no

Font
Theme

🌷 Chapter 17

မူရင်းဝတ္ထုတွင် ဤလူမှာ ရှေးရိုးစွဲဖြစ်ပြီး စည်းကမ်းလိုက်နာကာ အမျိုးသမီးများကို အထင်သေးသော်လည်း ဖေးမိသားစု ၏အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာအတွက် အရာအားလုံးကို စွန့်လွှတ်နိုင်လောက်အောင် အလွန်သစ္စာရှိသည်။

နန်ယု၏ ယခင်အခက်အခဲများနှင့် ဖေးမိသားစုမှ ပြောင်းရွှေ့ထွက်ခွာခြင်းတို့သည် ဖေးရှင်းလင်၏အောက်ခြေစည်းကို မထိခဲ့ပေ။ ယင်းမှအပ အနာဂတ်တွင် သူတို့နှစ်ဦးကြားပဋိပက္ခများ ရှိလာမည်ဟု သူ မထင်ပေ။

ကွာရှင်းတာအတွက်လား ??

ကွာရှင်းပြီးနောက် နန်ယုနှင့် ဖေးမိသားစုတို့သည် ပိုလို့ပင် အဆက်အသွယ်နည်းသွားမည်ဖြစ်သည်။

“ဒါဆို ဒီနေ့ ဘာကိစ္စကြောင့် လာခဲ့တာလဲ”

နန်ယု သူတို့နှင့်စကားအချေအတင်ပြောနေရတာ ပျင်းတာကြောင့် အဓိကအချက်အား တိုက်ရိုက်မေးလိုက်သည်။

ရိုးရိုးရှင်းရှင်း လည်ပတ်တာလောက်နှင့် စုံစမ်းတာမျိုးပဲဆိုပါက လူတွေအများကြီးစေလွှတ်စရာအကြောင်းမရှိပေ။ သူ အစကတော့ ဖေးမိသားစုသို့ပြန်လာရန် တိုက်တွန်းဖို့လာသည်ဟု ထင်ခဲ့သည်။ ဒါပေမဲ့ အခုကြည့်ရတာ… တစ်ခုခုတော့ ရှိကိုရှိရမည်။

ဒါမှမဟုတ် သူ သဘောတူရမယ့် တစ်ခုခုပေါ့။

“မဒမ်ဖေး”

ဖေးရှင်းလင် သူ့ခေါင်းအား ဘယ်ဘက်သို့ အနည်းငယ်လှည့်လိုက်သည်။ ထိုအခါ သူ့ဘေးမှသူက ဖိတ်ကြားလွှာကဲ့သို့သော အရာတစ်ခုကို သူ့အားပေးလိုက်သည်။

ဖိတ်စာကို လက်ခံရရှိပြီးနောက် ဖေးရှင်းလင် နန်ယုအားပေး လိုက်သည်။

“လာမယ့်စနေနေ့က ပေထန်မိသားစုက အဖိုးကြီးရဲ့အသက်ရှစ်ဆယ်ပြည့်မွေးနေ့ပွဲပဲ၊ ကျွန်တော်တို့ ဖေးမိသားစုကမဖြစ်မနေတက်ရောက်ရမယ်”

“အိမ်တော်သခင်မလာနိုင်တဲ့အတွက် မဒမ်ဖေးက ဖေးမိသားစုကိုယ်စားပြုပြီး တက်ရောက်ပေးဖို့လိုအပ်ပါတယ်"

ဖေးယီကျန့်၏တရားဝင်ဇနီးနှင့် နန်မိသားစု၏သမီးဖြစ်သော နန်ယုသည် ဖေးယီကျန့် မရှိချိန်တွင် အသင့်တော်ဆုံးရွေးချယ်မှုပင်။

သို့ပေမဲ့ သူမ၏ယခင်အမူအကျင့်များကြောင့် မဒမ်ဖေးမှာ စိတ်လိုက်မာန်ပါဖြစ်ပြီး အနိုင်ကျင့်ရန်ခက်ခဲကြောင်း ဖေးမိသားစုအား သိရှိစေသည်။

သူတို့သည် ခင်ပွန်းမပါဘဲ ပွဲသို့တစ်ယောက်တည်း တက်ရောက်ရသည့်အတွက် ရှက်ရွံ့ပြီး သွားရန်ငြင်းဆန်မည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် လူများစွာကို ပို့ခဲ့ခြင်းဖြစ်သည်။ အရေးအကြီးဆုံးမှာ...

