no

Font
Theme

🌷 Chapter 39

မရေမတွက်နိုင်သော မယ်လိုဒရာမာဝတ္ထုများဖတ်ထားပြီးမရေမတွက်နိုင်သည့် တီဗီဒရာမာများအားကြည့်ထားသည့် နန်ယု၌ ရုတ်တရက် အတွေးတစ်ခုရလာသည်။

သူမ ညာဘက်လက်အားမြှောက်လိုက်ပြီး ကျိန်ဆိုကာပြောလိုက်သည်။

"ဟုတ်တယ်၊ သူက ကျွန်မရဲ့တစ်ဦးတည်းသော မွေးချင်းအစ် ကိုအရင်းပါ"

နန်ကျီသည်လည်း ဤအချိန်၌ တစ်ခုခုမှားနေသည်ကို ခံစားလိုက်မိသည်။

"နင်နင်၊ မင်း... တစ်ခုခု နားလည်မှုလွဲနေတာလား"

"ယုယုက ငါ့ရဲ့ ညီမအရင်းပါ! သူက၊ သူက... မင်းကြည့်လိုက်ဦး၊ ငါနဲ့ အရမ်းတူနေတာ မင်း မမြင်ဘူးလား"

အန်းနင် မျက်လုံးများ ရုတ်တရက်နီရဲလာသည်။

"ကျွန်မ... ကျွန်မ ထင်ခဲ့တာ၊ အဲဒီတုန်းက လူတိုင်းက ရှင့်ကို လိုက်ဖက်တဲ့ အမျိုးသမီးငယ်တစ်ဦးနဲ့ စေ့စပ်ပေးတော့မယ်လို့ ပြောကြတယ်၊ ကျွန်မလည်း ရှင်တို့ကိုမြင်ခဲ့ဖူးတယ်၊ ရှင် သူ့ကို ကျောပေါ်ထမ်းထားတာ၊ ရှင်တို့နှစ်ဦးက တကယ်လိုက်ဖက်လွန်းလို့ ကျွန်မ..."

ကဲ၊ အမှန်တရားက ပေါ်လာပါပြီ။

နန်ယု သူ့ နဖူးကိုအား ကိုင်မိမလို ဖြစ်သွားသည်။

ဤဒုတိယအမျိုးသားဇာတ်ဆောင်မှာ အလွန်ပင် ပေါ့ပေါ့တန် တန် တွေးတောတတ်သူဖြစ်နေသည်။

အခြေအနေမှာ အခြားဝတ္ထုများထဲမှ ဂန္တဝင်နားလည်မှုလွဲမှားမှု နှင့်ထွက်ပြေးရသည့် ပုံစံမျိုးမဟုတ်ပါလား ?

အန်းနင် ဇာတ်လိုက်မ မဟုတ်သည်မှာတော့ ဝမ်းနည်းစရာကောင်းလှသည်။ ထို့ကြောင့် နိဂုံးချုပ်သည်လည်း သေချာ ပေါက်မကောင်းနိုင်ပေ။

နန်ယု ကိုယ်တိုင်သာ ဤနေရာ၌ မရှိခဲ့လျှင် ဤနားလည်မှုလွဲ မှားမှုအား တကယ်မဖြေရှင်းနိုင်တော့ပေ။

ဆယ်မိနစ်ခန့်ကြာပြီးနောက် အစည်းအဝေးခန်း၏တံခါးမှာ ဖွင့်သွားခဲ့သည်။

နန်ကျီ ခေါင်းငုံ့နေသော အန်းနင်အားခေါ်ကာ ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။ ဘာပဲဖြစ်ဖြစ် ဒီနေရာက ဝူကျန့်ဝေ့ရဲ့ ရုံးခွဲမှအစည်းအဝေးခန်းဖြစ်နေတာကြောင့် သူတို့သုံးဦး အချိန်ကြာကြီးနေဖို့ရာမသင့်တော်ပေ။ သူ သူ့လက်ထောက်အား ဟိုတယ်တစ်ခု ကြိုတင်စာရင်းသွင်းခိုင်းထားပြီး ကားလည်း အောက်ထပ်မှာ စောင့်နေပြီဖြစ်သည်။

နန်ယုတော့ တစ်လှမ်းနှေးသွားသည်။ သူမ သတင်းကြား၍ ရောက်လာသော ဝူကျန့်ဝေ့အားပြုံးပြီး ပြောလိုက်သည်။

“မစ္စတာဝူ၊ ဒီတစ်ခါ ရှင့်ကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်”

ဝူကျန့်ဝေ့ ချက်ချင်း ခေါင်းခါလိုက်သည်။

“ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး၊ မစ္စဖေးနဲ့ မစ္စတာနန်တို့ ဘာအ ကူအညီများ လိုအပ်သေးလဲ၊ တစ်ခွန်းသာပြောလိုက်ပါ”

နန်မိသားစုနှင့် ရင်းနှီးဖို့ ဒီအခွင့်အရေးကိုသာ အသုံးချနိုင်ခဲ့လျှင် ဝူကျန့်ဝေ့ ရုံးခွဲကိုပင် နန်ယုအားပေးလိမ့်မည်။ စီးပွားရေးလုပ်ငန်း၌ ရေရှည်အမြင်ရှိရမည်ဆိုသည်မှာ သေချာသည်။

"ဘာမှမဖြစ်ပါဘူး၊ ဒီဝန်ထမ်းက ရက်အနည်းငယ်ကြာအနားဖို့ လိုအပ်နိုင်တယ်၊ မစ္စတာဝူ၊ ဒီစီမံကိန်းကို ရှင် ကိုင်တွယ်လိုက် ပါ၊ ကျွန်မ မစ္စတာဝူရဲ့အမြင်ကို ယုံကြည်ပါတယ်၊ ငွေကြေးကိစ္စတစ်စုံတစ်ရာရှိရင် ကျွန်မရဲ့လက်ထောက်လျိုကိုဆက်သွယ်နိုင်ပါတယ်"

သူ့ချစ်ရသူအား နောက်ဆုံးတော့ တွေ့ပြီဟုယုံကြည်နေသည့် နန်ကျီမှာ ဤစီမံကိန်း၌ရင်းနှီးမြှုပ်နှံရသည့်အတွက် ပျော်ရွှင်နေသည်။

ဝူကျန့်ဝေ့နှင့် တရားဝင်စကားအနည်းငယ်ပြောပြီးနောက် နန်ယုနှင့် အခြားနှစ်ဦးသား ထွက်ခွာသွားကြသည်။

သူတို့နောက်မှ စကားပြောဆိုသံများမှာမူ ဂရုစိုက်စရာမလိုပေ။ သို့သော်လည်း ဝူကျန့်ဝေ့ သူ့ဝန်ထမ်းများအား တောင်းဆိုမှုမရှိဘဲ သူတို့၏စကားပြောဆိုမှုအား ပြင်ပသို့မပေါက်ကြားရန်ညွှန်ကြားခဲ့သည်။ ကောလာဟလများမပြန့်ပွားစေရန်၊ ဖမ်းမိသည့်သူ မည်သူမဆို ယွမ် ၅၀၀ ဒဏ်ရိုက်ခဲ့သည်။

အဆောက်အဦးမှထွက်ခွာပြီးနောက် နန်ယု နန်ကျီနှင့် အခြားသူများနှင့်အတူ ဟိုတယ်သို့ပြန်မလာခဲ့ပေ။

ယခုကဲ့သို့ အချိန်၌ နန်ကျီ ကိစ္စများအား မကိုင်တွယ်နိုင်သေးလျှင် သူမ နောက်ပိုင်း ဆင်းရဲမသွားစေရန် ယခုကတည်းက ပိုက်ဆံစတင်စုဆောင်းရန်ဆုံးဖြတ်ခဲ့သည်။

နန်ယု နာမည်ကောင်းရှိသော သီးသန့်စားသောက်ဆိုင်တစ်ခုအားရှာဖွေပြီး သီးသန့်ခန်းတစ်ခန်း ဘွတ်ကင်လုပ်ကာတစ် ယောက်တည်း စားသောက်ခြင်းကိုစတင်ခံစားခဲ့သည်။

သေချာသည်မှာ သူ တစ်ယောက်တည်း မဟုတ်ပေ။

ဖုန်းတစ်ဖက်ခြမ်းမှာတော့ ဖေးယွင်ကျင်း သူမအားတောက်ပသည့်အပြုံးနှင့် ကြည့်နေသည်။

"အန်တီ၊ မနက်ဖြန် ပြန်လာနိုင်မှာလား ?"

