🌷 Chapter 22
သူ၏တိုတောင်းသော တုံ့ပြန်မှုနောက်တွင် နောက်ထပ် စိတ်မသက်မသာဖြစ်ဖွယ် တိတ်ဆိတ်မှုတစ်ခုဖြစ်ပေါ်ခဲ့သည်။
နန်ယု "အလုပ်များနေတယ်" ဟု ပြောပြီး ဖုန်းချသင့်သလားဟု စဉ်းစားနေစဉ် ဖေးယီကျန့်၏အသံထပ်မံထွက်ပေါ်လာသည်။
"မင်း"
ဖေးယီကျန့် တစ်စက္ကန့်လောက်ရပ်လိုက်သည်။ သို့သော် ခန့် မှန်းရခက်သည်ဟု ထင်ရသော်လည်း သူက ဆက်ပြောလိုက်သည်။
"မင်း ပွဲကို မသွားချင်ရင် မသွားနဲ့ 'A Thousand Miles of Spring Scenery' ကို ပို့ပေးလိုက်မယ်"
"ငါ ယွင်ကျင်းကို ဂရုစိုက်ပေးဖို့ လူတစ်ယောက်ရှာထားပြီးပြီ၊ ဒါကြောင့် စိတ်မပူနဲ့၊ ဒုတိယဦးလေးက မင်းကို ဖေးမိသားစုကို ပြန်လာဖို့ ထပ်ပြီးအတင်းအကြပ်လုပ်တော့မှာ မဟုတ်ဘူး"
ရိုးရှင်းသော စကားနှစ်ခွန်းဖြင့် အရာအားလုံးဖြေရှင်းပြီးဖြစ် သည်။
ကြည့်စမ်း၊ ဒီလူက စဉ်းစားတတ်ပြီး ရက်ရောမှုမရှိဘူးလား ?
နန်ယု ရယ်မောလိုက်သည်။
"မလိုဘူး၊ ဘာမှ လုပ်စရာမလိုပါဘူး"
သူမ ဖေးယီကျန့်၏ဝင်ရောက်စွက်ဖက်မှုကို မလိုအပ်ပေ။
"မင်း အလုပ်များနေတာပဲ ဆက်လုပ်ပါ"
ဆင်ခြင်တုံတရားရှိသည့် ကိစ္စနှင့် ပတ်သက်လျှင် သူမ သေချာ ပေါက် မရှုံးနိုင်ပေ။
ဖေးယီကျန့်၏တုံ့ပြန်မှုသည် နန်ယုမျှော်လင့်ထားသည့်အတိုင်းပင်။ နန်ယု ငြင်းဆန်ပြီးနောက် သူ သူမအား ထပ်မံစည်းရုံးရန် မကြိုးစားတော့ပေ။
သူ ချက်ချင်းပင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်းနှင့် နန်ယု အကူအညီလိုအပ်သောအခါ သူ့အား ဆက်သွယ်နိုင်ကြောင်းပြောလိုက်သည်။
၎င်းမှာ နန်ယု အလွန်နှစ်သက်သည့်အရာဖြစ်သည်။
သူမ၏ရှင်းလင်းသော ငြင်းဆိုမှုကို ယဉ်ကျေးမှု သို့မဟုတ် ရှက်ရွံ့မှုဟု မှားယွင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုခံရခြင်းကို သူ အမုန်းတီးဆုံးပင်။
ရိုးရှင်းသောကိစ္စအား ရှုပ်ထွေးအောင်လုပ်ရတော့မည်ဖြစ်ပြီး ဖေးယီကျန့်၏နည်းဗျူဟာမှာ နန်ယုအား ပိုပြီးစကားပြောဖို့ရာဆွဲဆောင်ခဲ့သည်။
ဖုန်းခေါ်ဆိုမှုမှာ လျင်မြန်စွာပြီးဆုံးသွားသည်။ စိတ်မသက်မသာဖြစ်ဖွယ် တိတ်ဆိတ်မှုနှင့်ပင် ၎င်းမှာ တစ်မိနစ်သာ ကြာသည်။ ဒါ တစ်လကြာအောင် ဖုန်းမပြောခဲ့သော အိမ်ထောင် သည်စုံတွဲအသစ်ကဲ့သို့ မဟုတ်ပေ။
သို့သော် နန်ယု စိတ်ကျေနပ်မှုရှိသည်။ အခုအချိန်ကစပြီး ကွာရှင်းတဲ့အထိ ဒီအကွာအဝေးကိုဆက်ထိန်းထားမယ်။
ဒီမိသားစုက နောက်ထပ်ဖေးတစ်ယောက်မလိုအပ်တော့ဘူး။
ပေထန်မိသားစု၏ မွေးနေ့ပွဲကျင်းပမည့်နေ့မှာ မကြာမီ ရောက်ရှိလာသည်။
နန်ကျီ အထူးသဖြင့် တစ်နေကုန် အားလပ်ရက်ယူခဲ့ပြီး မနက် ၉ နာရီကျော်ကျော်မှာ နန်ယု၏ ဗီလာသို့ ရောက်ရှိလာကာ အတူတူ သွားကြရန် ဖြစ်သည်။
သို့သော် သူ အလွန်စောစီးစွာရောက်ရှိလာပြီး နန်ယုမှာ မနိုးသေးပေ။
တစ်စုံတစ်ဦး၏အိပ်စက်မှုပုံစံများမှာ မကြာသေးမီက ပိုပြီးပုံမှန်မဟုတ် ဖြစ်လာသည်။ အိမ်တော်ထိန်းကျိုး အကြိမ်ပေါင်းများစွာသတိပေးခဲ့သော်လည်း အကျိုးသက်ရောက်မှု သိပ်မရှိခဲ့ပေ။
“ဒီလူကြီး…”
နန်ကျီ မျက်လုံးလှန်လိုက်သည်။ သူ မည်သူ့ကိုမှ အတင်းအ ကျပ် ခေါ်ဆောင်ခြင်းမဟုတ်ပေ။ ထိုအစား သူသည် ဆိုဖာပေါ်တွင် ဇိမ်ကျကျထိုင်ပြီး တိတ်ဆိတ်စွာ ပဟေဠိဆက်နေသည့် ဖေးယွင်ကျင်းအား လက်ပြကာ
"ကောင်လေး၊ ဒီကိုလာ၊ ငါ့ကို သိလား ?"
နန်ကျီ ဒီလင်ပါတူလေးအပေါ် ခံစားချက် သိပ်မရှိပေ။
သူသည် ကလေးငယ်တစ်ဦးမျှသာဖြစ်သည်။ လူကြီးကိစ္စများမှာ သူနှင့်မသက်ဆိုင်ဘဲ နန်ကျီ ကလေးတစ်ဦးအား တမင်တ ကာ အနိုင်ကျင့်မည်မဟုတ်ပေ။
ခေါ်လိုက်သောကြောင့် ဖေးယွင်ကျင်း ပဟေဠိအား ချလိုက်ပြီး အိမ်တော်ထိန်းကျိုးကိုကြည့်လိုက်သည်။ ခေါင်းညိတ်ခွင့်ပြုလိုက်သောအခါမှသာ သူ နန်ကျီထံ ချဉ်းကပ်ပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ၊ ရှုရှု”
နန်ကျီ: “...ကောလို့ခေါ်!”
ရှုရှု?! သူ အသက်သုံးဆယ်ပင် မပြည့်သေးပဲ ရှုရှုဖြစ်နေပြီလား။
မဖြစ်နိုင်ဘူး၊ သူ လက်မခံနိုင်ဘူး။
ဖေးယွင်ကျင်း နှုတ်ခမ်းစူလိုက်ပြီး အိမ်မ်တော်ထိန်းကျိုးအား ကြည့်လိုက်သည်။ သူ့ရှေ့ရှိ အခြေအနေမှာ သူ ကိုင်တွယ်နိုင်စွမ်းထက်ကျော်လွန်နေပုံရသည်။
အိမ်တော်ထိန်းကျိုး ရှေ့သို့ တိုးလာပြီး
"သခင်လေး၊ သခင်လေးက သခင်မလေးကို 'အန်တီ' လို့ခေါ်တာ အဆင်ပြေပါတယ်၊ သခင်လေးကို 'ဦးလေး' လို့ခေါ်တာလည်း အဆင်ပြေပါတယ်"
အိမ်မ်တော်ထိန်းကျိုး နန်မိသားစုတွင် နှစ်ပေါင်းများစွာရှိခဲ့သည်ဖြစ်ရာ နန်ကျီ၏စိတ်နေစိတ်ထားအား ထုံးစံအတိုင်း နားလည်သည်။
"ပြီးတော့ ကျွန်တော် ခင်ဗျားကိုအစ်ကိုလို့ခေါ်ရင် မျိုးဆက်တွေကျော်သွားလိမ့်မယ်"
ဖေးယီကျန့်နှင့် မျိုးဆက်တူဖြစ်သည်။ သူသာ အစ်ကိုဖြစ်မည်ဆိုပါက တစ်မျိုးဆက်ငယ်သွားမည် မဟုတ်လား။ နန်ကျီသည် ထိုအရာအား သို့သော် ငယ်ရွယ်သောအရွယ်တွင် ဦးလေးဟု အခေါ်ခံရခြင်းမှာ ထာဝရလူငယ်ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေသူ့အား စိတ်ဓာတ်ကျစေသည်။
သူ ဖေးယွင်ကျင်းအားဆွဲခေါ်ပြီး သူ့ပါးကို အမှတ်တမဲ့ပွတ်သပ်လိုက်သည်။
"ကဲ၊ ဖေးယီကျန့်က ငါ့ထက် တစ်လပဲကြီးတာ၊ သူ့သားက ဒီလောက်တောင် ကြီးနေပြီ"
မကြာသေးမီက ဤနေရာတွင် ကောင်းမွန်သော အစားအ သောက်နှင့် အဖျော်ယမကာများကို နှစ်သက်ခဲ့သောကြောင့် ဖေးယွင်ကျင်း ပိုပြီး နီရဲဝဖြိုးလာရုံသာမကဘဲ အရပ်လည်းပိုရှည်လာကာ ယခင်က နှိပ်စက်ခံရသည့်ပုံစံလုံးဝပျောက်ကွယ်သွားသည်။
နန်ကျီ၏ "ညှဉ်းပန်းနှိပ်စက်မှု"အောက်တွင် သူ၏ ဖြူဖွေးနူးညံ့သော မျက်နှာမှာ ချက်ချင်း နီရဲသွားပြီး ဖေးယွင်ကျင့်အား မျက်ရည်များရစ်သိုင်းစေသည်။
သို့သော် သူ့သေးငယ်သော လက်နှင့်ခြေထောက်များဖြင့် နန်ကျီ၏ကြီးမားသော ဆုပ်ကိုင်မှုအား မည်သို့ခုခံနိုင်မည်နည်း။ သူသည် ခေါင်းကိုပိုကြီးသော ကြောင်ကဆွဲထားသည့် ကြောင်လေးတစ်ကောင်ကဲ့သို့ အကူအညီမဲ့ပြီး အားနည်းနေသည်။
ကံကောင်းထောက်မစွာဖြင့် အိမ်တော်ထိန်းကျိုး ကြည့်မနေနိုင်တော့ဘဲ သနားစရာကလေးလေးအား နန်ကျီ့ချုပ်ကိုင်မှုမှ ကယ်တင်လိုက်သည်။
“အိမ်တော်ထိန်းကျိုး—” နန်ကျီ ပျင်းရိစွာပြောလိုက်သည်။
“ဦးလေးက သူ့ကလေးတွေကို ကာကွယ်ပေးတဲ့ကြက်မကြီးလိုပဲ!”
အိမ်တော်ထိန်းကျိုး ပြုံးလိုက်ပြီး
"သခင်လေး၊ သခင်လေး တတိယတန်းမှာ တရုတ်စာကျဖူးတာ ကျွန်တော် မှတ်မိတယ်"
လူကြီးဖြစ်လာခြင်းမှာ အားသာချက်တစ်ခုဖြစ်သည်။ ကလေးဘဝတွင် အရှက်ရဖွယ်ရာ အဖြစ်အပျက်အချို့မရှိခဲ့ဖူးသူ မည် သူရှိမည်နည်း။
အိမ်တော်ထိန်းကျိုး နန်ကျီ၏အလှဆင်ထားသော စကားများကို ရှင်းရှင်းလင်းလင်းငြင်းဆိုနေသော်လည်း အသက်ကြီးလာသည်နှင့်အမျှ ပိုပြီး ထူထဲသည့် အရေပြားကိုလျှော့တွက်မိနေ သည်။
"တကယ်လား၊ ကျွန်တော် မမှတ်မိဘူး"
သူ မျက်နှာပြောင်တိုက်ကာပြောလိုက်ပြီး အကြောင်းအရာပြောင်းရန် ကြိုးစားလိုက်သည်။
"မိတ်ကပ်ဆရာမတွေ ဘယ်အချိန် ရောက်လာမှာလဲ"
အိမ်တော်ထိန်းကျိုး နန်ကျီ့မေးခွန်းများအား စတင်ဖြေကြားသည်။
ထိုကိစ္စမှာ အနီးအနားတွင် ရပ်နေသည့် ဖေးယွင်ကျင်းအား ပဟေဠိ ပြန်ဆက်ဖို့အခွင့်အရေးပေးလိုက်သည်။ သူ ပါးကို ပွတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ အပိုင်းတစ်ပိုင်းအား ကောက်ယူလိုက်သော်လည်း ချရန်တွန့်ဆုတ်နေသည်။
ခဏလေး၊ သူ သွားတွေ့မယ့်လူတွေက သူ့ရဲ့ ဆွေမျိုးတွေ။
သူ တစ်ခါမှ မတွေ့ဖူးတဲ့၊ ဘယ်တုန်းကမှ သူ့ကို ဂရုမစိုက်ခဲ့တဲ့ ဆွေမျိုးတွေ။
သူတို့ကို ဆွေမျိုးတွေလို့တောင် ခေါ်လို့ရရဲ့လား ?
ဖေးယွင်ကျင်း နားမလည်ပေ။ သူ "ဆွေမျိုးများ" ဟူသော စကားလုံးအား မည်သို့ပေါင်းရမည်ပင် မသိပေ။
အိမ်တော်ထိန်းကျိုး ဖေးယွင်ကျင်းနှင့် ထိုအကြောင်းအား ပြောပြထားပြီးသား ဖြစ်သည်။ အချို့အခြေအနေများအား မည်သို့ ကိုင်တွယ်ရမည်ကို ရှင်းပြထားပြီး စိတ်မပူရန် အာမ ခံထားသည်။
အိမ်တော်ထိန်းကျိုးမှာ ဖေးယွင်ကျင်းသည် ကလေးတစ်ဦးမျှသာဖြစ်ပြီး အမှားလုပ်လျှင်ပင် မည်သူကမှ ဂရုစိုက်မည် မဟုတ်ဟု ယူဆသည်။ ရိုးရှင်းသော အချက်အချို့ပြောပြခြင်းကလုံလောက်ပေသည်။
ထို့အပြင် သခင်မလေးနှင့် သခင်လေး ရှိနေသောကြောင့် မည်သူကမှ ပြဿနာကိုတမင်တကာ မဖန်တီးရဲပေ။
အဖြေရှာရမည့် တစ်ခုတည်းသော တစ်ခုတည်းသော မေးခွန်းမှာ ပေထန်မိသားစုမှ တမင်တကာ မေ့ထားသည့် ကလေးအား ဘာကြောင့် ရုတ်တရက် သတိရသွားတာလဲဆိုတာပင်။