🌷 Chapter 34
ဖေးယွင်ကျင်း ဘာဖြစ်သည်အား အလျင်အမြန်မေးလိုက်သည်။ သို့သော် လီရီပိုင် နှုတ်ခမ်းစူလိုက်သည်ကိုသာ သူ မြင်လိုက်ရသည်။
"အစ်ကိုက အရမ်းအလုပ်များတယ်၊ ငါ မသိဘူး..."
စီးပွားရေးစတင်တည်ထောင်ခြင်းသည် မလွယ်ကူပေ။ လီယွမ်မိုမှာ အောက်ခြေမှစတင်သည်ထက် ပိုသာလွန်သော်လည်း မြို့တော်တွင် သူ့အတွက် နာမည်တစ်ခု ရရှိရန် မလွယ်ကူပေ။ လီရီပိုင် လီယွမ်မိုအား ရက်နှင့်ချီ၍ မတွေ့ရသည်မှာ မကြာ ခဏပင် ဖြစ်သည်။ ဖေးယွင်ကျင်းနှင့် နေ့စဉ်မဆော့ရပါက သူ အသက်ထွက်လောက်အောင် ပျင်းနေပေလိမ့်မည်။
စောစီးစွာကတည်းက သိခဲ့ပါလျှင် သူ အစ်ကိုနှင့်အတူ ဤနေ ရာသို့ လာခဲ့မည်မဟုတ်ချေ။ သို့သော် ဤနေရာသို့ မလာခဲ့ပါလျှင်လည်း ရှောင်ကျင်းနှင့် တွေ့ဆုံနိုင်မည်မဟုတ်သလို၊ နန်ယုကျဲလည်း ရှိလာမည်မဟုတ်ပေ။
"အဆင်ပြေပါတယ်၊ ငါ သေချာပေါက်ရှိနေမယ်၊ လူကြီးတွေမှာ လူကြီးတွေရဲ့ကိစ္စတွေရှိတယ်လေ၊ ငါ မင်းနဲ့အတူရှိနေပေးမယ်!"
ဖေးယွင်ကျင်း လီရီပိုင်ပခုံးအား တင်းတင်းကျပ်ကျပ်ပုတ်လိုက်သည်။ သူ၏အစ်ကိုကြီးဆန်သည့် အပြုအမူမှာ လီရီပိုင်အားရယ်မောစေသည်။
"ဟုတ်တယ်၊ လူကြီးတွေက ဘာပဲဖြစ်နေပါစေ! ငါတို့ပျော်ပျော်နေကြမယ်" လီရီပိုင် ပေါ့ပေါ့ပါးပါးမေးလိုက်သည်။
"ဒါဆို ရှောင်ကျင်းရဲ့မွေးနေ့ကကော ဘယ်တော့လဲ"
ဖေးယွင်ကျင်း အပြုံးမှာတောင့်တင်းသွားသည်။ သူ့မွေးနေ့ ?
... ဖြစ်ဟန်တူသည်။
သူ့အဖြေအားစောင့်နေသော လီရီပိုင်ကို ကြည့်၍ ဖေးယွင်ကျင်း ခေါင်းနောက်ကို ရှက်ရွံ့စွာဖြင့်ကုတ်လိုက်သည်။
"ငါ မေ့သွားပြီ"
"ဘာ ? ရှောင်ကျင်း၊ မင်းက အရမ်းတုံးတာပဲ! မင်းက မင်းရဲ့မွေးနေ့ကိုတောင်မေ့သွားတယ်!"
"ငါ တကယ် မေ့သွားတာ!"
ညနေ ၄ နာရီမှာ ကျောင်းဆင်းခဲ့ကြသည်။
ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့လက်ချင်းဆွဲပြီး အိမ်ကိုပြန်ဖို့ ကားထဲဝင်လိုက်သည်။ ၎င်းတို့က ဦးလေးကျိုး ဒီနေ့မရှိသည်ကို သတိထားမိလိုက်သည်။ သူ ဖေးယွင်ကျင်းအား နေ့တိုင်း ကျောင်းလိုက်ပို့၊ လိုက်ကြိုပေးလေ့ရှိသည်။
"ဦးလေး၊ ဦးလေးကျိုး ဘယ်မှာလဲ ?"
ဖေးယွင်ကျင်း မနေနိုင်ဘဲ မေးလိုက်သည်။
ယာဉ်မောင်းက လျှို့ဝှက်မထားချေ။
"သခင်လေး၊ ဦးလေးကျိုး လုပ်စရာရှိလို့၊ ပြီးတော့ သခင်လေးရီပိုင်၊ ဒီနေ့ ကျွန်တော့်နဲ့အတူ ညစာလိုက်စားချင်လား ? လက် ထောက်ရှုကို ပြောပြီးသားပါ"
"ကောင်းပြီ!"
လီရီပိုင် ဘာလို့လဲ မမေးချေ။ ထို့အစား သူ ဖေးယွင်ကျင်းနှင့်အချိန်ပိုပြီးနေနိုင်မှာဖြစ်လို့ ဝမ်းသာနေသည်။
အေးစက်နေတဲ့ဗီလာမှာ တစ်ယောက်တည်းနေရတာထက်ပိုကောင်း၏။
ဖေးယွင်ကျင်း သူ့သူငယ်ချင်းနှင့်အတူ ညစာစားရမည်ကိုဝမ်းသာနေသော်ငြား တစ်ခုခုဖြစ်တော့မလို ခံစားချက်ကြောင့် စိတ်မသက်မသာဖြစ်နေရသည်။
"သခင်လေး၊ တံခါးကိုတွန်းဖွင့်လိုက်ပါ"
ထိုစိတ်မသက်မသာမှုက အမြင့်ဆုံးကိုရောက်ရှိသွားရသည်။ အထူးသဖြင့် အမြဲတမ်းသော့မခတ်ထားတဲ့ ဧည့်ခန်းမကြီးရဲ့ ရှေ့တံခါးရှေ့မှာ သူတို့ရပ်နေတုန်း အိမ်ဖော်ကပြုံးပြီး ဖေးယွင်ကျင်းအား တံခါးကိုတွန်းဖွင့်ဖို့ ပြောလာတဲ့အခါမှာပေါ့။
ဒါပေမဲ့ အိမ်ဖော်ရဲ့အားပေးတဲ့အကြည့်နျင့် လီရီပိုင်၏စိတ်အားထက်သန်မှုကိုမြင်တော့ ဖေးယွင်ကျင်း သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
တကယ်တော့ ဒီလောက်ကြီးတဲ့တံခါးက သူ့အင်အားနဲ့ ပွင့်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါ ဓလေ့ထုံးတမ်းအတွက်လား ??
ဖေးယွင်ကျင်းလက်မှာ တံခါးအား ထိတော့နည့်အချိန်မှာပင် အိမ်စေသည် သူ့အိတ်ကပ်ထဲရှိ ခလုတ်တစ်ခုကိုနှိပ်လိုက်ရာ တံခါးဖြည်းဖြည်းချင်း ဖွင့်သွားသည်။
ဖျောက်!
ဗြုန်း!
စက္ကူအပိုင်းအစလေးများနှင့် ရေစီးပန်းတွေပေါက်ကွဲပြီး ဖေးယွင်ကျင်းတစ်ကိုယ်လုံးပြန့်ကျဲသွားသည်။
"လေးနှစ်ပြည့် မွေးနေ့လေးမှာပျော်ရွှင်ပါစေ၊ ကလေးလေး ဖေးယွင်ကျင်း!"
ဘေးတစ်ဖက်စီမှာရပ်နေတဲ့ အိမ်စေများနှင်ါ လုံခြုံရေးဝန် ထမ်းများ လက်ခုပ်တီးပြီး သူတို့ရဲ့မျက်နှာတွေမှာ အမှန်ဆုံးအပြုံးတွေနဲ့ ဆုတောင်းပေးမှုတွေနဲ့ ပြည့်နေသည်။
ဖေးယွင်ကျင်း ?
ဖေးယွင်ကျင်း အံ့သြသွားသည်။
သူ ကြောက်နေသလား မသိချေ၊ သူ့လက်ကို ဆက်တိုက်ဆန့်ထားဆဲပင်။
... ယခုထိတိုင်။
"ရှောင်ကျင်း၊ မင်း အရမ်းများသွားပြီ! မင်း မွေးနေ့ကိုတောင် ငါ့ကို မပြောပြဘူး!"
လီရီပိုင် ဖေးယွင်ကျင်းရဲ့ကျောကို ရိုက်လိုက်သည်။ကံကောင်း စွာနှင့် အားသိပ်မပြင်းတာကြောင့် မဟုတ်ပါက ဖေးယွင်ကျင်း အခုချိန်မြေပြင်ပေါ်လဲကျသွားနိုင်သည်။
"ငါ၊ ငါ မသိဘူး"
"ဘာ! မင်း တကယ်မေ့သွားတာလား ?"
ဖေးယွင်ကျင်းရဲ့ မွေးနေ့က ဘယ်တုန်းကလဲ ? တကယ်တော့ သူ သိသည်။
အဘယ့်ကြောင့်ဆိုသော် သူ့အား ပြုစုစောင့်ရှောက်ပေးသည့် ကလေးထိန်းမှ အမြဲတမ်း သူ့မွေးနေ့တိုင်းခေါက်ဆွဲတစ်ပန်း ကန်ချက်ပြုတ်ပေးသည်ပင်။ အဲ့ဒါကို စားရင်အသက်ရှည်မယ်တဲ့။
သို့သော် သူ အရင်ကမသိခဲ့ပေ။ အခုချိန်မှာ ၎င်းတို့နှင့်နှိုင်း ယှဉ်ပြီးနောက်မှာတော့ မွေးနေ့ဆိုတာ ခေါက်ဆွဲတစ်ပန်းကန်တည်းမဟုတ်ဘဲ ယခုလောက်ထိ ပျော်စရာကောင်းသည်ကို သဘောပေါက်သွားခဲ့ရသည်။
ဘာလို့လဲဆိုတော့ ကျောင်းတွင်မွေးနေ့ကျင်းပသည့်ကလေးများရှိပြီး မိဘတွေမှ ကိတ်မုန့်ကြီးတစ်လုံးနှင့် ကလေးတွေအကုန်လုံးအတွက် သရေစာအများကြီးပြင်ဆင်ပေးတတ် သည်။
မူကြိုတက်သည့်ကလေးများ၏ မိသားစုများထံပိုက်ဆံမရှားချေ။ မူကြိုအတွက်သရေစာမှာ အစသာရှိကာ နောက်ထပ် အခြားသော အံ့သြစရာတွေထပ်လို့ရှိနေသေးသည်။
နောက်တစ်နေ့မှာပင် ထိုမွေးနေ့ရှင်ကလေးထံမှ မနေ့ညက သူ့မွေးနေ့အကြောင်း၊ သူ ရတဲ့လက်ဆောင်တွေအကြောင်းစသ ဖြင့်ပြောပြသည်ကို သင်ကြားရပါလိမ့်မည်။
ရိုးရိုးသားသားပြောရရင် ဖေးယွင်ကျင်းမနာလိုဖြစ်မိသည်။
သို့သော် သူ တစ်ခါမှမပြောခဲ့ဖူးချေ။ နန်ယုအား စိတ်အနှောင့် အယှက်မပေးချင်တာ ဒါမှမဟုတ်...
"သခင်လေး၊ ဝင်ခဲ့ပါ"
ဖေးယွင်ကျင်းအားဂရုစိုက်နေသည့် ကလေးထိန်းမှ သူ့လက်ကို ဆွဲပြီး ခန်းမအလယ်ကိုခေါ်သွားခဲ့သည်။ ထိုနေရာတွင် လက် ဆောင်ပုံးကြီးတစ်ပုံးမှာ တိတ်ဆိတ်စွာရှိနေပြီး အတွင်းမှာ ဘာရှိလဲဆိုတာ မသိနိုင်ပေ။
"အန်တီနဲ့ ဦးလေးကျိုး ဘယ်မှာလဲ ?" ဖေးယွင်ကျင်း ကလေး ထိန်းကို တစ်ချက်ကြည့်လိုက်သည်။
သူ ဘာလို့ လက်ဆောင်ပုံးကိုတောင် ဂရုမစိုက်တာလဲ ??
ကလေးထိန်း ချက်ချင်းသဘောပေါက်သွားသည်။
"သခင်မနဲ့ အိမ်တော်ထိန်းက မကြာခင်ရောက်လာတော့မှာပါ ဒီလက်ဆောင်တွေ အရင်ဖွင့်ကြည့်ကြမလား ?"
ဖေးယွင်ကျင်းက လူကြီးတစ်ယောက်လို ခေါင်းညိတ်လိုက်ပြီး အဖုံးကိုလှမ်းထိဖို့ ကြိုးစားလိုက်သည်။
သူ ခြေဖျားထောက်ပြီး သူ့လက်ကိုဆန့်လိုက်တယ်... မီရုံလေးပဲ!
"ရှောင်ကျင်း!"
သူ့ သူငယ်ချင်းကောင်း လီရီပိုင်မှ ကုလားထိုင်တစ်လုံးအားအချိန်မီဆွဲလာသည်။ အချင်းချင်းကူညီပြီး တစ်ယောက်က တစ်ယောက်ကိုထောက်ပံ့ပြီး သူတို့တက်သွားကြသည်။ ပြီးနော် လက်ဆောင်ပုံးကြီးရဲ့ အဖုံးထံချက်ချင်းရောက်သွား တော့သည်။ သို့သော် လေးလံပြီးကြီးမားသည့်အဖုံးမှာ ဖေးယွင်ကျင်းအား လှုပ်ရှားရခက်စေသည်။
"ဒင်၊ ဒင်၊ ဒင်! ဘယ်သူ ကျွန်တော့်ကို ခေါ်နေတာလဲ ?"
ဗြုန်းဆိုတဲ့အသံနှင့် အဖုံးအတွင်းကနေလှန်လိုက်သည်။
နောက်ခံဂီတလည်း ဖွင့်လိုက်ပြီး ဖေးယွင်ကျင်းနှင့်လီရီပိုင် နှစ်ယောက်စလုံး ပျော်ရွှင်စွာအော်လိုက်ကြ၏။
"ဒါ ULTRAMAN!"
ULTRAMAN သည် ဂန္တဝင်ဘီလူးတိုက်ခိုက်သည့်ပုံစံကို လုပ်လိုက်သည်။
"ဘီပ့်၊ ဘီပ့်! ပစ်မှတ်ကိုတွေ့ပြီ! ဒါ ဖေးယွင်ကျင်းလို့ခေါ်တဲ့ ကောင်လေးရဲ့မွေးနေ့ဖြစ်ပြီး ULTRAMAN က သူ့ကိုပျော်ရွှင်ဖွယ်ရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်!"