"မသေချာဘူး၊ ရှောင်ပိုင်ရဲ့မွေးနေ့မတိုင်ခင်တော့ ပြန်လာဖို့ ကြိုးစားပါ့မယ်"

"သေချာလား! ရှောင်ပိုင် ကျွန်တော့်ကို အကြိမ်ပေါင်းများစွာ မေးနေတာ!"

"အင်း၊ သေချာပါတယ်!"

မိနစ် ၂၀ ခန့် ပြောဆိုပြီးနောက် နန်ယု ဖုန်းချလိုက်သည်။ ထို့ နောက် သူ့ဖုန်းပေါ်ရှိ နန်ကျီ၏စာတစ်စောင်အား မြင်လိုက်ရသည်။

"ဟေး၊ ငါ သားရတော့မယ် ထင်တယ်!"

နန်ယု စကားပင်မပြောနိုင်တော့ဘဲ၊ လက်တစ်ဖက်ဖြင့် ပေါ့ပေါ့ တန်တန် စာတစ်စောင်အားပြန်ပို့လိုက်သည်။

"အိုး၊ ဂုဏ်ယူပါတယ်နော်"

နန်ယု အန်းရီရန်နှင့် တစ်ခါမှ မျက်နှာချင်းဆိုင် မတွေ့ဖူးပေမဲ့ မူရင်းဝတ္ထုနှင့် သူမမှတ်ဉာဏ်များအရ သူသည် လက်စားချေတတ်သော ကလေးတစ်ယောက်ဖြစ်သည်ကိုသိသည်။ နန်ကျီ သူ့ အဖေဖြစ်ချင်နေတာလား ?

သူ အိပ်မက်မက်နေတာပဲ ??

ည ၈ နာရီခန့်တွင် နန်ယု ဟိုတယ်သို့ ပြန်ရောက်လာသည်။ နန်ကျီ အခန်းကျယ်ကြီးထဲ၌ သူ့မျက်လုံးများနီရဲနေပြီး ငိုထား သည်မှာသေချာသော အန်းနင်အား တွေ့လိုက်ရသည်။ နန်ကျီမှာတော့ ပျော်ရွှင်ပြီးကျေနပ်နေသော အရူးတစ်ယောက်လို ဖြစ်နေသည်။ ထို့နောက် ခြောက်နှစ်၊ ခုနစ်နှစ်ခန့်ရှိသော ကောင်လေးတစ်ယောက်မှာ နန်ကျီပုံစံ အသေးစားလေးဖြစ်နေသည်။

"ကိစ္စတွေ ဖြေရှင်းပြီးပြီလား"

နန်ယု စျေးဝယ်စင်တာမှ အခုမှဝယ်လာသောအမှတ်တရပစ္စည်းများအားချလိုက်ပြီး စပ်စုစွာ မေးလိုက်သည်။

ကလေးအားခေါ်လာပြီးပြီဆိုတော့ နားလည်မှုလွဲမှားမှုမှာပြီး ဆုံးသွားလုနီးပါးဖြစ်နေပြီဟု သူမ ယူဆလိုက်သည်။

"ဟဲဟဲ" နန်ကျီ ရယ်ပြီး ပြောလိုက်သည်။

"ဖြေရှင်းပြီးပါပြီ၊ ယုယု၊ ဒီတစ်ခါ မင်းကြောင့်ပဲ ကျေးဇူးတင်ပါတယ်ကွာ"

နန်ကျီ အဲဒီတုန်းက ဒီလောက်အထိအဖြစ်အပျက်တွေ ရှိနေမယ်လို့ လုံးဝမမျှော်လင့်ခဲ့ပေ။ နန်ယုသာ ပြတ်ပြတ်သားသား ဆောင်ရွက်ပြီး သူ့အား စာမပို့ခဲ့ရင် သူနှင့် အန်းနင်တို့ထာဝရ လွဲချော်သွားနိုင်သည်။

ဒါပေမဲ့ ယုယု သူ့ပိုက်ဆံအိတ်ထဲက ဓာတ်ပုံကိုဘယ်တုန်းက မြင်လိုက်တာလဲ ?

သူ တခြားသူများ မမြင်စေရန် အတွင်းဆုံးအကန့်ထဲ၌သေသေ ချာချာဖွက်ထားခဲ့သည်။

"ထားပါတော့၊ ဒါက အရေးမကြီးပါဘူး၊ အရေးကြီးတာက..."

နန်ကျီ အန်းနင်အား တစ်ဖန်ပြန်ကြည့်လိုက်သည်။

"လောင်ပေါ၊ ရေဆာလား ? ကိုယ် ရေတစ်ခွက် သွားယူပေးမယ်" ဟု ပြောရင်း အန်းနင်လက်ကိုပင်ကိုင်ဖို့ကြိုးစားခဲ့သည်။

"ကျွန်တော့်အမေကို မထိနဲ့!"

သူ မထိခင်မှာပင် အန်းရီရန် သူ့အား တွန်းထုတ်လိုက်သည်။ ထို့နောက် သူ အန်းနင်အား စိန်ခေါ်သည့်အမူအရာဖြင့် ပွေ့ဖက်လိုက်သည်။

"ခင်ဗျား လူဆိုးကြီး! ကျွန်တော့်အမေကို အနိုင်ကျင့်နေတာ! သူ့ကို မထိရဘူး!"

အန်းရီရန် နောက်ပိုင်းတွင်ဖြစ်ပေါ်လာမည့် နာကျင်မှုအားမခံ စားရသေးသော်လည်း သူ့အဖေအပေါ် စိတ်ထဲ အမြင်သိပ်မကောင်းခဲ့ပေ။

ဘာပဲဖြစ်ဖြစ်၊ သူ ဖခင်အကြောင်း ဖော်ပြလိုက်တိုင်း အန်းနင်မှာ ရင်ကွဲနာကျတတ်သည်။

အန်းရီရန် စိတ်ထဲမှာတော့ အမေကသာ သေချာပေါက် မှန် သည်။ ထိုလူ့အပြစ်သာ ဖြစ်ရမည်။

ထို့ကြောင့် အခုလို နန်ကျီ ရုတ်တရက်ပေါ်လာပြီး အမေ့မျက် လုံးတွေ နီရဲနေတာကို မြင်တော့ သူမ အနိုင်ကျင့်ခံရတာဖြစ်ရမည်ဟု သူ ယူဆလိုက်သည်။

သူ အခု လူကြီးတစ်ယောက်ဖြစ်လာပြီဖြစ်၍ အမေ့အား ကာကွယ်ရမည်။

အန်းနင် အန်းရီရန်အား ပွေ့ဖက်လိုက်သည်။

"ရန်ရန်၊ သူက အမေကို အနိုင်မကျင့်ပါဘူး..."

နန်ယု ဤတိုက်ရိုက်မိသားစုဒရာမာအား စိတ်မဝင်စားသည်မှာ ရှင်းနေသည်။ သူမ နန်ကျီအား သူမ ဝယ်လာသော ကိတ်မုန့်နှင့် နို့လက်ဖက်ရည်ကို ပေးလိုက်ပြီး သူ့အခန်းထဲမှ ထွက်ခွာသွားသည်။ ကောင်းသောအရာဆိုတာ မရှိပေ။ အလကား သားတစ်ယောက်ရသည်တော့ မဟုတ်ဘူးပေါ့။

