🌷 Chapter 20
သခင်မလေးက ဘယ်တုန်းက ဒီလောက်အားသန်သွားတာလဲ။
ဖေးယွင်ကျင်း ပိန်သည်ဆိုသော်လည်း ပေါင်သုံးဆယ်နီးပါး ရှိသည်။ နန်ယု သူ့အား လက်တစ်ဖက်တည်းဖြင့်မလိုက်ခြင်းဖြစ် သည်။
ဖေးယွင်ကျင်း တုံ့ပြန်မှုမှာ ပိုပြင်းထန်သည်။
"...ကျွန်တော့်ကို ချပေးပါ! ပြန်ချပေးပါ!"
နန်ယု ထိုသို့ပြုလုပ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ့မျက် နှာတစ်ခုလုံး နီရဲလာပြီး မီးခိုးများထွက်လာတော့မလိုဖြစ်နေ သည်။
"ဘာလို့ ကျောင်းမသွားချင်တာလဲ"
ဖေးယွင်ကျင်း ထပ်မံတိတ်ဆိတ်သွားပြီး မူလက ရုန်းကန်နေသော သူ့ခန္ဓာကိုယ်မှာလည်း တောင့်ခဲသွားပြီး သစ်သားရုပ်ကလေးကဲ့သို့ဖြစ်နေသည်။
နန်ယု အိမ်တော်ထိန်းကျိုး၏ စိုးရိမ်ပူပန်နေသော အမူအရာအား မြင်သောအခါ အနည်းငယ်ဆိုးသွမ်းသော အပြုံးဖြင့် ပြုံးလိုက်သည်။
"မင်း တကယ် ကျောင်းမသွားချင်ဘူးလား"
ဖေးယွင်ကျင်း၏ကလေးဆန်သော စိတ်ဖြင့် အန္တရာယ်တစ်ခုအား အာရုံခံမိသော်လည်း အမည်မသိသောအကြောင်းအရင်းတစ်ခုကြောင့် သူ ခေါင်းခါလိုက်သည်။
"အရမ်းကောင်းတယ်"
နန်ယု ခေါင်းညိတ်လိုက်ပြီး ဖေးယွင်ကျင်းအား ပြန်ချပေး လိုက်သည်။
"အိမ်တော်ထိန်းကျိုး၊ ကျောင်းအုပ်ကြီးကိုဖုန်းဆက်ပြီး ဒီနေ့ ကျောင်းက ကလေးတွေကို ဒီအိမ်ကိုဖိတ်ထားတယ်လို့ပြောလိုက်ပါ"
ဖေးယွင်ကျင်း: "!!!!"
သူ၏ကြီးမားပြီးဝိုင်းသော မျက်လုံးများရုတ်တရက်ပိုလို့ပင် ပြူးကျယ်သွားပြီး အစားခိုးစားမိသော ရှဉ့်ကလေးကဲ့သို့နေရာတွင် တောင့်ခဲသွားသည်။
"မဖြစ်ဘူး! မဖြစ်ဘူး!"
ဖေးယွင်ကျင်း အိမ်တော်ထိန်းကျိုးလို နန်ယုအားတွယ်ကပ်ရန် သတ္တိမရှိပေ။ သို့သော် သူ သတိရလာသည်နှင့် ခေါင်းအား ကြက်တူရွေးတစ်ကောင်ကဲ့သို့ ဆက်တိုက်ခါလိုက်သည်။
"ကန့်ကွက်မှုက အကျုံးမဝင်ဘူး"
နန်ယု၏ရက်စက်ပြီး ကြင်နာမှုမရှိသောစကားများကြောင့် ဖေးယွင်ကျင်း စိတ်ဓာတ်ကျသွားသည်။
သူ အိမ်တော်ထိန်းကျိုးအား တောင်းပန်သောအကြည့်ဖြင့် ကြည့်လိုက်သော်လည်း အိမ်တော်ထိန်းကျိုးမှာမူ မျက်နှာကျက်ကိုသာကြည့်နေခဲ့သည်။
"သူတို့ ကျွန်တော့်ကိုလှောင်ရယ်ကြတယ်"
အသံမှာ တိုးတိုးလေးဖြစ်သော်လည်း နန်ယု ရှင်းရှင်းလင်း လင်းကြားလိုက်ရသည်။ ခဏမျှစဉ်းစားပြီးနောက် သူမ နား လည်သွားပုံရသည်။
"မင်းကြောင့် သူတို့ ငါ့ကိုရယ်နေကြတယ်လို့ထင်တာလား"
ဖေးယွင်ကျင်း ခေါင်းအား ပိုငုံ့လိုက်ပြီး သူ့အင်္ကျီထောင့်စွန်းကို ဆွဲထားသည့်လက်မှာတင်းကျပ်သွားရသည်။ သူ ပြန်မဖြေသော်လည်း ထိုအတိုင်းတွေးနေသည်မှာ ရှင်းလင်းနေသည်။
ထိုဝတုတ်လေးမှာ သူ့အား ပထမဆုံးရယ်သောသူမဟုတ်ပေ၊ သူ့ဆီသို့ပြေးလာပြီး ပထမဆုံးရယ်သော သူသာ။
ဖေးယွင်ကျင်း အလွန်ပင် ထိလွယ်ရှလွယ်ဖြစ်သည်။ ဆရာများ၏ရံဖန်ရံခါ လှမ်းကြည့်သောအကြည့်များတွင် မသက်မသာဖြစ်သော ခံစားချက်များစွာပါဝင်နေသည်ကို သူ ခံစားနိုင်သည်။
၎င်းတို့က သူအား အသက်ငယ်သေးသည်ဟုထင်ကြသည် သို့မဟုတ် အလွန်လျှို့ဝှက်သည်ဟုထင်ကြပေမည်။ သို့သော် ဖေးယွင်ကျင်းသည် သာမန်ကလေးတစ်ဦးမဟုတ်ပေ။ သူသည် စိတ်ခံစားမှုပြင်းထန်ပြီး ထက်မြက်ကာ သူ့ဘဝအတွေ့ အကြုံကို ကောင်းစွာသိသည်။
သူ့မွေးမိခင်မှာ အလွန်ဆိုးရွားသောအရာများလုပ်ခဲ့ကြောင်းကိုလည်း သူ သိသည်။ ထိုအရာများအား သူ့ကလေးထိန်းမှ အကြိမ်ကြိမ် ပြောပြခဲ့ဖူးသည်။
ဖေးယွင်ကျင်း သူငယ်တန်းကျောင်းမသွားလိုကြောင်း အိမ်တော်ထိန်းကျိုးအား ဒီနှစ်ရက်အတွင်းပြောပြရန် ကြိုးစားခဲ့သည်။ သို့သော် အိမ်တော်ထိန်းကျိုးမှာ ကလေး၏ဆိုးသွမ်းမှုတစ်ခုသာဖြစ်သည်ဟု ထင်မှတ်ပြီး အလေးအနက်မထားခဲ့ပေ။ ယခုမနက်မှသာ သူငယ်တန်းကျောင်းအပေါ် ဖေးယွင်ကျင်း၏ပြင်းထန်သော မုန်းတီးမှုအားခံစားမိခဲ့သည်။
သူ့ကိုသာ လှောင်ရယ်လျှင် ကိစ္စမရှိပေ။ သို့သော် ထိုဝတုတ်လေး၏အဘွားနှင့် မနေ့က ရောက်လာသည့်လူများ၏ စကားများမှာ သူ့အန်တီ ( နန်ယု )ကိုပါ သူ့ကြောင့် သွယ်ဝိုက်၍ ထိခိုက်စေသည်ကို ဖေးယွင်ကျင့် ရုတ်တရက်နားလည်စေခဲ့သည်။
၎င်းတို့သည် သူ့အန်တီကိုပါ လှောင်ရယ်နေကြလေသည်။
ငါ့ကြောင့် အခြားသူတွေ ငါ့အန်တီကိုရယ်လို့မဖြစ်ဘူး၊ မဟုတ်ရင် သူ သေချာပေါက် ငါ့ကိုမုန်းတော့မှာပဲ !!
အဲ့တော့ ကျောင်းမသွားတာပဲ ကောင်းတယ်။
"ဘယ်သူ ရယ်တာလဲ ? အိမ်တော်ထိန်းကျိုး၊ ဘယ်သူ သတ္တိရှိလဲဆိုတာကို ကျမ ကြည့်ချင်သေးတယ်၊ သူတို့ကို သေချာ ပေါက်သွားကြည့်ရမယ်!"
နန်ယု ဖေးယွင်ကျင့်၏ဆိုလိုရင်းကို နားလည်ရုံသာမက အိမ်တော်ထိန်းကျိုးပါနားလည်ပြီး ယခင်ဖြစ်ရပ်ကို ချက်ချင်းပြန်အမှတ်ရသွားကြသည်။
ဖေးယွင်ကျင်း ကဲ့သို့ကလေးတစ်ယောက်မှာအလွန်စိတ်ခံစားမှုနုနယ်လေသည်။ ထိုအဘွားကြီး၏ ညစ်ညမ်းသောပါးစပ်မှာ အပြစ်တင်မှုများအပြည့်ရှိလေရာ သူမ ၎င်းတို့အား ဝင်ခွင့်မပေးသင့်ခဲ့ပေ။
နှစ်ပေါင်းများစွာထိန်းသိမ်းခဲ့သည့် ကောင်းမွန်သောအမူအ ကျင့်များကြောင့် အိမ်တော်ထိန်းကျိုး ဆဲဆိုခြင်းမှ ရှောင်ရှားနိုင်ခဲ့သည်။ ယင်းအစား သူ စိတ်မကောင်းဖြစ်နေသည့် အကြည့်ဖြင့် ဖေးယွင်ကျင့်အားလှမ်းကြည့်လိုက်သည်။
"သခင်လေး၊ ဒါက သခင်လေးအပြစ်မဟုတ်ဘူး၊ အဲ့ဒီလူတွေရဲ့အပြစ်ချည်းပဲ..."
ဖေးယွင်ကျင်း သူ့နှုတ်ခမ်းအားကိုက်ထားပြီး ဘာမှမပြောတော့ပေ။
သူ့အား ငယ်စဉ်ကတည်းက သူ့အားမည်သူမျှ မလိုချင်၊ ၎င်းတို့က သူ့အား မုန်းတီးကြသည်။ သူသည် အချစ်မခံရသောကလေးတစ်ဦးဖြစ်သည်ဟု ကလေးထိန်းထံမှ ဦးနှောက်ဆေးခြင်းခံခဲ့ရသည်။
ဖေးယွင်ကျင်း ထိုပြောဆိုချက်များအား တိတ်တဆိတ်အကြိမ်ပေါင်းများစွာချေပခဲ့သော်လည်း နေ့ရက်များစွာ၊ နှစ်ပေါင်းများစွာကြာလာသောအခါ ထိုစကားများ၏လွှမ်းမိုးမှုခံခဲ့ရသည်။
နန်ယု အနှစ် ၂၀ ကြာပြီးနောက်မှာ ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့၏အချစ်သည် ချောမွေ့ခြင်းမရှိကြောင်းမှတ်မိသည်။ ဖေးယွင်ကျင်းသည် သူ့ ငယ်ဘဝအတွေ့အကြုံများကြောင့် သွေး အေးပြီး တစ်ကိုယ်ကောင်းဆန်ကာ မည်သူ့ကိုမျှမယုံကြည်ပေ။ ကံကောင်းထောက်မစွာဇာတ်လိုက်မသည် ပေါ့ပါးသွက်လက်ကာ တောက်ပသောမိန်းကလေးတစ်ဦးပင်။
သို့သော် ၎င်းတို့ ပျော်ရွှင်စရာဇာတ်သိမ်းတစ်ခုရောက်ဖို့ရာ အခက်အခဲများစွာကိုဖြတ်သန်းခဲ့ကြရသည်။
လူတစ်ဦး၏စရိုက်လက္ခဏာမှာ တစ်ညတည်းနှင့် ပေါ်ပေါက်လာခြင်းမဟုတ်ပေ။ ဖေးယွင်ကျင်း ယခုအချိန်တွင် ရက်စက်သေးသည်မဟုတ်သော်လည်း အခြေအနေအား အကဲဖြတ်တတ်အောင်သင်ယူနိုင်ခဲ့သည်။
နန်ယု ဖေးယွင်ကျင်း သူမ စိတ်ချမ်းသာအောင်ကြိုးစားနေမှန်း သိသည်။
သူမ သူ့အား ထိုအိပ်မက်ဆိုးမှကယ်တင်ခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဖေးယွင်ကျင်း စာဖတ်တတ်အောင် မသင်ယူခဲ့သော်လည်း သူသည် ရှင်သန်ရန် နည်းလမ်းများကို ဗီဇအတိုင်း သင်ယူခဲ့သည်။
ဖေးမိသားစု၏ဘိုးဘွားအိမ်တော်တွင် သူ ပြောခဲ့သည့် "ဟုတ်" ဟူသော စကားလုံးကဲ့သို့ပင် ၎င်းမှာ မိမိကိုယ်ကိုကယ်တင်နေသည့် ကလေးဖြစ်သည်။
သူ့လက်ရှိဘဝအား ဖျက်ဆီးမည့် မည်သို့သောမတော်တဆမှုမျိုးကိုမှမလိုချင်သလို နန်ယု စိတ်ဆိုးမည်ကိုလည်းမလိုချင်ပေ။
ထိုသို့မဟုတ်ပါက သူ ထိုအမှောင်ထုထဲသို့ပြန်ရောက်သွားပြီး အငတ်ခံနေရလိမ့်မည်။
နန်ယု ထိုစိတ်ဓာတ်အား ပြီးပြည့်စုံစွာနားလည်သည်။
"ရှောင်ကျင်း"
ဖေးယွင်ကျင်း တုန်လှုပ်သွားသည်။ နန်ယု သူ့အား ထိုကဲ့သို့ ပုံမှန် မခေါ်လေ့ရှိပေ။ ယခင်တစ်ကြိမ်က တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့ရှေ့တွင် ရင်းနှီးကြောင်း ပြသရန်သာဖြစ်သည်။
သူမ ပုံမှန်အားဖြင့် "ကလေးလေး" သို့မဟုတ် နာမည်တိုက် ရိုက်ခေါ်သည်။
သို့သော် ဖေးယွင်ကျင်း နန်ယု သူ့အား "ရှောင်ကျင်း" ဟု ခေါ် သည်ကို တကယ်နှစ်သက်သည်။ အဲ့ဒါက သူ့ရဲ့ ကိုယ်ပိုင်နာမည်၊ သူ့ရဲ့...အရာတစ်ခုပါ။
"ငါ ဘာလို့ မင်းကို အထောက်အပံ့ပေးတယ်ဆိုတာ မင်းသိလား"
ဖေးယွင်ကျင်း ရိုးသားစွာဖြင့် ခေါင်းခါလိုက်သည်။
သူ့ဘေးတွင် ရပ်နေသော အိမ်တော်ထိန်းကျိုး ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။ သူ့သခင်မလေးမှာ ကြင်နာတတ်သည့်ကလေး တစ်ဦး ဖြစ်ကြောင်းသိသည်။ သခင်မလေးသည် သခင်လေး ဆင်းရဲဒုက္ခခံစားနေရသည်အား သေချာပေါက်မကြည့်နိုင်ပေ...
"ဖေးမိသားစုက ပိုက်ဆံပေးလို့"
ဟမ်?
အိမ်တော်ထိန်းကျိုး၏ ညင်သာမှုမှာ ရုတ်တရက် အနှောင့်အ ယှက်ခံလိုက်ရပြီး သူ မယုံကြည်နိုင်သည့်အကြည့်ဖြင့် နန်ယုအားကြည့်လိုက်သည်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည့် ပရော်ဖက်ရှင်နယ်စိတ်ကြောင့် သူ တိတ်ဆိတ်နေခဲ့သော်လည်း သူ့မျက်နှာပေါ်ရှိ အမူအရာအား ခဏတာထိန်းချုပ်၍မရခဲ့ပေ။