🌷 Chapter 33
သို့သော် တစ်ခုမှာတော့ သေချာသည်၊ ယခု နန်ယုသည် အရင်တစ်ယောက်ထက် အဆပေါင်းများစွာပိုလိမ္မာပါးနပ်လေသည်။
"ကျွန်မတို့ အခု ကွာရှင်းမယ်ဆိုရင် ဖေးနဲ့ နန်မိသားစုတွေရဲ့ ဆုံးရှုံးမှုတွေကို တွက်ချက်ထားပြီးပြီလား"
၎င်းတို့စာကြည့်ခန်းထဲတွင် ထိုင်လိုက်သည်နှင့် နန်ယု တိုက် ရိုက်ပြောလိုက်သည်။
"မတွက်ချက်ရသေးပါဘူး"
ဖေးယီကျန့် ညင်သာစွာ ပြုံးပြီးခေါင်းခါလိုက်သည်။
"ဒါဆို နန်ယုက ဘာလုပ်ချင်တာလဲ"
နေပါဦး၊ ဘာလို့ နန်ယုလို့ ခေါ်တာလဲ ? သူ့ကို အရင်ကနာမည်တပ် ခေါ်ခဲ့တာလေ။
နန်ယု ယခုချိန်တွင် ဖေးယီကျန့်နှင့်ခေါ်ဝေါ်ပုံကိစ္စအား ဆက် လက်ပြောဆိုရန် စိတ်မဝင်စားချေ။
"ကျွန်မတို့ လာမယ့် ဧပြီလမှာကွာရှင်းကြမယ်၊ အဲ့ဒီအချိန်ဆို စွမ်းအင်သစ်နဲ့ အက်ပ်ပရောဂျက်တွေက ပြီးလုနီးပါးဖြစ်နေပြီ၊ ကျန်တဲ့ပရောဂျက်တွေလည်း တစ်ဝက်လောက်ရောက်နေပြီ၊ ဒီတော့ ကျွန်မတို့ ကွာရှင်းတာက သက်ရောက်မှုအများကြီး နည်းသွားလိမ့်မယ်၊ ရှင် ဘယ်လိုထင်လဲ"
— ဒါ သူ အရင်ကတည်းက စီစဉ်ထားပြီးသားဖြစ်ပုံရသည်။ သူ ဒီတစ်ကြိမ်မလာခဲ့လျှင် သူမ လာမည့် ဧပြီလတွင်တိုက်ရိုက်ပြောလာမည်လား ? သူ သဘောတူလိမ့်မည်ဟု နန်ယုဘက်က သေချာနေတာလား ?
"ရပါတယ်၊ ပြဿနာမရှိပါဘူး"
ဖေးယီကျန့် မျက်ခုံးအားနိမ့်ချလိုက်ပြီး ပေါ့ပေါ့ပါးပါးရှိဟန်ဖြင့် နန်ယုသက်ပြင်းချတော့မည့်ဆဲဆဲ သူ ရုတ်တရက် လေသံပြောင်းကာ စပ်စုလိုဟန်ဖြင့်မေးလိုက်သည်။
"ဘာလို့ ကွာရှင်းချင်တာလဲလို့ မေးလို့ရမလား"
အမှန်မှာ ဖေးယီကျန့် မည်သူ့ကို လက်ထပ်သည်ဖြစ်စေ၊ ကွာ ရှင်းသည်ဖြစ်စေ ဂရုမစိုက်ပေ။ နန်ယုအား သူအကြံပေးနေသည့်ပုံစံမှာ သူ့ပုံပန်းသွင်ပြင်နှင့်ကိုက်ညီနေရုံမျှသာဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထိုလူတို့၏အစီအစဉ်များအရ သူသည် သက်တမ်းရှည်စွာ အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။ သေပြီးနောက် မည်သို့ဖြစ်မည်ကို မည်သူကဂရုစိုက်မည်နည်း။
နန်ယု ဖေးယီကျန့် အတွေးများအားသေချာပေါက်မသိခဲ့ပေ။ သူ အသင့်ပြင်ထားသော အဖြေအားချက်ချင်းပေးလိုက်သည်။
"ဒါကို ကျွန်မ ရှင့်ကို ပြန်မေးရမှာမဟုတ်လား၊ ကျွန်မတို့ လက် ထပ်ပြီး နောက်တစ်နေ့မှာ ရှင်က အလုပ်ခရီးထွက်သွားတယ်၊ အဲ့ဒီအချိန်အတွင်း ရှင် တစ်ခါမှဖုန်းမခေါ်ဘူး။ အိုး၊ ကျွန်မကလည်း တစ်ခါမှမခေါ်ဘူး။ ကျွန်မ ရှင့်ကို အရင်ဘဝကတစ်ခုခု ကြွေးတင်ခဲ့ရင်တောင် ဒီဘဝမှာ ရှင့်အပေါ် ဒီလောက်အာရုံ စိုက်ဖို့မလိုပါဘူး၊ ဟုတ်တယ်မလား"
နန်ယု ကွာရှင်းရန်အတွက် အကြောင်းပြချက်များစွာ ပေးနိုင်ခဲ့သည်။ သို့သော် ဖေးယီကျန့်အားပြောပြရန် မလိုအပ်ခဲ့ပေ။ သူမသည် စကားများတတ်သော အမျိုးသမီးမဟုတ်ချေ။ အများကြီးပြောပါက ရေဆာရုံသာ ရှိပေလိမ့်မည်။
ဖေးယီကျန့်သည် စကားများလိုဟန် မရှိခဲ့ချေ။ သူ မှားသည်ဟုပင် ယုံကြည်ဟန်ရှိခဲ့သည်။ သူသည် "A Thousand Miles of Spring Scenery" ကိုပင် ထည့်သွင်း၍ နန်ယုတစ်ခုခု လိုအပ်ပါက သူ့အား အသိပေးရန်ကမ်းလှမ်းခဲ့သည်။
ဒီလူက တကယ်ပဲ လူအလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလား ?
နန်ယု နောက်ဆုံးစကားလုံး တစ်စုံတစ်ရာကိုမပြောခဲ့ချေ။ အချိန်ရောက်လျှင် ကြည့်ကြမည်ဟုသာ ဆိုခဲ့သည်။
ဖေးယီကျန့် နောက်ထပ်မေးခွန်းများ မမေးတော့ပေ။ နန်ယု သူ့အား ညစာစားရန်ဖိတ်ခေါ်မည့် ရည်ရွယ်ချက်မရှိသည်ကိုမြင်သောအခါ သူ ထရပ်၍နှုတ်ဆက်သည်။ နောက်နေ့မွန်းလွဲပိုင်းတွင် နောက်ထပ် စီးပွားရေးခရီးစဉ်တစ်ခုရှိကြောင်း ရှင်းပြပြီး တစ်ခုခုရှိပါက ဖုန်းဆက်ရန်ပြောခဲ့သည်။
"အိုး၊ ဒါနဲ့ ယွင်ကျင်းရဲ့မွေးနေ့က သန်ဘက်ခါလေ၊ ငါ လက် ဆောင်ယူလာတယ်။ သူ့ကို ကြိုတင်ပြီး ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းတယ်လို့ပြောပေးပါဦး"
ဖေးယီကျန့် ထွက်ခွာမသွားမီ ထပ်ပြောခဲ့သည်။
သူ့အား သီးသန့်ဆန့်သည်ဟုခေါ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သားမွေးနေ့အား မှတ်မိနေသောကြောင့်ဖြစ် သည်။ သို့သော် ဖေးယွင်ကျင်းကို သူ အလွန်ဂရုစိုက်သည်ဟုမဆိုနိုင်ပေ။ မျက်နှာချင်းဆိုင်ပင် "ပျော်ရွှင်ဖွယ်ရာ မွေးနေ့" ဟု မပြောခဲ့ချေ။ ယခုခေတ်တွင် ခေတ်မီဆက်သွယ်ရေးနည်းလမ်းများရှိနေသည်ကို ဖုန်းတစ်ချက်ခေါ်ဆိုခြင်းက သူ့အား ဒေဝါလီခံစေမည်လား ?
သူမနှင့် ဖေးယီကျန့် ကွာရှင်းခဲ့လျှင် ဖေးယွင်ကျင်း မည်သို့ဖြစ်သွားမည်နည်း။
ဖေးယီကျန့်သဘောထားမှာ သူ့သားအား ဂရုမစိုက်ကြောင်း ရှင်းလင်းစွာပြသနေသည်။ အဲ့ဒီအချိန်မှာ အသက်ငါးနှစ်ပဲ ရှိသေးတဲ့ ဖေးယွင်ကျင်းသာ ဖေးမိသားစုကိုပြန်သွားရင်...
နန်ယုက စာကြည့်ခန်းထဲမှာ ခဏတာစဉ်းစားနေခဲ့သည်။ ဒါပေမဲ့ အခုချိန်မှာတော့ အဖြေမရှိပါဘူး။ ထိုအချိန်တွင် အသက်ငါးနှစ်မျှသာ ရှိသေးသော ဖေးယွင်ကျင်းသာ ထိုဖေးမိသားစုထံ ပြန်သွားခဲ့ရလျှင်...
နန်ယု စာကြည့်ခန်းထဲတွင် ခဏတာ စဉ်းစားနေခဲ့သည်။ သို့ သော် ယခုအချိန်၌ အဖြေမရှိသေးပေ။ ဖေးယီကျန့်လာရောက် လည်ပတ်ခြင်းမှာ နှုတ်ဖြင့်ကတိတစ်ခုပေးခြင်းအပြင် ပြဿ နာအသစ်များကိုပါ ယူဆောင်လာသကဲ့သို့ဖြစ်နေသည်။
"အန်တီ ?"
ဖေးယီကျန့် ထွက်ခွာမသွားမီ တံခါးအားဖွင့်ထားခဲ့သည်။ ထို့ ကြောင့် ရုတ်တရက် ခေါင်းလေးတစ်လုံးပေါ်လာသည်။
"အဲ့လူ သွားပြီ"
ဟွန့်—
နန်ယု ထရပ်ကာ တံခါးဆီသို့သွား၍ ဖေးယွင်ကျင်းမျက်ခုံးများအား လက်ညိုးဖြင့်ထိလိုက်သည်။
"ဘာလဲ၊ မင်း အဖေလို့တောင် မခေါ်ချင်ဘူးလား"
စဉ်းစားကြည့်လိုက်သောအခါ ယနေ့တွင် ဖေးယွင်ကျင်းသည် ဖေးယီကျန့်အား တစ်ခါမျှမခေါ်ခဲ့သည်မှာ မှန်ပေသည်။
ဖေးယွင်ကျင်း သူ့နဖူးအားထိလိုက်သည်။ သူ မဖြေလိုသော မေးခွန်းများနှင့် ရင်ဆိုင်ရသောအခါ ယခုအခါအလိုက်တသိ တိတ်ဆိတ်စွာနေတတ်နေပေပြီ။
နန်ယု ထိုမျှသာမန်ကိစ္စအား ဆက်လက်ပြောဆိုလိုခြင်းမရှိပေ။ ထိုအစား သူ့ ဖုန်းအားထုတ်ယူ၍ ဆယ်စက္ကန့်စာဗီဒီယိုတစ်ခုကို ဖွင့်လိုက်သည်။
"ရှောင်ကျင်း၊ ကြည့်!"
ဗီဒီယိုထဲမှရင်းနှီးသော ပုံရိပ်နှင့်ပဲ့တင်ထပ်နေသော ရယ်သံကိုမြင်သောအခါ ဖေးယွင်ကျင်းအေးခဲသွားသည်။ ဒါကို ဘယ် တုန်းကရိုက်ထားတာလဲ ??
"ဖျက်လိုက်ပါ၊ အန်တီ! ဖျက်လိုက်ပါ!"
သူ ဖုန်းအား ဆွဲယူရန်ကြိုးစားလိုက်သည်။ သို့သော် နန်ယု ဖုန်းအား အမြင့်သို့အလွယ်တကူ မြှင့်တင်လိုက်သောကြောင့် ထိုအရပ်ပုပုကလေးမှာ ဘာမှမတတ်နိုင်ဖြစ်သွားသည်။ ခုန်လျှင်ပင်မမီနိုင်ခဲ့ပေ။
နှစ်အနည်းငယ်အတွင်း ဖေးယွင်ကျင်း၏ကြီးထွားနှုန်းနှင့်ဆိုလျှင် ထိုဂိမ်းအားဆက်ဆော့နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ယခု အမှတ်တရအချို့အားသိမ်းထားရပေမည်။
"ဒါကို ငါ့အရည်အချင်းနဲ့ မှတ်တမ်းတင်ထားတာ၊ ဘာလို့ ဖျက်ရမှာလဲ"
"အား၊ အန်တီက လူဆိုးကြီး!"
"ဟား ဟား ဟား ဟား ဟား!"
ဖေးယီကျန့်အား ပို့ဆောင်ပေးပြီးဖြစ်သဖြင့် နန်ယုအား အစီရင်ခံရန် ရည်ရွယ်နေသော အိမ်တော်ထိန်းကျိုး"..."
ဘာလို့ သခင်မလေးက ပိုပိုကလေးဆန်လာသလို ခံစားရတာလဲ။ အို၊ အို၊ ဒါကို ကလေးဆန်တယ်လို့ ခေါ်တာပါပဲ။
သို့သော် ထိုနှစ်ဦးဆော့ကစားနေသည်အား ကြည့်ပြီး အိမ်တော်ထိန်းကျိုး ပြုံးမိသည်ကိုမတားဆီးနိုင်ခဲ့ပေ။ ဖေးယီကျန့်ကြောင့် သခင်မလေး၏စိတ်ခံစားချက် မထိခိုက်ခဲ့သည်မှာ ထင်ရှားသည်။ ဒါ ကောင်းပါတယ်၊ အရမ်းကောင်းတယ်။
ဖေးယီကျန့် သတိပေးမှုကြောင့် နန်ယု ဖေးယွင်ကျင်း၏ မွေး နေ့မှာ သန်ဘက်ခါဖြစ်သည်ကိုသိလိုက်သည်။
ကလေးငယ်လေးမှာ သူ့တစ်သက်တာလုံးတွင် သင့်လျော်သော မွေးနေ့ပွဲတစ်ခါမျှ မကျင်းပခဲ့ဖူးသည်မှာ သနားစရာကောင်းပေသည်။
နန်ယုနှင့် ဦးလေးကျိုးတို့ မွေးနေ့ပွဲကျင်းပရန် ဆုံးဖြတ်လိုက်ကြသည်။
တစ်နှစ်လျှင် တစ်ကြိမ်သာလာရောက်သည့် ထိုမွေးနေ့အား မဖြစ်မနေကျင်းပရမည်။ သူတို့သည် ထူးထူးခြားခြား တစ်စုံ တစ်ရာကို မပြုလုပ်ခဲ့ကြချေ။ ဖေးယွင်ကျင်း မူကြိုသွားနေစဉ် ဗီလာရှိအလုပ်သမားများမှာ ဧည့်ခန်းကိုဘောလုံးများ၊ အယ်လ်ထရာမန်းအရုပ်များနှင့် အရောင်အသွေးစုံလင်သော မီးများဖြင့် အလှဆင်ရန်စတင်ကြသည်။ အရာအားလုံးမှာခမ်းနားတင့်တယ်နေတော့သည်။
ထိုအတောအတွင်း ကျောင်းတွင်ရှိနေသော ဖေးယွင်ကျင်းမှာ လီရီပိုင်နှင့်အတူ Lego ကစားနေသည်။
လီရီပိုင်သည်လည်း လာမည့်လ မေလ (၁) ရက်နေ့တွင် သူ့မွေးနေ့ဖြစ်ပြီး ဖေးယွင်ကျင်းနှင့် နန်ယုအားဖိတ်မည်ဟု ပြောခဲ့သည်။
"ဒီနှစ် ငါ့မွေးနေ့အတွက် ဆုံးဖြတ်ထားပြီးသား၊ မွေးနေ့ဆု တောင်းက ငါ စီးလို့ရမဲ့ ခွေးအကြီးကြီးတစ်ကောင်!"
"ဘဲပေါက်လေးကိုရော၊ ခွေးအကြီးကြီးက စားပစ်လိုက်မှာလား"
ဖေးယွင်ကျင်း မေးခွန်းကြောင့် လီရီပိုင်အံ့အားသင့်သွားသည်။ သူသည် ရုပ်သံထဲမှလူကြီးများအား အတုယူ၍ ညာဘက်လက်ကိုမေးစေ့ပေါ်တင်လိုက်သည်။
"မဖြစ်နိုင်ပါဘူး၊ ဟုတ်တယ်မလား၊ ခွေးအကြီးကြီးကိုစောင့်ကြည့်ပြီး ဘဲပေါက်လေးကိုမစားမိအောင် ကာကွယ်ပေးမယ်!"
"ရှောင်ကျင်း၊ ခွေးအကြီးကြီးရောက်လာရင် မင်းကိုလည်း စီးခိုင်းမယ်!"
ကလေးနှစ်ဦးသည် သူတို့၏သံသယများအား လျင်မြန်စွာ မေ့ လျော့သွားကြသည်။ ခွေးအကြီးကြီးရောက်လာလျှင် မည်သို့ကျွေးမွေးရမည်၊ မည်သို့ဆော့ကစားရမည်ကို စိတ်အားထက် သန်စွာ ဆွေးနွေးနေကြသည်။
ထိုသို့ ဆွေးနွေးနေစဉ် လီရီပိုင်မျက်နှာအမူအရာမှာ ရုတ်တ ရက် မှောင်မိုက်သွားသည်။