နန်ကျီနှင့် အန်းရီရန်တို့ကြားတွင် ပွတ်တိုက်မှုများ ပိုများလာမည်မှာ သေချာသည်။

သို့သော်လည်း ထိုကိစ္စမှာ နန်ယုနှင့် မဆိုင်ပေ။ သူမ ဘဝတွင် ပထမဆုံးအတားအဆီးအား ကျော်လွှားနိုင်ခဲ့သည်။

နောက်ထပ် နှစ်ခုသာ ကျန်ပါသေးသည်။ အားလုံး အဆင်ပြေခဲ့ပါက လာမည့်နှစ် ဒီအချိန်၌ သူသည် ပျော်ရွှင်သောတစ်ကိုယ် တည်းအမျိုးသမီးဖြစ်ရမည်။

နန်ယု ဒါကို ဂုဏ်ပြုဖို့အတွက် မြို့တော်ရှိစျေးဝယ်စင်တာတိုင်းမှမျက်နှာပြင်ကြီးများကို ကြိုတင်ဘွတ်ကင်လုပ်ထားပြီး ထိုစာသားအား အပြန်အလှန်လှည့်ပတ်ပြဖို့ ဆုံးဖြတ်လိုက်သည်။

[မစ္စနန်ယု အောင်မြင်စွာကွာရှင်းပြီး လွတ်မြောက်မှုအတွက် ဂုဏ်ယူပါတယ်!]

ဖေးမိသားစု၏သက်ကြီးပိုင်းအဖွဲ့မှာမူ အလွန်ဒေါသထွက်နေလောက်သည်။

"အန်တီ!"

ဖေးယွင်ကျင်း ကျောင်းမှအိမ်သို့ရောက်သည်နှင့် ရင်းနှီးသောလူတစ်ဦးအား မြင်လိုက်ရသည်။ သူသည် သူ့ကျောပိုးအိတ်ကလေးအားလျင်မြန်စွာချလိုက်ပြီး အမြောက်ကျည်ကဲ့သို့ ပျော်ရွှင်စွာဖြင့် နန်ယုဆီသို့ပြေးသွားသည်။

"အန်တီ ဘယ်တုန်းက ပြန်လာတာလဲ"

"ခုလေးတင်ပဲ ရောက်တာ"

နန်ယု ပြုံးပြီး ဖေးယွင်ကျင်းအားဆွဲခေါ်ကာ အပေါ်အောက် အသေအချာကြည့်လိုက်သည်။

"ရက်နည်းနည်းလောက်မတွေ့လိုက်ရတာနဲ့ ဘာလို့ နည်းနည်း ဝလာသလိုဖြစ်နေတာလဲ"

ဖေးယွင်ကျင်း ထိုစကားအားမကြားချင်ပေ။ အရင်က ဝတုတ်လေးနှင့်ပတ်သက်၍ ဖြစ်ခဲ့သော မနှစ်မြို့ဖွယ်ရာ ကိစ္စကြောင့် ဖြစ်နိုင်သည်။ သို့သော် သူ ယခုလိုပုံစံဖြစ်နေသည်အားမကြိုက်ပေ။

"ကျွန်တော် မဝပါဘူး!"

ဖေးယွင်ကျင်း နန်ယုလက်အားဆွဲယူပြီး သူ့ဗိုက်ပေါ်တင်လိုက်သည်။

"ဦးလေးကျိုးက အနေတော်ပဲလို့ပြောတယ်"

"တကယ်လား"

နန်ယု ဖေးယွင်ကျင်းဗိုက်အား ဖရဲသီးကဲ့သို့နှစ်ချက်ပုတ်လိုက် သည်။ ထိုဗိုက်မှာ နူးညံ့ပြီး ဝါးစားလို့ကောင်းလောက်သည်။

"ဒါပေမဲ့ ရီပိုင် ဗိုက်က အဲ့လောက်မနူးညံ့တော့ဘူးထင်တယ်၊ ရှောင်ကျင်း ကကွက်လေ့ကျင့်နေတုန်းက ပျင်းနေတာလား"

"မဟုတ်ဘူး၊ မဟုတ်ဘူး! ရှောင်ကျင်း အရမ်းကြိုးစားပါတယ်!"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment