no

Font
Theme

🌷 Chapter 23

အိမ်တော်ထိန်းကျိုး ဖေးယွင်ကျင်းမိခင်အကြောင်း အနည်း ငယ် သိသည်။ ဥပမာ- သူမဟာ လက်ရှိ ပေထန်မိသားစု သခင်ကြီးရဲ့ သမီးဖြစ်သော်လည်း တရားမဝင်မွေးဖွားခဲ့ခြင်းပင်။

သူ အရွယ်ရောက်ပြီးမှသာ ပေထန်မိသားစုထဲသို့ ခေါ်ဆောင်လာကာ အသိအမှတ်ပြုခံရသည်ဟုဆိုသည်။ သူမ ဆွဲဆောင်မှုမရှိသည် မဟုတ်သော်လည်း သူတို့အသိုင်းအဝိုင်းတွင်ထင် ပေါ် သူအဖြစ်မသတ်မှတ်ခံရပေ။ သူ ကိုယ်ဝန်ငါးလနှင့် ဖေးမိသားစု၏ဘိုးဘွားအိမ်တော်အဝင်ဝကို ပိတ်ဆို့ခဲ့သောအခါမှသာ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးထိတ်လန့်သွားရသည်။

ချမ်းသာသော မိသားစုများမှ အမျိုးသားများသည် ၎င်းတို့တွင် အမွေဆက်ခံသူမရှိဘဲ ဖြစ်သွားမည့် အခြေအနေများအား ကာကွယ်ရန် ကြိုတင်၍ဆေးရုံများတွင် သုက်ပိုးများကိုသိုလှောင်ထားလေ့ရှိသည်။

သို့သော် ဤဆေးရုံကို ကျပန်းရွေးချယ်ထားခြင်း မဟုတ်ဘဲ လုံခြုံရေးအစီအမံများ မရှိဘဲ မည်သူက ၎င်းတို့၏ 'အရာ' များအား ထိုနေရာတွင် ထားရဲမည်နည်း။

ဖေးမိသားစုတွင် ဖြစ်ခဲ့သည့် ကိစ္စကဲ့သို့ ဖလှယ်ခံရခြင်းမျိုးမှာ စိတ်ကူး၍မရနိုင်ပေ။

ထိုအမျိုးသမီးမှာ ဖေးယီကျန့်၏သုတ်ပိုးအား မည်သို့ရရှိခဲ့ပြီး နောက်ဆုံးတွင် ကိုယ်ဝန်ရသွားကာ အာဏာရရှိရန် ကလေးကို အသုံးချသည့် ဤအစီအစဉ်အား မည်သို့လုပ်ဆောင်ခဲ့သည်ကို မသိပေ။

ဖေးမိသားစုမှာ အစကယုံကြည်ရန် ငြင်းဆန်ခဲ့သော်လည်း ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုမှာ ဤလတွင် ရရှိနိုင်ထွက်လာသည်။ အမျိုးသမီး၏နောက်ခံမှာ အင်အားကြီးမိသားစုလေးခုအနက်မှ တစ်ခုဖြစ်သည့် ပေထန်မိသားစုပင်။ ဖေးမိသားစုမှာ ပေထန်ထက် နည်းနည်းပိုပြီးအင်အားကြီးသော်လည်း ၎င်းတို့ ၏အင်အားမှာ အကန့်အသတ်ရှိသည်။

ထို့အပြင် ပေထန်မိသားစုမှာ ရှက်ရွံ့နေပြီး ကိစ္စကို လျင်မြန်စွာ ဖြေရှင်းလိုသည့်အတွက် ဖေးမိသားစုအား ၎င်းတို့၏ ကိုယ်ပိုင်ချမ်းသာမှု အနည်းငယ်ကို ပေးခဲ့သည်။နောက်ဆုံးတွင် ဖေးမိသားစုမှာ ဆန္ဒမရှိဘဲ လက်ခံလိုက်ပြီး သူတို့နှစ်ဦးဟာ တစ်ယောက်နှင့်တစ်ယောက် သိသော်လည်း တစ်ယောက်၏ကိုယ် ပိုင်အထောက်အထားကိုမသိခဲ့သောကြောင့် အသေးအမွှား နားလည်မှုလွဲမှားခြင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်ဟူသော ဇာတ် လမ်းအားဖြန့်ခဲ့သည်။

သို့သော် ထိုအရာမှာ အသိပညာ အကန့်အသတ်ရှိသူများကိုသာ လှည့်စားနိုင်ခဲ့သည်။ နန်ယုကဲ့သို့ အသေးစိတ်အား အမှန်တကယ် နားလည်သူများသည် ထိုအချိန်က သူမ မည်မျှဖျက်စီးခဲ့သည်ကို သိသည်။

ထိုအမျိုးသမီး ကလေးမွေးပြီးမှ လက်ထပ်ရန် မိသားစုနှစ်ခုက သဘောတူခဲ့သည်။ မင်္ဂလာပွဲ သို့မဟုတ် မိသားစုမှတ်တမ်းတွင် ပါဝင်ခြင်းအား မည်သည့်အခါမျှ မစဉ်းစားခဲ့ပေ။ ဖေးမိသားစုမှာနှစ်အနည်းငယ်ကြာပြီးနောက် ထိုစုံတွဲအား ကွာရှင်းရန် ရိုးရှင်းစွာစီစဉ်ခဲ့ပြီး သင့်လျော်သောအခမ်းအနားများကို တမင် တကာချန်လှပ်ခဲ့သည်။

ထိုအချိန်က ဖေးနှင့် ပေထန်မိသားစုများတွင် ကလေးမွေးဖွားပြီးနောက် ဖြစ်ပေါ်လာမည့် ဒရာမာကို မျှော်လင့်ရင်း အသိုင်း အဝိုင်းများကြားမှာ အတင်းအဖျင်းပြောစရာကိစ္စတစ်ခုဖြစ် လာခဲ့သည်။

အာဏာရရှိရန် အလွန်ကြိုးစားခဲ့သည့် အမျိုးသမီးမှာ နောက် ဆုံးတွင် မွေးခန်းထဲသေဆုံးသွားကာ ဒရာမာတစ်ခုလုံးအား အဆုံးသတ်လိုက်မည်ကို မည်သူသိမည်နည်း။

အတိတ်က အဖြစ်အပျက်များ၏သက်သေအဖြစ် ဖေးယွင်ကျင်း တစ်ဦးတည်းသာ ကျန်ရှိခဲ့သည်။

အိမ်တော်ထိန်းကျိုး ထိုအကြောင်းတွေးရင်း သက်ပြင်းချလိုက်သည်။ ပေထန်မိသားစု မွေးနေ့ပွဲမှာ မကြာမီ သူ့သခင်မလေးအပေါ် အာရုံစိုက်လာလိမ့်မည်။ ဒီအခြေအနေက ဘယ်လိုအခြေအနေလဲ။

ဖေးယီကျန့်အပေါ် အိမ်တော်ထိန်းကျိုး၏ အထင်အမြင်မှာ ပို၍ပင် ဆိုးသွားသည်။ မသင့်တော်လျှင်ပင် နန်ယုအား ကွာရှင်းရန် အလေးအနက် တိုက်တွန်းချင်စိတ်ရှိနေသည်။

ဤသို့သော လက်ထပ်ခြင်းမျိုးကို လက်ထပ်ခြင်းဟုပင် မခေါ်နိုင်ပါ။ ချမ်းသာသောမိသားစုတွေကြားမှာ ပုံမှန်ဖြစ်သည့်အတူတူနေထိုင်ခြင်းမျိုးပင်မဟုတ်ပေ။

“ကော”

နန်ယု အိမ်တော်ထိန်းကျိုးစိတ်ထဲမှ ညည်းညူမှုများကို သတိမပြုမိခဲ့ပေ။ သူမ သမ်းလိုက်ပြီး အိပ်ချင်နေပုံရသည်။ ဆိုဖာပေါ်တွင် နန်ကျီအား မြင်ရသည်မှာ အံ့သြစရာမဟုတ်ပေ။ သူမ ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်ပြီး ထမင်းစားခန်းသို့ ဦးတည်လိုက်သည်။ သူမ၏ ခြေလှမ်းများမှာ မတည်ငြိမ်ဘဲ လမ်း လျှောက်နေသည့် ဝိညာဉ်ကဲ့သို့ ဖြစ်နေပြီး လမ်းလျှောက်နေရင်းပင် အိပ်ပျော်သွားမည်ကို သူမ ကြောက်နေသည်။

မနေ့ညက နန်ယု အိမ်တော်ထိန်းကျိုး၏အကြံပေးချက်ကို နားထောင်ပြီး စောစောအိပ်ရန် စီစဉ်နေခဲ့သည်။ သူမ ပေထန်မိသားစုပွဲအတွက် စိတ်ဓာတ်ကောင်းရှိရမည်ကို သိသည်။ သို့သော် သူမ အိပ်တော့မည့်အချိန်တွင် စာအုပ်တစ်အုပ်အား အကြံပြုထားသည့် ဗီဒီယိုတစ်ခုကိုတွေ့လိုက်သည်။

မိတ်ဆက်မှာ သူ့အား ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။ သူမ ဝေဖန်သုံးသပ်ချက်များအပေါ် အခြေခံပြီး အိပ်ရာမဝင်မီ သုံးခန်းသာ ဖတ်ရန်စီစဉ်ခဲ့သည်။ ကောင်းလျှင်တော့ နောက်မှ ဆက်ဖတ်ရန် သိမ်းထားလိုက်သည်။ သို့သော် နောက်ဘာဆက်ဖြစ်မလဲဆိုတာ ဘယ်သူသိမှာလဲ။

“အား”

နန်ကျီ မတ်တပ်ရပ်ပြီး နန်ယုအင်္ကျီနောက်ကျောအား ဆွဲကိုင်ကာ သူ့ညာခြေဖြင့် အနီးနားရှိ ထိုင်ခုံကိုချိတ်ထားလိုက်သည်။ “ကြည့်စမ်း မင်း ပုံစံကို! မားသာ နင့်ကိုမြင်ရင် နင် ဒုက္ခရောက်ပြီ!”

နန်ယု ပေါ့ပေါ့ပါးပါး လက်ပြလိုက်သည်။

“မှန်တယ်ဆိုရင်တောင် မား ကျွန်မကို ဆူမှာမဟုတ်ပါဘူး”

ဒါ အမှန်တရားပင်။ နန်ယုမှာ နန်မိသားစုတွင် မင်းသမီးနှင့် ပဲစေ့ကဲ့သို့ ဖြစ်သည်။ နန်ယုမိဘများအားပြောရန်ပင် မလိုအပ်ပေ၊ အဘိုးနန်မှာ သူ့တစ်ဦးတည်းသော မြေးမလေးအား မယုံ ကြည်နိုင်လောက်အောင်ချစ်သည်။ ဥပမာ- ဒီဗီလာမှာ သူမရဲ့ တစ်ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့လက်ဆောင်တွေထဲကတစ်ခုပင်။

ထို့ပြင် အရေးမပါသော လက်ဆောင်များအနက်မှ... တစ်ခုမျှသာ!

အချက်အလက်မပြည့်စုံသော ကိန်းဂဏန်းများအရ သူမ လက်ခံရရှိခဲ့သော မွေးနေ့လက်ဆောင်အားလုံးကို ငွေသားသို့ ပြောင်းလဲလိုက်လှင် နန်ယု တရုတ်နိုင်ငံ၏အချမ်းသာဆုံး အမျိုးသမီးများ စာရင်းတွင် သေချာပေါက်ပါဝင်လိမ့်မည်။

သူမ ထိပ်ဆုံးတွင် မပါဝင်နိုင်သော်လည်း ထိပ်ဆုံးဆယ်ယောက်စာရင်းတွင်တော့ ပါဝင်သည်။

ထိုအရာမှာ နေ့တိုင်း ကြိုးကြိုးစားစားအလုပ်လုပ်နေသော နန်ကျီအား သက်ပြင်းချစေသည်။ နာမည်တူပေမယ့် ကံကြမ္မာကတော့ မတူဘူး!

နန်ကျီ၏ဆူညံသံမှာ နန်ယုအား စိတ်အေးသွားစေသည်။ သူမ အိမ်တော်ထိန်းကျိုး ယူလာပေးသည့် မနက်စာကို စားနေစဉ် နန်ကျီ ညွှန်ကြားချက်များအား နားထောင်နေသည်။

နန်ယု ဖေးမိသားစုအား ကိုယ်စားပြု၍ ပွဲကို တက်ရောက်သည်ဖြစ်ရာ သူမ လိုအပ်သည့်အရာအားလုံး ရှိရမည်။

နန်ကျီ သူ့ညီမအား အထင်သေးတာ အဆင်ပြေပေမဲ့ တခြားသူတွေ သူမအား အထင်သေးရဲလျှင် သူ လက်စားချေလိမ့် မည်။

ပထမဆုံးအနေနှင့် ဖေးမိသားစု လက်ဆောင်တစ်ခုအား ကြို တင်ပြင်ဆင်ထားသည်။ ၎င်းမှာ နာမည်ကျော် လက်ရေးပညာရှင်တစ်ဦး၏သက်ရှည်ပန်းချီကားဖြစ်ပြီး တန်ဖိုး ယွမ်တစ်ရာသန်းခန့်ရှိကာ နန်မိသားစု၏ တန်ဖိုးနှင့် နှိုင်းယှဉ်နိုင် သည်။

ထို့နောက် နန်ယု၏ဝတ်စုံ။

သူမ၏ ညနေခင်းဝတ်စုံအား နာမည်ကျော်ဒီဇိုင်နာတစ်ဦးထံမှ မှာယူထားခြင်းဖြစ်ပြီး တန်ဖိုးဖြတ်၍မရပေ။

လက်ဝတ်ရတနာဖြစ်သေ " Kallen's Tears " အား ဆယ်စုနှစ်အတွင်း လေလံပွဲတွင်ရောင်းချခဲ့သော ဈေးအကြီးဆုံး အရာဖြစ်သည်။ ဗဟိုကျောက်သည် တစ်ချိန်က အချို့သော ဘုရင်မတစ်ဦး၏ရာဇပလ္လင်တွင် ထားရှိခဲ့ခြင်းကပင် ၎င်းတန်ဖိုးအား ဖော်ပြနေသည်။

အရေးကြီးဆုံးမှာ နန်ယုကိုယ်တိုင်ပင်။

“အာ” နန်ကျီ အကြိမ်ရေမရေမတွက်နိုင်အောင် ခေါင်းခါလိုက်သည်။

“လာပါဦး၊ ဘုရားသခင်က မင်းကို ဒီလိုမျက်နှာပေးခဲ့တာက ယောကျ်ားတွေကို ပညာပြဖို့၊ သူတို့ရဲ့ ပညာပေးခံရဖို့ မဟုတ်ဘူး၊ မင်းက ဒီလက်ဆောင်နဲ့ လုံးဝမထိုက်တန်ဘူး ညီမလေး!”

ဒီစကားတွေက အစ်ကိုတစ်ယောက် ပြောသင့်တဲ့ စကားတွေလား ??

နန်ယု နန်ကျီအား မျက်လုံးလှန်ပြလိုက်သည်။ သူ့ ပုံရိပ်အား ဂရုမစိုက်ပေ။

“ယောကျ်ားတွေရဲ့ မနာလိုတဲ့ မျက်နှာတွေက ကြောက်စရာကောင်းတယ်!”

နန်ယု ပေါ့ပေါ့ပါးပါးပင် ဆံပင်ခါလိုက်ပြီး "ငါက သဘာဝအတိုင်းကို လှတာ၊ ဘာမှ လုပ်စရာမလိုဘူး"

ဒါ အမှန်တရားပင်။ လူများက နန်ယုအား စိတ်ထားမကောင်းဘူး၊ ဉာဏ်မရှိဘူးဟုခေါ်ကြသော်လည်း သူ့မျက်နှာကို မည်သူမျှမဝေဖန်ကြပေ။

နန်ယု၏တောက်ပသောမျက်ဝန်းများနှင့် ဖြူဖွေးသောသွားများ၏နုတ်ခမ်းထောင့်သည် အပေါ်သို့အနည်းငယ်ကော့နေသောကြောင့် သဘာဝအတိုင်းဆွဲဆောင်မှုရှိနေသည်။ သူ့မျက်နှာသွင်ပြင်သည် သပ်ရပ်စွာပေါင်းစပ်ထားပြီး အရိုင်းအစိုင်းမဆန်ဘဲ သူ့ လှပမှုအားမြှင့်တင်ပေးလို့နေသည်။

မိတ်ကပ်မပါဘဲပင် သူမသည် အမှန်တကယ် လှပသူပင်။ နန်ယု၏ ယခင်ဘဝတွင် ဘုရင်မတစ်ဦးဖြစ်ခဲ့လိမ့်မည်။ ရုပ်ရည်အားအခြေခံ၍ အသက်မွေးဝမ်းကျောင်းပြုရုံသာမက ရာဇ ဝတ်မှုများကိုပါ ကျူးလွန်နိုင်သူမျိုးဖြစ်သည်။

ထို့အပြင် နှစ်ဆယ်ကျော်အရွယ်တွင် ရှိနေခြင်းသည် အလှဆုံးအချိန် ဖြစ်သည်။ တစ်ခါတစ်ရံ မျက်နှာသစ်နေစဉ် မှန်ထဲတွင် နန်ယု သက်ပြင်းချကာ “နင် တကယ်ကို လှတာပဲ”

သို့သော် သူမသည် ဖေးယီကျန့်အားချစ်မိခဲ့သည့်အတွက် ကံမကောင်းခဲ့ဘဲ သူမ၏လွတ်လပ်ပြီး ထိန်းချုပ်မရနိုင်သော ဘဝကိုရှုပ်ထွေးစေခဲ့သည်။

မွေးနေ့ပွဲမှာ ညနေ ၆:၀၀တွင် စတင်မှာဖြစ်ပြီး နန်ယုနှင့် သူ့အဖွဲ့သည် ညနေ ၅:၃၀ ခန့်တွင် ရောက်ရှိလာသည်။ အလွန်စော သည်လည်း မဟုတ်သလို အလွန် နောက်ကျသည်လည်း မဟုတ်ပေ။

စောရောက်သူများသည် အုပ်စုငယ်များဖွဲ့ကာလုပ်ငန်း၊ကလေး များနှင့် အခြားအရာများအကြောင်း စကားပြောနေကြသည်။

နောက်ခံတေးဂီတကြောင့် အသံများ အလွန်ကျယ်နေသော် လည်း လူတိုင်းက အသံတိုးတိုးဖြင့် ပြောဆိုနေကြသည်။

ထို့နောက် ညနေ ၅:၃၂ တွင် ပွဲခန်းမတံခါးများ ထပ်မံပွင့်လာပြီး ဆူညံသော အငွေ့အသက်မှာ ခဏတာ တိတ်ဆိတ်သွားသည်။

ဤတစ်ကြိမ် ဝင်လာသူ သုံးဦးမှာ...အလွန်ဆွဲဆောင်မှု ရှိနေခြင်းကြောင့် ဖြစ်သည်။ ပါတီပွဲ၏ တစ်ဝက်နီးပါးက လှမ်းကြည့်လာကြသည်။

ယေဘုယျအားဖြင့် ချမ်းသာသော အမျိုးသမီးများသည် မိတ် ကပ်လိမ်းခြယ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုစုစောင့်ရှောက်ပါက လှပနိုင်သော်လည်း သဘာဝအလှနှင့် ဖန်တီးထားသော အလှတို့ကြားတွင် သိသာသော ကွာခြားချက်ရှိသည်။

သို့သော် ဝင်‌ရောက်လာသူ သုံးဦးမှ ထိုစမ်းသပ်မှုအား ရှင်းရှင်း လင်းလင်းခံနိုင်ရည်ရှိသည်။ နန်ယုကဲ့သို့ လှပသော ညီမရှိသည့်အတွက် နန်ကျီ၏ မျက်နှာနှင့် ခန္ဓာကိုယ်မှာ သဘာဝအတိုင်းအံ့သြဖွယ်ကောင်းသည်။

အဆီတုံးဗိုက်များနှင့် ထိပ်ပြောင်နေသော သူဌေးကြီးများနှင့် နှိုင်းယှဉ်လျှင်...

အင်း၊ ထားလိုက်ပါတော့၊ ယှဉ်စရာမရှိပါဘူး။

ဖေးယွင်ကျင်း ကလေးဝတ် ဘလေဇာအားဝတ်ဆင်ထားပြီး သူ့ဆံပင်ကို ပေါ့ပေါ့ပါးပါး ဖီးထားကာ နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည့်အတွက် အရွယ်ရောက်ပြီးသူလေးတစ်ဦးကဲ့သို့ ဖြစ်နေသည်။

အလွန်ချစ်စရာကောင်းပြီး နှစ်လိုဖွယ်ကောင်းသည်။

အလယ်ရှိ နန်ယုမှာ ပိုရင်သပ်ရှုမောဖွယ်ဖြစ်သည်။ သူ့ အလှသည် မည်သူမှမငြင်းနိုင်ပေ။ ၎င်းမှာ နှိုင်းယှဉ်၍မရနိုင်သော သန့်စင်သည့် သဘာဝအလှဖြစ်သည်။

ညာဘက်လက်မှ နန်ကျီအားလက်ချိတ်ထားပြီး ဘယ်ဘက်လက်မှ ဖေးယွင်ကျင့်ကိုကိုင်ထားသည့် နန်ယုသည် ဘဝတွင် အောင်မြင်သူတစ်ဦးကဲ့သို့ ပေါ်နေသည်ကိုမြင်သောအခါ လူများမှာ “သူတို့က မိသားစုလိုပဲ” ဟု မတွေးဘဲ မနေနိုင်ကြပေ။

ပွဲတွင် ရှိုးပွဲတစ်ခုအား မျှော်လင့်ထားသည့် များစွာသောသူများမှာ ရုတ်တရက် သတိပြုမိသွားသည်။ နန်ယု ရှိုးအားကြည့် ရန် သူတို့ထံ မည်သည့်အခွင့်အရေးရှိသနည်း ??

သူ ဖေးယီကျန့်ထံမှမည်မျှပင် မနှစ်သက်ခံရစေကာမူ နန်ယုသည် ဖေးမိသားစုခေါင်းဆောင်၏ဇနီး၊ နန်မိသားစု၏တစ်ဦးတည်းသောသမီးနှင့် နန်ကျီ၏လက်ဖဝါးထဲတွင် ထိန်းသိမ်းထားသည့် တန်ဖိုးရှိသောညီမလေးပင်။

ထိုအဆင့်သတ်မှတ်ချက်သည် လူပေါင်းများစွာ ၎င်းတို့ဘဝတစ်လျှောက်လုံး ဘယ်တော့မှမရောက်နိုင်သည့် အမြင့်ဆုံးအဆင့်ဟုဆိုရမည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment