no

Font
Theme

🌷 Chapter 24

အစေခံတစ်ဦးသည် နန်ယုနှင့် အခြားနှစ်ဦးအား အပေါ်ထပ်သို့ ခေါ်သွားခဲ့ပြီး သူတို့ ဦးတည်ရာမှာ မွေးနေ့ရှင်သခင်ကြီးပေထန်ရှိနေသည့်အခန်းဖြစ်သည်။

တံခါးဖွင့်လိုက်သောအခါ နန်ယု အတွင်းရှိလူတိုင်းအား ချက် ချင်းဆိုသလိုမြင်လိုက်ရသည်။

မွေးနေ့ရှင်အပြင် အခြားငါးဦးလည်းရှိသည်။

သူမ မှတ်မိတာမှန်ပါက အလယ်အလတ်အရွယ်ရှိ ထိုအမျိုး သားမှာ သခင်ကြီးပေထန်၏ဒုတိယသားဖြစ်ပြီး လက်ရှိ ပေထန်မိသားစုခေါင်းဆောင်၏ ဖအေတူမအေကွဲအစ်ကိုဖြစ်မည်။ သူ့ဘေးတွင် သူ့ဇနီးနှင့် သမီးတို့ရှိနေကြသည်။

အခြားလူငယ်မှာ အကြီးအကဲ၏အငယ်ဆုံးသား ပေထန်ချင်ရယ်ဖြစ်ပုံရသည်။

သူသည် နန်ယုနှင့် အသက်တူပြီး ယခင်ကအကြိမ်အနည်းငယ် တွေ့ဖူးသည်။ သူမ သူ့အား ပညာရှင်ဆန်သော စာပေသမားလေးဖြစ်ကြောင်း မှတ်မိသည်။

သခင်ကြီးပေထန်ဘေးတွင် ထိုင်နေသည့် အသက်ငါးနှစ် သို့ခြောက်နှစ်ခန့်ရှိပုံရသော မိန်းကလေးမှာ အကြီးအကဲ၏ အချစ်ဆုံးသမီး ပေထန်မင်ကျူးဖြစ်သည်။

၎င်းတို့၏ဆက်ဆံရေးအရ ဖေးယွင်ကျင်း သူမအား 'အန်တီ' ဟု ခေါ်ရမည်။

ထိုလူသုံးဦး ဝင်လာသည်ကိုမြင်သောအခါ ကောင်မလေး၏ မျက်လုံးများ တောက်ပသွားသည်။ သူမ အကြည့်မှာ နန်ယုနှင့် ဖေးယွင်ကျင်းကြားတွင် လှည့်ပတ်သွားလာနေသော်လည်း အခြားမည်သည့် လှုပ်ရှားမှုမှမလုပ်ခဲ့ပေ။

"အဘိုးပေထန်၊ အရှေ့ပင်လယ်လိုကျယ်ပြန့်တဲ့ ပျော်ရွှင်မှုနဲ့ တောင်ပိုင်းတောင်တန်းတွေလို ရှည်လျားသောအသက်ကို ပိုင်ဆိုင်ပါစေ"

ဆုမွန်ကောင်းတောင်းခြင်းမှာ ပထမဆုံးအဆင့်ဖြစ်သည်။

အဘိုးအို၏ရွှင်မြူးသော တုံ့ပြန်မှုနောက်တွင် ဒုတိယသခင်ပေထန်မှာ ဦးစွာ နှုတ်ဆက်သည်။ နန်ယုအား ကြည့်လိုက်သော သူ့မျက်လုံးများတွင် အံ့သြမှုတစ်ခုဖြတ်ပြေးသွားသည်။

ဒုတိယသခင်ပေထန် နန်ကျီထံသို့ ဦးစွာလက်ဆန့်လိုက်ပြီး ခဏတာ လက်ဆွဲနှုတ်ဆက်ပြီးနောက် နန်ယုထံ ချက်ချင်း လက်ဆန့်လိုက်သည်။

