်သည်။ အကယ်၍ နန်ယု အကြောင်းမဲ့ဝင်ရှုပ်ခဲ့လျှင် နန်မိသားစု၏ ဂုဏ်သတင်းအားထိခိုက်စေလာနိုင်သည်။

သူ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူ့ဘဝနှင့်အတူ သူမမိသားစုအားအပ်နှံထားပြီးဖြစ်၍ သူ သူ့မိသားစုအားဒုက္ခဖြစ်စေရန် ခွင့်ပြုမည်မဟုတ်ချေ။

ထို့အပြင် သူမသည် နန်မိသားစုအထောက်အပံ့ဖြင့် ဘဝအား လွတ်လပ်အေးချမ်းသာယာစွာအချိန်ကုန်လိုသည့် ဆန္ဒရှိသူသည်။ သည့်အတွက်ကြောင့် နန်မိသားစုကောင်းစားမှသာလျှင် သူ့ ဘဝလည်း ကောင်းစားလိမ့်မည်။

“ပြီးတော့ ကျမ စိတ်ပူမိသား၊ ရှင်တို့ ဘယ်ချိန်ကျမှ သူတို့ကို ကိုင်တွယ်နိုင်မှာလဲဆိုတာ ဘယ်သူသိမှာလဲ ? ကျမ ဘဝက အရမ်းတန်ဖိုးရှိတယ်၊ အန္တရယ်နည်းနည်းဆိုရင်တောင်မှ ကျမမိဘတွေနဲ့ အကိုက စိတ်ထိခိုက်ကြလိမ့်မယ် ”

နန်ယု မျက်မှောင်ကြုံကာ “ကျမ သူတို့ကို အခုထိ ဒီကိစ္စကိုမပြောပြရသေးဘူး မဟုတ်ရင် သူတို့ ကျမကိုခေါ်ဖို့လာနေလောက်ပြီ ”

ခြိမ်းခြောက်မှုတစ်ခု!

နန်မိသားစုဝင်တစ်ယာက်ဖြစ်သည့် နန်ယုအား ယခုချိန်မှာ ထွက်သွားစေခြင်းသည် ဖေးမိသားစုအတွက်တော့ လုံးဝကိုး ခြိမ်းခြောက်မှုတစ်ခုပင်!

ဒါပေမယ့် သူတို့ မှားနေတာကလည်း အမှန်ပင်!

“ဒါပေမယ့် အရင်က ဘယ်သခင်မမှ အိမ်တော်ကနေထွက်သွားခဲ့တာမရှိဘူး”

“ ပြီးတော့ မိသားစုစည်းမျဥ်းအရလည်း ဒီအိမ်မှာသခင်မနေကိုနေရမယ်မှမပြောထားတာ မဟုတ်ဘူးလား ? ယီကျန့်လည်း တစ်နှစ်ဝန်းကျင်လောက် ဒီအိမ်မှာမရှိဘူးမဟုတ်လား ”

ဒါက ဘယ်လိုလုပ်ပြီးတူမှာလဲ၊ အိမ်ထောင်ဦးစီးက နိုင်ငံခြားမှာစီးပွားရေးချဲ့ထွင်နေတာလေ!

ထိုသို့ပြောချင်သော်ငြားလည်း ထိုလူများ သူတို့မပြောနိုင်ကြောင်းသိ၏။ မကြာမီက အကယ်၍ နန်မိသားစု၏ဂုဏ်သတင်းကျော်ဇောလာမှုကြောင့်သာမဟုတ်လျှင် သူတို့ ယခုမျှလောက် စိတ်ပျက်အားငယ်ကာသည်းခံနေကြမည်မဟုတ်ချေ။

သို့သော် " အကယ်၍ " ဆိုတာမရှိပေ။

🌷 Chapter 5

နန်ယု ဆုံးဖြတ်ချက်ခိုင်မာမှုနှင့် ၎င်းတို့၏ကိုယ်တိုင်လိုအပ် ချက် ဟာကွက်များကို ၎င်းတို့ကောင်းစွာသိမြင်သည်။ ၎င်းတို့ထံလည်း နန်ယုအား တားဆီးဖို့ရာ အကြောင်းအရင်းရှာတွေ့ပုံမရချေ။

“မဒမ်၊ မင်း အခုအပြင်သွားပြီး အပန်းဖြေချင်တယ်ဆိုရင်တော့ အဆင်ပြေပါတယ်ဗျ ” ဟု လူအိုကြီးတစ်ယောက် ရုတ် တရက်ပြောလိုက်သည်။

ထိုလူအိုကြီးမှာနှုတ်ဆိတ်နေသော ဖေးရှင်းလင်ဖြစ်ပြီး သူ နောက်ဆုံးတွင် စကားစပြောသည်။ သူသည် အသက် ၆၃ နှစ်အရွယ်ဖြစ်ပြီး မည်သို့ပင်ဆိုစေကာမူ ဖေးမိသားစုထဲ ဂုဏ် သိက္ခာအရှိဆုံးသော လူကြီးတစ်ယောက်လည်းဖြစ်သည်။

ဖေးယီကျန့်၏မျိုးဆက်ငါးဆက်အတွင်း သူသည် သွေးသားတော်စပ်သူဖြစ်သည်။ ထို့ကြောင့် ဖေးယီကျန့် "မှ အာ့ရှုရှု ( ဒုတိယဦးလေး ) " ဟုခေါ်ဆိုရမည်ဖြစ်သည်။

အာ့ရှုရှုမျက်နှာသည် ခက်ထန်၍ ထိုစူးရှသောအကြည့်များလည်းပိုင်ဆိုင်ထားသည်။ သူ အပြုံးတစ်ချက်မျှမပြုလုပ်သော အခါတွင် ကလေးတစ်ယောက်ပင် ကြောက်စိတ်ဝင်ကာမျက် ရည်ကျစေနိုင်သည်အထိဖြစ်စေနိုင်သည်။ သူစကားတစ်လုံးမျှ မပြောလျှင်အဆင်ပြေသော်လည်း စကားဝိုင်းထဲသို့ဝင်၍ နန်ယုအား အိမ်ပေါ်မှဆင်းသွားရန် အစီအစဥ်ကို အပန်းဖြေရန်သွားရန်နေရာဆီသို့ ပါးနပ်စွာစကားလမ်းကြောင်းလွှဲပြောင်းစေသည်။

ဒါ ခဏတာအပန်းဖြေတာဆိုရင်တော့ သူ မကြာခင် ပြန်လာရမှာပဲမဟုတ်လား ?

“ဒါပေမဲ့ သခင်လေးယွင်ကျင်းကိုတော့ ခေါ်သွားဖို့မမေ့နဲ့ ”

သူ ထိုသို့ထည့်ပြောလာသည်။ ဖေးယွင်ကျင်း မိခင်အရင်းကြောင့် ဖေးမိသားစုများသည် သူ့ကျောထောက်နောက်ခံကို အထင်သေးကြသည်။ သို့သော် အပြင်လူများအမြင်ဝယ် ဖေးမိသားစု၏ဂုဏ်သတင်းအားကိုယ်စားပြုပြီး ဖေးယွင်ကျင်းသာလျှင် ဖေးမိသားစု၏တရားဝင်သခင်လေးဖြစ်သည်။

ဖေးမိသားစုဝင်များ ကြောက်ရွံ့ရသောပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည့် ဒုတိယသခင်ကြီးနှင့် မျက်နှာချင်းဆိုင်နေရသော် လည်း နန်ယု အပြုံးမပျက်ချေ။ ထို့ပြင် သူမျက်လုံးထဲသို့လည်း တည့်တည့်ကြည့်ရဲသည့်သတ္တိလည်း သူမတွင်ရှိသည်။

“ကျမ လိုချင်ဘူး၊ အရင်မျိုးဆက်တွေချန်ထားတဲ့ကလေးတွေကိုလည်း ကျမ မကြိုက်ဘူး”

ထိုအရာသည် အမှန်တရားဖြစ်သော်လည်း နန်ယုမှ ၎င်းတို့၏ မျက်နှာကိုတည့်ကြည့်ကာပြောလာမည်ဟု မည်သူမျှမမျှော်လင့်ထားကြပေ။

သူ မကြိုက်ရင်တောင်မှ သူ ဟန်တောင် မဆောင်နိုင်တော့ဘူးလား ??

မည်သို့ပင်ဆိုကာမူ ထိုမဆင်မခြင်အပြောအဆိုမှတဆင့် နန်မိသားစု၏အကြီးဆုံးဖြစ်သော နန်ယုမှာ မသိမသာဖြင့် အလိုလိုက်ခံရပြီး စကားမထိန်းဘဲပြောဆိုနေခြင်းအာစ သွယ်ဝိုက်ဖော်ပြနေသည်။ ထိုကိစ္စအား ကြိုတင်စီစဉ်ထားသည်ဆိုပါက သူမ အဘယ့်ကြောင့် လွယ်လွယ်ကူကူဖော် ထုတ်ပစ်ရသနည်း ?

ဟုတ်သည်၊ ထိုသူများအပေါ် ဩဇာလွှမ်းမိုးရန်နှင့် အသုံးချရန်ပင်။

နန်ယုအပြုအမူသည် ထိုကောက်ကျစ်သော မြေခွေးအိုကြီးတချို့အားစိတ်သက်သာရာရစေသည်။ ၎င်းတို့အမြင်တွင် မိုက်ရှူးရဲဆန်သည်၊ မဆန်သည်မှာ အရေးမကြီးပေ။ ၎င်းတို့ သညါ ပါးနပ်သောအိမ်ထောင်သည်အမျိုးသမီးတစ်ယောက်အားမလိုချေ။ ထိုသို့မဟုတ်လျှင် သူမ နန်မိသားစုအကျိိုးအ တွက်သာ ဆောင်ရွက်နေမည်ကို သူတို့စိတ်ပူနေရလိမ့်မည်။

“မဒမ် ကျေးဇူးပြုပြီး တဇွတ်ထိုးမဆန်ပါနဲ့၊ ကလေးတစ်ယောက်ကိုသင်ကြားပေးဖို့က မဒမ်ရဲ့တာဝန်နဲ့ ဝတ္တရားပဲ၊ တကယ်လို့ မင်း လက်မခံဘူးဆိုရင်တော့ ငါတို့ မင်းကို အပြင်ထွက်ပြီး အပန်းဖြေဖို့ခွင့်ပြုနိုင်မှာ မဟုတ်ဘူး ”

- အဟက် ~

နန်ယု စိတ်ထဲ လှောင်ပြောင် သရော်လိုက်သည်။

ရှေးရိုးစွဲနေသည့် လူကြီးများမှာမျှော်လင့်ထားသည့်အတိုင်းအမြဲတစေ သူ့အားချိုသာစွာပြောလာကြသည်။ တာဝန်နှင့် ဝတ္တ ရားအကြောင်းများကိုလည်း ယင်းသို့ပင်ပြောနေ၏။

ထိုအိုဟောင်းနေသောခေတ်တွင်နေထိုင်ပြီး အရည်အချင်းပြည့်မီသော ဇနီးကောင်းတစ်ယောက်ဖြစ်ရန်ကြိုးစားနေသည်ဟု သူ့ ကိုယ် သူထင်မြင်လာရသည်။

“ကျမကိုယ် ကျမတောင် ဂရုမစိုက်နိုင်တာ ကလေးတစ်ယောက်ကို ကျမ ဘယ်လိုဂရုစိုက်နိုင်မှာလဲ”

ထိုသို့ ပြောကာ ဖေးယွင်ကျင်းအား မထိတထိကြည့်နေပြီး ဤသို့ ဆက်လက်ပြောလိုက်သည်။

“ပြီးတော့ သူက ပျော့တိပျော့ဖပ်နဲ့ သူ ကောင်းကောင်းမကြီး ပြင်းလာရင်တောင် ရှင်တို့ ကျမကိုအပြစ်တင်ကြမှာပဲလေ ”

သူမသည် တဇွတ်ထိုးဆန်သောအမျိုးသမီးငယ်တစ်ယောက်ပုံ လုံးဝပေါ်လွင်နေသည်။

ဖေးရှင်းလင် မျက်မှောင်ကြုံကာ “လူတိုင်းမှာ သူ့ကံကြမ္မာနဲ့သူရှိတာပဲ၊ မဒမ် မင်းတာဝန်ကို မင်း လုပ်ဆောင်နေသရွေ့ မင်းကို ဘယ်သူမှ အပြစ်တင်မှာမဟုတ်ဘူးဆိုတာ ငါ အာမခံတယ်၊ မိသားစုအကြီးအကဲတောင်မှပေါ့”

“ ကျမမှာ ပိုက်ဆံမရှိဘူး၊ ဒီတော့ ကျမ ကလေးတစ်ယောက်ကိုမပျိုးထောင်နိုင်ဘူး ”

ထိုအရာသည် နန်ယု တမင်သက်သက်ရည်ရွယ်ပြောသည်မှာ ရှင်းလင်းစွာသိမြင်နိုင်သည်။ နန်မိသားစုရဲ့အကြီးဆုံးသမီးမှာပိုက်ဆံမရှိဘူးဆိုလျှင်တော့ ပန်းတိုင်းပြည်ဝယ်မည်သူထံမျှရှိမည်မဟုတ်ပေ။

ဖေးရှင်းလင် တည်ငြိမ်မြဲတိုင်းတည်ငြိမ်နေကာ “ဖေးမိသားစုက သခင်လေးလိုအပ်သမျှ ကုန်ကျစရိတ်အားလုံးကိုပေးဆောင်မှာပါ”

နန်ယု သဘောမတူဆဲဖြစ်ကာ ဖေးရှင်းလင်နှင့် စကားအခြေအတင်ဖြစ်လာတော့သည်။ နှစ်ဦးနှစ်ဖတ်စလုံး လက်လျော့ဖို့ရာ ဆန္ဒရှိမည့်ပုံမပေါ်ပေ။

တစ်ယောက်သည်အိမ်ပေါ်မှဆင်း၍ ကလေးအားအဆတ်ဖြတ်ချင်သော်လည်း တခြားတစ်ယောက်မှာမူ ကလေးအားခေါ်ဆောင်ကာ ရက်အနည်းငယ်အပန်းဖြေသည့်နေရာသို့သွားလည်စေလိုသည်။

ထို့ကြောင့် အခြေအနေသည် ခေတ္တဖရိုဖရဲဖြစ်နေတော့သည်။ တခြားသူများသည်လည်း စကားတစ်လုံးပင်ကြားဖြတ်ပြောဆိုနိုင်ခြင်းမရှိကြချေ။

အိမ်တော်ကြီး၏လေထုမှာလည်း ရုတ်ချည်းဆိုစေကာမူ တင်း မာနေသော လေထုများဖြင့်ပြည့်နှက်လာတော့သည်။

“ကလေးကိုလည်းကြည့်ဦး၊ သူလည်း ကျမနဲ့ မလိုက်ချင်လောက်ဘူး”

အခြေအနေမှာ သူ မသာ ကိုယ်မသာဖြစ်နေလေရာ နန်ယု ကလေးအားကြည့်ပြီး “ကလေး၊ နင် ငါနဲ့လိုက်ချင်လား ?”

ဖေးယွင်ကျင်း သူ့အားစိုက်ကြည့်နေလေသည်။ သူ အဖြေပြန်ပေးမည်မဟုတ်ကြောင်းလည်း သူမ တွေးထင်မိသည်။ သူ လိုနေသည်မှာအဖြေမဟုတ် ပြန်လည်ချေပဖို့ရာအကြောင်းပြချက်တစ်ခုမျှသာ။

“ကြည့်လေ၊ ရှင်တို့ ကလေးတစ်ယောက်ရဲ့ဆန္ဒကိုလည်း လေးစားရမှာပေါ့ သူ.... ”

“ဟုတ်”

- ဟမ် ?

နန်ယု စကားသံမှာ ရုတ်ချည်းရပ်တန့်သွားရသည်။ သူနှင့် ဖေးရှင်းလင်တို့သည် ထိုသို့အဖြေပြန်ပေးလာသည့် ဖေးယွင်ကျင်းထံစိုက်ကြည့်နေကြသည်။

အဓိကဇာတ်လိုက်က ကျန်းမာရေးမကောင်းရင်တောင်မှ သူ့ဦးနှောက်ကတော့ ကောင်းသင့်တယ်လေ မဟုတ်ဘူးလား ??

ကလေးက လေးနှစ်ပြည့်တော့မယ်လေ၊ မိထွေးတွေ မကောင်းဘူးဆိုတာ သူ မသိဘူးလား ? သူ့ထံလည်း ဇနီးကောင်း မိခင်ကောင်းဖြစ်ဖို့ရာ ဆန္ဒမရှိချေ။

“ဟားဟား ဟားဟား”ဖေးရှင်းလင် နှစ်ကြိမ်တိုင်တိုင်ရယ်လိုက်သည်။

“သခင်လေးလည်း ဆန္ဒရှိမှတော့၊ မင်း ငြင်းလို့မရတော့ဘူးပေါ့ မဒမ်”

သေစမ်း! ဘယ်လိုတောင်ကံခေလိုက်တဲ့ အမှားမျိုးလဲ!

နန်ယု စိတ်မပါဘဲပြုံးကာ သူ တွေးထင်ထားသလိုဖြစ်မလာသော်လည်း နောက်ခါ သူ ထပ်မံကြိုးစားရဦးမည်။

“ဒါဆိုလဲ ကျေးဇူးပြုပြီး အာ့ရှုရှု ရှင်ပြောခဲ့တာလေး ပြန်ပြောပေးပါ၊ ကျမ သက်သေအဖြစ်ဗီဒီယိုမှတ်တမ်းယူချင်လို့”

ငြင်းလိုက် ငြင်းလိုက် အဲ့လိုမလျော်ကန်တဲ့ တောင်းဆိုချက်ကိုလေ၊ ရှင် ငြင်းရင် ကျမ ကလေးကိုခေါ်သွားစရာမလိုတော့ဘူး!

ဖေးရှင်းလင်: ....

နန်ယုရဲ့ ဦးနှောက်က တခုခုမှားနေတာလား ? ကလေးအပေါ်မကူးစက်ပါစေနဲ့ !

မည်သို့ပင်ဆိုစေကာမူ ဖေးရှင်းလင်အပေါ် နန်ယုအထင်သေးမိသွားသည်။ သူ ပြောသည့်အတိုင်း စကားဝိုင်းဗီဒီယိုအား ဖမ်းယူထားပြီးသည်။ ယင်းသည် နန်ယုအား ပြန်လည်ချေပရန် စကားလုံးများပျောက်ဆုံးစေသည်။

ဖေးရှင်းလင်အတွေးကို သူ အနည်းနှင့်အများခန့်မှန်းနိုင်သည်။

နှစ်ပတ်အကြာ ဖေးအိမ်တွင်နေပြီးနောက် သူ အိမ်ပေါ်မှဆင်းသွားရသည့်အကြောင်းကို အပြင်လူများမဝေဖန်လိုခြင်းပင်။

ဖေးမိသားစုက သူ့ကိုအထင်သေးနေတာလား ဒါမှမဟုတ် သူမကို ခပ်တုံးတုံးထင်နေကြတာလား ??

အိမ်တော်ထိန်းကျိုးကိစ္စ အပြင်သို့ပေါ်ပေါက်လာသောအချိန်တွင် လူတိုင်းဖေးမိသားစုဝင်များ၏အတွေးများကို ဆင်ခြင်သုံးသပ်ဝေဖန်ကြမည်ဖြစ်သည်။

သို့သော်လည်း သူ ဖေးယွင်ကျင်းအား သူနှင့်အတူ ခေါ်သွားလျှင် အနည်းဆုံးတော့ နန်ယုနှင့်ပတ်သတ်သော ကောလဟာလများကွယ်ပျောက်သွားမည်သာ။

ဆိုးရွားတဲ့ဘဝနဲ့နေထိုင်ရတဲ့ဘယ်မိန်းမမှ သွေးမတော်တဲ့ လင်ပါသားနှင့်အတူပြောင်းရွေ့ဖို့ရာဆန္ဒရှိမည်မဟုတ်ချေ။ ဥပမာ - "အပန်းဖြေ" တာမျိုးပေါ့။

-- ဒါကို သြဇာကြီးမားတဲ့မိသားစုတစ်ခုရဲ့ ဂုဏ်သိက္ခာပဲ

နန်ယု စိတ်ထဲမှ လက်မြှောက်လိုက်သည်။ သူ ဖေးယွင်ကျင်းအား ထောက်ပံ့ပေးရသည်ဖြစ်စေ၊ မပေးရသည်ဖြစ်စေ သူ လုံးဝစိတ်မဝင်စားချေ။

ဖေးယီကျန့်နှင့် လက်ထပ်ထားခြင်းသည် အနည်းဆုံးတစ်နှစ်လောက်တော့ကြာမြင့်မည်။ ထိုစီမံကိန်းများလုံးဝပြီးပြီးနောက် သို့မဟုတ် လမ်းမှန်ပေါ်ရောက်နေပြီးလျှင် လူတိုင်း ကိုယ့်လမ်းကိုယ်သွားကြမည်။ ကလေးသည်လည်း သူ့နဂိုတည်ရှိရာနေရာသို့ ပုံမှန်အတိုင်းပြန်ရောက်သွားလိမ့်မည်။

အကယ်၍ တစ်ခုခုမှားယွင့်းခဲ့သည်ရှိသော် ကလေးအား ရက်အနည်းငယ်မျှပြုစုပျိုးထောင်ပြီး သူအားအိမ်သို့ပြန်ပို့ရပေသည်။ အဆိုးတကာ့အဆိုးဆုံးဖြစ်လျှင် ဖေးအိမ်တော်အဝင်ဝမှာတင် သူ ကလေးအားချန်ထားခဲ့နိုင်သည်။ သူ့အား မည်သူမျှ လိုက်ဖမ်းနိုင်မည်မဟုတ်ပေ။

ယခုချိန်တွင် နန်ယုအတွက် အရေးကြီးဆုံးပန်းတိုင်သည် ထိုစိတ်ပျက်စရာနေရာမှ မြန်နိုင်သမျှ အမြန်ဆုံးထွက်သွားနိုင်ရန် ဖြစ်သည်။

သူ့အား မနက်ငါးနာရီထရန် တွန်းအားပေးနိုင်တော့မည်မဟုတ်ပေ! သူ နိုးတဲ့အထိ အေးဆေးအိပ်စက်နိုင်ပြီဖြစ်သည်!

ထို့နောက် လူချမ်းသာအမျိုးသမီးတစ်ယောက်၏ပျော်ရွှင်မှု စည်းစိမ်များအား သူ ကောင်းကောင်းအရသာခံတော့မည်!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment