🌷 Chapter 2
ဘေးနားရှိအစေခံများသည် တစ်ဦးကိုတစ်ဦးကြည့်ကြပြီး တိတ်ဆိတ်ခြင်းဟူသောကောင်းမွန်သော ဂုဏ်သတ္တိကို စွဲကိုင်ထားကာ မည်သူမျှ မမေးဝံ့ကြ၊ စကားမပြောဝံ့ကြပေ။
အိမ်တော်ထိန်းသည် တိုင်ကြားရန်သွားခဲ့သည်လား မသိသလို နန်ယုနောက်လည်း မလိုက်ခဲ့ပေ။ သို့သော် သူမ ဂရုမစိုက်ပါ။
လုပ်မယ်ဆိုမှတော့ အကြီးအကျယ်လုပ်ကြတာပေါ့။
ပထမဆုံး ရောက်လာသူမှာ အသက် ၇၀ ကျော်အရွယ် အဘိုးကြီးတစ်ဦးဖြစ်သည်။ သူက ဖေးမိသားစုမှာ ဘယ်လိုအဆင့်အ တန်းရှိတာလဲ ?
တတိယ သို့မဟုတ် စတုတ္ထ ဦးလေးလား ??
နန်ယု မမှတ်မိပေ။ သို့သော် ဖေးမိသားစုတွင် ထိုကဲ့သို့ သက် ကြီးရွယ်အို ခုနစ်ဦး စုစုပေါင်းနေထိုင်ကြပြီး စည်းကမ်းထိန်း သိမ်းရေးခန်းမကို ဖွဲ့စည်းထားသည်။ မျိုးနွယ်စုဝင်များကို ထိန်းချုပ်ရန်နှင့် ဖေးမိသားစု၏ကိစ္စရပ်အချို့ကို ကိုင်တွယ်ဖြေရှင်းရန်တာဝန်ရှိသည်။ ၎င်းတွင် မိသားစုဦးစီးကို ကူညီခြင်းနှင့် မိသားစုခေါင်းဆောင်မှ အမှားအယွင်းမဖြစ်စေရန် ကြီးကြပ်ခြင်းတို့ပါဝင်သည်။
ရယ်စရာကောင်းတယ် မဟုတ်ဖူးလား ?
ဒါ ဘယ်ခေတ်လဲ၊ ဒါပေမယ့် ဖေးမိသားစုကတော့ အတိတ်ရဲ့ ဂုဏ်ရောင်တွေကို စွဲကိုင်ထားပြီး လက်မလွှတ်နိုင်သေးဘူး။ ဒါကြောင့် နောက်ဆုံး ဇာတ်လိုက်က ဒီနေရာကိုဖျက်ဆီးချင်တာ အံ့ဩစရာ မဟုတ်တော့ဘူး။
"ဦးလေး၊ ခဏထိုင်ပါဦး၊ လူတိုင်းရောက်လာရင် ကျွန်မ အား လုံးနဲ့ စကားပြောပါ့မယ်"
ဒီလူက ဘာတွေဖြစ်နေတာလဲလို့ မေးတော့မယ့်အချိန်မှာ နန်ယုကဦးစွာပြောလိုက်သည်။ မဟုတ်ပါက တစ်ယောက်ချင်းစီသာ မေးနေရင် အဆုံးမရှိဖြစ်နေမည်ပင်။
အဘိုးကြီးသည် စကားလုံးများလည်ချောင်းထဲဆို့နင်သွားရသည်။ သူ စိတ်ထဲဘာတွေတွေးနေပါစေ အပြင်ပန်းမှာတော့ အနည်းဆုံး အစေခံတွေရှေ့မှာ နန်ယုအားလေးစားရဦးမည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါ မိသားစုခေါင်းဆောင်ရဲ့ဇနီးဖြစ်သလို နန်မိသားစု၏သမီးဖြစ်ကာ ယခင်တစ်ယောက်နှင့်မတူချေ။
ထိုသို့ခေတ္တရပ်နားလိုက်ချိန်တွင် လူများတစ်ဦးပြီးတစ်ဦး ရောက်လာကြသည်။ အချို့သည် မပျော်မရွှင်ဖြစ်နေကြပြီး အချို့မှာ စိတ်လှုပ်ရှားကာ ရှုပ်ထွေးနေကြသည်။ သို့သော် ခန်းမထဲသို့ ဝင်ရောက်ပြီးနောက် တိတ်ဆိတ်မှုကိုခံစားလိုက်ရပြီး နန်ယုသည် ထိပ်ဆုံးတွင် ထိုင်နေသည်ကိုမြင်လိုက်ရသော အခါ လူတိုင်းပါးစပ်ပိတ်ကာ ထိုင်ရန်ကုလားထိုင်တစ်လုံးကို ရှာဖွေထိုင်ကြပြီး စိတ်ထဲအမျိုးမျိုးသောအတွေးများဖြစ်ပေါ် လာကြသည်။
နှစ်ပေါင်းများစွာကြာလာပြီးနောက် ဖေးမိသားစု၏တိုက်ရိုက်မျိုးဆက်သည် နန်ယုခင်ပွန်းဖြစ်သူနှင့် လင်ပါသားဖြစ်သူသာ ကျန်တော့ပြီး ဘေးမျိုးဆက်သည် အလွန်တိုးတက်နေသည်။
သို့သော်လည်း ဖေးမိသားစုတွင် အမှန်တကယ်နေထိုင်သူများ မများလှပေ။ အကြောင်းပြချက်မှာ အလွန်ရိုးရှင်းသည်။ ၎င်းတို့မှာ အရည်အချင်းမပြည့်မီသောကြောင့်ပင်။
၎င်းသည် ဘိုးဘွားပိုင်အိမ်ဖြစ်သည်။ အနည်းငယ်မျှ ဆက်စပ်မှုရှိသူတိုင်းနေထိုင်နိုင်ပါက သူတို့သည် ဖေးမိသားစုအားဘာထင်သနည်း။
အထက်ပါအချက်သည် သက်ကြီးရွယ်အိုများ၏အတွေးအ ခေါ်များပင်။
ထို့ကြောင့် ယခုအခါ အိမ်ကြီးတစ်ခုလုံးတွင် လူ ၂၀ ကျော်သာ နေထိုင်ကြပြီး ၎င်းတို့အားလုံးသည် သက်ကြီးရွယ်အိုများဖြစ် သည်။
နန်ယုသည် လူငယ်မျိုးဆက်ကြား နေထိုင်နိုင်လျှင်ပင် နေထိုင်ချင်မည်မဟုတ်ဟုထင်သည်။
ဘယ်သူကများ အစာစားတဲ့အခါ တစ်ယောက်ယောက်က ကိုယ့်ကို စိုက်ကြည့်ပြီး ယဉ်ကျေးမှုကိုဂရုစိုက်ဖို့ သတိပေးနေတာမျိုးကို လိုချင်မှာလဲ ? အဲ့ဒီဘဝက တကယ်ပင်ပန်းလွန်းတယ်။
တစ်စက္ကန့်လောက်စဉ်းစားနေပြီး တခြားသူတွေ စိတ်မရှည်တော့ဘဲ မေးခွန်းထုတ်တော့မယ့်အချိန်မှာ အဓိကလူရောက် လာတော့သည်။
တစ်ဦးက သူ့လင်ပါသားဖြစ်ပြီး "မင်းက ငါ့ရဲ့အလင်းရောင်" ဝတ္ထု၏ဇာတ်လိုက်ဖြစ်သည်။
သူ့နာမည်အပြည့်အစုံမှာ ဖေးယွင်ကျင့်ဖြစ်သည်။ ဝတ္ထုစတင်ချိန်တွင် ဇာတ်လိုက်သည် ၂၅ နှစ်အရွယ်ရှိပြီး ယခုတွင်... လေးနှစ်အောက်သာ ရှိသင့်သည်။
သူသည် အစေခံမိန်းကလေးလက်ထဲတွင် ပွေ့ချီခံထားရပြီး သူ့မျက်နှာသည် ဖျော့တော့နေပြီး နေမကောင်းဖြစ်နေပုံရသည်။ ကလေးတစ်ယောက်လို တက်ကြွပြီးဖြတ်လတ်သော ခံစားချက်လုံးဝမရှိပေ။
သူ့ကိုယ်ခန္ဓာတစ်ခုလုံးပိန်ချုံးနေပြီး မျက်တွင်းဟောက်ပက်တစ်စုံသာ အမူအရာမဲ့စွာရှေ့သို့ကြည့်နေခဲ့သည်။ ထိုပုံစံအားကြည့်ရသည်မှာ ကြောက်စရာကောင်းလှသည်။
ဒီဇာတ်လိုက်အကြောင်းပြောရမယ်ဆိုပါက သူ တကယ်ကို ဆိုးဝါးခဲ့သည်။ နန်ယု မှန်ကန်စွာမှတ်မိနေပါက သူ့မိခင်သည်လည်း မဒမ်တစ်ဦးဖြစ်သည်။ သူမသည် ဇာတ်လိုက်၏ဖခင်ဖြစ်သူ၊ ဆိုလိုသည်မှာ နန်ယု၏လက်ရှိခင်ပွန်းဖြစ်သူ ဖေးယီကျန့်သုက်ပိုးကို ဆေးရုံတွင် ကြိုတင်သိမ်းဆည်းထားခဲ့ရာမှခိုးယူခဲ့ခြင်းဖြစ်သည်။
အောင်မြင်စွာကိုယ်ဝန်ရပြီးနောက် သူမ အခြားသူများကို သူ့အားလက်ထပ်ရန်အတင်းအကျပ်ခိုင်းစေခဲ့ပြီး ထိုအချိန်က အတော်လေးကိုအာရုံစိုက်ခံခဲ့ရသည်။ ရလဒ်အနေဖြင့် သူမသည် ကလေးမွေးဖွားစဉ် သွေးလွန်၍သေဆုံးသွားခဲ့သည်။
ဒီကလေးတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
မိခင်ဘက်မှ ဆွေမျိုးများက ဒီသမီးသည် ရှက်ဖွယ်ကောင်းသည်ဟု ထင်မြင်ကာ သူ့ကိုလျစ်လျူရှုခဲ့ကြပြီး ဖခင်ဘက်ကလည်း သူ့ကို အစေခံများအားဂရုစိုက်ရန်ပေးခဲ့ကြသည်။
ကံမကောင်းစွာဖြင့် ထိုကလေးမှာ နေမကောင်းဖြစ်ခဲ့သည်။ ဖေးယွင်ကျင့်သည် ငယ်စဉ်ကလေးဘဝကတည်းကအားနည်းပြီးမကျန်းမာခဲ့ပေ။ နှစ်နှစ် သုံးနှစ်ကြာပြီးနောက်တွင် "နန်ယု" သည် ဖိနှိပ်မှုများကြောင့် တဖြည်းဖြည်းပုံမှန်မဟုတ်တော့ဘဲ သူ ချစ်သောခင်ပွန်းဖြစ်သူ ရုတ်တရက်ဆုံးပါးပြီးနောက်လုံးဝရူးသွပ်သွားခဲ့သည်။
သူ ဤလင်ပါသားကို အပြင်းအထန်နှိပ်စက်ခဲ့သည်။ ဥပမာအားဖြင့် ဆောင်းရာသီတွင် ရေအေးများလောင်းချခြင်း၊ နွေရာသီတွင် နေပူထဲတွင် ရပ်ခိုင်းခြင်းစသည်တို့ဖြစ်သည်။ အတိုချုပ်ပြောရလျှင် ကိုယ်ရောစိတ်ပါ မည်သူမျှမလွတ်ခဲ့ပေ။
သူမ လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ပြီး ထိုနှစ်များအတွင်းဖေးမိသားစု၏ရှုပ်ထွေးမှုများကို မည်သူမျှဂရုမစိုက်ခဲ့ကြပေ။
ဖြစ်နိုင်သည်မှာ သူတို့သည် ဂရုစိုက်ရန် မလိုချင်သောကြောင့်ဖြစ်သည်။ ကလေးသေဆုံးသွားပါက ဖေးမိသားစု၏ကြီးမား သောပိုင်ဆိုင်မှုသည် မည်သည့်နေရာတွင် အဆုံးသတ်မည်ကို ပြောရန်ခက်လိမ့်မည်။
ဖေးယွင်ကျင့်သည် ဘေးကင်းစွာရှင်သန်နိုင်ခဲ့ခြင်းမှာ နန်ယုတွင် နောက်ဆုံးကျန်ရှိသော ဆင်ခြင်တုံတရားလေးရှိနေသော ကြောင့်ပင်။ သူမသည် သူမချစ်သောလူ၏ပိုင်ဆိုင်မှုများကို အခြားသူများလက်ထဲသို့ ရောက်ရှိစေလိုခြင်းမရှိပေ။
ဖေးယွင်ကျင့်အား သူမ မည်မျှမုန်းတီးပါစေ ၎င်းသည် ထိုလူ ၏တစ်ဦးတည်းသောသွေးသားပင်။
မဟုတ်ပါက ဇာတ်လိုက်သည် ဇာတ်လိုက်အရှိန်အဝါအား မှီခိုကာကြီးပြင်းလာနိုင်မည်မဟုတ်ချေ။
ဟုတ်ပါတယ်၊ ဒါတွေအားလုံးက မူရင်းဝတ္ထုရဲ့ ဇာတ်ကွက်တွေပါ။ နန်ယု ထိုမွေးစားသားအပေါ်ထားတဲ့ သဘောထားကတော့ လျစ်လျူရှုလိုက်ဖို့သာဖြစ်ပြီး အနာဂတ်မှာ ပတ်သက်ချင်စိတ်မရှိချေ။
သူ့ ခင်ပွန်းအပါအဝင်ပေါ့။ သင့်တော်တဲ့အခွင့်အရေးရရင် ဒီအိမ်ထောင်ရေးကို Bye Bye လုပ်တော့မှာပါ။
ဒုတိယရောက်လာသူကတော့ ဖေးယွင်ကျင့်နောက် တစ်လှမ်းနောက်ကျပြီး ရောက်လာသူ အိမ်တော်ထိန်းကျိုးပင်။
ဖေးမိသားစုလို မိသားစုကြီးတစ်ခုရဲ့ အိမ်တော်ထိန်းချုပ်ဖြစ်ဖို့အတွက် နေ့စဉ်အသေးအဖွဲကိစ္စရပ်များစွာကို စီမံခန့်ခွဲရတာကြောင့် ဒီလူဟာ စမ်းသပ်မှုများစွာကိုကျော်ဖြတ်ပြီးသားဖြစ်မည်။
နန်ယု ပထမဆုံးနေရာမှာ ထိုင်နေတာကို မြင်တော့ အိမ်တော်ထိန်းကျိုးက ပြုံးပြီးရှေ့ထွက်လာသည်။
"မဒမ်၊ လူတိုင်းကို အရေးတကြီး ခေါ်လိုက်တာ ဘာအရေး ကြီးကိစ္စများ ရှိလို့လဲ"
"နေဦး"
နန်ယုက တိုက်ရိုက်ပြောလိုက်သည်။ အိမ်တော်ထိန်းကျိုး အလိုအလျောက် ရပ်သွားပြီးနောက် တံခါးဝရှိ ကိုယ်ရံတော်လေးဦးကို ကြည့်လိုက်သည်။
"ဒီကိုလာ"
ကိုယ်ရံတော်လေးဦးသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်သော် လည်း နန်ယု စကားကိုနားထောင်ပြီး သူမရှေ့တွင် တန်းစီရပ်လိုက်သည်။ ၎င်းသည် သူမနှင့်အိမ်တော်ထိန်းကျိုးကို သူတို့ ကိုယ်ခန္ဓာများဖြင့် ခွဲထားသကဲ့သို့ဖြစ်နေသည်။
အိမ်တော်ထိန်းကျိုး: "..."
သူ အနည်းငယ်ရှက်သွားသည်။
"မဒမ်၊ ဘာကိုဆိုလိုတာလဲ"
တခြားသူတွေ ဒီအချိန်မှာစကားမပြောကြပေ။ ဒီနေရာက ဖေးမိသားစုဝင်တွေထဲမှာ ဘယ်သူမှမိုက်မဲသူမရှိဘူး။ အခြေအနေမမှန်ဘူးဆိုတာမြင်ရသဖြင့် ဘယ်သူမှပထမဆုံးစကားမပြောချင်ကြချေ။
နန်ယု လျှို့ဝှက်ထားရန်မလိုချင်သလို အိမ်တော်ထိန်းကျိုးကိုလည်း ယဉ်ကျေးစွာပြောနေဖို့ မလိုချင်ဘူး။ သူ ကိုယ်ရံတော်လေးဦးကိုကြည့်ပြီး လေးလေးနက်နက်ပြောလိုက်သည်။
"ရှင်တို့အားလုံးက တစ်ကြိမ်တည်း လူဆယ်ယောက်နဲ့တိုက်နိုင်တယ်လို့ကြားတယ်၊ ခဏနေ ကျွန်မကို ကာကွယ်ပေးဖို့မှတ် ထား၊ အပိုဆုကြေးက နည်းမှာမဟုတ်ဘူး"
ကိုယ်ရံတော်လေးဦး: "?"
သို့သော်လည်း ၎င်းတို့၏ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်များကြောင့် သူတို့သည် အလိုအလျောက်တုံ့ပြန်မှုတစ်ခုလိုမတ် မတ်ရပ်လိုက်သည်။
"ဟုတ်ကဲ့!"