no

Font
Theme

🌷 Chapter 29

ကောင်လေးမှာ သူ့အား စကားလာပြောသူနှင့် ပထမဆုံးအ ကြိမ်တွေ့ဆုံဖူးပုံမရပေ။ သူ နန်ယု၏ချီးကျူးမှုအား သဘာဝအတိုင်း ကျေးဇူးတင်စကားဖြင့် ပြန်ဖြေခဲ့ပြီး သူမကိုလည်း ကျဲ ဟုခေါ်ခဲ့သည်။

ထိုအခါမှ နန်ယုသည် ဦးထုပ်အောက်ရှိ ကောင်လေးမျက်နှာအား အပြည့်အစုံမြင်ခဲ့ပြီး သူသည် တကယ်တမ်းတွင် ကပြားကလေးတစ်ဦးဖြစ်ကြောင်းတွေ့ရှိလိုက်သည်။

သူ၏ရှည်လျားပြီး ကောက်ကောက်ကွေးကွေး မျက်တောင်များနှင့် နက်ရှိုင်းသော၊ ကျယ်ပြန့်သောမျက်လုံးများမှာ သူ့အဝတ်အစားများနှင့် တွဲဖက်လိုက်သောအခါ လုံးဝခေတ်ဆန်သော ကောင်လေးတစ်ဦးလိုဖြစ်နေသည်။

"ရှောင်ကျင်း၊ ဒီကိုလာပြီး နှုတ်ဆက်လိုက်၊ မင်း သူ့အကကို မြင်ပြီး သင်ယူချင်တယ်လို့ပြောတယ်မလား"

ဖေးယွင်ကျင်း ထိုကောင်လေးအားတကယ်နှစ်သက်ပုံရသည်။ နန်ယု ခေါ်လိုက်သောအခါ သူ အမြန်ပြေးလာပြီးပြောလိုက်သည်။

"မင်္ဂလာပါ၊ ကျွန်တော့်နာမည် ဖေးယွင်ကျင်းပါ"

ထိုကောင်လေးမှာ သူ့အရွယ်တူ လူများအားပိုနှစ်သက်ပုံရသည်။ သူ့မျက်နှာမှာ နန်ယုအား ရင်ဆိုင်သောအခါ တင်းမာနေသော်လည်း ဖေးယွင်ကျင်းကိုမြင်သောအခါ သူ ပြုံးလိုက်သည်။

"မင်္ဂလာပါ၊ ကျွန်တော့်နာမည် လီရီပိုင်ပါ၊ ကျွန်တော် ကတဲ့ ဒီအကကိုသင်ချင်လို့လား"

"အင်း၊ မင်း ကတာ အရမ်းကောင်းတယ်"

ကြည့်ပါဦး၊ ကလေးတွေက ဘယ်လောက်မြန်မြန်ဆန်ဆန် ရင်းနှီးသွားသလဲ ?

နှစ်ဦးသားအောင်မြင်စွာ စကားပြောနေသည်ကို မြင်သောအခါ နန်ယု သူမ၏အောင်မြင်မှုများနှင့် ကျော်ကြားမှုအား ဖုံးကွယ်ထားခဲ့သည်။

သို့သော် သူတို့ စကားပြောဆိုမှုမှာကြာကြာမခံခဲ့ပေ။ ဝတ်စုံဝတ်ထားပြီး လူမှုရေးနယ်ပယ်မှ လူတစ်ဦးပုံစံရှိသောအမျိုး သားတစ်ဦး မောဟိုက်သံများဖြင့်ပြေးလာခဲ့သည်။ သူ ကောင်လေးအားမြင်သောအခါ သူ့မျက်နှာထက်တွင် သက်သာရာရမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

"သခင်လေး! နောက်ဆုံးတော့ သခင်လေးကို ရှာတွေ့ပြီ!"

"ကျွန်တော် မက်ဆေ့ခ်ျပို့ထားတယ် မဟုတ်လား"

"ဒါပေမဲ့ ဒီဂိမ်းခန်းမက အရမ်းကြီးတယ်… ထားလိုက်ပါတော့၊ ကျွန်တော်တို့ သခင်လေးကို ရှာတွေ့လို့ဝမ်းသာပါတယ်၊ ဘော့စ် စောင့်နေတယ်၊ သွားကြစို့"

ထိုသို့ပြောဆိုပြီး သူ လီရီပိုင်အား ခပ်သွက်သွက်ကောက်ယူ၍ ထွက်ခွာသွားလေသည်။

ရုတ်တရက် ခွဲခွာသွားသည်ကိုမြင်သောအခါ ဖေးယွင်ကျင်း ဝန်လေးစွာဖြင့်ပင် နှုတ်ဆက်လိုက်သည်။

ခဏတာမျှ တွေ့ဆုံခြင်းဖြစ်သော်လည်း ထိုကလေးနှစ်ဦးပြန် လည်ဆုံတွေ့ကြနိုင်မည်လား ဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။

ထိုအချိန်တွင် နန်ယု တစ်ခုခုဖြစ်လျှင် သူမအားတိုက်ရိုက်ဆက်သွယ်နိုင်ရန်အတွက် ဖေးယွင်ကျင်းတွင် ဖုန်းနာရီတစ်လုံး ရရှိသင့်သည်ဟု ရုတ်တရက် သတိရလိုက်သည်။

"အန်တီ"

ထွက်ခွာသွားသော ကောင်လေးအားကြည့်ရင်း ဖေးယွင်ကျင်း ဝမ်းသာအားရဖြင့် နန်ယုအား မော့ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော် သူငယ်ချင်းတစ်ယောက်ရသွားပြီ"

"ဝိုး၊ ရှောင်ကျင်းက အရမ်းတော်တာပဲ၊ သွားစားကြစို့"

နန်ယုနှင့် ဖေးယွင်ကျင်းတို့ ပျော်ရွှင်စရာကောင်းသောရက်တစ်ရက်အား ဖြတ်သန်းခဲ့ကြသည်။ ယခုအခါ ဖေးယွင်ကျင်း၏ အခန်းသည်လည်း အရုပ်များဖြင့်ပြည့်နှက်နေပြီး ကလေးဆန်သော ချစ်စဖွယ်အသွင်ကိုဆောင်နေသည်။

ပျော်ရွှင်စရာ စနေ၊ တနင်္ဂနွေများမှာ အမြဲတိုတောင်းပြီး ယခု ဖေးယွင်ကျင်းအတွက် မူကြိုသို့ ပြန်သွားရမည့်အချိန်ဖြစ်နေပြီ။

နန်ယု မနေ့က ဈေးဝယ်လွန်ခဲ့၍ ယနေ့အပြင်မထွက်လိုသော် လည်း ရာသီဥတုကောင်းမွန်နေသဖြင့် ဥယျာဉ်ထဲတွင် အနား ယူကာ လေကောင်းလေသန့် ရှူရှိုက်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော်...

"ဦးလေးကျိုး၊ အပြင်မှာ ဘာတွေဖြစ်နေတာလဲ"

ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်နေသည့် ဗီလာရပ်ကွက်တွင် ကားကြီးများ၏အဝင်အထွက် ဆူညံသံမှာ ထူးဆန်းစွာ ပေါ်ထွက်လာသည်။

"သခင်မလေး၊ ဘေးအိမ်ကို တစ်ယောက်ယောက်ပြောင်းလာတာ ဖြစ်ရမယ်"

နန်ကျီပင် အိမ်နီးချင်းဖြစ်လိုသောရည်ရွယ်ချက်ဖြင့် အချိန်ကြာမြင့်စွာ ဗလာဖြစ်နေသော ဘေးအိမ်အားဝယ်ယူရန်စဉ်းစားခဲ့ဖူးသည်။

သို့သော် ထိုအိမ်မှာ လွန်ခဲ့သောအချိန်ကတည်းကရောင်းချပြီးဖြစ်ပြီး ဝယ်သူမည်သူဖြစ်သည်ကို မသိနိုင်သောကြောင့် နန်ကျီလည်း ထိုကိစ္စအားလက်လျှော့ခဲ့ရသည်။

မမျှော်လင့်ဘဲ လျှို့ဝှက်ဆန်းကြယ်သော ဝယ်သူမှာအဆုံး၌ ပေါ်ထွက်လာခဲ့သည်။

နန်ယု အပြင်ဘက်မှဆူညံသံများအား သတိထားမိလိုက်သော် လည်း စိတ်ဝင်စားခြင်းမရှိဘဲ အတွင်းသို့ ပြန်ဝင်လာခဲ့သည်။ အခန်းထဲသို့ ရောက်သည်နှင့် အသံကာကွယ်မှုကြောင့် အရာအားလုံးမှာ ချက်ချင်းတိတ်ဆိတ်သွားသည်။

သို့သော် အချို့ကိစ္စများမှာ ထူးခြားသောနည်းလမ်းဖြင့် ဖြစ် လာရန် ကံကြမ္မာမှစီစဉ်ထားသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော အိမ်နီးချင်း ပြောင်းလာပြီးနောက် တစ်နေ့တွင် ဖေးယွင်ကျင်း သူငယ်တန်းမှပြန်လာပြီး စိတ်လှုပ် ရှားစွာဖြင့် နန်ယုဆီသို့ပြေးလာခဲ့သည်။

"အန်တီ၊ လီရီပိုင်! လီရီပိုင်နဲ့ ကျွန်တော်က အတန်းတူတူပဲ!"

လီရီပိုင် ? ဘယ်သူလဲ ??

နန်ယု တစ်ခဏမျှ ကြောင်သွားပြီးမှ ဖေးယွင်ကျင်း သူငယ် ချင်းအသစ်မှာ ဂိမ်းခန်းမတွင်တွေ့ခဲ့သော street dance ကောင်လေး လီရီပိုင် ဖြစ်ကြောင်းသတိရလိုက်သည်။ သူတို့နှစ်ဦးမှာ တစ်ကျောင်းတည်းတက်နေသလားဟု သူမတွေးလိုက်သည်။

၎င်းမှာ တိုက်ဆိုင်မှုတစ်ခုပင်။

မကြာမီတွင် ပိုမိုကြီးမားသောတိုက်ဆိုင်မှုတစ်ခုရှိနေသည်ကို နန်ယု သိလိုက်ရသည်။

လီရီပိုင်၏မိသားစုမှာ သူမတို့ အိမ်နီးချင်းအသစ်ဖြစ်နေသော ကြောင့်ပင်။

"အန်တီ၊ လီရီပိုင်က စန္ဒယားတီးတာ အရမ်းတော်တာပဲ!"

"အန်တီ၊ ရီပိုင်က နိုင်ငံခြားဘာသာစကားတွေလဲ ပြောတတ်တယ်! ဆရာမက သူ့ကို ဒီနေ့ ချီးကျူးခဲ့တယ်!"

"အန်တီ၊ ရှောင်ပိုင်..."

ဖေးယွင်ကျင်း နောက်ဆုံးတော့ သူငယ်ချင်းကောင်းတစ်ယောက်ရရှိသွားသည်။

အရွယ်ရောက်သူ တစ်ဦးအနေဖြင့် နန်ယု ပျော်ရွှင်သင့်ပေသည်။

သို့သော် ပြဿနာမှာ ထိုကလေးငယ်သည်...အလွန်အမင်း ပျော်ရွှင်နေခြင်းပင်။

အံ့အားသင့်စရာကောင်းသည်မှာ လီရီပိုင်အစားစားသည့်အခါ ပုစွန်ကိုပါကြိုက်တတ်သည်အထိ ဖေးယွင်ကျင်း သိနေခြင်းဖြစ်သည်။

ကာတွန်းကြည့်လျှင် လီရီပိုင် အယ်လ်ထရာမန်းကိုကြိုက်ကြောင်းပြောပြသည်။

နန်ယု စတော်ဘယ်ရီစားနေသည်ကိုမြင်သောအခါ အသနားခံသည့်မျက်လုံးများဖြင့်မေးလာသည်။

“အန်တီ၊ ရှောင်ပိုင်က စတော်ဘယ်ရီကြိုက်တယ်၊ မနက်ဖြန် သူ့ကို နည်းနည်းယူသွားပေးလို့ရလား”

ဖေးယွင်ကျင်း၏တစ်နေ့တာ စကားဝိုင်းများမှာ ယခုအခါ လီရီပိုင်အကြောင်းများဖြင့်သာပြည့်နှက်နေတော့သည်။

နန်ယု- "..."

"ယူသွား၊ ယူသွား၊ မနက်ဖြန် ဦးလေးကျိုးကို ထုပ်ခိုင်းလိုက်"

နန်ယု စတော်ဘယ်ရီလေးတွေ ငါတောင် စားရသေးတာ မဟုတ်ဘူးဟုစိတ်ထဲမှ တွေးမိရင်း အနည်းငယ်မနာလိုစိတ်ဝင်သွားခဲ့သည်။

သို့သော် ပျော်ရွှင်နေသော ဖေးယွင်ကျင်းကိုမြင်သောအခါ ထိုစိတ်အားလျစ်လျူရှုလိုက်သည်။

ကလေးနှစ်ယောက် ပျော်ရွှင်နေသည်ကိုမြင်ရသောအခါ နန်ယု အိမ်တော်ထိန်းကျိုးအား နေ့စဉ် အပိုမုန့်နှင့် သစ်သီးများပြင် ဆင်ခိုင်းတော့သည်။ ထို့အပြင် ဖေးယွင်ကျင်းကိုလည်း လီရီပိုင်နှင့်အတူ ကျောင်းမှအတူတူပြန်လာရန် ပြောခိုင်းခဲ့သည်။

အိမ်နီးချင်းများဖြစ်သည့်အတွက် ကျောင်းကြို၊ ကျောင်းပို့လုပ်ရသည်မှာလည်း အလွန်အဆင်ပြေသွားသည်။

ဖေးယွင်ကျင်း ပြောစကားအရ လီရီပိုင်၏မိဘနှစ်ဦးစလုံးမှာ နိုင်ငံခြားတွင်ရှိပြီး ၎င်းသည် အိမ်တွင် အစ်ကိုဖြစ်သူနှင့်သာ နေထိုင်ကြောင်းသိရသည်။ အစ်ကိုဖြစ်သူမှာ အလုပ်အလွန်များသောကြောင့် သူ့အား အများအားဖြင့် လက်ထောက်တစ်ဦးနှင့် ကလေးထိန်းတစ်ဦးတို့ကသာ ဂရုစိုက်ရသည်။

ထိုသို့သေးငယ်သော ကိစ္စလေးတစ်ခုကြောင့် အိမ်နီးချင်းများမှလက်ဆောင်များယူကာ လာရောက်လည်ပတ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"မင်္ဂလာပါ"

သူမရှေ့တွင် ရပ်နေသောအသက်နှစ်ဆယ်ကျော်အရွယ် အမျိုး သားမှာ လီရီပိုင်၏အစ်ကို လီယွမ်မိုပင်။

သူသည်လည်း လူမျိုးစပ်တစ်ယောက်ဖြစ်သော်လည်း လီရီပိုင် ၏ချစ်စရာကောင်းသည့် အသွင်နှင့်မတူဘဲ သူ့မျက်နှာမှာမူ တင်းမာခက်ထန်နေသည်။

သူ့မျက်နှာပေါ်ရှိ အစိတ်အပိုင်းတိုင်းမှာ ပြီးပြည့်စုံသောအချိုး အစားများနှင့် ထက်မြက်ပြတ်သားသော ရုပ်သွင်များရှိနေ သည်။ သို့သော် တစ်ခုတည်းသောကွဲပြားမှုမှာ သူ့မျက်ခုံးရိုးပေါ်တွင် ထက်သောအရာတစ်ခုဖြင့် ခြစ်မိခဲ့သကဲ့သို့သော သေးငယ်သည့် အမာရွတ်တစ်ခုသာရှိနေခြင်းသာ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment