🌷Chapter 1
နံနက် ၅ နာရီတွင် လူအများစုသည် ချိုမြိန်သောအိပ်မက်ထဲနှစ်ခြိုက်စွာရှိနေဆဲဖြစ်သော်လည်း နန်ယုသည် အိပ်ရာပေါ် တစ်ဝက်တစ်ပျက်မှီရင်း စိတ်ပျက်အားငယ်စွာဖြင့် အိမ်တော်ထိန်းနှင့် အစေခံမိန်းကလေးသုံးဦးတို့ တန်းစီဝင်ရောက်လာသည်ကိုကြည့်နေခဲ့သည်။
ဒါ တတိယမြောက်နေ့ပဲ!
ဒီခန္ဓာကိုယ်ထဲနိုးလာပြီးနောက် သုံးရက်ဆက်တိုက် မနက် ၅ နာရီမှာ အိပ်ရာထခဲ့ရတယ်၊ မနက် ၆:၁၈ မှာ ဖေးမိသားစုရဲ့ ဘိုးဘွားတွေအတွက် ပထမဆုံးအမွှေးတိုင်ထွန်းညှိပေးဖို့အတွက်တဲ့…
ဤသည်မှာ မိသားစုဦးစီး၏ဇနီးအဖြစ် အထူးဂုဏ်ပြုခြင်းတစ်ရပ်ဟုဆိုသည်။
ထို့ပြင် အချိန်အား ဆရာပေါင်းသမားပေါင်းများစွာတွက်ချက်ထားခြင်းဟုဆိုသေးသည်။
အဲ့တာကို ပြောကြတာက...
သေသွားတဲ့ သူတို့ခေါင်းဆောင်ဟောင်းရဲ ဆန္ဒအရဆိုပဲ
"မဒမ်၊ ကျေးဇူးပြု၍ မြန်မြန်လုပ်ပေးပါ၊ မဟုတ်ရင် မင်္ဂလာအချိန်ကိုကျော်သွားပါလိမ့်မယ်"
နန်ယု မည်သည့်လှုပ်ရှားမှုမှမရှိသည်ကိုတွေ့သောအခါ အိမ်တော်ထိန်းသည် မျက်နှာထားတင်းမာစွာဖြင့် တိုက်တွန်းလိုက်သည်။
သူ့နောက်ရှိ အစေခံမိန်းကလေးသုံးဦးသည် ခေါင်းအားရိုရို ကျိုးကျိုးငုံ့ထားပြီး ပတ်ဝန်းကျင်အားဝေ့ဝှိုက်မကြည့်ရဲသလို သူတို့ရှေ့ရှိ နန်ယုအားလုံးဝမကြည့်ရဲကြပေ။ မဟုတ်ပါက အိမ်တော်ထိန်းမှ ၎င်းတို့အားရိုက်နှက်ဆဲဆိုမည်ပင်။
၎င်းတို့သည် အသက် ၂၀ ဝန်းကျင်အရွယ် မိန်းကလေးငယ်များဖြစ်သော်လည်း ဤလူသုံးဦးတွင် လူငယ်များတွင် ရှိသင့်သော အသက်ဝင်မှုမရှိ၊ ကြောက်ရွံ့မှုနှင့် သတိထားမှုသာ ရှိသည်။
ဒါက နှစ်ပေါင်း ၅၀၀ ကျော်သမိုင်းရှိသည့် ချမ်းသာသောဖေးမိသားစုဖြစ်ကာ ၎င်းတို့၏ ဘိုးဘေးတွေထဲ ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးချုပ်များနှင့် တခြားသောရာထူးမြင့်အရာရှိများထွက်ပေါ်ခဲ့ဖူးသည်။
စည်းကမ်းတွေအရမ်းများပြီး ပုံမှန်မဟုတ်သလို၊ အလုပ်ပတ် ဝန်းကျင်မှာလည်း ဖိနှိပ်မှုများသည်။ နန်ယုသိသလောက်တော့ ၎င်းတို့၏အကျိုးခံစားခွင့်များသည် သာမန်လုပ်ငန်းများထက် အနည်းငယ်သာပိုကောင်းသည်။
သူ့ အရင်ကမ္ဘာတွင်ဆိုပါက ၎င်းအတွက် အင်တာနက်ပေါ်တွင် ပြင်းပြင်းထန်ထန်တိုင်ကြားခံရမည်ဖြစ်ပြီး လူတိုင်း ဝိုင်းဝန်းရှုတ်ချကြမည်သာ။
သို့သော် ဒီနေရာမှာတော့ လူအများအပြားသည် ဖေးမိသားစုထဲဝင်ရောက်နိုင်သည်ကို ဂုဏ်ယူတတ်ကြသည်။
ဖေးမိသားစုထဲဝင်ရောက်သည်နှင့် အလိုအလျောက်သာလွန်သူဖြစ်သွားသလိုပင်။ ထိုအကြောင်းပြောရသည်နှင့် မျက်နှာ ပန်းလှသည်၊ မသိတဲ့သူဆိုပါက ဖေးမိသားစုအား နဂါးတံခါးတစ်မျိုးမျိုးဟုထင်ကြမည်သာ။
——ဒါ ဝတ္ထုတွေရဲ့ ကမ္ဘာလား ??
ဒီလိုအဓိပ္ပာယ်မရှိတဲ့အကြံက အလုပ်သမားတွေကို လူသားတွေအဖြစ် လုံးဝမသတ်မှတ်နိုင်ပေ။
နန်ယု စိတ်ထဲမှ တိတ်တဆိတ်ညည်းတွားလိုက်ပြီး မူလက ရှင်း လင်းမှုမရှိသော သူ့ စိတ်သည် အိမ်တော်ထိန်း၏ပြတ်သားပြီး လေးနက်သောမျက်လုံးများကို တွေ့လိုက်ရသောအခါရှင်းလင်းလာရသည်။
သူ စောင်ကို ဖြည်းညှင်းစွာလှန်လိုက်ပြီး ထူထဲနူးညံ့သောကော် ဇောပေါ်သို့ ခြေဗလာဖြင့်တက်လိုက်ကာ ပျင်းရိစွာ ဆန့်တန်းလိုက်သည်။ မရည်ရွယ်ဘဲ သိမ်မွေ့ဖြူဖွေးသော ခါးတစ်ဝိုက်ကို ဖော်လိုက်သည်။
ထိုရိုးရှင်းပြီး သာမန်လုပ်ရပ်ဖြင့် နန်ယု လှည့်ကြည့်လိုက်သော အခါ အိမ်တော်ထိန်းမျက်နှာထက် မကျေနပ်မှုများပြည့်နေပြီး နောက်တွင် "မဒမ်၊ ခုလို ယဉ်ကျေးမှုမရှိတဲ့ လုပ်ရပ်မျိုးမလုပ်ပါနဲ့၊ ဖေးမိသားစုက..." ဟူသော စကားတစ်ခွန်းကပ်ပါလာသည်။
"ရပ်၊ ရပ်၊ ရပ်လိုက်!"
နန်ယု အိမ်တော်ထိန်း၏ပြောစကားများကို စိတ်မရှည်စွာနှင့် ကြားဖြတ်လိုက်ပြီး "ဒီအဓိပ္ပာယ်မရှိတဲ့ စကားတွေကို၊ ငါ နားမထောင်ချင်ဘူး၊ နားလည်လား"
အိမ်တော်ထိန်း စကားလုံးများ လည်ချောင်းထဲဆို့နင်သွားရသည်။ နန်ယု လက်ထပ်ပြီးသည်မှာ တစ်လခွဲရှိပြီ။ လွန်ခဲ့သည့်ရက်အနည်းငယ်က ဖေးမိသားစုစည်းမျဉ်းများကို မကျေနပ်သော်လည်း သူ နာခံမှုရှိခဲ့သည်။
သို့သော် ရက်အနည်းငယ်အတွင်းတွင် သူ့ စိတ်နေစိတ်ထားအစစ်အမှန်ကို ဖော်ထုတ်လာခဲ့သည်။
——သူမသည် သူဋ္ဌေးလက်သစ်၏ သမီးအစစ်ပင်။
သို့သော် အိမ်တော်ထိန်းသည် မိသားစုခေါင်းဆောင်၏ဇနီးဖြစ်သူအား "ဆရာ" အနေဖြင့် ဇနီးသည်၏မှားယွင်းပြီး ရိုင်းစိုင်းသောလုပ်ရပ်များကိုထောက်ပြရန် တာဝန်နှင့် ဝတ္တရားရှိသည်ဟု ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် နောင်တွင် နန်ယု အပြင်သို့သွားသည့်အခါ ဖေးမိသားစု၏မျက်နှာကို ကိုယ်စားပြုရမည်ဖြစ်သောကြောင့်ဖြစ်သည်။ သူမအား မသိသူများက ဖေးမိသားစုသည် ဆုတ်ယုတ်သွားပြီဟုထင်သွားနိုင်သည်။
သို့သော် အိမ်တော်ထိန်း ပါးစပ်ကို ဖွင့်လိုက်သည်နှင့် နန်ယု ရေချိုးခန်းတံခါးကို ဆောင့်ပိတ်လိုက်ပြီး တံခါးလော့ချသံကို ရှင်းလင်းစွာကြားလိုက်ရသည်။
"ငါ နားမထောင်ချင်ဘူး၊ နားမထောင်ချင်ဘူး" ဟု ပြောနေသယောင်ပင်။
အိမ်တော်ထိန်း:...
လေးစားမှုမရှိဘူး! လုံးဝ လေးစားမှုမရှိဘူး!
အိမ်တော်ထိန်းကျိုး နိုးလာသောအခါတွင် သူမ ဤအကြောင်းကို သေချာပေါက် တိုင်ကြားရမည်။ သို့မဟုတ်ပါက နန်ယု၏ ဖောက်ပြန်မှုများကို လျစ်လျူရှုရာ ရောက်လိမ့်မည်။
ခြောက်နာရီတွင် နန်ယုသည် အရာအားလုံးကို အပြီးသတ်ပြီး တံခါးအပြင်သို့ ထွက်လာခဲ့သည်။
သုံးရက်ဆိုတာ သူမရဲ့ သည်းခံနိုင်မှုရဲ့ အဆုံးသတ်ဖြစ်တယ်။ ရေချိုးခန်းထဲမှာ ခုနက သူမဖုန်းထဲဝင်လာတဲ့ မက်ဆေ့ချ်ကို စဉ်းစားရင်း နန်ယုရဲ့ နှုတ်ခမ်းတွေ ကော့တက်သွားတယ်။
သူမဟာ မူလပိုင်ရှင်မဟုတ်ဘူး၊ အချစ်အတွက် သည်းခံနေမှာမဟုတ်ဘူး။
သူ ဘာလို့ ဒီလို ရှေးရိုးဆန်တဲ့အိမ်ကြီးထဲမှာ ရူးသွပ်နေတဲ့သူတစ်ယောက်လို ကိုယ့်ကိုယ်ကိုနေခိုင်းရမှာလဲ။
သို့သော် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်...
"မဒမ်၊ လမ်းမှားသွားနေပြီ"
အိမ်တော်ထိန်းက လောလောဆယ် သတိပေးလိုက်သည်။ နန်ယု အချိန်အနည်းငယ်နှောင့်နှေးခဲ့သည်။ မင်္ဂလာအချိန်အတွက် ဆယ်မိနစ်ကျော်သာကျန်တော့သည်။ ယခုဆိုလျှင်ပင် သူ မမီလုနီးပါးဖြစ်သည်။ နန်ယု၌ အခြားအစီအစဉ်များရှိနေပုံရသည်ကို မည်သူသိမည်နည်း။
"ဟုတ်တယ်"
နန်ယု၏နူးညံ့ပြီး လှပသောမျက်နှာတွင် အဓိပ္ပာယ်ပြည့်ဝသော အပြုံးတစ်ခု ပေါ်လာသည်။
"ခြောက်နာရီ ဆယ့်ရှစ်မိနစ်က မင်္ဂလာအချိန်ဆိုရင် ကျွန်မတို့အားလုံး အတူတူလာရောက်ပြီး ဝတ်ပြုပူဇော်သင့်တာမဟုတ်ဘူးလား"
သူ သေတ္တာအသေးလေးတစ်ခုကို တိုက်ရိုက်ထုတ်ယူပြီး အိမ်တော်ထိန်း၏အံ့အားသင့်နေသော မျက်လုံးများအောက်တွင် လက်ဗွေကို ခွဲခြားသိမြင်စေကာ ထို့နောက် ၎င်းကိုဖွင့်၍ ပြင်းပြင်းထန်ထန် နှိပ်လိုက်သည်။
ဘီပီ-ဘီပီ-ဘီပီ-
နားကွဲမတတ်အချက်ပေးသံသည် ဖေးမိသားစုအိမ်ကြီးတစ်ခုလုံးတွင် ချက်ချင်း ပျံ့နှံ့သွားသည်။ အိပ်ပျော်နေကြသူအား လုံး ရုတ်တရက်နိုးထလာကြပြီး ပြင်းထန်စွာခုန်နေသောနှလုံး သားများကိုဖိထားရင်း ပတ်ဝန်းကျင်ကိုကြည့်လိုက်ကြသည်။
"ဘာဖြစ်တာလဲ ? ဘာဖြစ်တာလဲ ?"
"ဘာတွေဖြစ်နေတာလဲ"
...
၎င်းသည် မိသားစုခေါင်းဆောင်၏ဇနီးထံသာ ရှိသော "အခွင့် ထူး" တစ်ခုဖြစ်ပြီး အရေးကြီးဆုံးအချိန်မှအပ အသုံးမပြုနိုင်ပေ။ တစ်ကြိမ်နှိပ်လိုက်သည်နှင့်တစ်ပြိုင်နက် ဖေးမိသားစုတစ်ခုလုံးသည် ပထမအဆင့်စစ်အုပ်ချုပ်ရေးအခြေအနေသို့ဝင်ရောက်မည်ဖြစ်ပြီး ဖေးမိသားစုဝင်အားလုံးသည် အဓိကခန်းမတွင် အမြန်စုရုံးရမည်ဖြစ်သည်။
——၎င်းကို များသောအားဖြင့် ဘေးကင်းရေးသေတ္တာထဲတွင်သော့ခတ်ထားသည်။ နန်ယု ဘယ်တုန်းက ထုတ်သွားတာလဲ ?
အိမ်တော်ထိန်းသည် ဆယ်စုနှစ်များစွာကြာအလုပ်လုပ်ခဲ့သည်။ နန်ယုသည် မိသားစုခေါင်းဆောင်၏ဇနီးနှစ်ဦးအား ဝန်ဆောင်မှုပေးခဲ့သည်ကို မရေတွက်ပါက မည်သူကမျှ ဤအရာကို တစ်ခါမျှမနှိပ်ဖူးပါ။
"နင်၊ နင်..."
စိတ်လှုပ်ရှားမှုကြောင့် မဒမ်ဟုပင် မခေါ်တော့ဘဲ ရိုသေသောစကားလုံးများကိုလည်းမသုံးတော့ပေ။
"နင် ဘာလုပ်နေလဲဆိုတာ နင် သိရဲ့လား"
နန်ယုနှုတ်ခမ်းပေါ်မှ အပြုံးသည် ပျောက်ကွယ်သွားပြီး သူမ ၏တောက်ပသောမျက်လုံးများက အလွန်အေးစက်နေသည်။ သူမသည် သူ့ထက်ဆယ်စုနှစ်များစွာ ငယ်သော မိန်းကလေးဖြစ်သော်လည်း အိမ်တော်ထိန်းသည် ထိုအချိန်တွင် မဖော်ပြနိုင်သော ဖိအားတစ်ခုကိုခံစားလိုက်ရသည်။
၎င်းသည် သားရဲတစ်ကောင် စိုက်ကြည့်ခံနေရသလိုပင်။
"ကျွန်မ သိတယ်"
နန်ယု၏အသံသည် အလွန်ငြိမ်သက်နေပြီး အိမ်ထဲရုတ်တရက်ဖြစ်ပေါ်လာသော ထိတ်လန့်မှုနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။
"ရှင်တို့တွေပဲ မသိကြတာ"
ထိုစကားကို ထားခဲ့ပြီးနောက် နန်ယုသည် အိမ်တော်ထိန်း၏ တုံ့ပြန်မှုကိုဂရုမစိုက်ဘဲ သူ့ ပန်းတိုင်ဖြစ်သော ဖေးမိသားစု၏ အဓိကခန်းမသို့ တိုက်ရိုက်လျှောက်လှမ်းသွားသည်။
သူ နီးကပ်နေပြီး ပထမဆုံးတုံ့ပြန်သူဖြစ်သည်။ သူမ အဓိကခန်းမသို့ ရောက်သောအခါတွင် အစေခံအနည်းငယ်သာ ထိုနေရာတွင် ရပ်နေကြသည်။ နန်ယုသည် ယဉ်ကျေးမှုမရှိဘဲ ကုလားထိုင်တစ်လုံးကို
ကောက်ယူပြီး "ကြွယ်ဝမှုနှင့် သာယာ ဝပြောရေး" ဟူသော ဆိုင်းဘုတ်တစ်ခုအောက်ရှိ အဓိကခန်း မ၏ရှေ့ဆုံးတွင်ထားလိုက်သည်။ ထိုပေါ်တွင် ထိုင်ပြီးနောက် တွင် လူတိုင်းလာရောက်သည်ကို တိတ်တဆိတ်စောင့်ဆိုင်းနေသည်။