ရည်ရွယ်ချက်မှာ ရှင်းနေပြီး ရိုင်းစိုင်းခြင်းမဟုတ်ပေ။

သို့သော် နန်ယု ထိုအဆီများပြည့်နေသည့် အလယ်အလတ်အရွယ်ရှိ အမျိုးသားနှင့် လက်ဆွဲနှုတ်ဆက်လိုစိတ်လုံးဝမရှိပေ။ နန်ကျီ သူမကို ကူညီရန် ပြင်လိုက်စဉ် နန်ယု ဖေးယွင်ကျင့် လက်အားဆုပ်ကိုင်လိုက်သည်။

"ရှောင်ကျင်းပါ၊ ဒုတိယသခင်၊ ဒါ ပထမဆုံးအကြိမ် တွေ့ဆုံ တာမှတ်လား"

ဒုတိယသခင်ပေထန် လျစ်လျူရှုခံလိုက်ရသောကြောင့် သူ့မျက်နှာထက် စိတ်အနှောင့်အယှက်ဖြစ်မှုတစ်ခု ဖြတ်ပြေးသွားသည်။ သို့သော် နန်ကျီနှင့် သခင်ကြီးပေထန်အနီးအနားမှာရှိနေသည်ကိုသတိပြုမိပြီး သူ လျင်မြန်စွာပြန်လည်ကောင်းမွန်လာကာ ဖေးယွင်ကျင်းအား ပျော်ရွှင်စွာကြည့်ရင်း သူ့ခေါင်းကို ပုတ်လိုက်သည်။

"ဒီကလေးက ယွင်ကျင်းလား၊ ငါ့ရဲ့ဆင်းရဲတဲ့တူမလေးနဲ့ တူနေတာပဲ၊ လာပါဦး၊ ယွင်ကျင်း ဒုတိယအဘိုးလို့ခေါ်ပါအုံး"

ပေထန်ဒုတိယသခင်၏ EQ မှာ အမှန်ပင်နိမ့်ပေသည်။

နန်ယု မျက်နှာထက် မကျေနပ်မှုမရှိပေ။ သူမ ထံသို့ တိုးဝင်လာသည်ကိုမြင်သောအခါ သူ ပြုံးလိုက်ပြီး

"တောင်းပန်ပါတယ်၊ ရှောင်ကျင်းက နည်းနည်းရှက်တတ်လို့ပါ"

ရှက်တယ် ? ဘာလို့ ရှက်တာလဲ ??

သူမွေးဖွားလာပြီးကတည်းက ဒုတိယအဘိုးဟုခေါ်သည့် သူအား တစ်ခါမှမမြင်ဖူးပေ။

ဖေးယွင်ကျင်းအား လူများကိုယဉ်ကျေးစွာခေါ်ရန် ပြောခဲ့သည့် အိမ်တော်ထိန်းကျိုးနှင့်မတူဘဲ နန်ယု ဤနေရာသို့လာနေစဥ် သေချာမှာခဲ့သည်။

"မင်း မကြိုက်တဲ့ ဒါမှမဟုတ် ကြောက်တဲ့သူကိုတွေ့ရင် ငါ့နောက်မှာ ပုန်းနေလိုက်၊ ဘာစကားမှမပြောနဲ့"

ဖေးယွင်ကျင်း နန်ယုစကားအား ထုံးစံအတိုင်း နားထောင်မြဲပင်။

သူ့ရှေ့ရှိလူမှာ တောက်ပစွာပြုံးနေသော်လည်း ဖေးယွင်ကျင်း အနည်းငယ်ကြောက်နေမိသည်။

ပေထန်ဒုတိယသခင် အခြားစကားတစ်ခုအားပြောချင်နေသေးသော်လည်း လူအိုကြီးက ဦးစွာပြောလိုက်သည်။

"မင်းတို့နှစ်ယောက် အရင်ထွက်သွားသင့်တယ်၊ ငါ မဒမ်ဖေးတို့ နဲ့ စကားပြောချင်တယ်"

ပေထန်မိသားစုမှာ လူအိုကြီးသည် အဆုံးစွန်သော အာဏာကို ပိုင်ဆိုင်သည်။ ဒုတိယသခင် အဘိုးကြီးပြောချင်သည့်အရာအား သိလိုစိတ်ပြင်းပြနေသော်လည်း၊ ထိုကလေးငယ်အား ဘာကြောင့် ရုတ်တရက်ပြန်ခေါ်သည်ကို သိချင်နေသော်လည်း ထွက်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

ပေထန်မင်ကျူး ဆက်နေဖို့တောင်းပန်သည်ကိုပင် လူအိုကြီးမှာ ငြင်းဆန်လိုက်ပြီး အစ်ကိုဖြစ်သူအား သူ့ကိုဆွဲခေါ်သွားစေ သည်။

မကြာမီပင် နန်ယုနှင့် အခြားနှစ်ဦးသာ အခန်းထဲကျန်ခဲ့သည်။

မလိုအပ်သော ယဉ်ကျေးမှုများကိုကျော်သွားပြီးနောက် နန်ယုနှင့် နန်ကျီသည် လူအိုကြီးဘေးတွင် ထိုင်လိုက်ပြီး ဖေးယွင်ကျင်းမှာ သူ့ရှေ့တွင် ရပ်နေကာ သူ၏စူးစိုက်ကြည့်ရှုခြင်းကို ခံနေရသည်။

"ယွင်ကျင်း၊ နာမည်ကောင်းပဲ"

လူအိုကြီး ဖေးယွင်ကျင်းလက်များကိုကိုင်ရင်း ချစ်ခင်စွာဆို သည်။

"ရှောင်ယွင်ကျင်း၊ ငါက မင်းရဲ့ ဘိုးဘိုးကြီးပါ"

ဖေးယွင်ကျင်း အနည်းငယ် စိတ်မသက်မသာဖြစ်သော်လည်း သူ့ဘေးရှိ နန်ယုအားကြည့်ပြီးနောက် သူ လျင်မြန်စွာခေါင်း ညိတ်လိုက်သည်။

"မင်္ဂလာပါ ဘိုးဘိုးကြီး၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ"

"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်"

လူအိုကြီးက "ကောင်းတယ်" ဆိုသည့် စကားအား သုံးကြိမ် ပြောပြီးနောက် သူ့မျက်လုံးများ၊ အမူအရာများနှင့် စကားလုံးများမှာ ဖေးယွင်ကျင်းအပေါ် သူ့ချစ်ခင်မှုအားဖော်ပြနေသည်။

ထို့နောက် သူ ပျော်စရာအတွက် ဘာတွေလုပ်လေ့ရှိလဲ၊ ဘာတွေစားရတာကြိုက်လဲ စသည့် ရိုးရှင်းသော မေးခွန်းအချို့အား မေးသည်။

ဖေးယွင်ကျင်း တစ်ခုပြီးတစ်ခုဖြေဆိုပြီးနောက် လူအိုကြီး နောက်ဆုံးတွင် နန်ယုအား လှမ်းကြည့်လိုက်သည်။

"မဒမ်ဖေး၊ မင်း ယွင်ကျင်းကို ကောင်းကောင်းသင်ကြားပေးခဲ့တာပဲ၊ ကျေးဇူးတင်ပါတယ်"

နန်ယု ခေါင်းငုံ့ပြီး ညင်သာစွာ ပြုံးလိုက်သည်။ သူ့မျက်လုံးများတွင် ရှုပ်ထွေးမှုများကို ဖုံးကွယ်ထားသည်။ ယခင်ဘဝတွင် သူ ဖျားနာမှုကြောင့် ပွဲကိုမတက်ခဲ့ပေ၊ ထို့ကြောင့် ဤအရာသည် သေချာပေါက်မဖြစ်ခဲ့ပေပေ။ ထို့ပြင် ပေထန်မိသားစုသည် ဖေးယွင်ကျင်းအား အစမှအဆုံးထိ ဆက်စပ်ခဲ့ခြင်းမပြုခဲ့ပေ။

နောက်ပိုင်းတွင် ဖေးယွင်ကျင်း နန်ယုအားပညာပြရန် တမင်ဖျော်ဖြေရေးသမားတစ်ယောက်ကဲ့သို့ ပြုမူခဲ့သည်။ အသိုင်း ဝိုင်းအတွင်းတွင် သူ့ဂုဏ်သတင်းမှာ အလွန်ဆိုးရွားနေသော် လည်း ပေထန်မိသားစုကမူ ဘာမှမပြောခဲ့ပေ။

သူတို့ ဒီကလေးဟာ လုံးဝမရှိသကဲ့သို့ဟန်ဆောင်ခဲ့ပုံရသည်။

သို့သော် လူအိုကြီးမှာ ယခုမူ သူ့မြေးအပေါ် လျစ်လျူရှုသည့် လက္ခဏာမပြဘဲ သူ့သဘောထားမှာအလွန်ဖော်ရွေလို့နေ သည်။

"အို—"

နန်ယု ဤအပြောင်းအလဲမှုက ကောင်းသည်လား၊ ဆိုးသည်လား၊ သူမနှင့် ဖေးယွင်ကျင်းအား ထိခိုက်စေမည်လားဟု တွေးနေစဉ် လူအိုကြီးသက်ပြင်းချလိုက်သည်။

"မဒမ်ဖေး ငါဘာကြောင့် ဒီကလေးကို လွန်ခဲ့တဲ့ နှစ်အနည်း ငယ်က လျစ်လျူရှုခဲ့ပြီး အခုမှရုတ်တရက် တွေ့ဖို့တောင်းဆိုလဲဆိုတာကို မင်း တွေးနေတာ သိပါတယ်"

နန်ယု လူအိုကြီး၏ဝန်ခံချက်အပေါ် သိပ်မတုံ့ပြန်ဘဲ ယဉ်ကျေးစွာပြန်ဖြေလိုက်သည်။

"အဘိုး၊ အဘိုး စိုးရိမ်လွန်းနေပြီ၊ ရှောင်ကျင်းရဲ့သွေးထဲမှာ ပေထန်သွေးစီးနေတာပါ၊ အဘိုး ဆန္ဒရှိရင် အချိန်မရွေးတွေ့နိုင်ပါတယ်"

လူအိုကြီး ထိုစကားကြောင့် အသက်ရှူကျပ်သွားပြီး ဤ နန်မိသားစုမှ မိန်းကလေးသည် ကောလာဟလများပြောသကဲ့သို့ ဥာဏ်မရှိသူ မဟုတ်ကြောင်း သူ့ဘာသာရေရွတ်နေသည်။

သို့သော် အပြင်ပန်းတွင် လူအိုကြီးမှာ သူ့ယခင်ခေါင်းစဉ်အား ဆက်ပြောလိုက်သည်။

"တကယ်တော့ အားယောင်က ရှောင်ဝမ်ကို အမြဲတမ်းအရမ်းချစ်ခဲ့တာ"

အားယောင်မှာ လက်ရှိ ပေထန်မိသားစု၏ခေါင်းဆောင် ပေထန်ယောင်ဖြစ်သည်။

ရှောင်ဝမ်မှာ ဖေးယွင်ကျင်း၏မွေးမိခင် ပေထန်ရှောင်ဝမ်ပင်။

နန်ယု ဤကောက်ချက်အပေါ် မှတ်ချက်မပေးဘဲ ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။

ထိုအရာကိုမြင်တော့ လူအိုကြီး မတွန့်ဆုတ်တော့ပေ။

"ရှောင်ဝမ် မှားခဲ့တာတော့ မှန်ပါတယ် ဒါပေမဲ့ အဲဒီအမှားအတွက် သူ့ အသက်နဲ့လဲခဲ့ရပြီပဲ၊ သူ မရှိတော့တဲ့နောက်မှာ ငါ့ဒေါသတွေလည်း အချိန်ကြာလာတော့တဖြည်းဖြည်းလျော့ပါး သွားခဲ့တယ်"

"တကယ်တော့ အသက်ကြီးလာတာနဲ့အမျှ ကလေးတွေ၊ မြေးတွေဝိုင်းနေတာကို ပိုပြီးပျော်လာတာ၊ မကြာသေးခင်က ရှောင်ဝမ်ကိုအိပ်မက်မက်ခဲ့တော့ ဒီလိုအခွင့်အရေးရတုန်း ကလေးနဲ့ တွေ့ချင်တဲ့ စိတ်ကိုမထိန်းထားနိုင်တော့ဘူး"

"ငါ လုပ်ရမယ့် တာဝန်ပါ"

နန်ယုနှင့် နန်ကျီတို့ တိတ်ဆိတ်စွာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment