no

Font
Theme

အခန်း ၇ ချမ်းသာဖို့ ပထမခြေလှမ်း

ဦးလေးယွိက သူ့၏အကြံအစည်ကို အလွန် ထောက်ခံပေးခဲ့ပြီး သူတို့ဒေသတဝိုက်မှ ရွာများ၏အသေးစိတ်အချက်အလက်များအား သူ့ကို ပြောပြခဲ့သည်။

“မင်း ကြက်ဥ လတ်လတ်ဆတ်ဆတ်တွေ ဝယ်ချင်ရင် မင်းတို့ရွာနဲ့ ပိုနီးတဲ့ ယန်ဟယ်ရွာမှာ သွားဝယ်လို့ ရတယ်။ သူတို့ရဲ့နေရာက တောင်တွေနဲ့ပိုနီးတော့ မင်း လှေစီးရတဲ့ ဒုက္ခနဲ့လည်း ဝေးသွားလိမ့်မယ်။ သူတို့လည်း အရင်ကတော့ လယ်သမားတွေပဲ။ ဒါပေမယ့် မနှစ်တုန်းက မြစ်ရေလျှံပြီး လယ်တွေထဲကို ရေဝင်ခဲ့တဲ့အတွက် အသက်မွေးဝမ်းကြောင်းပြောင်းပြီး မွေးမြူရေးကို အားကိုးနေရတယ်။ နောက်ပိုင်းတော့ တိရစ္ဆာန်အရှင်တွေနဲ့ ဥတွေလည်း ရောင်းချကြတယ်”

ဦးလေးယွိ ပြောနေသော ရန်ဟယ်ရွာက သူတို့၏ရှောင်းဟယ်ရွာ ဘေးတွင် ရှိပြီး ၎င်းက တူညီသောမြစ်ကမ်းတစ်ဖက်တည်းတွင် ရှိနေကြသည်။ သုံးလီလောက် ခြေလျင် လျှောက်သွားလျှင် အလွယ်တကူ ရောက်နိုင်သောကြောင့် ကျန်းကျိုးကလည်း သင့်တော်ကောင်းမွန်သည်ဟု ထင်မြင်မိသည်။

အခု သူ့မှာ ပါဝင်ပစ္စည်းတွေကို ရပြီ၊ ဒီတော့ ကြက်ဥကိတ်ကို လုပ်ပြီး ရောင်းဖို့ နည်းလမ်းရှာရတော့မယ်။

ထို့နောက် ကျန်းကျိုးက မြစ်ရေပြင်ကို ငေးကြည့်နေရင်း အတွေးများနေခဲ့သည်။

တကယ်တော့ ရှီးဟယ်မြစ်က အများအားဖြင့် ငြိမ်သက်ပြီး ရေက ကြည်လင်နေတက်တယ်။ ဒါပေမယ့် ယမန်နှစ်ကတော့ မြစ်ရေတွေ ရုတ်တရက် မြင့်တက်လာတာကြောင့် ကျေးရွာအချို့ ရေမြုပ်ခဲ့တယ်။ ပုံမှန်အချိန်တွေဆိုရင်တော့ မြစ်ရေက ကြည်လင်နေပြီး ရေထဲမှာ လှေတွေ သွားလာနေကြတဲ့ ရှီးဟယ်မြစ်ရဲ့မြင်ကွင်းက အထူးရှုခင်းလို့တောင် မှတ်ယူနိုင်တယ်။

အထူးရှုခင်း…

ကျန်းကျိုး၏မျက်လုံးများက တောက်ပလာသည်။ သူရဲ့နူးညံ့ပျော့ပျောင်းတဲ့ ကိတ်မုန့်ပွပွလေးတွေနဲ့ ဒီလှပပြီး အေးချမ်းတဲ့ ရှုခင်းတွေက ပြီးပြည့်စုံအောင် လိုက်ဖက်ညီနေတာ မဟုတ်ဘူးလား?

အဲ့လိုဆိုရင် ဦးလေးယွိရဲ့လှေပေါ်မှတောင် ကိတ်မုန့် ရောင်းချနိုင်လိမ့်မယ်။

ယခုအခိုက်အတန့်တွင် ကျန်းကျိုးက ရဲတင်းသော အကြံအစည်များကို တွေးတောနေပြီး သူက ထိုအကြံအစည်အတွက် လူအိုကြီးယွိနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေခဲ့သည်။ ကျန်းကျိုးက သူ့၏ပူးပေါင်းဆောင်ရွက်မှုအတွက် သူ့၏ရိုးသားမှုကို အရင် ပြသရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက "ဦးလေးယွိ၊ ညနေရောက်ရင် အရက်သောက်ဖို့ ကျွန်တော့်အိမ်ကို လာခဲ့ပါလား?"

လူအိုကြီးယွိက ရယ်မောလိုက်ပြီး "ဘာလဲ? မင်းရဲ့ယောက္ခမက မင်းကို နံရံပျဥ်ပြားနဲ့ ရိုက်လွှတ်လိုက်တာလား? မင်းက ငါပေးခဲ့တဲ့ အရက်နဲ့ ငါ့ကို ပြန်ဧည့်ခံမယ်ပေါ့၊ မင်းက ငါ့ကို အမြတ်ထုတ်နေတာပဲ"

ကျန်းကျိုးကလည်း ပြန်ရယ်ပြလိုက်ပြီး “အဲ့လို မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီနှစ်အတွင်းမှာ ကျွန်တော် မကောင်းတာတွေ အများကြီး လုပ်ခဲ့တယ်ဆိုတာ ဦးလေးလည်း သိပါတယ်။ အခု ကျွန်တော် စိတ်ရင်းမှန်နဲ့ အကျင့်တွေ ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါပြီး။ မိသားစုကို ကောင်းကောင်း စီမံခန့်ခွဲပြီး ဝမ်ရန်ကိုလည်း အိမ်ကို ပြန်ခေါ်ချင်တယ်။ ဒါပေမယ့် ကျွန်တော့်မှာ ကျွန်တော် လုပ်နိုင်ပါ့မလားဆိုတဲ့ အတွေးတစ်ခု ရှိနေသေးတယ်။ ဦးလေးက ရွာမှာ သဘောထား အကောင်းဆုံးသူတစ်ယောက်ဆိုတော့ ကျွန်တော့်ကို အကဲဖြတ်ပေး စေချင်တယ်”

ကျန်းကျိုးက လူအိုကြီးကို စကားဖြင့် မြှောက်ပင့်နေပြီး ထိုလူအိုကြီးကလည်း အခြားသူများ၏ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရခြင်းကို နှစ်သက်သောကြောင့် အလွယ်တကူ သဘောတူလိုက်သည်။

သူ အိမ်သို့ ပြန်ရောက်သည်နှင့်တပြိုင်နက် ကျန်းကျိုးက သူ့၏လုပ်ငန်း ပြင်ဆင်ရန် လိုအပ်သည်များကို စတင် စဉ်းစားလိုက်သည်။ ပါဝင်ပစ္စည်းများက အဆင်သင့်ဖြစ်နေပြီ ဖြစ်ကာ ထိုအထဲမှတချို့ ရွာသားများထံမှ တောဝက်သားဖြင့် အလဲအလှယ် လုပ်ကာ ရရှိထားခြင်း ဖြစ်သည်။ သို့သော် အိုးခွက်တန်ဆာပလာများက မပြည့်စုံသေးပေ။ ဤသက်ကယ်အိမ်တွင် ရေနွေးအိုးနှင့် ဟင်းချက်သည့် အိုးတစ်လုံးသာရှိသောကြောင့် ကိတ်မုန့်အပွ ပြုလုပ်ရန် မလုံလောက်ပေ။

ကံကောင်းထောက်မစွာဖြင့် ကျန်းကျိုးက ဝါးဖြင့် ပြုလုပ်ရသော လက်သမား အတတ်ပညာ အနည်းငယ်ကို သင်ကြားထားခဲ့သည်။ ထို့ကြောင့် ရေနွေးငွေ့ရနိုင်သော အိုးတစ်လုံးက သူ့အတွက် လုံလောက်ပေလိမ့်မည်။ ကျန်းကျိုးက အနောက်တောင်ပေါ်မှ ဝါးအချို့ကို ခုတ်ကာ အိမ်သို့ ပြန်သယ်လာခဲ့သည်။ ထို့နောက် သူက ထိုဝါးလုံးများကို ဝါးဖြတ်ဓားဖြင့် အချပ်လေးများရအောင် ဖြတ်ကာ ချောမွတ်အောင် ပွတ်တိုက်လိုက်သည်။ ထို့အပြင် သူက ၎င်းတို့ကို ရေနွေးထဲသို့ စိမ်လိုက်ပြီး စက်ဝိုင်းပုံသဏ္ဍာန်ရအောင် ကြိမ်ဖြင့် ပြန်ခွေလိုက်သည်။ အကြမ်းထည်ပြီးသွားပြီးလျှင် ရေနွေးဖြင့် တစ်ညလုံး စိမ်ထားရမည် ဖြစ်သော်လည်း သူက ညနေတွင် ဦးလေးယွိနှင့် ချိန်းထားပြီး ဦးလေးယွိအတွက် မုန့်နမူနာကို ပြုလုပ်ရန် အပြေးအလွှား ပြင်ဆင်နေခဲ့သည်။ အစီအစဥ်တကျ မဟုတ်သော်လည်း အဆင်ပြေရုံလောက်တော့ ရှိနေသေးသည်။

ကျန်းကျိုးက သူ့၏မှတ်ဥာဏ်ထဲမှ နည်းလမ်းအရ ကြက်ဥနှစ်လုံးကို ဖောက်ပြီး သကြားထည့်ကာ သေသေချာချာ ခေါက်နေခဲ့သည်။ ကြက်ဥနှင့် သကြားကို ရောစပ်ရခြင်းက ရိုးရှင်းလွန်းသည်ဟု သူ ထင်ခဲ့သော်လည်း ထိုပင်ပန်းမှုက သူ့ဘဝကိုသူ သံသယဝင်လုနီးပါး ဖြစ်ခဲ့ရသည်။ သူ့လက်များ နာကျင်လာချိန်တွင် ကြက်ဥအနှစ်ကို အောင်မြင်စွာ ရရှိခဲ့ပြီး မှန် မမှန် မသိသော်လည်း သူက နောက်အဆင့်များကို ဆက်လုပ်ကြည့်နေခဲ့သည်။ ထို့ကြောင့် သူက ဂျုံမှုန့်ထည့်ထပ်ကာ ဆီနှစ်စက်ကိုပါ ရောမွှေလိုက်ပြီး ပြင်ဆင်ထားသော ပုံစံခွက်ထဲသို့ လောင်းထည့်ကာ မီးဖိုပေါ်တွင် ပေါင်းထားလိုက်သည်။

မုန့်ပေါင်းထားစဥ်တွင် ကျန်းကျိုးက တောဝက်သွေးကို ကိုင်တွယ်ရန် စတင်လိုက်သည်။ နေ့အပုချိန်ရှိနေပြီး အချိန်ကလည်းမကြာသေးသည့်အတွက် တောဝက်သွေးများက လတ်ဆတ်နေသေးပြီး သူက ဆီ၊ ဆား၊ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကို ထည့်ကာ လက်ကျန်ဟင်းရည်ကိုပါ ထည့်လိုက်ပြီး ဝက်သွေးများ အနည်းငယ် ပျစ်လာသည်အထိ မွှေပေးလိုက်သည်။ ဝက်သွေးကို ပြင်ဆင်ပြီးနောက် သူက အူများကို သေသေချာချာ ဂရုတစိုက် သန့်စင်အောင် ဆေးကြောနေပြီး အတွင်းဘက်သို့ လှန်ကာ အကုန်သန့်စင်စေရန် ရေနွေးဖျောလိုက်သည်။ ထို့နောက် အူ၏တစ်ဖက်ကို သေသေချာချာ ချည်ကာ ပြင်ဆင်ထားသော ဝက်သွေးများကို လောင်းထည့်ကာ ထိပ်ပိုင်းကို ပြန်ချည်လိုက်သည်။ ထိုနည်းအားဖြင့် ဝက်သွေးအူချောင်းများက အဆင်သင့်ဖြစ်သွားပြီး အိုးထဲတွင် ထည့်ပြုတ်ရန်သာ ကျန်ရှိတော့သည်။

ထိုအချိန်တင် ကိတ်မုန့်အပွက ကျက်သွားပြီးပြစ်သည်။ ကျန်းကျိုးက အိုးကိုဖွင့်ကာ တစ်ချက်ကြည့်လိုက်ပြီး “……”

သူက သူ့ကိတ်မုန့်အပွများ၏ထူးဆန်းသော ပုံစံများကို ကြည့်နေရင်း ဝမ်ရန် သူ့ကို ဘာကြောင့် မောင်းထုတ်လိုက်သည်ကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

အခု သူ သိသွားပြီ၊ သူ့ရဲ့ချက်ပြုတ်မှုအဆင့်က ဒီလောက်ပဲ။ အရမ်း ညံ့လွန်းတယ်၊ ဟင်းချက်ရတာ ရိုးရှင်းတယ်ဆိုပေမယ့် သူ့ဇနီးရဲ့လက်ရာနဲ့ ယှဉ်ရင်တော့ ဝမ်ရန်က ဟင်းချက် ပိုကောင်းတယ်။

အချိန်ခရီးသွားတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေက အပိုဆုအနေနဲ့ ရှိနေပြီး သူ့မှာ ပါဝင်ပစ္စည်းတွေနဲ့ နည်းလမ်းအသစ်အဆန်းတွေပဲ အားသာချက် ရှိတယ်။ အဲ့ဝက်သားစွပ်ပြုတ်ကလည်း ပါဝင်ပစ္စည်းတွေကြောင့်ပဲ အဲ့လောက် ကောင်းနေတာ။ အနီးကပ်ကြည့်လျှင် အဲ့တာက ဝက်သားထမင်းနှင့် ပဲပိစပ်စွပ်ပြုတ်သာသာပဲ။ တကယ်တော့ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေ အများကြီး မရှိဘူး။ အခု ဒီကြက်ဥကိတ်မုန့်က သူ့ကို တကယ် အမြင်ကျယ်စေတယ်။

သို့သော်လည်း ကျန်းကျိုးက အလွယ်တကူ လက်မလျှော့နိုင်ပေ။ သူက သူ့အမှားကို တွေးကာ ထပ်ကြိုးစားရန် ပြင်ဆင်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူက အမြဲတမ်း စေ့စေ့စပ်စပ် ရှိသူ ဖြစ်သောကြောင့် အမှားအယွင်းများကို အလျင်အမြန် ဖော်ထုတ်နိုင်ခဲ့သည်။ သူက ကြက်ဥကိတ်မုန့်ကို သေသေချာချာ ကြည့်နေပြီး ထိုမုန့်၏မျက်နှာပြင်က သူ့၏မှတ်ဉာဏ်ထဲမှ ချောမွေ့သော မျက်နှာပြင်နှင့် မတူဘဲ အက်ကွဲကြောင်းလေးများ ရှိနေပြီး ပျော့ပျောင်းမှု မရှိသည်ကို သူ သတိပြုမိလိုက်သည်။ သူ ဂျုံမှုန့်များ အလွန်အကျွံထည့်မိခြင်း ဖြစ်နိုင်သလို ကြက်ဥအရည်ကို မွှေရာတွင်လည်း အမြှုပ်များကို ဖယ်ရှားပစ်မိပုံ မပေါ်ပေ။ ထို့အပြင် သူက မုန့်များ ပွလာပြီး လျှံကျလာမည်ကို မတွေးဘဲ ပုံစံခွက်ထဲသို့ အပြည့်လောင်းထည့်မိခဲ့သည်။

သူက မုန့်တစ်ပိုင်းကို ဖဲ့ယူလိုက်ပြီး မြည်းကြည့်လိုက်ငယ် အနည်းငယ် ခပ်သိပ်သိပ် ဖြစ်နေသော်လည်း နူးညံ့နေသေးပြီး မွှေးရနံလည်း ရှိနေခဲ့သည်။ ဂျုံမှုန့်များ များလွန်းခြင်းကြောင့် အနည်းငယ် အရသာပျက်သွားခြင်းမှလွဲ၍ ကျန်အရာများက အချိန်ခရီးသွား၏ မှတ်ဉာဏ်နှင့် အတူတူပင် ဖြစ်သည်။

ယခု နည်းလမ်းကို ချိန်ညှိကာ နောက်တစ်သုတ် ထပ်ပေါင်းရန်သာ ကျန်နေတော့သည်။

သူ ဝက်အသည်းများ ထပ်ကြော်နေချိန်တွင် လူအိုကြီးယွိ ရောက်လာပြီး သူ့လက်ထဲတွင် အရက်အိုးများ ထပ်ပါလာသေးသည်။ “ကောင်လေး၊ ဒီလူအိုကြီးမှာ တခြားဘာမှ မရှိဘူး။ ငါက မင်းရဲ့အစားအစာကို စားမှာဆိုတော့ ငါမှာ ရှိတဲ့ ဒီအရက်ကိုပဲ ပေးမယ်။ ဒါပေမယ့် မင်းရဲ့အစားအသောက်တွေက အနံ့တွေ အရမ်းကောင်းနေပါလား?”

ထိုစကားကို ပြောပြီးနောက် သူက အနံကို ထပ်ရှူလိုက်ကာ သူ့မျက်လုံးများက တောက်ပလာသည်။ ဦးလေးယွိက အပိုပြောနေခြင်း မဟုတ်ဘဲ သူ ခြံထဲကို ဝင်လာသည်နှင့် ကျန်းကျိုးလပ်နေသည့် စားစရာများ၏ရနံက လေထဲတွင် မွှေးပျံ့နေခြင်း ဖြစ်သည်။ သူက မြစ်ထဲတွင် တချိန်လုံး သွားလာနေခဲ့ပြီး ကုန်သည် အများအပြား သွားလာနေသည်ကိုလည်း တွေ့ခဲ့ဖူးသည်။ အစားအသောက်ကောင်းများစွာကိုလည်း အနံ့ခံဖူးပြီး ထိုရနံ့ကိုတော့ တစ်ကြိမ်သာ ရဖူးခြင်းဖြစ်သည်။ ထိုကုန်သည်၏အဆိုအရ ၎င်းက အဝေးရှိ ဖမ်းဟူမြို့ရှိ မုန့်ဆိုင်ကြီးတစ်ခုမှ မုန့်ကို ထိုကုန်သည်က သယ်ဆောင်လာခဲ့ကြောင်း သူ သိခဲ့ရသည်။ ထိုကဲ့သို့သော မုန့်လုံးသေးလေးတစ်ခုက ငါးဝမ်ခန့် ကုန်ကျသည်ဟုလည်း သူ သိခဲ့ရသည်။

ကျန်းကျိုးက ဝက်သားအသည်းကြော်ကို ကျောက်စားပွဲဆီသို့ ယူဆောင်လာပြီး သွေးဝက်အူချောင်း၊ ကိတ်မုန့်အပွနှင့် အရံဟင်းအမယ်များစွာကို ယူဆောင်ရန် အခေါက်ခေါက် သွားလာနေခဲ့သည်။ ထို့နောက် သူက ဦးလေးယွိကို ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး “ဦးလေးယွိက နှာခေါင်းကောင်းတယ်။ ဒီ​နေ့ ဒါကို မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်တာပါ"

ကျန်းကျိုးက ကိတ်မုန့်အပွကို ဦးလေးယွိဆီသို့ တွန်းပို့လိုက်သည်။

လူအိုကြီးယွိက အချိန်အတော်ကြာ စူးစမ်းလေ့လာနေခဲ့ပြီး နောက်ဆုံးမှ အပိုင်းလေးတစ်ခုကို ကောက်ယူကာ ဂရုတစိုက် ထပ်ကြည့်နေပြန်သည်။ သူက သူ့လက်ထဲမှ မုန့်ကို ကိတ်မုန့်တစ်ဖဲ့ဖြစ်သည်ဟု ထင်နေသော်လည်း ၎င်းက သူယခင်က မြင်ဖူးသည့် ကိတ်မုန့်များကဲ့သို့ မဟုတ်ဘဲ ပျော့ပျောင်းနေသောကြောင့် ၎င်းကို စားရန် ဝန်လေးနေခဲ့သည်။ ထို့ကြောင့် သူက ထပ်မေးလိုက်သည်။

"ဒါက ဘာလဲ"

"ဒါကို ကြက်ဥကိတ်လို့ ခေါ်တယ်။ ဒီလိုကိတ်မုန့်အပွကို မကြာခင်ကမှ စမ်းလုပ်ကြည့်ထားတာ။ ပထမတော့ မိသားစုစားရိတ်တချို့ ကာမိအောင် ‌စီးပွားရေးလေး လုပ်ချင်တာ၊ အခု လုပ်ပြီးသွားမှ ဒီလိုမုန့်တွေကို ဘယ်လိုရောင်းရမလဲဆိုတာ နည်းနည်းတော့ စိတ်ပူနေမိတယ်"

လူအိုကြီးယွိကလည်း ဉာဏ်ကောင်းသူဖြစ်ပြီး ကျန်းကျိုးက အခြေအနေကို ရှင်းပြပြီးသည်နှင့် သူက "မင်းက ဒီမုန့်တွေကို ငါ့လှေပေါ်တင်ရောင်းဖို့ ပြောချင်နေတာလား?"

ကျန်းကျိုးက "ကျွန်တော် အဲ့ဒါကို စဉ်းစားကြည့်ဖူးတယ်။ မြစ်ထဲမှာ သွားလာနေတဲ့ လှေတွေထဲမှာ ဦးလေးက အတည်ငြိမ်ဆုံးပဲ၊ လူကြီးတွေနဲ့ ရွာသားတွေကလည်း ဦးလေးကို ထောက်ပံ့ပေးဖို့ ဆန္ဒရှိကြတယ်။ ဦးလေးရဲ့လှေပေါ်မှာ ရောင်းတာထက် ပိုကောင်းတဲ့ နည်းလမ်း မရှိနိုင်ဘူး"

လူအိုကြီးယွိက "ငါ မင်းကို ပြောမယ်။ ငါက စျေးတင် ရောင်းမှာ ဒါမှမဟုတ် မင်းအလုပ်ကို လုယူသွားမှာကို မင်းမကြောက်ဘူးလား?"

ကျန်းကျိုးက လူအိုကြီးယွိအတွက် အရက်တစ်ခွက် ထည့်ပေးလိုက်ပြီး "ဦးလေးယွိက ကျွန်တော်ကို ဒီလိုတွေ ပြော‌နေမှတော့ ကျွန်တော် ဦးလေးယွိကို ယုံတယ်။ ဦးလေးယွိ စိတ်မပူပါနဲ့၊ ဒီကြက်ဥကိတ်တစ်ခုစီကို သုံးဝမ်နဲ့ ရောင်းမယ်။ ပါဝင်ပစ္စည်းနဲ့ လုပ်အားကို ထည့်တွက် ရမှာဆိုတော့ ကြက်ဥကိတ်ဆယ်ခုအတွက် ဦးလေးကို အမြတ်ငါးဝမ် ပေးမယ်။ ဘယ်လိုလဲ?"

သူ့၏တွက်ချက်မူအရ ကြက်ဥနှစ်လုံးဖြင့် ကြက်ဥကိတ်မုန့်ခြောက်ခု လုပ်နိုင်ပြီး အကယ်၍ သူက ကြက်ဥကိတ်မုန့် အလုံးသုံးဆယ် ပြုလုပ်ပါက၊ သကြားနှင့် ဂျုံမှုန့်များ၏ ကုန်ကျစရိတ်အပြင် လူအိုကြီးယွိအတွက် အမြတ်ငွေကိုပါ ဖြတ်တောက်လိုက်ပါက သူအတွက် အမြတ်ငွေ ဝမ်သုံးဆယ် ရရှိနိုင်မည် ဖြစ်သည်။ ရောင်းအားကို တိုးမြင့်နိုင်ပါက လူအိုကြီးယွိနှင့် ရေရှည် ပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းအသေးတစ်ခု ထူထောင်နိုင်မည် ဖြစ်ကာ တကယ့်ကို တည်ငြိမ်သော အမြတ်ပမာဏတစ်ခု ရလာပေလိမ့်မည်။

လူအိုကြီးယွိက ခေါင်းငုံ့နေကာ ခဏလောက် စဉ်းစားနေပြီးမှ ကိတ်မုန့်အပွကို မြည်းကြည့်လိုက်သည်။ အရသာက အရမ်းကောင်းနေပြီး သူ့လှေပေါ်မှ ခရီးသည်များက ပိုက်ဆံသုံးနိုင်သောကြောင့် ဤကိတ်မုန့်ကို ဝယ်ရန် ဆန္ဒရှိနိုင်ကြောင်း သူ တွေးလိုက်မိသည်။ ဤလုပ်ငန်းက သူ့အတွက် လုံလောက်သည်ဟု တွေးမိသောကြောင့် လူအိုကြီးယွိက သဘောတူလိုက်သည်။

နှစ်ယောက်သား အရက်သောက်ရင်း ခဏလောက် စကားပြောနေကြကာ ကျန်းကျိုးက မနက်ဖြန်တွင် ကိတ်မုန့်အပွများ ပို့ပေးရန် သဘောတူလိုက်သည်။ ကောင်းကင်မှ လမင်းကြီး မြင့်တက်လာမှ လူအိုကြီးယွိက အရက်မူးမူးဖြင့် အိမ်ပြန်သွားခဲ့သည်။

အရာအားလုံး သိမ်းဆည်းကာ သန့်ရှင်းရေး လုပ်ပြီးနောက် ကျန်းကျိုးက အေးစက်ပြီး မာကျောနေသော ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း ဝမရန်၏အကြောင်းကို တွေးနေခဲ့သည်။ သို့သော်လည်း လုပ်ငန်းဆောင်တာများကြောင့် ပင်ပန်းခဲ့ရသည့်နေ့တစ်နေ့ကြောင့် သူ တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment