🌷 Chapter 5
နန်ယု ဆုံးဖြတ်ချက်ခိုင်မာမှုနှင့် ၎င်းတို့၏ကိုယ်တိုင်လိုအပ် ချက် ဟာကွက်များကို ၎င်းတို့ကောင်းစွာသိမြင်သည်။ ၎င်းတို့ထံလည်း နန်ယုအား တားဆီးဖို့ရာ အကြောင်းအရင်းရှာတွေ့ပုံမရချေ။
“မဒမ်၊ မင်း အခုအပြင်သွားပြီး အပန်းဖြေချင်တယ်ဆိုရင်တော့ အဆင်ပြေပါတယ်ဗျ ” ဟု လူအိုကြီးတစ်ယောက် ရုတ် တရက်ပြောလိုက်သည်။
ထိုလူအိုကြီးမှာနှုတ်ဆိတ်နေသော ဖေးရှင်းလင်ဖြစ်ပြီး သူ နောက်ဆုံးတွင် စကားစပြောသည်။ သူသည် အသက် ၆၃ နှစ်အရွယ်ဖြစ်ပြီး မည်သို့ပင်ဆိုစေကာမူ ဖေးမိသားစုထဲ ဂုဏ် သိက္ခာအရှိဆုံးသော လူကြီးတစ်ယောက်လည်းဖြစ်သည်။
ဖေးယီကျန့်၏မျိုးဆက်ငါးဆက်အတွင်း သူသည် သွေးသားတော်စပ်သူဖြစ်သည်။ ထို့ကြောင့် ဖေးယီကျန့် "မှ အာ့ရှုရှု ( ဒုတိယဦးလေး ) " ဟုခေါ်ဆိုရမည်ဖြစ်သည်။
အာ့ရှုရှုမျက်နှာသည် ခက်ထန်၍ ထိုစူးရှသောအကြည့်များလည်းပိုင်ဆိုင်ထားသည်။ သူ အပြုံးတစ်ချက်မျှမပြုလုပ်သော အခါတွင် ကလေးတစ်ယောက်ပင် ကြောက်စိတ်ဝင်ကာမျက် ရည်ကျစေနိုင်သည်အထိဖြစ်စေနိုင်သည်။ သူစကားတစ်လုံးမျှ မပြောလျှင်အဆင်ပြေသော်လည်း စကားဝိုင်းထဲသို့ဝင်၍ နန်ယုအား အိမ်ပေါ်မှဆင်းသွားရန် အစီအစဥ်ကို အပန်းဖြေရန်သွားရန်နေရာဆီသို့ ပါးနပ်စွာစကားလမ်းကြောင်းလွှဲပြောင်းစေသည်။
ဒါ ခဏတာအပန်းဖြေတာဆိုရင်တော့ သူ မကြာခင် ပြန်လာရမှာပဲမဟုတ်လား ?
“ဒါပေမဲ့ သခင်လေးယွင်ကျင်းကိုတော့ ခေါ်သွားဖို့မမေ့နဲ့ ”
သူ ထိုသို့ထည့်ပြောလာသည်။ ဖေးယွင်ကျင်း မိခင်အရင်းကြောင့် ဖေးမိသားစုများသည် သူ့ကျောထောက်နောက်ခံကို အထင်သေးကြသည်။ သို့သော် အပြင်လူများအမြင်ဝယ် ဖေးမိသားစု၏ဂုဏ်သတင်းအားကိုယ်စားပြုပြီး ဖေးယွင်ကျင်းသာလျှင် ဖေးမိသားစု၏တရားဝင်သခင်လေးဖြစ်သည်။
ဖေးမိသားစုဝင်များ ကြောက်ရွံ့ရသောပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည့် ဒုတိယသခင်ကြီးနှင့် မျက်နှာချင်းဆိုင်နေရသော် လည်း နန်ယု အပြုံးမပျက်ချေ။ ထို့ပြင် သူမျက်လုံးထဲသို့လည်း တည့်တည့်ကြည့်ရဲသည့်သတ္တိလည်း သူမတွင်ရှိသည်။
“ကျမ လိုချင်ဘူး၊ အရင်မျိုးဆက်တွေချန်ထားတဲ့ကလေးတွေကိုလည်း ကျမ မကြိုက်ဘူး”
ထိုအရာသည် အမှန်တရားဖြစ်သော်လည်း နန်ယုမှ ၎င်းတို့၏ မျက်နှာကိုတည့်ကြည့်ကာပြောလာမည်ဟု မည်သူမျှမမျှော်လင့်ထားကြပေ။
သူ မကြိုက်ရင်တောင်မှ သူ ဟန်တောင် မဆောင်နိုင်တော့ဘူးလား ??
မည်သို့ပင်ဆိုကာမူ ထိုမဆင်မခြင်အပြောအဆိုမှတဆင့် နန်မိသားစု၏အကြီးဆုံးဖြစ်သော နန်ယုမှာ မသိမသာဖြင့် အလိုလိုက်ခံရပြီး စကားမထိန်းဘဲပြောဆိုနေခြင်းအာစ သွယ်ဝိုက်ဖော်ပြနေသည်။ ထိုကိစ္စအား ကြိုတင်စီစဉ်ထားသည်ဆိုပါက သူမ အဘယ့်ကြောင့် လွယ်လွယ်ကူကူဖော် ထုတ်ပစ်ရသနည်း ?
ဟုတ်သည်၊ ထိုသူများအပေါ် ဩဇာလွှမ်းမိုးရန်နှင့် အသုံးချရန်ပင်။
နန်ယုအပြုအမူသည် ထိုကောက်ကျစ်သော မြေခွေးအိုကြီးတချို့အားစိတ်သက်သာရာရစေသည်။ ၎င်းတို့အမြင်တွင် မိုက်ရှူးရဲဆန်သည်၊ မဆန်သည်မှာ အရေးမကြီးပေ။ ၎င်းတို့ သညါ ပါးနပ်သောအိမ်ထောင်သည်အမျိုးသမီးတစ်ယောက်အားမလိုချေ။ ထိုသို့မဟုတ်လျှင် သူမ နန်မိသားစုအကျိိုးအ တွက်သာ ဆောင်ရွက်နေမည်ကို သူတို့စိတ်ပူနေရလိမ့်မည်။
“မဒမ် ကျေးဇူးပြုပြီး တဇွတ်ထိုးမဆန်ပါနဲ့၊ ကလေးတစ်ယောက်ကိုသင်ကြားပေးဖို့က မဒမ်ရဲ့တာဝန်နဲ့ ဝတ္တရားပဲ၊ တကယ်လို့ မင်း လက်မခံဘူးဆိုရင်တော့ ငါတို့ မင်းကို အပြင်ထွက်ပြီး အပန်းဖြေဖို့ခွင့်ပြုနိုင်မှာ မဟုတ်ဘူး ”
- အဟက် ~
နန်ယု စိတ်ထဲ လှောင်ပြောင် သရော်လိုက်သည်။
ရှေးရိုးစွဲနေသည့် လူကြီးများမှာမျှော်လင့်ထားသည့်အတိုင်းအမြဲတစေ သူ့အားချိုသာစွာပြောလာကြသည်။ တာဝန်နှင့် ဝတ္တ ရားအကြောင်းများကိုလည်း ယင်းသို့ပင်ပြောနေ၏။
ထိုအိုဟောင်းနေသောခေတ်တွင်နေထိုင်ပြီး အရည်အချင်းပြည့်မီသော ဇနီးကောင်းတစ်ယောက်ဖြစ်ရန်ကြိုးစားနေသည်ဟု သူ့ ကိုယ် သူထင်မြင်လာရသည်။
“ကျမကိုယ် ကျမတောင် ဂရုမစိုက်နိုင်တာ ကလေးတစ်ယောက်ကို ကျမ ဘယ်လိုဂရုစိုက်နိုင်မှာလဲ”
ထိုသို့ ပြောကာ ဖေးယွင်ကျင်းအား မထိတထိကြည့်နေပြီး ဤသို့ ဆက်လက်ပြောလိုက်သည်။
“ပြီးတော့ သူက ပျော့တိပျော့ဖပ်နဲ့ သူ ကောင်းကောင်းမကြီး ပြင်းလာရင်တောင် ရှင်တို့ ကျမကိုအပြစ်တင်ကြမှာပဲလေ ”
သူမသည် တဇွတ်ထိုးဆန်သောအမျိုးသမီးငယ်တစ်ယောက်ပုံ လုံးဝပေါ်လွင်နေသည်။
ဖေးရှင်းလင် မျက်မှောင်ကြုံကာ “လူတိုင်းမှာ သူ့ကံကြမ္မာနဲ့သူရှိတာပဲ၊ မဒမ် မင်းတာဝန်ကို မင်း လုပ်ဆောင်နေသရွေ့ မင်းကို ဘယ်သူမှ အပြစ်တင်မှာမဟုတ်ဘူးဆိုတာ ငါ အာမခံတယ်၊ မိသားစုအကြီးအကဲတောင်မှပေါ့”
“ ကျမမှာ ပိုက်ဆံမရှိဘူး၊ ဒီတော့ ကျမ ကလေးတစ်ယောက်ကိုမပျိုးထောင်နိုင်ဘူး ”
ထိုအရာသည် နန်ယု တမင်သက်သက်ရည်ရွယ်ပြောသည်မှာ ရှင်းလင်းစွာသိမြင်နိုင်သည်။ နန်မိသားစုရဲ့အကြီးဆုံးသမီးမှာပိုက်ဆံမရှိဘူးဆိုလျှင်တော့ ပန်းတိုင်းပြည်ဝယ်မည်သူထံမျှရှိမည်မဟုတ်ပေ။
ဖေးရှင်းလင် တည်ငြိမ်မြဲတိုင်းတည်ငြိမ်နေကာ “ဖေးမိသားစုက သခင်လေးလိုအပ်သမျှ ကုန်ကျစရိတ်အားလုံးကိုပေးဆောင်မှာပါ”
နန်ယု သဘောမတူဆဲဖြစ်ကာ ဖေးရှင်းလင်နှင့် စကားအခြေအတင်ဖြစ်လာတော့သည်။ နှစ်ဦးနှစ်ဖတ်စလုံး လက်လျော့ဖို့ရာ ဆန္ဒရှိမည့်ပုံမပေါ်ပေ။
တစ်ယောက်သည်အိမ်ပေါ်မှဆင်း၍ ကလေးအားအဆတ်ဖြတ်ချင်သော်လည်း တခြားတစ်ယောက်မှာမူ ကလေးအားခေါ်ဆောင်ကာ ရက်အနည်းငယ်အပန်းဖြေသည့်နေရာသို့သွားလည်စေလိုသည်။
ထို့ကြောင့် အခြေအနေသည် ခေတ္တဖရိုဖရဲဖြစ်နေတော့သည်။ တခြားသူများသည်လည်း စကားတစ်လုံးပင်ကြားဖြတ်ပြောဆိုနိုင်ခြင်းမရှိကြချေ။
အိမ်တော်ကြီး၏လေထုမှာလည်း ရုတ်ချည်းဆိုစေကာမူ တင်း မာနေသော လေထုများဖြင့်ပြည့်နှက်လာတော့သည်။
“ကလေးကိုလည်းကြည့်ဦး၊ သူလည်း ကျမနဲ့ မလိုက်ချင်လောက်ဘူး”
အခြေအနေမှာ သူ မသာ ကိုယ်မသာဖြစ်နေလေရာ နန်ယု ကလေးအားကြည့်ပြီး “ကလေး၊ နင် ငါနဲ့လိုက်ချင်လား ?”
ဖေးယွင်ကျင်း သူ့အားစိုက်ကြည့်နေလေသည်။ သူ အဖြေပြန်ပေးမည်မဟုတ်ကြောင်းလည်း သူမ တွေးထင်မိသည်။ သူ လိုနေသည်မှာအဖြေမဟုတ် ပြန်လည်ချေပဖို့ရာအကြောင်းပြချက်တစ်ခုမျှသာ။
“ကြည့်လေ၊ ရှင်တို့ ကလေးတစ်ယောက်ရဲ့ဆန္ဒကိုလည်း လေးစားရမှာပေါ့ သူ.... ”
“ဟုတ်”
- ဟမ် ?
နန်ယု စကားသံမှာ ရုတ်ချည်းရပ်တန့်သွားရသည်။ သူနှင့် ဖေးရှင်းလင်တို့သည် ထိုသို့အဖြေပြန်ပေးလာသည့် ဖေးယွင်ကျင်းထံစိုက်ကြည့်နေကြသည်။
အဓိကဇာတ်လိုက်က ကျန်းမာရေးမကောင်းရင်တောင်မှ သူ့ဦးနှောက်ကတော့ ကောင်းသင့်တယ်လေ မဟုတ်ဘူးလား ??
ကလေးက လေးနှစ်ပြည့်တော့မယ်လေ၊ မိထွေးတွေ မကောင်းဘူးဆိုတာ သူ မသိဘူးလား ? သူ့ထံလည်း ဇနီးကောင်း မိခင်ကောင်းဖြစ်ဖို့ရာ ဆန္ဒမရှိချေ။
“ဟားဟား ဟားဟား”ဖေးရှင်းလင် နှစ်ကြိမ်တိုင်တိုင်ရယ်လိုက်သည်။
“သခင်လေးလည်း ဆန္ဒရှိမှတော့၊ မင်း ငြင်းလို့မရတော့ဘူးပေါ့ မဒမ်”
သေစမ်း! ဘယ်လိုတောင်ကံခေလိုက်တဲ့ အမှားမျိုးလဲ!
နန်ယု စိတ်မပါဘဲပြုံးကာ သူ တွေးထင်ထားသလိုဖြစ်မလာသော်လည်း နောက်ခါ သူ ထပ်မံကြိုးစားရဦးမည်။
“ဒါဆိုလဲ ကျေးဇူးပြုပြီး အာ့ရှုရှု ရှင်ပြောခဲ့တာလေး ပြန်ပြောပေးပါ၊ ကျမ သက်သေအဖြစ်ဗီဒီယိုမှတ်တမ်းယူချင်လို့”
ငြင်းလိုက် ငြင်းလိုက် အဲ့လိုမလျော်ကန်တဲ့ တောင်းဆိုချက်ကိုလေ၊ ရှင် ငြင်းရင် ကျမ ကလေးကိုခေါ်သွားစရာမလိုတော့ဘူး!
ဖေးရှင်းလင်: ....
နန်ယုရဲ့ ဦးနှောက်က တခုခုမှားနေတာလား ? ကလေးအပေါ်မကူးစက်ပါစေနဲ့ !
မည်သို့ပင်ဆိုစေကာမူ ဖေးရှင်းလင်အပေါ် နန်ယုအထင်သေးမိသွားသည်။ သူ ပြောသည့်အတိုင်း စကားဝိုင်းဗီဒီယိုအား ဖမ်းယူထားပြီးသည်။ ယင်းသည် နန်ယုအား ပြန်လည်ချေပရန် စကားလုံးများပျောက်ဆုံးစေသည်။
ဖေးရှင်းလင်အတွေးကို သူ အနည်းနှင့်အများခန့်မှန်းနိုင်သည်။
နှစ်ပတ်အကြာ ဖေးအိမ်တွင်နေပြီးနောက် သူ အိမ်ပေါ်မှဆင်းသွားရသည့်အကြောင်းကို အပြင်လူများမဝေဖန်လိုခြင်းပင်။
ဖေးမိသားစုက သူ့ကိုအထင်သေးနေတာလား ဒါမှမဟုတ် သူမကို ခပ်တုံးတုံးထင်နေကြတာလား ??
အိမ်တော်ထိန်းကျိုးကိစ္စ အပြင်သို့ပေါ်ပေါက်လာသောအချိန်တွင် လူတိုင်းဖေးမိသားစုဝင်များ၏အတွေးများကို ဆင်ခြင်သုံးသပ်ဝေဖန်ကြမည်ဖြစ်သည်။
သို့သော်လည်း သူ ဖေးယွင်ကျင်းအား သူနှင့်အတူ ခေါ်သွားလျှင် အနည်းဆုံးတော့ နန်ယုနှင့်ပတ်သတ်သော ကောလဟာလများကွယ်ပျောက်သွားမည်သာ။
ဆိုးရွားတဲ့ဘဝနဲ့နေထိုင်ရတဲ့ဘယ်မိန်းမမှ သွေးမတော်တဲ့ လင်ပါသားနှင့်အတူပြောင်းရွေ့ဖို့ရာဆန္ဒရှိမည်မဟုတ်ချေ။ ဥပမာ - "အပန်းဖြေ" တာမျိုးပေါ့။
-- ဒါကို သြဇာကြီးမားတဲ့မိသားစုတစ်ခုရဲ့ ဂုဏ်သိက္ခာပဲ
နန်ယု စိတ်ထဲမှ လက်မြှောက်လိုက်သည်။ သူ ဖေးယွင်ကျင်းအား ထောက်ပံ့ပေးရသည်ဖြစ်စေ၊ မပေးရသည်ဖြစ်စေ သူ လုံးဝစိတ်မဝင်စားချေ။
ဖေးယီကျန့်နှင့် လက်ထပ်ထားခြင်းသည် အနည်းဆုံးတစ်နှစ်လောက်တော့ကြာမြင့်မည်။ ထိုစီမံကိန်းများလုံးဝပြီးပြီးနောက် သို့မဟုတ် လမ်းမှန်ပေါ်ရောက်နေပြီးလျှင် လူတိုင်း ကိုယ့်လမ်းကိုယ်သွားကြမည်။ ကလေးသည်လည်း သူ့နဂိုတည်ရှိရာနေရာသို့ ပုံမှန်အတိုင်းပြန်ရောက်သွားလိမ့်မည်။
အကယ်၍ တစ်ခုခုမှားယွင့်းခဲ့သည်ရှိသော် ကလေးအား ရက်အနည်းငယ်မျှပြုစုပျိုးထောင်ပြီး သူအားအိမ်သို့ပြန်ပို့ရပေသည်။ အဆိုးတကာ့အဆိုးဆုံးဖြစ်လျှင် ဖေးအိမ်တော်အဝင်ဝမှာတင် သူ ကလေးအားချန်ထားခဲ့နိုင်သည်။ သူ့အား မည်သူမျှ လိုက်ဖမ်းနိုင်မည်မဟုတ်ပေ။
ယခုချိန်တွင် နန်ယုအတွက် အရေးကြီးဆုံးပန်းတိုင်သည် ထိုစိတ်ပျက်စရာနေရာမှ မြန်နိုင်သမျှ အမြန်ဆုံးထွက်သွားနိုင်ရန် ဖြစ်သည်။
သူ့အား မနက်ငါးနာရီထရန် တွန်းအားပေးနိုင်တော့မည်မဟုတ်ပေ! သူ နိုးတဲ့အထိ အေးဆေးအိပ်စက်နိုင်ပြီဖြစ်သည်!
ထို့နောက် လူချမ်းသာအမျိုးသမီးတစ်ယောက်၏ပျော်ရွှင်မှု စည်းစိမ်များအား သူ ကောင်းကောင်းအရသာခံတော့မည်!