🌷 Chapter 40
အိမ်တော်ထိန်းကျိုးမှာ ထပ်မံနောက်ပြောင်ခံနေရသောဖေးယွင်ကျင်းအားကြည့်ပြီး ခေါင်းခါမိသည်။ အသက်ကြီးသူသည် အလွန်အဆင်မပြေသော်လည်း ငယ်ရွယ်သူကတော့ လှည့်စားရလွယ်လွန်းလှသည်ဟုတွေးလိုက်သည်။ ဖေးယွင်ကျင်း မူလတန်းကျောင်း မတက်ခင်အထိတော့ သူ ကောင်းကောင်းနေတတ်လာဖို့ စောင့်ရဦးမည်ထင်သည်။
သို့သော် ဖေးယွင်ကျင်း စက်တင်ဘာလအထိ အလယ်တန်းကျောင်းမတက်သေးကြောင်း တွေးမိသောအခါ...
သခင်လေး၊ သခင်လေး ပိုပြီးသတိထားတာကောင်းမယ်!
နောက်ဆုံးတော့ နန်ယွမ်က ဖေးယွမ်ကျင်းအားနောက်ပြောင်ခြင်းကိုရပ်တန့်လိုက်ပြီး ချင်းချန်ကနေပြန်သယ်လာသော အမှတ်တရလက်ဆောင်ကိုထုတ်လိုက်သည်။
"ဒါ ဘာကြီးလဲ"
မကျေနပ်ချက်များအား စိတ်ထဲမထားတတ်သော ဖေးယွင်ကျင်းသည် နန်ယုလက်ထဲတွင် တစ်ခါမှမမြင်ဖူးသောအရာကို ချက်ချင်းလာကြည့်သည်။
နန်ယု ဖေးယွင်ကျင်းလက်ကိုယူပြီး ထိုအရာအား သူ့လက်ဖဝါးပေါ်တင်ပေးလိုက်သည်။
"ဒါက ကျောက်စိမ်း"
"ကျောက်စိမ်း ?"
"ဟုတ်တယ်၊ လှပတဲ့ကျောက်တစ်မျိုးပေါ့"
ဖေးယွင်ကျင်း ခေါင်းညိတ်လိုက်ပြီး နားလည်သွားပုံရသည်။ "ဒီပေါ်မှာ စာရေးထားတာလား၊ ကျွန်တော် မသိဘူး"
"ငြိမ်းချမ်းရေး"
နန်ယု ကျောက်စိမ်းပေါ်ရှိ ရှေးစာလုံးများကိုလက်ညှိုးထိုးပြပြီး ဖေးယွင်ကျင်းအား ဖတ်ပြလိုက်သည်။
"မင်း ကြိုက်ရင် လည်ပင်းမှာဆွဲထားလို့ရတယ်၊ ကျောက်စိမ်းကကျန်းမာရေးအတွက် ကောင်းတယ်လို့ကြားတယ်"
ချင်းချန်မှာ လူသိနည်းသော မြို့တစ်မြို့ဖြစ်သော်လည်း နိုင်ငံတစ်ဝှမ်းတွင် နာမည်ကြီးသည့် ဆွဲဆောင်မှုတစ်ခုရှိသည်။ ထိုအရာမှာ အလွန်ထိရောက်သည်ဟု ပြောကြသည့် ချင်မိုဘုရားကျောင်းဖြစ်သည်။
၎င်းတို့ ချင်းချန်သို့ရောက်ပြီးသားဖြစ်၍ နန်ယု ဝင်သွားပြီး နန်မိဘများနှင့်ဦးလေးကျိုးတို့အတွက် ကျောက်စိမ်းများ တောင်း ခဲ့သည်။ ၎င်းမှာ ဘုန်းကြီးတစ်ပါးပေးထားသောအရာဖြစ် သည်ဟုလည်း ပြောလိုက်သည်။ နန်ယု ထိုအရာအား သိပ်မယုံကြည်သော်လည်း အမှတ်တရပစ္စည်းတစ်ခုလိုသဘောထားခဲ့သည်။ သို့သော် ကျောက်စိမ်း၏အရည်အသွေးမှာ လက်ခံနိုင်လောက်သည်။
"ကြိုက်တယ်! ကြိုက်တယ်!"
ထို့နောက် သူ ကြိုးအားယူပြီး သူ့လည်ပင်းတွင် ဆွဲရန်ကြိုးစားခဲ့သည်။ သို့သော် သူ့လက်များမှာအလွန်တိုနေသောကြောင့်မအောင်မြင်ခဲ့ဘဲ၊ သူ့ကိုယ် သူ မထိန်းနိုင်ဖြစ်သွားခဲ့ရသည်။
နန်ယု ကျယ်လောင်စွာရယ်လိုက်သည်။ သူ ကျောက်စိမ်းဆွဲသီးအား ဖေးယွင်ကျင်း လက်မှယူလိုက်ပြီး သူ့ကို သေချာဝတ်ပေးလိုက်သည်။ ထို့နောက် ကြိုးအားသင့်တော်သည့်အရှည်အထိ ချိန်ညှိပေးခဲ့သည်။
"ကဲ၊ ရှောင်ကျင်း၊ အခုချိန်ကစပြီး မင်း ဘေးကင်းလိမ့်မယ်"
"အန်တီလည်း ဘေးကင်းလိမ့်မယ်၊ ကျွန်တော်တို့အားလုံး ဘေးကင်းလိမ့်မယ်"
သူ့လည်ပင်းတွင်ရှိသော ကျောက်စိမ်းဆွဲသီးအား ဆုပ်ကိုင်ထားရင်း ဖေးယွင်ကျင်း တောက်ပပြီးရိုးသားစွာပြုံးလိုက်သည်။ ၎င်းမှာ လွန်ခဲ့သောလအနည်းငယ်က ထုံထိုင်းနေသော သူ့ပုံစံနှင့် လုံးဝကိုကွဲပြားသည်။
နောက်တစ်နေ့မှာ လီရီပိုင်မွေးနေ့ဖြစ်ပြီး အားလပ်ရက်လည်းဖြစ်သည်။
ဖေးယွင်ကျင်း ရင်းနှီးကျွမ်းဝင်မှုဖြင့် နန်ယုအားဘေးအိမ်သို့ လိုက်ပို့ပေးခဲ့သည်။ ၎င်းမှာ သူမ လီရီပိုင် အိမ်သို့ ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်သည်။
ဘေးချင်းကပ် ဗီလာများဖြစ်သောကြောင့် သူတို့အရွယ်အစားနှင့် အပြင်ပန်းများမှာတူညီသည်။ သို့သော် အတွင်းပိုင်းမှာ လုံးဝကိုကွဲပြားနေသည်။
နန်ယု၏လက်ရာမြောက်ပြီး ခမ်းနားသောအိမ်နှင့်ယှဉ်လျှင် လီရီပိုင်အိမ်မှာ... ၎င်းတို့ဘာသာ အလှဆင်ထားပုံရသည်။
"ရှောင်ပိုင်၊ မင်းရဲ့အစ်ကို ဘယ်မှာလဲ"
ဗီလာတွင် အစေခံငါးယောက်၊ ခြောက်ယောက်ခန့်သာရှိပြီး နန်ယုနှင့် ဖေးယွင်ကျင်းအား လီရီပိုင်နှင့် သူ့လက်ထောက်တို့မှ ဧည့်ခံပေးခဲ့သည်။
တခြားနေ့များဆိုလျှင် အဆင်ပြေမည်။ ဒါပေမဲ့ ဒီနေ့က လီရီပိုင်မွေးနေ့ မဟုတ်ဖူးလား ??
ဗီလာတစ်ခုလုံးမှာ လုံးဝတိတ်ဆိတ်လို့နေသည်။
ဖေးယွင်ကျင်း ရှေ့နောက်ကြည့်လိုက်သည်။ သူ ရှောင်ပိုင်အား နည်းနည်းကြောက်သော်လည်း၊ ရှောင်ပိုင် သူ့မွေးနေ့ပွဲတွင် အတူတူကျင်းပပေးခြင်းအား သေချာပေါက်လိုချင်သည်။
"ကျွန်တော့်ကော အလုပ်များနေတယ်၊ ဒါပေမဲ့ သူ ညစာမစားခင်ပြန်လာမယ်လို့ပြောတာပဲ!"
မွေးနေ့ရှင် လီရီပိုင်မှာကြော့ရှင်းသော ဝတ်စုံတစ်စုံအားဝတ် ဆင်ထားပြီး hip-hop မင်းသားလေးတစ်ပါးကဲ့သို့ ဖြစ်နေ သည်။ သူ ကြည့်ကောင်းကာ ချစ်စရာကောင်းလှသည်။
"မွေးနေ့လေးမှာ ပျော်ရွှင်ပါစေ၊ မွေးနေ့ရှင်လေး"
နန်ယု ကိုယ်ကိုကိုင်းပြီး သူ ပြင်ဆင်ထားသော လက်ဆောင်အားပေးလိုက်သည်။
လီရီပိုင် တောက်ပစွာပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ နန်ကျဲ!"
"ကျွန်တော့်အခန်းကို ခေါ်သွားရမလား၊ လုပ်စရာတွေ အများကြီးရှိတယ်!"
ယခုမှာ ညနေသုံးနာရီဖြစ်ပြီး ညစာစားဖို့အတွက် စောနေသေးသည်။ ဖေးယွင်ကျင်း၏ စိတ်အားထက်သန်သောအကြည့်သာ မရှိခဲ့လျှင် နန်ယု ဒီလောက်စောစောလာခဲ့မည်မဟုတ်ပေ။
သို့သော် သူ့စကားများမှာ ချက်ချင်းနောက်ကြောင်းပြန်လှည့်သွားသည်။
လီရီပိုင် အခန်းမှာပုံမှန်သာဖြစ်သည်။ သို့သော် သီးခြားဂိမ်းခန်းတစ်ခုရှိပြီး ထိုထဲတွင် အမျိုးမျိုးသော ဂိမ်းကတ်များအ ပြည့်ရှိသည်။ အလယ်တွင်ရှိသော ဂိမ်းစက်မှာအထင်ပေါ်ဆုံးပင်။
"နန်ကျဲ၊ ဂိမ်းကစားချင်လား၊ အရင်က ရှောင်ကျင်းနဲ့ ကျွန် တော်ပဲရှိခဲ့တာ ဒါပေမဲ့ အခု ကျွန်တော်တို့ သုံးယောက်ဆော့လို့ရပြီ!"
"အရင်က" လား ??
နန်ယု ဖေးယွင်ကျင်းအား တစ်ချက်ကြည့်လိုက်သည်။ ၎င်းမှာ ကလေးနှစ်ယောက် အချိန်ကုန်ခဲ့သည့်ပုံစံပင်။ သူမ သူတို့ ကာ တွန်းတွေ အတူတူကြည့်နေကြတယ်လို့ထင်ခဲ့သည်။
သူ ခေတ်နောက်ကျနေပုံရသည်။
"ကစားမယ်!"
နန်ယုမှာ "လူကြီးပုံစံ" ဆိုတာလုံးဝမရှိပေ။ သူမသည် လေးနှစ်အရွယ်ကလေးနှစ်ယောက်နှင့် ဂိမ်းကစားရသည်အား ရှက်ရွံ့ခြင်းမရှိပေ။ သူမမှာ လုံးဝကို အစပြုသူဖြစ်ပြီး သူတို့နှစ်ယောက်လောက်ပင် ကောင်းကောင်းမကစားနိုင်ပေ။
မကြာခင်မှာပဲ သူတို့သုံးယောက်ကော်ဇောပေါ်တွင် ခြေချိတ်ထိုင်လိုက်ကြသည်။ သူတို့ မျက်လုံးများမှာမျက်နှာပြင်ပေါ်တွင် စူးစိုက်နေပြီး ဂိမ်းခလုတ်များကိုကိုင်ထားကာယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေသည်။
"အန်တီ! အန်တီ လိမ်တာ!"
"အဲဒါကို နည်းဗျူဟာလို့ခေါ်တယ်! ရှောင်ကျင်း အရမ်းတုံးတာပဲ!"
"ဟားဟားဟား၊ ရှောင်ကျင်း၊ ငါ မင်းအတွက် လက်စားချေဖို့ စောင့်နေ!"
...
ဂိမ်းကစားနေချိန်မှာ အချိန်တွေ မြန်မြန်ကုန်သွားသည်။ မကြာခင်မှာပင် မှောင်သွားပြီး နန်ယု အချိန်အားတစ်ချက်ကြည့်လိုက်သည်။
ညနေ ၆:၃၀ သို့ရောက်သော်
လီယွမ်မို အခုထိပြန်မလာသေးဘူးလား ??
သူမ သစ်သီးများနှင့် သရေစာများ စားထားသောကြောင့် ဗိုက်မဆာပေ။ သို့သော် ယနေ့မှာ လီရီပိုင်မွေးနေ့ပင်။
နန်ယု အချိန်ကြာလာသည်နှင့်အမျှ လီရီပိုင် ပိုပြီး အာရုံပျံ့လွင့်လာသည်ကိုတွေ့နေရသည်။ သူ အပြင်အားထပ်ခါထပ်ခါ ကြည့်နေပြီး ဂိမ်းထဲတွင်လည်း အမှားများ မကြာခဏလုပ်နေ သည်။
နောက်တစ်ချီပြီးသွားသည်။ လီရီပိုင် ဆက်ကစားရန်မရွေးတော့ဘဲ ခလုတ်အားချလိုက်ပြီး ထရပ်ကာ သူ့ခြေထောက်များကိုပုတ်လိုက်သည်။
"နန်ကျဲ၊ ရှောင်ကျင်း၊ အောက်ကိုဆင်းသွားရအောင်၊ အစ်ကိုကြီးလူဆိုးကြီးကို မစောင့်တော့ဘူး!"
"ရှောင်ပိုင်..."
ဖေးယွင်ကျင်းမှာ လီရီပိုင် ယခု မပျော်ဘူးဟုခံစားမိသည်။ သို့ သော် သူ့ကို ဘယ်လိုနှစ်သိမ့်ရမည်အား ခဏတာမသိခဲ့ပေ။
ဘာပဲဖြစ်ဖြစ်၊ ရှောင်ပိုင်က သူ့အစ်ကို သူ့မွေးနေ့အား အတူတူကျင်းပပေးဖို့ မျှော်လင့်နေခဲ့သည်။
သို့သော် နန်ယုမှာ ထိုအကြောင်းအား မသိသလိုပင်၊ သူ့ မျက် နှာပေါ်တွင် အပြုံးတစ်ခုဖြင့် "ကောင်းပြီ၊ နောက်မှ ဆက်ကစားကြမလား၊ အခု ငါ ပထမနေရာမှာ" ဟု ပြောလိုက်သည်။
လီရီပိုင်အာရုံမှာ ချက်ချင်းလွှဲသွားသည်။
"ဆက်ကစားမယ်၊ ကျွန်တော် နန်ကျဲကို အသာလေးအနိုင်ပေးထားတာ"
"လာ၊ ရှောင်ပိုင် မင်း အန်တီကိုအနိုင်ယူလိုက်!"
ဖေးယွင်ကျင်း သူ့သူငယ်ချင်းလေးအား ချက်ချင်းအားပေးလိုက်သည်။ သို့သော် သူ ပြောပြီးသည်နှင့် နန်ယု သူ့အား ကောက်ချီလိုက်သည်။