“ဖေးယွင်ကျင်းကို ခေါ်လာရမှာလား”

နန်ယု ဖိတ်စာအားဖွင့်ကြည့်လိုက်သည်။ စကားလုံးများမှာ တိုက်ရိုက်တော့မကျပေမဲ့ အဓိပ္ပာယ်ကတော့ ရှင်းသည်။

ဒါကြောင့် ဖေးရှင်းလင်လာတာ အံ့ဩစရာမရှိတော့ပေ။ သူမ ခင်ပွန်းမပါဘဲ လင်ပါသားအားခေါ်လာရခြင်းအတွက် အလွန်နစ်နာသည်ဟု ခံစားရသည်။

ဒီအသိုင်းအဝိုင်းတွင် ကောလဟာလတွေအများကြီးရှိတာကြောင့် နန်ယု ထိုကဲ့သို့ပုံစံနှင့် ပေါ်လာပါက သူမ နောက်ကွယ်တွင် ဘာပြောမည်ကိုသိသည်။

အမြဲတမ်း အလိုလိုက်ခံခဲ့ရသော နန်သခင်မလေးမှာ ထိုအခြေ အနေအား ဘယ်လိုသည်းခံနိုင်မှာလဲ။

နန်ယု၏မှတ်ဉာဏ်ထဲတွင် သူမနှင့် ဖေးယွင်ကျင်းတို့သည် ထိုပွဲသို့ မသွားခဲ့ကြပေ။ သူမ ဖျားနေ၍ မထနိုင်ခဲ့သောကြောင့် ဖြစ်ပြီး ဖေးယွင်ကျင်းကိုမူ ပေထန်မိသားစုမှ ဖိတ်ကြားခြင်းမရှိခဲ့သောကြောင့်ဖြစ်သည်။

သူ့ အရင်ဘဝမှာဘာမှမဖိတ်ခဲ့ရင် ဘာလို့ဒီဘဝမှာအရာရာ ပြောင်းလဲသွားတာလဲ။

သူမ ဖေးယွင်ကျင်းနဲ့အတူတူ ထွက်လာတာကြောင့်ပဲလား ?

ကိစ္စမှာ သေးငယ်ပြီး သူမကိုယ်တိုင် ပါဝင်ခဲ့ခြင်းမရှိသည့်အ တွက် နန်ယု ၎င်းအားဂရုမစိုက်ခဲ့ပေ။ ယခု အခြေအနေက မတူညီတော့ချေ။ သူမ ပွဲတစ်ခုအတွက်နှင့် မိမိကိုယ်ကိုယ် တမင်တကာ ဖျားအောင်လုပ်၍မရတော့ပေ။

သို့သော် ရိုးရိုးလေး သဘောတူလိုက်ရုံနှင့်လည်း မပြီးနိုင်ပေ။

နန်ယု သူမ “နစ်နာမှုများ” အား သည်းခံမည့်သူမျိုးမဟုတ်ပေ။

“ဟုတ်တယ်၊ ပေထန်မိသားစုက သခင်လေးယွင်ကျင်းကို ဒီလောက်နှစ်တွေအများကြီးလျစ်လျူရှုထားပြီး ရုတ်တရက်ပေါ်လာတာ တစ်ခုခုတော့ရှိမှာပဲ”

ဖေးရှင်းလင် နန်ယု၏မကျေနပ်မှုအား မြင်လိုက်သောအခါ ၎င်းမှာ သူမျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်ဟု တွေးလိုက်သည်။

“အိမ်တော်သခင်သာတကယ်အားရင် သခင်မလေးကို စိတ်အနှောင့်အယှက်ပေးမှာ မဟုတ်ပါဘူး”

သူ ထိုကိစ္စအား စီးပွားရေးကိစ္စအဖြစ် ပြောင်းလဲပြောဆိုရန် ကြိုးစားခဲ့ပြီး ဖေးယီကျန့်ကိုပင် ဆွဲထည့်ကာ နန်ယု အခြေအ နေတစ်ခုလုံးကို ထည့်သွင်းစဉ်းစားရန်မျှော်လင့်ခဲ့သည်။

ဒါ့အပြင် သူတို့၏သခင်မမှာ အိမ်တော်သခင်အား တကယ်ပင်ချစ်မြတ်နိုးပြီး မိန်းကလေးငယ်များမှာအချစ်အတွက် ပိုမိုပေး ဆပ်လေ့ရှိသည်။

ဖေးရှင်းလင် ထိုစကားကိုပြောလိုက်ချိန်တွင် သူ့ဘေးတွင်ရပ် နေသည့် ဖေးယွင်ကျင်းအားရှောင်လွှဲခြင်းမရှိခဲ့ပေ။ ပထမအချက်မှာ သူတို့ ပေါ်လာကတည်းက ကလေးမှာခေါင်းငုံ့ထားပြီး စိတ်ကျန်းမာရေးမကောင်းသကဲ့သို့ ဖြစ်နေသည်။ ထို့ပြင် ဖေးယွင်ကျင်းမှာ ဥာဏ်ရည်သိပ်မကောင်းပုံရသည်။

ဒုတိယအချက်အနေမှာ အသက်လေးနှစ်အရွယ်ကလေးက ဘာတွေသိမှာတုန်း။

ဖေးယွင်ကျင်း တစ်မှတစ်ရာအထိပင် ရေတွက်တတ်မည် မဟုတ်ပေ။ သူ၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် သူ့တွင် ပရော်ဖက်ရှင်နယ် ကလေးထိန်းဆရာမလည်း မရှိသလို ကိုယ် တိုင် သင်ယူနိုင်သည့် အခြေအနေလည်းမရှိပေ။

ဖေးရှင်းလင် စိတ်ထဲတွင် ဖေးယွင်ကျင်းအားအမွေဆက်ခံသူစာရင်းမှ ဖယ်ထုတ်ပြီးဖြစ်သည်ဟုဆိုနိုင်သည်။ သူ နာခံပြီး ပြဿနာမရှာသရွေ့ အဆင်ပြေသည်။

ထို့ကြောင့် သူသည် ဖေးယွင်ကျင်း ဒူးပေါ်တွင် အနည်းငယ် ဆုပ်ထားသည့်လက်များနှင့် ဖြူဖျော့သွားအောင်ကိုက်ထားသည့် နှုတ်ခမ်းများကိုမူသတိမထားမိခဲ့ပေ။ သတိထားမိခဲ့လျှင်တောင် ဂရုစိုက်မည်မဟုတ်ချေ။

“တကယ်လား၊ တကယ်ဒီလိုကိစ္စမျိုးရှိတယ်ပေါ့၊ဘယ်လောက် တောင် ရှက်စရာကောင်းလိုက်လဲ! ဘယ်သာမန်လူမှ အဲ့လိုလုပ်မှာ မဟုတ်ဘူး!”

“ဘယ်သူက မဟုတ်ဘူးပြောလို့လဲ၊ မဟုတ်ရင် သခင်လေးယွင်ကျင်းကို ကြည့်ဦး၊ သူက…”

“အား၊ ဒါကြောင့်ပဲ လူတွေက ရောင့်ရဲတတ်ဖို့လိုတယ်၊ မင်း မလိုချင်သင့်တဲ့အရာတွေကို တပ်မက်နေတာက ဒီလိုကံကြမ္မာမျိုးဖြစ်လာလိမ့်မယ်”

အိမ်ဖော်များ၏နောက်ကွယ်မှ စကားများအားကောင်းမွန်သော မှတ်ဉာဏ်ကြောင့် သူ မှတ်မိနေဆဲဖြစ်သည်။

သူတို့သည် သူ့အား မရိုးသားသည့်နည်းလမ်းဖြင့် မွေးဖွားခဲ့ပြီး သေဆုံးသွားခဲ့သည့် သူ့မိခင်အကြောင်းပြောနေသည်အား သူ သိသည်။

ငယ်ရွယ်သည့် အရွယ်တွင်ပင် ဖေးယွင်ကျင်းသေဆုံးခြင်း၏ အဓိပ္ပာယ်အား နားလည်ပြီးသားဖြစ်သည်။

လူတစ်ယောက်သေသွားပြီဆိုရင် သူတို့ဘယ်တော့မှပြန်လာမှာမဟုတ်တော့ဘူး။

အများအားဖြင့် သူ့လည်ပင်းအား ညှစ်နေချိန်၊ ဒါမှမဟုတ် အငတ်ခံနေရချိန်တွေမှာ ဖေးယွင်ကျင်း စိတ်ကူးနေတတ် သည်။ သူ့အမေသာ အသက်ရှင်နေသေးရင် သူ့ကိုကာကွယ်ပေးမှာလား။ သူ့အတွက် အရသာရှိတဲ့ အစားအစာတွေ လုပ်ပေးမှာလား ?

သူမ သူ့ခေါင်းအားပြုံးပြီး ထိကာ—ယွင်ကျင်းက တော်တယ်၊ အမေက ယွင်ကျင်းကို အချစ်ဆုံးပဲလို့ ပြောပေးမှာလား ?

မဖြစ်နိုင်ဘူးဆိုတာ သူသိသည်။ ဒါပေမဲ့ အနည်းဆုံးတော့ သူ့အား ပိုကောင်းသည်ဟု ခံစားရစေသည်။

ဖေးယွင်ကျင်း သူမ၏နာမည်မှာ… ပေထန်ကဟုမှတ်မိနေ သည်။

နန်ယုလက်ဖဝါး၏နွေးထွေးမှုက သူ့ခေါင်းပေါ်မှာ ဆက်ရှိနေသလိုခံစားရသည်။ ဖေးယွင်ကျင်း အံကြိတ်ထားသည့်သွားများကိုဖြေလိုက်သည်။

အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်။

ရှောင်ကျင်းက အရမ်းလိမ္မာနေခဲ့တာ၊ သူ့ကို ပြန်မပို့တော့ဘူး… ဟုတ်တယ်မလား ?

“ဟုတ်တယ်၊ ယီကျန့်က တကယ်အလုပ်များတာ”

သူမ မျက်တောင်ရှည်များ အနည်းငယ် လှုပ်ခတ်သွားပြီး

မကျေနပ်မှုများ အပြည့်ပါရှိသည်။

“ကျမ ပြောင်းလာတာ နှစ်လနီးပါးရှိပြီ၊ သူ တစ်ခါမှဖုန်းမခေါ်သေးဘူး”

“ဟမ့်၊ သူ ငါ့ကို ဖုန်းမခေါ်ရင် ငါလည်း သူ့ကိုပြန်ခေါ်မှာမဟုတ်ဘူး!”

ဖေးရှင်းလင်- “… သခင်မလေး၊ ကျေးဇူးပြုပြီး အိမ်တော်သခင်ကို နည်းနည်းလေးစာနာပေးပါဦး”

သူ ထိုလင်မယား၏ ကိုယ်ရေးကိုယ်တာကိစ္စများအား ဘယ် တုန်းကမှ ဂရုမစိုက်ခဲ့ပေ။ သို့သော် နန်ယု အလွန်လှပသော ကြောင့် ဖေးယီကျန့် အနည်းငယ် ကွဲပြားလိမ့်မည်ဟု အမြဲ တမ်းယူဆထားခဲ့သည်။

ယောကျ်ားတွေက အသွင်အပြင်ကို အဓိကထားကြတာပဲလေ။

မမျှော်လင့်ဘဲ...

ဖေးယီကျန့်အကြောင်းတွေးလိုက်တော့ ဖေးရှင်းလင် အိမ်တော်သခင်က ကမ္ဘာကြီးအားသိမြင်သွားပြီဆိုပြီး ဘုန်းကြီးဝတ်တော့မည်ဟု ရုတ်တရက်ပြောလာမည်ကိုတကယ်ကြောက်နေသည်။

“စာနာပေးရမယ်၊ ငါက သူ့အတွက် လုံလောက်အောင်စာနာမှု မရှိသေးဘူးလား”

နန်ယု ပို မကျေနပ်ဖြစ်သွားသည်။ ဒီလူအိုကြီးက စကားကြီး၊စကားကျယ်တွေပဲပြောတတ်ပြီး ရလဒ်တိတိကျကျ မရှိဘဲ သူ့ကို လုပ်ခိုင်းနေတာပဲ။

သူက တကယ်ကို ပရော်ဖက်ရှင်နယ် အဆင့် ၁၀ “လေပေါ်မှာအိမ်ဆောက်” အထူးကျွမ်းကျင်သူပဲ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment