no

Font
Theme

🌷 Chapter 11

ဘေးမှ အိမ်တော်ထိန်းကျိုး: ...

သူ့ရဲ့နူးညံ့သိမ်မွေ့တဲ့သခင်မလေးက ဘယ်လိုများ ဒီလိုကြောက်စရာကောင်းတဲ့ အတွေးမျိုးရှိနေရတာလဲ ?

ဆန့်ကျင်ဘက်အနေဖြင့် ဖေးယွင်ကျင်း ချက်ချင်းမော့ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲ မယုံနိုင်သည့် အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက်ဖြတ်‌ပြေးသွားရသည်။

"ရိုက်... ရိုက်ရမှာ ?"

"ဟုတ်တယ်!"

နန်ယု ထရပ်လိုက်ပြီး လက်သီးများကိုကျစ်ကျစ်ပါအောင် ဆုပ်ကာ ဖေးယွင်ကျင်းရှေ့တွင် လှုပ်ရမ်းပြလိုက်ပြီး သူ့ဆံပင်ကိုထပ်ပွတ်ပေးလိုက်သည်။

"နာသွားမယ့်နေရာကို ရွေးပြီး ရိုက်ဖို့နဲ့ ဒဏ်ရာမရအောင် ရိုက်ဖို့ကို မှတ်ထားနော်!"

"အိမ်တော်ထိန်းကျိုး၊ သူ့အတွက် လေ့ကျင့်ပေးမယ့်နည်းပြတစ်ယောက်လောက်ရှာပေးပါ အဲ့လိုမှမဟုတ်ရင် နောက်တစ် ခါ သူ အရိုက်ခံရပြီးငိုနေရင် ကျွန်မက ချော့ပေးတော့မှာ မဟုတ်ဘူးနော်"

"မ..မငိုပါဘူး"

ဖေးယွင်ကျင်း အသံအားဖိပြောလိုက်သော်လည်း ဝမ်းနည်းစရာမှာ သူ့ကိုယ်လုံးသေးသေးလေးက ထိုစကားလုံးများ၏ ခွန်အားကိုပျက်စီးစေခဲ့သည်။

"ကောင်းပြီ၊ ဒါဆိုရင် တခြားသူတွေ ငိုအောင် နင် ကြိုးစားလိုက်လေ"

နန်ယု ရယ်မောလိုက်ပြီး ကလေးအား ပေါ့ပေါ့ဆဆပြောလိုက် ကာ လှည့်၍အပေါ်ထပ်သို့တက်ရန် ထွက်ခွာသွားသည်။

ထိုနေရာတွင် ကျန်ရစ်ခဲ့သော ဖေးယွင်ကျင်းသည် သူ့ခေါင်းအား လက်နှစ်ဖက်ဖြင့်ထိန်းထားပြီး သူ၏သေးငယ်ပြီးတို သော လက်ချောင်းလေးများကရှုပ်ပွနေသော ဆံပင်များကို ထိန်းထားရန်ကြိုးစားလိုက်သည်။ သူ နန်ယုထွက်ခွာသွားသော ကျောပြင်ကိုအနည်းငယ်မှိုင်းသောအကြည့်ဖြင့် ကြည့်နေပြီး ယခင်ကစကားများကို သူ့စိတ်ထဲပြန်လည်ရွတ်ဆိုနေသည်။

ငါ မငိုဘူး! ငိုတာက အသုံးမကျဆုံးအရာပဲ!

ဖေးယွင်ကျင်း အစောပိုင်း နန်ယု ထိုလူအားရင်ဆိုင်ခဲ့သည့် ပုံစံကို ပြန်လည်အမှတ်ရမိသည်။ သူမ ဘာမျှမပြောဘဲ ထိုလူအားသေလုနီးပါးကြောက်လန့်စေခဲ့သည်။

တကယ်... အရမ်းမိုက်တာပဲ !!

သိပ်မကြာခင်က အဘိုးကျိုးပြခဲ့တဲ့ လူဆိုးတွေကိုတိုက်ခိုက်တဲ့ Ultraman လိုပဲ အရမ်းမိုက်တယ်!

နန်ယု အပေါ်ထပ်သို့ တက်ပြီးနောက် ချက်ချင်းဆိုသလိုအားကစားခန်းမသို့သွားလိုက်သည်။ အဝတ်လဲပြီး ခဏမျှ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပြီးနောက် သူ လမ်းလျှောက်စက်ပေါ်တွင် ဖြည်းဖြည်းချင်းပြေးတော့သည်။

သူ့ခြေလှမ်းများမှာ မမြန်သလို သူ့ ယခင်လေ့ကျင့်ခန်းများနှင့် ယှဉ်ပါကအနှေးလေးပင်။

သို့သော် သူ့ခန္ဓာကိုယ်အသစ်အတွက်မူ အတော်လေးသင့်တော်သည်။ ယခင်နန်ယုသည် ပုံမှန် Body အနေအထားအားထိန်း သိမ်းဖို့ရာ ယောဂကိုသာလေ့ကျင့်ခဲ့ဖူးသည်။ ယခုကဲ့သို့ချွေး ထွက်များသည့် လေ့ကျင့်ခန်းများနှင့် ဝေးနေခဲ့သည်မှာလုံးဝသေချာလို့နေသည်။

သူ စရောက်ခါစက ငါးမိနစ်မပြည့်မီပင် အသက်ရှူကျပ်သွားလောက်မည်ဖြစ်သည်။ ယခုမူ တစ်နာရီကြာအောင်လုပ်နိုင်ခြင်းက စိတ်ကျေနပ်စရာကောင်းလှသည်။

နောက်ဆုံးတော့လည်း ဒါက ငြိမ်းချမ်းတဲ့ကမ္ဘာကြီးပဲလေ။ အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်နေစရာမလိုသလို၊ စက်ဆုပ်ဖွယ်ကောင်းသောအရာများလည်းမရှိချေ။

နန်ယု၏လက်ရှိကြွယ်ဝမှုနှင့်ဆိုရင် သူ့ဘဏ်အကောင့်ထဲရှိငွေနှင့်အသုံးစရိတ်မှာ မယှဉ်နိုင်၊ ပိုက်ဆံရှာဖို့အတွက် အလုပ်လုပ်စရာပင်မလိုတော့ပေ။ ဒါ တကယ်ကို ပြီးပြည့်စုံလှသည်။

အတင်းအဓမ္မထိမ်းမြားခြင်းသည်ပင် သူ့အတွက်အရေးမကြီးတော့သကဲ့သို့ ဖြစ်နေသည်။ နည်းနည်းလေးဟန်ဆောင်ပြလိုက်ရုံနှင့် ပြဿနာအားလုံးကိုဖြေရှင်းနိုင်ပေသည်။

ထို့ကြောင့် နန်ယု “သူမ” ဘာလို့ ဒီလိုပြန်လည်စတင်ဖို့အခွင့်အ ရေးကို လက်လွှတ်လိုက်လဲဆိုသည်ကိုနားမလည်နိုင်ပေ။

ဟုတ်သည်။ နန်ယုသည် “မူလနန်ယု” နှင့် တွေ့ဆုံခဲ့သည်။

ထိုပိန်ချုံးနေသော နန်ယု၊ သူ့ ဆံပင်များမှာ ဖြူရော်နေကာ ကြောက်လန့်နေသည့်ပုံပေါက်နေသည်။ သူမသည် ဤဝတ္ထု၏ ဇာတ်လမ်းတစ်ခုလုံးအားဖြတ်သန်းခဲ့ပြီး နောက်ဆုံးတွင် ညစ် ပတ်ပြီး အနံ့အသက်ဆိုးသောရေမြောင်းထဲ သေဆုံးသွားသော နန်ယုပင်။

ဒါ အင်မတန်မှကြီးမားတဲ့ ထိတ်လန့်စရာဖြစ်နေပုံရသည်။ နန်ယု တစ်ချိန်လုံး “မဟုတ်ဘူး၊ ဒီလိုအရာမျိုးကို ထပ်ပြီးမဖြတ် သန်းချင်ဘူး!” ဟူ၍ တတွတ်တွတ်ရွတ်ကာ အတွေးများထဲမှာ နစ်မြောနေခဲ့သည်။

သူ ပြန်လည်မွေးဖွားခြင်းမျိုးမလိုလားသလို ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ဘဝမျိုးကို ထပ်ပြီးမခံစားချင်ပေ။

ထို့ကြောင့် သူမ ဆန္ဒမှာ ပြင်းပြလွန်း၍ဖြစ်နိုင်ပြီး နန်ယုသည် သူမနှင့် နာမည်တူဖြစ်သူ နန်ယုဖြစ်လာခဲ့သည်။

ဒါကြောင့်မို့လို့ သူမ၏ဆန္ဒ အရမ်းပြင်းပြနေခဲ့ပုံရသည်။

နန်ယုမှာ သူမနှင့် နာမည်တူသည့် “နန်ယု” ဖြစ်လာခဲ့သည်။

တက္ကသိုလ်တုန်းက နန်ယုသည် အခြားမိန်းကလေးများကဲ့သို့ပင် ဝတ္ထုနှင့် anime များကိုနှစ်သက်ခဲ့ပြီး cosplay ဝတ်စုံများ ဝတ်ကာ ကာတွန်းပြပွဲများကိုပင်တက်ရောက်ခဲ့သေးသည်။

"You Are My Light" ဝတ္ထုသည် ဝတ္ထုများထဲတွင် ထူးထူးခြားခြားမကောင်းမွန်လှသလို ဇာတ်လမ်းမှာလည်း အတော်လေး ခေတ်ဟောင်းဆန်သည်။ သူ ထိုဝတ္ထုထဲမှ ရက်စက်ကြမ်း ကြုတ်သည့် မိထွေးနှင့် နာမည်တူနေသဖြင့်ဖတ်မိပြီး မှတ်ချက်လေးပင်ပေးခဲ့သေးသည်။

စာဖတ်သူများစွာက သူမအား စာအုပ်တစ်ခုလုံးကိုရွတ်ပြရန် ပြောခဲ့သော်လည်း နန်ယု ရယ်ပြပြီး ပေါ့ပေါ့ပါးပါးနေခဲ့သည်။

ကံအကြောင်းမလှချက်များ... ခွီး!

ထို့ကြောင့် အခုအချိန် သူ့မှတ်ဉာဏ်များမှာ ပြန်လည်မွေးဖွားလာသည့် “နန်ယု” ၏မှတ်ဉာဏ်များသာ။

ဤရက်များတွင် နန်ယုသည် အားလပ်ချိန်တိုင်း "နန်ယု" ၏ မှတ်ဉာဏ်များကို ပြန်ပြီးစဉ်းစားလေ့ရှိသည်။ သူ့ ကိုယ်ပိုင်ရှုထောင့်နှင့် တတိယလူ၏ရှုထောင့်နှစ်မျိုးစလုံးကိုတစ်ပြိုင် နက်တည်းအသုံးပြုကာ ချမ်းသာသော အမျိုးသမီးတစ်ဦးအနေဖြင့် သူ၏ပျော်ရွှင်သောဘဝကို အနှောင့်အယှက်ဖြစ်စေမည့် အသေးစိတ်အချက်အလက်တစ်ခုမျှပင် မကျန်အောင် သေချာဂရုစိုက်သည်။

ဝူကျန့်ဝေမှာ သူမ ကိုင်တွယ်ဖြေရှင်းရမည့် ပထမဆုံးအရာဖြစ်သည်။

ဇာတ်လမ်းကို စိတ်ထဲမှာတစ်ခေါက်ပြန်ပြီး အပြီးသတ်စဉ်းစားပြီးနောက်မှာ နန်ယု အချိန်နီးလာပြီဖြစ်လို့နောက်ထပ်မိနစ်နှစ်ဆယ်ခန့် လေ့ကျင့်ခန်းတွေလုပ်ပြီးမှ အခန်းထဲပြန်ကာသေချာရေချိုးလိုက်သည်။ ရေချိုးပြီးနောက်မှာတော့ လန်းဆန်းသွားသည်။

ထိုအချိန်တွင် စားပွဲပေါ်ရှိ သူမဖုန်း တုန်ခါလာသည်။ နန်ယု ဖုန်းအား ကောက်ကြည့်လိုက်တော့ သူမ "အခင်ဆုံးသူငယ် ချင်းများ" က နောက်နေ့စျေးထွက်ဖို့ ဖိတ်ခေါ်ထားတာကိုတွေ့လိုက်ရသည်။

နန်ယုမိသားစုမှာ သူမမွေးဖွားလာချိန်မှစ၍ ကြွယ်ဝချမ်းသာခဲ့သောကြောင့် သူ့ အထက်တန်းလွှာဘဝ၏ချိုမြိန်မှုများအား ခံစားရင်းကြီးပြင်းလာခဲ့သည်။

မိဘများနှင့် အစ်ကိုဖြစ်သူမှ အလိုလိုက်ခဲ့သောကြောင့် ဒီမိန်း မငယ်ထံ လူမှုဆက်ဆံရေးတွေကလွဲလို့ အခက်အခဲဆိုတာမျိုးသိပ်မရှိခဲ့ပေ။

သူ သွားလေရာရာတွင် ချီးမြှောက်ခံရပြီး သူမ၏အချစ်ဆုံးသူငယ်ချင်းများမှာ သူမအား အခြားအရာများထက်ပိုမိုဦးစား ပေးကြသည်။ သို့သော် ထိုသို့သော တစ်ဖက်သတ်မြှောက်ပင့်မှုများဖြင့် တည်ဆောက်ထားသော သူငယ်ချင်းသံယောဇဉ်မှာ သဲဖြင့်ပြုလုပ်ထားသော ရဲတိုက်များကဲ့သို့ပင်။ လေတစ်ချက်တိုက်လိုက်သည်နှင့် ပြိုကျသွားနိုင်သည်။

"နန်နန်ပုနန်- မလာတော့ဘူး"

သူတို့နှင့်အတူစျေးထွက်တာက ဘာအကျိုးရှိမှာလဲ ? ၎င်းတို့မှာ နန်ကျီအကြောင်းအား သွယ်ဝိုက်မေးမြန်းနေကြပြီး နန်ယုမရီးဖြစ်လာရန် အိပ်မက်မက်နေကြသည်။

ထို့အပြင် ၎င်းတို့သည် အမြဲတမ်း နန်ယုအား ပိုက်ဆံရှင်းခိုင်းဖို့ တွန်းအားပေးကြသည်။ အဆုံးတွင် နန်ယု၏ကန့်သတ်မဲ့သော black card နှင့်နှိုင်းယှဉ်ပါက သူတို့နှစ်ဦးစလုံးထံအိတ်ဆောင်ပိုက်ဆံအများကြီးမရှိပေ။ ၎င်းတို့လည်း ဒေါ်လာသိန်းပေါင်းများစွာတန်ဖိုးရှိသော ဝတ်စုံတစ်ထည်အားဝယ်နိုင်သည်မှာ သေချာသည်။ သို့သော် နန်ယုသာပေးချေလိုပါက အခြားအရာများအတွက် ငွေချွေတာနိုင်သည် မဟုတ်ပါလား။

နန်ယုအတွက် ထိုငွေလေးမှာ မပြောပလောက်ပေ။

"ကျောက်ကျောက်ပုကျောက်: ယွမ်ယွမ် သဘက်ခါကော အဆင်ပြေလား၊ PAG မှာ ပစ္စည်းအသစ်တွေထွက်ပြီလေ၊ နင် သူတို့အိတ်တွေကို သဘောကျတယ်လို့ပြောဖူးတယ် မဟုတ်လား"

"ဝေဝေပုဝေ: ဟုတ်တယ်၊ ယွမ်ယွမ်၊ ငါတို့ ဈေးအတူမဝယ်ဖြစ်တာကြာပြီ၊ အိမ်ထောင်ကျတာနဲ့ နင်ရဲ့ ညီအစ်မတွေကိုမေ့လို့မရဘူးလေ၊ Smirk.JPG"

နန်ယုအပါအဝင် အဖွဲ့ထဲတွင် လူသုံးယောက်သာရှိပြီး သူတို့၏ နာမည်များကိုကြည့်ခြင်းအားဖြင့် အမှန်ပင်ရင်းနှီးသောသူငယ် ချင်းများဖြစ်ပုံရသည်။

သူတို့သုံးဦးသည် ဆယ်စုနှစ်နီးပါးရင်းနှီးခဲ့ကြပြီး ကျောင်းနေ ဖက်ဘဝကတည်းက စတင်ခဲ့သော သူတို့၏သူငယ်ချင်းသံယောဇဉ်မှာ နန်ယုနှလုံးသားထဲတွင် အတော်လေးအရေးပါသောကြောင့် သူမ ထိုအတွက်ငွေကုန်ခံလိုခဲ့သည်။

သေးသေးမွှားမွှားအရာတွေကို မရေတွက်ဘဲ နန်ယု အကြမ်း ဖျင်းပြန်တွေးလိုက်ရာ ထိုနှစ်ဦးအား သူ ပေးခဲ့သောလက် ဆောင်များ၏စုစုပေါင်းတန်ဖိုးမှာ ယွမ်ဆယ်သန်းကျော်ရှိကြောင်းတွေ့ရှိရသည်။

ရေတွက်ကြည့်လိုက်တော့ အမှန်ပင်အံ့ဩစရာကောင်းသည်။

သို့သော် သူတို့ ဘာတွေပြန်ပေးခဲ့ကြလဲ။

လက်ဖြင့်ပြုလုပ်ထားသော လက်ကောက်များ ?

ခရီးသွားရာမှယူဆောင်လာသော စာအုပ်ညှပ်များနှင့် အမှတ် တရလက်ဆောင်ပစ္စည်းများ ?

ပြီးတော့ စေတနာကိုဖော်ညွှန်းသည့် အမျိုးမျိုးသော “လက် ဆောင်သေးသေးလေး၊ အတွေးအခေါ်ကြီးကြီး” ကဲ့သို့သောအရာများဟာ။ တန်ဖိုးမှာ အရေးမကြီးဘဲ စိတ်ကသာအရေး ကြီးသည်ဆိုသော်လည်း ထိုအမျိုးသမီးများမှာဒေါ်လာသောင်း ဂဏန်း သို့မဟုတ်

သန်းပေါင်းများစွာတန်ဖိုးရှိသောလက် ဆောင်များကို လက်ခံစဉ်တွင် စေတနာသည်သာအရေးကြီးသည်ဟု ဆိုကြသည်။

Lol ! ထိုနှစ်ယောက်မှာ ပိရမစ်လုပ်ငန်းလုပ်သည့်သူများထက် ပိုပြီးဦးနှောက်ဆေးကြောရာတွင် တော်ကြသည်။

ယွမ်သန်းဆယ်ဂဏန်းမှာ နန်ယုအတွက် အများကြီးမဟုတ်ပေ။ ဒါပေမဲ့ ဘာလို့ သူက သူတို့ကို ပိုက်ဆံပေးရမှာလဲ ??

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment