no

Font
Theme

🌷 Chapter 30

ယခု နန်ယု ရှေ့တွင် ရပ်နေသော ထိုအမျိုးသား၏အရပ်အ မောင်းနှင့် ကိုယ်လုံးကိုယ်ထည်မှာ ခန့်ညားပြီး ခိုင်မာသည့် အသွင်ကိုဆောင်နေသည်။

ဒီလူ ကြီးပြင်းဖို့ ဘာတွေစားခဲ့တာပါလိမ့် ? သူ အရမ်းအရပ်ရှည်လွန်းတယ်။

တစ်မီတာနှင့် ၆၅ စင်တီမီတာရှိသော သူမသည်ပင် သူ့ရှေ့တွင် ကလေးတစ်ယောက်ပမာခံစားရပြီး သူ့အားကြည့်ရန်မော့နေရသည်။

သို့သော် ထိုအမည်အား ရင်းနှီးနေပုံရသည်။

"ကျွန်တော့်ညီလေးကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

လီယွမ်မို ထိုစကားအားအေးစက်သော မျက်နှာဖြင့် အေးစက်စွာ ပြောဆိုလိုက်သည်။ သူ့ကျေးဇူးတင်စကားမှာ ရှင်းလင်းပြတ်သားသော်လည်း သူ့မျက်နှာပေါ်တွင်မူ အပြုံးတစ်စွန်း တစ်စမျှမရှိပေ။ ကံကောင်းထောက်မစွာဖြင့် နန်ယုသည်ကြည့်ကောင်းသောသူများအပေါ် အမြဲပိုမိုခွင့်လွှတ်တတ်သူဖြစ်သောကြောင့် ထိုအချက်အား ဂရုမစိုက်ခဲ့ပေ။ သူ ပုံမှန်အားဖြင့် ထိုသို့ဖြစ်ပုံရသည်ဟုလည်း သူမ ကောက်ချက်ချလိုက်သည်။

"ရပါတယ်၊ ရပါတယ်၊ ရှင့်ညီနဲ့ ယွင်ကျင်းက သူငယ်ချင်းတွေဖြစ်နေပြီဆိုတော့ ဒီကိစ္စတွေက သာမန်ပါပဲ"

နေပါဦး၊ ငါ ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ ??

နန်ယု ကိုယ့်ကိုယ်ကို ညည်းတွားနေသည်။

သူ့ လည်ပင်းသည်လည်း မော့ကြည့်ရလွန်းသဖြင့် နာကျင်လာသောကြောင့် သူ့အားပြောလိုက်သည်။

"ထိုင်ပါ၊ ထိုင်ပါ၊ မတ်တပ်ရပ်မနေပါနဲ့"

လီယွမ်မို တွန့်ဆုတ်ခြင်းမရှိဘဲဝင်လာပြီး လူလေးယောက်စလုံး မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ ထိုင်လိုက်ကြပြီးနောက်တွင်မူ မည်သူမျှ စကားမစဘဲ တောင့်တင်းသော တိတ် ဆိတ်မှုမှာ လွှမ်းမိုးနေတော့သည်။

ထိုသို့သော အခြေအနေကို လီရီပိုင် ဖေးယွင်ကျင်းအား မျက် လုံးတစ်ဖက် မှိတ်ပြရင်းဖြိုခွဲလိုက်သည်။

"ဒါနဲ့ ငါ့ကောက ကြောက်စရာကောင်းတယ် ဟုတ်တယ်မလား"

"အရမ်းကြောက်စရာကောင်းတယ်!"

"အော်၊ မစ္စတာလီ၊ လက်ဖက်ရည်သောက်ပါဦး"

"ကျေးဇူးတင်ပါတယ်"

"ရီပိုင်၊ သစ်သီးစားဦး"

"ကျေးဇူးတင်ပါတယ်၊ ကျဲ"

နန်ယု- "..."

ဒါဆို မင်းတို့က ငါ ရှက်နေတာကို ကြည့်ဖို့လာကြတာလား?

"မစ်နန်၊ စိတ်အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်၊ ရီပိုင်နဲ့ ကျွန်တော် အခုပြန်ပါတော့မယ်"

ထိုင်တာတစ်မိနစ်ပင် မပြည့်သေးခင်မှာပင် လီယွမ်မိုသည်မပြန်ချင်သေးသည့် လီရီပိုင်အား ခေါ်ဆောင်ကာ ထပြီးထွက်ခွာသွားတော့သည်။

နှစ်မိနစ်အကြာမှာတော့ နန်ယုနှင့် ဖေးယွင်ကျင်းတို့ ဆိုဖာပေါ်တွင် အချင်းချင်း တိတ်ဆိတ်စွာကြည့်လိုက်ကြသည်။

နန်ယု- "ရီပိုင်ရဲ့ကောက တော်တော်အထင်ကြီးစရာကောင်းတာပဲ"

စကားလုံးတိုင်းရဲ့အဓိပ္ပာယ်ကိုက မယုံနိုင်စရာပဲ။

ဖေးယွင်ကျင်းကတော့ သူ့စကားနောက်ကွယ်မှ အဓိပ္ပာယ်အား သဘောမပေါက်ဘဲ အတည်ပေါက်ခေါင်းညိတ်လာသည်။

"ရှောင်ပိုင်လည်း ဒီလိုပဲ ပြောတယ်"

"သူ့အစ်ကို အိမ်ကနေထွက်ပြေးခဲ့ပြီး ပိုက်ဆံမရှိလို့ ဘလက်ဘောက်စင် (black boxing) လုပ်ခဲ့တယ်တဲ့"

(T/N - black boxing က တော်တော်များများသိမယ်ထင်ပါတယ်၊ တရားမဝင်လက်ဝှေ့ပွဲပါ။)

နန်ယု- "???"

ရှောင်ကျင်း၊ မင်း ခုနက မယုံနိုင်စရာတစ်ခုခုပြောလိုက်တာလား၊ လီရီပိုင်က မင်းကို အဲ့ဒါကိုတောင် ပြောပြခဲ့တာလား ??

ဒါပေမဲ့ black boxing ကနိုင်ငံခြားမှာ လူကြိုက်များပြီးအဖြစ်များတယ်လို့ ကြားဖူးတာပဲ။ လီယွမ်မိုရဲ့ ခန္ဓာကိုယ်ကိုကြည့်ရတာ အံ့ဩစရာမရှိတော့ဘူး...

သူက တကယ်ကို ကလေးတစ်ယောက်ကိုလက်သီးတစ်ချက်ဘတည်းနဲ့ လဲကျသွားအောင် ထိုးနိုင်တဲ့ အမျိုးအစားပဲ။

"အန်တီ၊ black boxing ဆိုတာ ဘာလဲ၊ ရန်ဖြစ်တာပဲလား ? ရန်ဖြစ်ပြီး ပိုက်ဆံရှာလို့ရလား"

ဖေးယွင်ကျင်း၏မေးခွန်းများစွာကို ရင်ဆိုင်ရသောအခါ နန်ယု ရှက်စရာကောင်းသော လူကြီးများ၏ရှောင်လွှဲသော စကားကိုသာ အသုံးပြုလိုက်တော့သည်။

"မင်း အရွယ်ရောက်လာရင် သိလိမ့်မယ်!"

ဖေးယွင်ကျင်း ထိုအဖြေအား မကျေမနပ်ဖြစ်နေတာရှင်းသည်။ သို့သော် ဉာဏ်ရှိစွာပင် ထပ်မံဖိအားမပေးတော့ပေ။

"မနက်ဖြန် ရှောင်ပိုင်ကို မေးကြည့်မယ်"

ရှောင်ပိုင်သည် အရာရာကိုသိသောကြောင့် ဖေးယွင်ကျင်း သူ့အားမသိစိတ်မှပင် အားကိုးရာဆရာတစ်ယောက်ကဲ့သို့သဘော ထားနေမိပြီဖြစ်သည်။

ထိုညတွင် အိပ်ရာပေါ်၌ လဲလျောင်းရင်း နန်ယု “နန်ယု” ၏ မှတ်ဉာဏ်များအား အမြဲလိုလို ပြန်သုံးသပ်နေရင်း ရုတ်တရက် ထိုင်လိုက်သည်။ သူ “လီယွမ်မို” ဆိုသည့် နာမည်အား အဘယ့် ကြောင့် ရင်းနှီးနေရသည်ကို နောက်ဆုံးတွင်နားလည်သွားခဲ့သည်။

ထိုသူသည် သူမဖတ်ခဲ့သော စာအုပ်ထဲတွင် မပါဝင်ခဲ့သော် လည်း နန်ယုမှတ်ဉာဏ်များထဲတွင် ပါဝင်နေသော ဇာတ်ကောင်တစ်ဦးဖြစ်နေသည်။

သုံးနှစ်ကြာပြီးနောက်... မဟုတ်ဘူး၊ သုံးနှစ်မပြည့်ခင်က။

ဖေးယီကျန့်စီးလာသော လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ လူသုံးဆယ့်ခြောက်ဦးစလုံး သေဆုံးခဲ့ရသည်။

ထိုသူများထဲတွင် ဖေးမိသားစု၏ခေါင်းဆောင် ဖေးယီကျန့်သည် အထင်ရှားဆုံးဖြစ်သော်လည်း လီယွမ်မို၏နာမည်သည်လည်း သေဆုံးသူစာရင်း၌ပါဝင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်မှ နောက်ပိုင်းနှစ်နှစ်အတွင်းတွင် အသိဉာဏ်တု (AI) နည်းပညာကိုအထူးပြုသော “မိုပိုင်” အမည်ရှိ ကုမ္ပဏီသစ်တစ်ခုထွက်ပေါ်လာခဲ့သည်။

နှစ်နှစ်ကျော်အတွင်းမှာပင် ထိုကုမ္ပဏီသည် ဝန်ထမ်းဒါဇင်ပေါင်းများစွာမှရာကျော်အထိ ကြီးထွားလာခဲ့ပြီး စက်မှုလုပ် ငန်းတစ်ခုလုံး၏အလားအလာမှာလည်းကောင်းမွန်လှသည်။ အဓိကရင်းနှီးမြှုပ်နှံသူများစွာမှာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြပြီး လေယာဉ်ပျက်ကျမှုမဖြစ်ပွားခင်ကပင် ကုမ္ပဏီသည် IPO (ရှယ်ယာရောင်းချရန်) အတွက် စာရွက်စာတမ်းများအား ပြင်ဆင်နေခဲ့သည်ဟု သိရသည်။

ထိုအချိန်က စီးပွားရေးအားစိတ်မဝင်စားသော နန်ယုပင် ဤကုမ္ပဏီအကြောင်းကိုကြားဖူးခဲ့သည်။ သို့သော် ဝတ္ထုထဲတွင်မူ ထိုကုမ္ပဏီနှင့် လီယွမ်မိုတို့သည် ဖေးယွင်ကျင်း၏ရှုထောင့်မှဖြစ်စေ၊ နောက်ပိုင်းဇာတ်ကြောင်းတွင်ဖြစ်စေ လုံးဝဖော်ပြခြင်း မရှိခဲ့ပေ။

သူ့သေဆုံးမှုကြောင့် တစ်ချိန်ကအလားအလာရှိခဲ့သော ထိုကုမ္ပဏီမှာ ကျဆုံးသွားပြီး အဆုံးတွင် ရှယ်ယာရှင်များမှခွဲဝေယူသွားခဲ့ကြပုံရသည်။

လီရီပိုင်ကရော ?

သူ အဲ့ဒီလေယာဉ်ပေါ်မှာ ပါသွားခဲ့တာလား ??

နန်ယု မျက်မှောင်ကြုတ်လိုက်မိသည်။ “နန်ယု” ၏ မှတ်ဉာဏ်များအရ ဖေးယီကျန့်အားဆုံးရှုံးရသော ဝေဒနာကြောင့် သူမသည် အခြားမည်သူ့ကိုမျှဂရုမစိုက်နိုင်ခဲ့ပေ။

အမှောင်ဖုံးနေသောအခန်းထဲ နန်ယု သူ့ မျက်လုံးများမှာတစ်နေရာတည်းအား စိုက်ကြည့်ရင်းအတိတ်ကိုပြန်စဉ်းစားနေခဲ့ သည်။

သူ့ယခင်ဘဝတွင် ဖေးယီကျန့်၏လေယာဉ်ပျက်ကျမှုမှာ အကြီးအကျယ် ဂယက်ရိုက်ခဲ့သည်။ သို့သော် လေယာဉ်သည် ပင်လယ်ထဲသို့ တိုက်ရိုက်ထိုးကျသွားသောကြောင့် အရေးပါသည့် Black Box အားလုံးဝရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် မတော် တဆမှုနှင့် ပတ်သက်၍ သီအိုရီများစွာကျန်ခဲ့ပြီး မည်သည့်အဖြေမှ တိကျရေရာခြင်းမရှိခဲ့ပေ။

ဖေးမိသားစုနှင့် နန်မိသားစုတို့မှ အမှန်တရားအားဖော်ထုတ်ရန် များစွာအားထုတ်ခဲ့ကြသော်လည်း မည်သည့်အရာမျှထုတ် ဖော်မရရှိခဲ့ပေ။ ဝတ္ထုထဲတွင်လည်း ထိုအကြောင်းအရာကို ခေတ္တမျှသာဖော်ပြခဲ့ပြီး အမှန်တရားနှင့်ပတ်သက်သည့် ထုတ်ဖော်မှုများအား ထပ်မံလုပ်ဆောင်ခြင်းမရှိတော့ပေ။

ဖေးယီကျန့်၏သေဆုံးမှုမှာ ဖေးယွင်ကျင်း ဆင်းရဲဒုက္ခအတွက် အကြောင်းပြချက်တစ်ခု ဖြစ်နေသကဲ့သို့ပင်။

အဘယ်ကြောင့်ဆိုသော် ဖေးယီကျန့်သာ မသေဆုံးခဲ့လျှင် နန်ယုသည်လည်း ရူးသွပ်သွားမည်မဟုတ်ပေ။ ဖေးယွင်ကျင်းမှာလည်း အများဆုံး လျစ်လျူရှုခံရမည်ဖြစ်ပြီး အရွယ်ရောက်လာသောအခါ ဝတ္ထုထဲခံစားခဲ့ရသော နှိပ်စက်မှုများအားရှောင် ရှားနိုင်ကာ ကလေးထိန်းလက်မှလွတ်မြောက်နိုင်မည်ဖြစ် သည်။

ထိုသို့ဖြစ်လာမည်ဟုယူဆထားသော နန်ယုသည် မူလကအဆိုပါနေ့၊ အဆိုပါအချိန်ဝန်းကျင်ရှိ လေယာဉ်အားလုံးအား စင်းလုံးငှားရန်စဉ်းစားခဲ့သည်။

ငွေကြေးရှိပါက ထိုသို့လုပ်ဆောင်ရန် မခက်ခဲသလို၊ လူဒါဇင်များစွာ၏အသက်အား ကယ်တင်ခြင်းမှာ ကြီးမားသောကုန် ကျစရိတ်တစ်ခုမဟုတ်ဘဲ အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်သည်။

သို့သော် ထိုအစီအစဉ်သည် လေယာဉ်ပျက်ကျမှုမှာ မတော်တ ဆမှုတစ်ခုသာဖြစ်သည်ဟု ကြိုတင်ယူဆထားသောကြောင့်သာဖြစ်သည်။ အကယ်၍ ၎င်းမှာ လူလုပ်ဖြစ်ပြီး ဖေးယီကျန့် သို့မဟုတ် လီယွမ်မိုသည် ပစ်မှတ်ဖြစ်ခဲ့ပါက လေယာဉ်များ စင်းလုံးငှားခြင်းသည် အဓိပ္ပာယ်မရှိတော့ပေ။

ထိုအဖြစ်အပျက်နောက်ကွယ်မှလူသည် အလွန်ရက်စက်ရပေမည်။ လေယာဉ်တစ်စင်းလုံးကို ၎င်းတို့နှင့်အတူ ခေါ်ဆောင် သွားခြင်းမှာ ရန်သူအားသတိပေးပြီး မိမိကိုယ်ကိုအန္တရာယ်ဖြစ်စေနိုင်သောကြောင့်ပင်။

ဟင်း...

ရှည်လျားသည့် သက်ပြင်းချသံမှာ ဗလာနတ္တိ အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment