no

Font
Theme

🌷 Chapter 35

ဖေးယွင်ကျင်း ရယ်လိုက်သည်။ သူ လက်ဆန့်ထုတ်လိုက်ပြီး ULTRAMAN ၏လက်မောင်းကိုဆုပ်ကိုင်လိုက်သည်။

"ဦးလေးကျိုး!"

"ဟားဟားဟား၊ သခင်လေး ကျွန်တော့်ကို မှတ်မိသွားပြီ"

ဦးလေးကျိုး သူ့ခေါင်းစွပ်ကို ချက်ချင်းဖယ်ရှားလိုက်ရာ အနည်းငယ်ရှုပ်ပွနေသည့် သူ့ဆံပင်ကိုမြင်လိုက်ရသည်။

ပိတ်ထားတဲ့ပုံးထဲမှာ ပုန်းအောင်းနေကာ လေမဝင်သည့်အဝတ် အစားတွေဝတ်ထားပြီးနောက် ချွေးထွက်တာပုံမှန်ပင်။

ဒါပေမဲ့ ဖေးယွင်ကျင်းအ ပျော်ရွှင်စေဖို့ရာ ယခုလိုသေးငယ်တဲ့ ဒုက္ခကမူ မပြောပလောက်ချေ။

သို့သော် အိမ်တော်ထိန်းကျိုးသည် သူ့အား ဒီလောက်မြန်မြန် မှတ်မိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဒါ သူ့ရဲ့အသံမကောင်းလို့လား ? ဒါမှမဟုတ် သခင်လေးကပဲ အရမ်းလိမ္မာနေတာလား ?

သူ ပြုံးပြီး ပုံးထဲကထွက်လာကာ ဖေးယွင်ကျင်းကိုချီလိုက်ပါသည်။

"သခင်လေး၊ နောက်ထပ် အသက်တစ်နှစ်ကြီးသွားတဲ့အ တွက် ဂုဏ်ယူပါတယ်!"

ULTRAMAN ပေါ်လာပြီးကတည်းက ဖေးယွင်ကျင်းပါးစပ်မှာ မစေ့တော့ချေ။ သူ သူ့အိတ်ကပ်ထဲက လက်ကိုင်ပဝါကိုယူပြီး ဦးလေးကျိုးနဖူးက ချွေးတွေကိုသုတ်ပေးလိုက်သည်။

"ဦးလေးကျိုး ပင်ပန်းနေပြီ၊ ကျွန်တော့်ကိုမပွေ့ထားပါနဲ့တော့"

"မပင်ပန်းပါဘူး၊ မပင်ပန်းပါဘူး၊ သခင်လေးက ဒီလောက် ပေါ့တာကို၊ ဘယ်လိုလုပ် ပင်ပန်းနိုင်မှာလဲ"

သူပြောတာမှန်တယ်ဆိုတာကိုသက်သေပြဖို့ ဦးလေးကျိုး ဖေးယွင်ကျင်းအား လက်နှစ်ဖက်နှင့်မြှောက်လိုက်ပြီး ခဏလေး လေထဲကိုပစ်လိုက်ကာ ချက်ချင်းပြန်ဖမ်းယူလိုက်သည်။ ဒါကြောင့် ဖေးယွင်ကျင်း ပျော်ရွှင်စွာအော်လိုက်သည်။

ဘေးမှာရပ်နေသည့် လီရီပိုင်ကလည်း မနာလိုစိတ်အပြည့်နှင့် သူလည်း အဲ့လိုလုပ်ချင်နေခဲ့သည်။

ဒါပေမဲ့ နောက်ထပ်လုပ်ရမယ့်အရာကို တွေးပြီး ဦးလေးကျိုးဖေးယွင်ကျင်းကိုချလိုက်ပြီး ULTRAMANရဲ့ မျက်နှာဖုံးကို ပြန်စွပ်လိုက်ကာ

"လာ၊ သခင်လေး၊ နောက်ထပ် အံ့သြစရာတစ်ခုရှိသေးတယ်"

အသံခပ်သေးသေးလေး ချောင်းဟန့်လိုက်သည်နှင့် ခန်းမထဲရှိ မီးတွေ ရုတ်တရက်မှိန်သွားသည်။

ကြယ်ပုံသဏ္ဍာန် မီးလုံးလေးများက နွေးထွေးတဲ့အဝါရောင်အလင်းကိုပေးစွမ်းနေတာကြောင့် အာကာသတစ်ခုလုံးက ကြယ်ပင်လယ်တစ်ခုလိုဖြစ်နေတော့၏။

"Happy birthday to you, happy birthday to you~ Happy~"

နန်ယုသည် ပျော်ရွှင်ဖွယ်မွေးနေ့သီချင်းနဲ့အတူ ကိတ်မုန့်လှည်းတစ်ခုကို တွန်းရင်းဘေးဘက်ကနေထွက်လာခဲ့သည်။

လှည်းပေါ်မှာ ULTRAMAN အရုပ်လေးတစ်ခုတင်ထားတဲ့ ငါးထပ်ကိတ်မုန့်တစ်ခုရှိပြီး ဖေးယွင်ကျင်းအသက်ကို ကိုယ်စားပြုသည့် ဖယောင်းတိုင်လေးတိုင်နှင့် ဝန်းရံထားသည်။

"ရှောင်ကျင်း၊ ဒီကို လာခဲ့~"

"မျက်လုံးတွေကို မှိတ်လိုက်၊ ဆုတောင်းလိုက်၊ ပြီးတော့ ဖယောင်းတိုင်တွေကို မှုတ်လိုက်၊ ရလား"

ကိတ်မုန့်ကအရမ်းမြင့်တာကြောင့် ဖေးယွင်ကျင်း၏ "အထူး" ကုလားထိုင်မှာ ဖယောင်းတိုင်တွေမှုတ်ဖို့အတွက်ထပ်ပြီးအသုံး ဝင်လာပြန်သည်။

သူ ကုလားထိုင်ပေါ်မှာရပ်နေတုန်း ကိတ်မုန့်ပေါ်မှာ စာလုံးအနည်းငယ် ရေးထားတာကို သူ သတိထားမိလိုက်သည်။ သူ့ရဲ့ လအနည်းငယ်ကြာ စာတတ်မြောက်မှုနှင့်အတူ ဖေးယွင်ကျင်း အများစုကို မှတ်မိနိုင်ခဲ့သည်။

သူ့ရဲ့နာမည်နဲ့ "Happy Birthday" ဆိုတဲ့ စကားလုံးတွေပါ။

ဒါ သူ့အတွက် ကိတ်မုန့်လား ?

ဒါက အရမ်းကြီးတယ်၊ အရမ်းလှတယ်။

သူ မြင်ဖူးသမျှ တခြားကိတ်မုန့်တွေထက်ပိုလှတယ်။

လူတိုင်းရဲ့အကြည့်အောက်မှာ ဖေးယွင်ကျင်း မျက်လုံးတွေကို ဖြည်းဖြည်းချင်းပိတ်လိုက်ပြီး တိတ်တဆိတ်ဆုတောင်းလိုက် သည်။ ကျွန်တော် အန်တီ၊ ဦးလေးကျိုးနဲ့ ရှောင်ပိုင်တို့နဲ့အတူ ကျွန်တော့်ရဲ့မွေးနေ့ကို ထာဝရကျင်းပနိုင်ဖို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ထာဝရအတူတူရှိနေကြနိုင်ပါစေ!

သူ ဆုတောင်းတစ်ခုပဲတောင်းလို့ရတယ်ဆိုတာ သူ သိပါတယ်။ ဒီထက်ပိုရင် အလုပ်မဖြစ်ပါဘူး။

ဒါကြောင့် သူ ဆုတောင်းပြီးနောက်မှာ ဖေးယွင်ကျင်း မျက်လုံးတွေကို ချက်ချင်းဖွင့်လိုက်ပြီး သူ့ပါးတွေကိုဖောင်းလိုက်ကာ ဖယောင်းတိုင်တွေကို အားကုန်မှုတ်လိုက်ပြီး အားလုံးကိုငြိမ်းသတ်ဖို့ ဆုံးဖြတ်လိုက်သည်။

ကံကောင်းစွာပင်၊ သူ ဆုတောင်းသလိုပဲ ဖယောင်းတိုင်တွေ ချက်ချင်းငြိမ်းသွားသည်။

လက်ခုပ်တီးသံ ~

လက်ခုပ်သံတွေထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ဖန် ပြန် လည်လင်းလာသည်။ ဖေးယွင်ကျင်းက ကုလားထိုင်ပေါ်မှာ ဆက်ရပ်နေပေမဲ့ သူ့ရဲ့အကြည့်က ဘေးမှာရပ်နေသည့် နန်ယုဆီကိုရောက်နေပါပြီ။

"အန်တီ~"

"ငါ ဒီမှာ၊ ငါ ဒီမှာ~ မွေးနေ့ရှင်လေး ကိတ်မုန့်လှီးမယ့်အချိန် ရောက်ပြီ"

ဒါကလည်း နန်ယုရဲ့ ကလေးမွေးနေ့ပွဲအား ပထမဆုံးအကြိမ် ကျင်းပပေးခြင်းပင်။ ဦးလေးကျိုးနှင့်ဆွေးနွေးပြီးနောက်မှာ အကြံဉာဏ်ပိုရှိတဲ့ ဦးလေးကျိုးက Ultraman အဖြစ်ဝတ်ဖို့ စေတနာ့ဝန်ထမ်းလုပ်ပေးခဲ့သည်။

ဒါ ကောင်းကောင်းအလုပ်ဖြစ်ပုံရသည်။ ဖေးယွင်ကျင်း၏သွားလေးများကို ရှင်းရှင်းလင်းလင်းမြင်နေရပြီး သူပျော်ရွှင်နေမှန်းအလွယ်တကူသိသာသည်။

ကိတ်မုန့်ကအရမ်းကြီးတာကြောင့် ဗီလာထဲရှိ လူတိုင်းတစ်ဖဲ့စီစားပြီးနောက်မှာတောင် တစ်ဝက်ကျန်နေသေးသည်။ ဖေးယွင်ကျင်း၏ခွင့်ပြုချက်နှင့်နန်ယုက လီရီပိုင်ရဲ့အိမ်အား ပျော်ရွှင်မှုကိုဝေမျှဖို့ရာပို့လိုက်သည်။

ငါတို့အစားအစာကို အလေအလွင့်မဖြစ်စေရဘူး၊ ဟုတ်တယ်မလား ??

"ရှောင်ကျင်း၊ လာ ဓာတ်ပုံရိုက်ရအောင်!"

ကိတ်မုန့်ကိုကိုင်ထားပြီး သူ့ခေါင်းပေါ်မှာ သရဖူလေးစွပ်ထားသည့် ဖေးယွင်ကျင်းမှာ ယနေ့တွင် သံသယဖြစ်ဖွယ်မရှိပဲ အဓိကလူဖြစ်လို့နေသည်။

သူ့နောက်မှာ Ultraman နှင့် နန်ယုရပ်နေပြီး သူ့ဘေးမှာတော့ လီရီပိုင်ရှိနေ၏။ လူတိုင်း၏မျက်နှာထက်တောက်ပသည့်အပြုံးတွေရှိနေကာ အသက်ဝင်ပြီးနွေးထွေးသည့်ဓာတ်ပုံတစ်ပုံကိုဖန်တီးလို့နေသည်။ ဒါ ဖေးယွင်ကျင်း ပထမဆုံးအကြိမ်ကိတ်မုန့် စားဖူးခြင်းမဟုတ်ပေ။ သို့သော် ဒီကိတ်မုန့်သည် သေချာပေါက် အချိုဆုံးနျင့်အအရသာအရှိဆုံးပင်။

ည ၈ နာရီလောက်အထိဆော့ပြီးနောက် လီရီပိုင် အိမ်ပြန်သွားသည်။ ကလေးထိန်းအကူအညီနှင့် ဖေးယွင်ကျင်း ရေချိုးပြီး ညဝတ်အင်္ကျီလဲကာ သူ့ အိပ်ခန်းဆီသွားလိုက်သည်။ သူ ပထမဆုံးမြင်လိုက်ရတဲ့အရာကတော့ ကော်ဇောပေါ်ကလက်ဆောင် ပုံကြီးတစ်ခုပင်။

တစ်ချက်ကြည့်လိုက်သည်နှင့် အနည်းဆုံး ဒါဇင်ပေါင်းများစွာ ရှိပြီး သေးသေးကြီးကြီးလက်ဆောင်များပင် တောင်သေးသေးလေးသဖွယ်စုပုံနေသညါ။ နန်ယု တစ်ယောက်တည်းက ငါးခု၊ ခြောက်ခု ပေးခဲ့သည်။ ထို့နောက်နန်ကျီထံမှ သူမ "အတင်းတောင်း" ခဲ့သည့် လက်ဆောင်တစ်ခုလည်းရှိသေးသည်။ ဦးလေးကျိုး၊ ကလေးထိန်း၊ ယာဉ်မောင်းနှင့် တခြားသူများလည်းပေးခဲ့ကြသည်။

လက်ဆောင်တွေက စျေးကြီးနေဖို့မလိုအပ်ပေ၊ ပေးချင်စိတ်ရှိနေသရွေ့ပေါ့။

ဖေးယွင်ကျင်း သူ့နှုတ်ခမ်းကို ပြင်းပြင်းထန်ထန်ကိုက်လိုက်ပြီး သူ့မျက်လုံးတွေက ခဏတာမှိတ်တုတ်မှိတ်တုတ်ဖြစ်နေခဲ့သည်။ ထို့နောက် ရုတ်တရက်ဆိုသလို သူ့နောက်ရှိ ကလေး ထိန်းအား လှည့်ကြည့်လိုက်၏။

"အန်တီ ကျွန်တော့်ကို ကူညီပေးနိုင်မလား"

ကလေးထိန်း ခေါင်းညိတ်လိုက်သော်ငြား ရှုပ်ထွေးနေခဲ့သည်။ ဒီလောက်နောက်ကျတဲ့အချိန်မှာ ဖေးယွင်ကျင်း ဘာလုပ်ဖို့ စဉ်းစားနေတာလဲ ??

ဒီအတောအတွင်းမှာ နန်ယု ရေချိုးပြီးပြီဖြစ်ကာ အိပ်ရာဝင်ခါနီး တံခါးခေါက်သံကြားလိုက်ရသည်။

ဒီအချိန်ကြီး ဘယ်သူလဲ ??

စိတ်ရှုပ်ထွေးနေသည့် နန်ယု တံခါးဖွင့်လိုက်ချိန် ပန်ဒါဝက်ဝံသေးသေးလေးတစ်ကောင်ကိုတွေ့လိုက်ရသည်။

"အန်တီ"

ပန်ဒါဝက်ဝံလေး သူ့ခေါင်းကိုမော့လိုက်ချိန်မှာတော့ ဖေးယွင်ကျင်းရဲ့ချစ်စရာကောင်းတဲ့ မျက်နှာလေးပေါ်လာခဲ့သည်။

"ကျွန်တော် လက်ဆောင်တွေကို အန်တီနဲ့အတူ ဖွင့်ချင်တယ်၊ ရမလား ဟင် ?"

ဖေးယွင်ကျင်း၏အဝတ်အစားများမှာ ဦးလေးကျိုး ဝယ်ပေးထားခြင်းဖြစ်ပြီး နန်ယု ဒီလို "ကလေးဆန်တဲ့" ညဝတ်အင်္ကျီများဖြစ်မည်ဟုမမျှော်လင့်ခဲ့ချေ။

သူ မနေနိုင်ဘဲကိုင်းညွတ်ပြီး အမွှေးပွနေသည့် ပန်ဒါဦးထုပ်ကို ထိလိုက်ကာ "ရတယ်"

ဒီနေ့က ကလေးရဲ့မွေးနေ့ဖြစ်တာကြောင့် ဒီလိုသေးငယ်တဲ့ကိစ္စ‌လောက်ကပြဿနာမရှိဘူး။ ဘာပဲဖြစ်ဖြစ် နန်ယု စောစောအိပ်လေ့မရှိပေ။ သူ့ရဲ့ ညဘက်ဘဝမှာ ယခုမှစတင်ခြင်းပင်။

ကြမ်းပြင်ပေါ်မှာ ထူထဲသည့်ကော်ဇောခင်းထားပြီး အိမ်စေများမှ နေ့တိုင်းသန့်ရှင်းရေးလုပ်ကြသည်။ နန်ယုနှင့်ဖေးယွင်ကျင်း ကြမ်းပြင်ပေါ်ခြေချိတ်ထိုင်လိုက်ကြ၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment