no

Font
Theme

🌷 Chapter 14

“အန်တီ၊ ထားလိုက်ပါတော့၊ ကျွန်တော် ဒါတွေကိုမကြိုက်တော့ပါဘူး”

ဖေးယွင်ကျင်း တောက်ပြောင်နေသော ရင်ထိုးအားတိတ်တ ဆိတ် ကြည့်လိုက်ပြီး သူ့မျက်လုံးကြီးများထဲ စိတ်ပျက်အား ငယ်မှု အရိပ်အယောင်ပေါ်လွင်နေသည်။ ထို့နောက် သူ နန်ယု အင်္ကျီလက်အား ဆွဲလိုက်ပြီး “သွားရအောင်”

သူက တကယ့်ကိုအပြုအမူကောင်းပြီး သိမ်မွေ့တဲ့ကလေးပဲ!

အနီးနားရှိအရောင်းသမားသည် ၎င်းတို့တွင် ငွေကြေးတတ်နိုင်ပါက တစ်ခုခု ဝယ်ပေးလိုက်ချင်စိတ်ပင်ပေါက်သွားရသည်။

“ကောင်းပြီ”

နန်ယုသည် ဖေးယွင်ကျင်း ထိုမျှနားလည်လိမ့်မည်ဟု မမျှော် လင့်ခဲ့ပေ။ သူ သက်ပြင်းချကာ သဘောတူလိုက်သည်။

“ကျောင်းကျောင်း၊ ဝေဝေ၊ ငါတော့ နင်တို့နှစ်ယောက်ကို အစစ် အမှန် သူငယ်ချင်းတွေလို့ အမြဲသတ်မှတ်ခဲ့တာ၊ ကျောင်းကျောင်း၊ နင်က အရင်တစ်ခါက GAC ရဲ့ Black Orchid လက် ကောက်ကို ကြိုက်တယ်လို့ပြောလို့ ငါ့အစ်ကိုကို နိုင်ငံခြားကနေ ချက်ချင်းယူလာခိုင်းခဲ့တယ်၊ ပြီးတော့ ဝေဝေ၊ ငါကိုယ်တိုင်အဲဒီ QB ဗင့်တေ့ခ်ျအိတ်ကိုတကယ်ကြိုက်တာ ဒါပေမဲ့ နင် ကြိုက်တယ်လို့ ပြောတာနဲ့ ငါ ချက်ချင်းပေးလိုက်တာ၊ ငါ ဒီလိုဖြစ်မယ်လို့ မမျှော်လင့်ခဲ့ဘူး...”

အရောင်းဝန်ထမ်းနှင့် ပတ်ဝန်းကျင်မှ ဖောက်သည်များ အံ့အား သင့်သွားကြသည်။

GAC ၏ Black Orchid လက်ကောက်မှာ ယွမ် ၂.၃ သန်းတန် ဖိုးရှိပြီး ပြည်တွင်းမှာမရနိုင်သည့် အကန့်အသတ်ထုတ်ကုန်ဖြစ်သည်။

QB ၏ဗင့်တေ့ခ်ျအိတ်မှာ အနည်းငယ်သက်သာပေမဲ့ ယွမ် ၂ သန်းနီးပါးခန့်တန်ဖိုးရှိသည်။ သူတို့ထဲမှအချို့မှာ နန်ယု အလွန် အကျွံဖြစ်နေသည်ဟု အစပိုင်းတွင်ထင်ခဲ့ကြသည်။ ဘယ်လိုလုပ် ယွမ်သိန်းပေါင်းများစွာတန်တဲ့ လက်ဆောင်ကိုပေးနိုင်တာလဲ ?

ယခုအခါ သူမ ငွေအား တကယ်အလေးမထားပုံရသည်။ သူမပြောသလိုပင် ကလေးအတွက် လက်ဆောင်တစ်ခုကိုလိုချင်ခဲ့ရုံမျှသာဖြစ်မည်။ အချို့မှာ သူမအား နန်မိသားစု၏သမီးဆိုသည်ကိုပင် မှတ်မိနေကြပြီ။ သူမ ယွမ်သန်းပေါင်းများစွာ တန်ဖိုးရှိသော လက်ဆောင်တစ်ခုအား အလွယ်တကူ ပေးခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ သို့သော် သူမ၏ "အချစ်ဆုံးသူငယ်ချင်းများ" ဟုခေါ်သော ထိုနှစ်ဦးအားကြည့်လိုက်သောအခါ သူတို့ အတင်းအဖျင်းများပြောဆိုနေကြသည်။

ချက်ချင်းဆိုသလို တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့အပေါ် ဖိအားကျရောက်လာသည်။ သူတို့အား ပတ်ဝန်းကျင်မှ စူးစမ်းသည့် အကြည့်များနှင့် တီးတိုးပြောဆိုနေကြတာကို ခံစားမိပြီး သူတို့၏အာရုံကြောများ တဒုတ်ဒုတ်ခုန်နေသည်။

ဤဆိုင်သို့ လာနိုင်သူများမှာ ယေဘုယျအားဖြင့် ငွေကြေးအ နည်းငယ်ရှိကြသည်။ တီးတိုးပြောဆိုမှုတွေက နည်းနည်းများသွားရင် ဘယ်လိုလုပ်မလဲ။ ဒီအသိုင်းအဝိုင်းက အကြီးကြီးဖြစ်နေပြီး အဲ့သတင်းတွေသာ မတော်တဆပျံ့သွားရင်…

ရှုယွီဝေ ပထမဆုံးတုံ့ပြန်လိုက်သည်။

“ဟားဟား၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ငါတို့ ဆန္ဒရှိပါတယ်၊ နန်ယုရယ်၊ နင် ဘာတွေပြောနေတာလဲ”

ထိုသို့ပြောရင်း ရှုယွီဝေ ယွမ် ၈၁၀,၀၀၀ တန်ဖိုးရှိတဲ့ ရင်ထိုးအားကောက်ယူလိုက်သည်။

“ထုပ်ပေးပါ” ထို့နောက် သူ့ကတ်ကို ထုတ်လိုက်ပြီး စျေးနှုန်းအား ဂရုမစိုက်ပုံပေါ်သည်။

တုကျောင်းကျောင်းကလည်း နောက်ကျမကျန်ခဲ့နိုင်ပေ။ သူမ တစ်လှမ်းနောက်ကျခဲ့သောကြောင့် ယွမ်ခုနစ်သောင်းပိုပေးရသည်ကိုသာ နောင်တရမိသည်။

—ရှုယွီဝေက အရမ်းလည်တာပဲ၊ သောက်ကျိုးနဲ!

သူမ ပျော်ရွှင်စွာ ပိုက်ဆံလက်ရှင်းဟန်ဆောင်ခဲ့သော်လည်း သူ့ ကတ်ရှိ လက်ကျန်ငွေ တစ်ဝက်ကျော်လျော့ကျသွားသည်ကို မြင်သောအခါ တုကျောင်းကျောင်းနှလုံးသားမှာနာကျင်လာသည်။

ဖေးယွင်ကျင်း ချက်ချင်းဆိုသလို အပြစ်ကင်းသည့်အပြုံးအား ပြုံးပြလိုက်သည်။

“လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် အန်တီ”

သူ “အန်တီ” ဟူ၍နောက်တစ်ကြိမ်ထပ်ခေါ်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။

တုကျောင်းကျောင်းနှင့် ရှုယွီဝေ- …

“ရှောင်ကျင်းက တအားတော်တာပဲ” နန်ယု ပြုံးရင်း ဖေးယွင်ကျင်း ခေါင်းအားပုတ်လိုက်သည်။

“နေ့လည်စာစားချိန်တောင်ရောက်နေပြီ၊ တစ်ခုခုသွားစားကြရအောင်၊ ငါ အရသာရှိတဲ့နေရာကို ခေါ်သွားမယ်!”

တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့သက်ပြင်းချလိုက်သည်။ နန်ယု စျေးဆက်ဝယ်နေမည်ကို သူတို့ စိုးရိမ်ခဲ့ကြသည်။ သို့ သော် ယခုတော့ သူတို့ပင်ပန်းနွမ်းနယ်ပြီး ဗိုက်ဆာနေကာ ထိုင်ပြီးစားရဖို့သာလိုချင်တော့သည်။

“နန်နန်၊ Which စားသောက်ဆိုင်ကို သွားရအောင်၊ တခြားစား သောက်ဆိုင်တွေက စနေ၊ တနင်္ဂနွေမှာ လူပြည့်နေလိမ့်မယ်၊ Which က ပိုနီးတယ်” တုကျောင်းကျောင်း အကြံပေးလိုက်သည်။

နန်ယု ခေါင်းညိတ်ကာ “ကောင်းပြီ၊ Which ရဲ့ ပါဝင်ပစ္စည်းတွေကို ငါ ယုံတယ်၊ ရှောင်ကျင်းလည်း ငယ်သေးတယ်လေ”

နန်ယု၏ “မိခင်လို” အပြုအမူတွေက တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့အား ထိတ်လန့်သွားစေသည်။ နန်ယု လက်ထပ်ပြီးတော့ ဦးနှောက်ပျက်သွားတာလား ??

သူ ဒီကလေးအား မုန်းကြောင်း အရင်က ရှင်းရှင်းလင်းလင်းပြောခဲ့ဖူးသည်။ သို့သော် နှစ်လပင်မပြည့်သေးဘဲ သူ အလွန်လျင်မြန်စွာပြောင်းလဲသွားသည်။

ထားလိုက်ပါတော့၊ ဒါက သူတို့ကိစ္စမဟုတ်ဘူး။ အခုတော့ ကောင်းကောင်းစားရဖို့ပဲလိုချင်မိသည်။

အဖွဲ့လိုက်အပေါ်ဆုံးထပ်ရှိ စားသောက်ဆိုင်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။ သို့သော် သူတို့ ငါးမီတာခန့် အကွာအဝေးသို့ရောက်ရှိပြီး တံခါးဝရှိ ပြုံးရွှင်နေသော စားပွဲထိုးကနှုတ် ဆက်ရန် ပြင်ဆင်နေချိန်တွင် နန်ယု ရုတ်တရက် ရပ်တန့်လိုက်သည်။

“အိုး”

သူ ညင်သာစွာရေရွတ်လိုက်သည်။

“မေ့သွားတာ”

တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့၏နှလုံးသားမှာ ရုတ်တရက် တုန်ခါသွားရသည်။ ဘယ်လိုပြဿနာမျိုး ထပ်ဖြစ်တော့မှာလဲ။

နန်ယု တောင်းပန်လိုက်သည်။

“Which ရဲ့ အဖွဲ့ဝင်တစ်ယောက်က လူနှစ်ယောက်ပဲခေါ်လာလို့ရတယ်ဆိုတာ မေ့သွားတာ၊ ရှောင်ကျင်းကတော့ ငါနဲ့အတူတူလိုက်မှာပဲ၊ ဒါဆိုတော့… နင်တို့ထဲကတစ်ယောက်ပဲလိုက်ရမယ်လို့ ထင်တယ်၊ ငါတို့ ဘယ်လိုလုပ်ကြမလဲ”

Which ၏အသင်းဝင်စည်းမျဉ်းမှာ အလွန်တင်းကျပ်သည်။ အဖွဲ့ဝင်တစ်ယောက်ပဲ ဝင်ရောက်ခွင့်ရှိပြီး လူနှစ်ဦးကိုသာ ခေါ်လာနိုင်သည်။ ကလေးဆိုပါက ၉၀ စင်တီမီတာထက် ပိုမြင့်နေလျှင်လူကြီးတစ်ယောက်အဖြစ် သတ်မှတ်သည်။

ဖေးယွင်ကျင်းမှာ တစ်လကျော်ကြာအောင် ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ပြီး လုံလောက်စွာ အိပ်စက်ခဲ့သည်။ သူ၏အရပ်မှာ အစပိုင်းတွင် သူ့ရွယ်တူများထက် ပိုပုသော်လည်း ထိုသတ်မှတ်ချက်အား ကျော်လွန်ကာ စင်တီမီတာအနည်းငယ် မြင့်လာသည်။

—ဒါဆို နေရာပြောင်းရအောင်!

တုကျောင်းကျောင်း ထိုအကြောင်းအားတစ်ကြိမ်သာ တွေးလိုက်ပြီး ချက်ချင်းမြိုချလိုက်သည်။

စနေ၊ တနင်္ဂနွေမှာ လူပြည့်နေသည့်အတွက် Which ကို သွားမယ်လို့ သူမ ပြောခဲ့တာဖြစ်ပြီး၊ နန်ယွမ်ကလည်း Which ၏ ပါဝင်ပစ္စည်းတွေအား ယုံကြည်တယ်ဟုပြောခဲ့သည်။ အခုမှ နေရာပြောင်းရအောင်လို့ပြောလိုက်လျှင် ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ချည်သလိုဖြစ်ပြီး ရင့်ကျက်မှုမရှိသလိုဖြစ်နေမည်။

ရှုယွီဝေ အခုလေးတင် သူ့အား စိတ်ပျက်စေခဲ့သောကြောင့် ဤတစ်ကြိမ်တွင် သူ့အား အပြစ်မတင်နိုင်တော့ပေ။

တုကျောင်းကျောင်း ချက်ချင်း ရှုယွီဝေလက်အားဆွဲလိုက်သည်။

“စိတ်မပူနဲ့ နန်နန်၊ ဝေဝေကိုတစ်ယောက်တည်းထားခဲ့တာမကောင်းဘူး၊ ငါ သူနဲ့အတူတူနေလိုက်မယ်၊ နင်တို့ပဲ ဝင်စားလိုက်ကြတော့”

ရှုယွီဝေ: “…”

အိုး၊ သူ အလှည့်ခံလိုက်ရပြန်ပြီပဲ!

သူမ လျင်မြန်စွာတုံ့ပြန်နိုင်သော်လည်း ဤအချိန်တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။

ထို့ကြောင့် ရှုယွီဝေ ပြုံးပြီးခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ နန်နန်၊ နင်တို့ပဲ ဝင်စားလိုက်ပါ၊ ကျောင်းကျောင်းနဲ့ ငါ အဆင်ပြေတယ်”

“ကောင်းပြီ”

နန်ယု တုံ့ဆိုင်းမနေတော့ပေ။

“နောက်တစ်ခါကျရင် ငါ ကျွေးမယ်”

နန်ယုနှင့် သူ့ကလေးမှာ စားပွဲထိုး၏တောက်ပသော အပြုံးအောက်တွင် ဝင်ရောက်သွားသည်ကိုကြည့်ပြီး တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ အေးစက်စွာနှာမှုတ်လိုက်ကြသည်။

ရှင်းရှင်းလင်းလင်းပင်၊ သူတို့ တစ်ယောက်ရဲ့လှည့်ကွက်ကို တစ်ယောက်သိနေကြပြီး တစ်ယောက်က ဘယ်လိုလူလဲဆိုတာ ကိုလည်း တိတိကျကျသိနေကြသည်။

“ကျောင်းကျောင်း၊ နင် မရိုးသားဘူးနော်”

“နင်ကရော ရိုးသားလို့လား၊ နင် ပိုစျေးပေါတဲ့ဟာကို တမင်ရွေးလိုက်တာလေ၊ ငါ မသိဘူးလို့ ထင်နေတာလား”

သူတို့နှစ်ယောက် ပတ်ဝန်းကျင်မှ လူအုပ်ကိုသတိပြုမိသဖြင့် တိုးတိုးလေးပြောဆိုကြသော်လည်း သူတို့၏မျက်လုံးများမှ အရောင်များကမူပြတ်သားလို့နေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment