no

Font
Theme

အခန်း ၆ စီးပွားရေး လုပ်ငန်းစတင်ရန် ပြင်ဆင်ခြင်း

ဝမ်ရန်က တံခါးကို ဖွင့်လိုက်ပြီး ခဏကြာအောင် စကားပြောနေပြီးမှ တံခါးအား အမြန်ပြန်ပိတ်လိုက်သည်ကို လီယွဲ့လော်က လှမ်းကြည့်နေခဲ့သည်။ ထို့နောက် ဝမ်ရန်၏အမူအရာက တစ်ခုခု လွဲချော်နေသောကြောင့် သူမက အနည်းငယ် စိုးရိမ်သွားပြီး "ဘာဖြစ်လို့လဲ?"

ဝမ်ရန်က သူ့နှလုံးခုန်သံကို ငြိမ်သက်အောင် ထိန်းထားရင်း တံခါးကို မှီထားလိုက်သည်။ သူက သူအမေ့ကို ပြန်ရှင်းပြရန် ပြင်ဆင်လိုက်သော်လည်း ချက်ချင်း ပြန်ရပ်ထားလိုက်သည်။

ကျန်းကျိုးနဲ့ မြေခွေးနတ်ဆိုးအကြောင်းကို ဘယ်သူကိုမှ သူ ပြောပြလို့ မဖြစ်ဘူး။

ဝမ်ရန်က သူ့အမေကို ခေါင်းခါပြလိုက်ပြီး တံခါးသော့တံကို သေသေချာချာ ပြန်ပိတ်လိုက်သည်။ ထို့နောက် ကျန်းကျိုး ယူလာသော အစားအသောက်များက သူ့လက်ထဲတွင် ရှိနေသေးသည်ကို သူ သတိထားမိလိုက်သည်။

နူးညံ့ပြီး ချိုမြိန်တဲ့ ဝက်ခြေ‌ထောက်စွပ်ပြုတ်ရဲ့အရသာကို ပြန်တွေးကြည့်လိုက်တော့ ထူးခြားနေတာက အသားရဲ့ညှီနံ့ လုံးဝ မရှိတာပဲ၊ အဲ့တာက ကျန်းကျိုး လုပ်နိုင်တဲ့ ဟင်းရည်မျိုး မဟုတ်ဘူး။

သူက ကျန်းကျိုးနဲ့ နှစ်အတော်ကြာအောင် သိကျွမ်းခဲ့တာကြောင့် သူ့ခင်ပွန်းရဲ့ ဟင်းချက်ကျွမ်းကျင်မှုက အလယ်အလတ်ပဲရှိတာကို သူ သေသေချာချာ သိနေခဲ့တယ်လေ။ သူ့ခင်ပွန်းက ဒီလိုဟင်းပွဲမျိုးကို မချက်နိုင်ဘူး၊ ကျန်းကျိုးက ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ဟင်းလျာတွေရဲ့ ပေါင်းစပ်မှုကို ဘယ်သောအခါမှ ဂရုစိုက်တက်တဲ့လူမျိုး မဟုတ်ဘူး။ ဥပမာအနေနဲ့ ဒီဝက်ခြေထောက်ဆိုရင် အများစုက ဟင်းချက်ဝိုင်ထည့်ရမယ့်အစား ဂျင်းကို အပြားလေးတွေ လှီးထည့်ပြီး ရေ‌နွေးနဲ့ဖျောလိုက်ကြတယ်။ ဒါမှ အနံ့အသက်ဆိုးတွေကို ဖယ်ရှားနိုင်ပြီး အရသာရှိလာစေလိမ့်မယ်။ ဒါက တကယ့်ကို ထမင်းချက်နေကျသူတွေမှ သိတဲ့ အရာတွေပဲ။

သူ ထိုအကြောင်းကို တွေးနေချိန်တွင် ကလေးငိုသံသဲ့သဲ့လေးကို ရုတ်တရက် ကြားလိုက်ရသောကြောင့် သူ့နှလုံးသားက ချက်ချင်း တင်းမာလာသည်။ သူ မဆိုင်းမတွပင် ဟင်းရည်ကို သူ့အမေဆီသို့ ပေးခဲ့ပြီး အခန်းထဲသို့ အမြန်ပြန်ပြေးသွားလိုက်သည်။

သူ မျှော်လင့်ထားသည့်အတိုင်း သူ အခန်းထဲသို့ဝင်လိုက်သည်နှင့် ရှောင်ယိက ကျောပြင်ပေါ်တွင် လဲလျောင်းနေသော သူ့လက်လေးနှစ်ဘက်လုံးကို လေထဲတွင် ဝှေ့ယမ်းကာ နှုတ်ခမ်းစူစူ မျက်နှာနီနီလေးဖြင့် သနားစရာစဖွယ် ငိုနေသည်ကို သူ မြင်လိုက်ရသည်။

ဝမ်ရန်က နှလုံးသားက လှုပ်ရှားသွားပြီး သူက ကလေူကို ပွေ့ဖက်ကာ သူ့ပုခုံးပေါ် မှီပေးလိုက်ပြီး ကလေး၏ကျောပြင်လေးကို ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်သည်။

တကယ်တော့ ရှောင်ယိကို ကိုယ်ဝန်ရှိနေတုန်းက သူ အများကြီး ရုန်းကန်ခဲ့ရတယ်။ ကော တစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ဖို့က ကန့်သတ်ချက်တွေ များလွန်းတဲ့အပြင် ခင်ပွန်းသည်ကလည်း အနားမှာ ရှိမနေတာကြောင့် သူ စိတ်မသက်မသာဖြစ်နေခဲ့ရတယ်။ သူရဲ့ခင်ပွန်းအစစ်ဖြစ်တဲ့ ကျန်းကျိုးက တစ်နေရာရာမှာ တစ်ခုခု ဖြစ်နေမှာကို တွေးပြီး သူ အမြဲစိတ်ပူနေခဲ့ရတယ်။ သူက ထိတ်လန့်နေပြီး တချိန်လုံး သတိကြီးကြီးနဲ့ ပူပန်နေတာကြောင့် ရှောင်ယိက တခြားကလေးငယ်တွေထက် ပိုအားနည်းခဲ့ရတယ်။ မွေးလာကတည်းက ရှောင်ယိက တခြားကလေးတွေထက် ပိန်လှီတဲ့မပြင် သူကလည်း အမျိုးသမီးတွေလိုမျိုး မိခင်နို့ မရတာကြောင့် ကလေးကို ကျွေးမွေးဖို့ ခက်ခဲနေရတယ်။ အခုဆိုရင် ရှောင်ယိက နှစ်လသားအရွယ်ရှိနေပြီ၊ ဒါပေမယ့် သူက အမြဲတိတ်ဆိတ်နေပြီး ငိုရင်တောင် ကြောင်ကလေးလောက်ပဲ အသံထွက်ပြီး အားနည်းမှန်း သိသာလွန်းတယ်။ အဲ့တာကြောင့် သူ့မှာ သူ့ကလေးလေး ကျန်းမာပါ့မလား ဒါမှမဟုတ် အသက်ရှည်ပါ့မလားဆိုပြီး နေ့တိုင်း စိုးရိမ်နေရတယ်။

ရှောင်ယိကို နှစ်သိမ့်ပေးပြီးနောက် ဝမ်ရန်က နောက်သို့ ပြန်လှည့်ကာ မြေခွေးနတ်ဆိုး ယူလာပေးသည့် အရာများကို ကိုင်တွယ်ရန် ပြင်ဆင်လိုက်သည်။ သို့သော် သူ မြင်လိုက်ရသည်က သူ့အမေက ထိုဟင်းရည်များကို ဇလုံတစ်ခုထဲသို့ ထည့်ကာ ညစာစားပွဲပေါ်သို့ တင်လိုက်ခြင်းပင်။

ဝမ်ရန် ရောက်လာသည့်အသံကို ကြားလိုက်သောကြောင့် လီယွဲ့လော်က အပြုံးဖြင့် သူ့ကို လှည့်ကြည့်လိုက်ပြီး "ဒီဝက်ခြေထောက်ဟင်းကို ငါ မြည်းကြည့်ပြီးပြီ၊ အရမ်း အရသာရှိတယ်"

ဝမ်ရန်က သူ့နှလုံးသားတစ်ခုလုံး သူ့လည်ချောင်းထဲသို့ ခုန်ထွက်လာသလို ခံစားလိုက်ရပြီး "အမေ စားလိုက်တာလား?"

လီယွဲ့လော်က သူ၏ ထူးဆန်းသော တုံ့ပြန်မှုကြောင့် အံ့ဩသွားပြီး “အမေ စားလိုက်တယ်လေ။ ဘာမှားလို့လဲ?"

ဝမ်ရန်က သူ၏လျှာဖျားမှ ခါးသီးသော အရသာကို ခံစားလိုက်ရသည်။

သူ သောက်ဝံ့တယ်ဆိုတာက ဒီမြေခွေးနတ်ဆိုးက သူ့အိမ်ရှေ့ကို ရောက်လာပြီး သူ့ကို မေးစရာတစ်ခုခု ရှိကောင်းရှိနိုင်တာကြောင့် သူ့ကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ သေချာနေတာကြောင့် သူ အဲ့ဟင်းရည်ကို သူ သောက်လိုက်တာပါ။ ဒီမြေခွေးနတ်ဆိုးက နည်းနည်းတော့ ထူးဆန်းတယ်၊ များသောအားဖြင့် ‌နတ်ဆိုးတွေက တခြားသူတွေကို နာကျင်အောင်လုပ်ရတာကို နှစ်သက်ကြတယ်။ ဒါပေမယ့် ဒီကောင်ကတော့ ဘာမှ မလှုပ်ရှားသေးဘူး၊ သူ့ကို နာကျင်အောင်လည်း မလုပ်ခဲ့ဘူး။ ဒါ‌ပေမယ့် ဒီမြေခွေးနတ်ဆိုးက သူ့မိသားစုကို မထိခိုက်စေဘူးလို့လည်း အာမတော့ မခံနိုင်ဘူးလေ။

သူ ဒီအိမ်ကို ပြန်ရောက်ပြီးတဲ့ နောက်နေ့မှာ သူ့မိသားစုကို ကာကွယ်ဖို့အတွက် ဘုရားကျောင်းကို သွားခဲ့တယ်။ သူ့မိသားစုက လူတွေ အန္တရာယ်မဖြစ်အောင် အိမ်မှာ ဆွဲထားဖို့ အဆောင်တောင်းလာခဲ့တယ်။ ဒီနေ့ မြေခွေးနတ်ဆိုးက သူတို့အိမ်ကို ရောက်လာတာကြောင့် မြေခွေးနတ်ဆိုးက လူတွေကို တကယ်ဒုက္ခပေးချင်နေတယ်ဆိုရင် သူ ယူလာသမျှအရာတွေနဲ့ ကာကွယ်ရမှာမို့ သူက အတွေးများနေခဲ့တာပါ။

ဝမ်ရန်က အနည်းငယ် စိုးရိမ်နေပုံဖြင့် "တစ်ခုခု မှားနေတယ်လို့ အမေ ခံစားမိလား?"

လီယွဲ့လော်က အံ့အားသင့်နေပြီး "ဘာမှားလို့လဲ?"

သူမက ရိုးရှင်းတဲ့ အိမ်ထောင်ရှင်မဖြစ်ပြီး အများကြီး တွေးတက်တဲ့သူ မဟုတ်ဘူး။ သူမက သူတို့နှစ်ယောက်ကြားမှာ ဘာဖြစ်ခဲ့မှန်း မသိသလို နတ်ဘုရားတွေနဲ့ သရဲတစ္ဆေတွေအကြောင်းကိုလည်း မတွေးမိဘူး။ ဒီဟင်းက ကျန်းကျိုး ဝမ်ရန်ကို ချော့ဖို့ ယူလာပေးတယ်လို့ပဲ သူမ သတ်မှတ်လိုက်တယ်၊ ဟင်းရည်ထဲမှာ အသားပါနေတာ တွေ့လို့ သူမ မြည်းစမ်းကြည့်တာနဲ့ မြည်းကြည့်လိုက်တာပဲ ရှိတယ်။

သို့သော်လည်း ဝမ်ရန်က အများကြီး တွေးနေပြီး သူမကို သတိပေးလိုက်သည်။ "ထူးဆန်းတာတစ်ခုရှိရင် ကျွန်တော့်ကို ပြောနော်"

လီယွဲ့လော်က စိတ်ရှုပ်ထွေးစွာ ခေါင်းညိတ်ပြရုံသာ တက်နိုင်တော့သည်။

တစ်ဖက်တွင်မှု ကျန်းကျိုးက ဝမ်ရန်တစ်ယောက် သူ့ကို မြေခွေးနတ်ဆိုး ပူးကပ်ခံနေရဟု သံသယရှိနေမှန်း မသိသေးပေ။ ယခုအချိန်တွင် ဝမ်ရန်က သူ့ကို ယုံကြည်နိုင်မှာ မဟုတ်ဘူးကြောင်း သိနေခဲ့သည်။ အကြောင်းအရင်းကတော့ သူ့ကို ပထမဆုံးတွေ့လိုက်ချိန်တွင် ဝမ်ရန်က သူ့အပေါ် သူစိမ်းဆန်ကာ လျစ်လျူရှုထားသောကြောင့် ဖြစ်သည်။ ဤကိစ္စက အနည်းငယ်ထူးဆန်းနေသောကြောင့် ဇနီးသည်၏ယုံကြည်မှုကို တဖြည်းဖြည်း ပြန်ရရှိရန် သူ ကြိုးစားမည်ဟုသာ ဆုံးဖြတ်လိုက်သည်။

ဒါပေမယ့် သူ့ဇနီးလေးက အရင်ကထက် ပိုပိန်နေတာကို မြင်ရတော့ သူ စိတ်ပူနေမိတယ်။ သူ့ဇနီးသည်ရဲ့ခန္ဓာကိုယ်ကို အာဟာရဖြစ်စေဖို့ အခြားအရာတစ်ခုခုကို သူ ပြင်ဆင်ပေးရမယ်။ ဝမ်ရန်ကို ပိုကောင်းအောင် ဂရုစိုက်ပေးချင်ရင် ငွေက အရေးကြီးဆုံးပဲ။ အခု သူ့လက်ထဲမှာ တောဝက်ရောင်းလို့ရတဲ့ ငွေတစ်လျန်ကျော်ကျော် နှစ်လျန်နီးပါးပဲ ရှိတယ်။

ဝမ်ရန်ရဲ့ခန္ဓာကိုယ်ကို ပြန်လည်ဖြည့်တင်းပေးဖို့က ဒီ‌ငွေတစ်လျန်ကျော်ကျော်နဲ့ မလုံလောက်နိုင်ဘူး။ ပြီးတော့ သူမှာ အချိန်ခရီးသွားရဲ့မှတ်ဥဏ်တွေ ကျန်ခဲ့ချိန်မှာ သူ တစ်သက်လုံး လယ်သမားမဖြစ်ချင်တော့ဘူး။

ဘဝတက်လမ်းကို တွေးတောကြည့်တော့လည်း ပညာရှင်ဖြစ်ဖို့ လမ်းကြောင်းက နည်းနည်း နှေးကွေးပြီး သူ့အသက်အရွယ်က စာဖတ်ဖို့ မသင့်တော်တော့ဘူး။ ဘာပဲဖြစ်ဖြစ် သူက အသက်ကြီးနေပြီဆိုတော့ စာသင်ဖို့က နည်းနည်း ရှက်စရာကောင်းတယ်။ အဲ့တာကြောင့် သူက ပညာရှင်၊ လယ်သမား၊ လက်မှုပညာသည်နဲ့ ကုန်သည်ဆိုတဲ့ လူတန်းစား လေးမျိုးမှာ ပထမနှစ်မျိုးကို လုံးဝ ပယ်ချလိုက်တယ်။ လက်မှုပညာအပိုင်းမှာတော့ သူက သံထည်နဲ့ အိုးခွက်တွေ လုပ်နိုင်ပေမယ့် ဒီထက် သိမ်မွေ့တဲ့အရာတွေကို သူ တကယ် မလုပ်နိုင်ဘူး။ ပြီးတော့ အလုပ်သမားနယ်ပယ်မှာ ကျော်ကြားဖို့က ခက်ခဲလွန်းတယ်၊ အဲ့တာက ကျွမ်းကျင်မှုပေါ်မှာ အများကြီး မူတည်တယ်။ နောက်ဆုံးတော့ သူက နောက်ဆုံးတစ်ခုဖြစ်တဲ့ ကုန်သည်ဆိုတဲ့ လမ်းကြောင်းအရင်ဦးဆုံး ဦးတည် တွေးတောနေမိတယ်။

တကယ်တော့ သူနဲ့ အချိန်ခရီးသွားသူမှာ တူညီတဲ့ အတွေးအမြင် ရှိတယ်လို့တောင် ပြောနိုင်တယ်၊ ဒါပေမယ့် မဆိုသလောက်တော့ ကွဲပြားတာပေါ့။ ကူးပြောင်းလာတဲ့သူကလည်း သူလိုမျိုး တွေးခဲ့တာကြောင့် ဟင်းခတ်အမွှေးအကြိုင် ရောင်းချဖို့ တွေးတောခဲ့တယ်လို့ သူ ခန့်မှန်းမိတယ်။ ဒါပေမယ့် ဒီလူက ခြေလှမ်းအရမ်း ကျယ်သွားပြီး လမ်းလျှောက် မသင်ရသေးခင် ပြေးချင်နေတာကြောင့် လှည့်စားခံရပြီး အရာအားလုံးကို ဆုံးရှုံးခဲ့ရတယ်။

သူသာဆိုရင် ဟင်းခတ်အမွှေးအကြိုင်လုပ်ငန်းကို ဘယ်တော့မှ ရွေးချယ်မှာ မဟုတ်ဘူး။ အဲ့တာက ကောင်းမွန်တဲ့ လုပ်ငန်းဆိုပေမယ့် ပထမဦးဆုံးအနေနဲ့ ဟင်းခတ်အမွှေးအကြိုင်ဆိုင်အတွက် အရင်းနှီးက ကြီးမားလွန်းတယ်။ နောက်ပြီး ပစ္စည်းတွေကို တစ်နေရာကနေ သယ်လာရမှာဆိုတော့ အချိန်မှီ မရောက်တာမျိုး ဖြစ်နိုင်သေးတယ်။ သဘာဝ ဘေးအန္တရာယ်တွေ ဒါမှမဟုတ် လူလုပ်တဲ့ ဘေးအန္တရာယ်တွေ အဲ့တာတွေထဲက တစ်ခုခုနဲ့ ကြုံရင် လမ်းတွေ ပိတ်ဆို့သွားပြီး အခြေခံအား အဆုံးသတ်အထိ ထိုင်စောင့်ရမှာက စည်းချက်တစ်ခုပဲ။ နောက်တစ်ခုက ဒီခေတ်မှာက လမ်းတွေက ရှည်လျားပြီး တောတောင်တွေက ကျယ်ပြောတယ်၊ မြစ်တွေ ချောင်းတွေကလည်း ရှိနေတာကြောင့် အနီးဆုံးမြို့ကတောင် နှစ်လီလောက် ဝေးနေသေးတယ်။ ဘာပဲဖြစ်ဖြစ် ရွာသားတွေအနေနဲ့ကလည်း သူတို့ရဲ့အစားအစာတွေထဲကို ဟင်းခတ်အမွှေးအကြိုင်ထည့်ဖို့ဆိုတာက ခဲယဉ်းလွန်းပြီး သကြား ဒါမှမဟုတ် ဆားကတောင် သူတို့အတွက် ငွေကုန်ကြေးကျများတဲ့ အရာဖြစ်နေပြီ၊ အရာရှိမိသားစုတွေက လွဲရင် မြို့ထဲမှာ ချမ်းသာတဲ့ စီးပွားရေးသမား အနည်းငယ်ပဲ ရှိတာကြောင့် ဟင်းခတ်အမွှေးအကြိုင် သုံးနိုင်တဲ့ မိသားစုက နည်းနည်းပဲ ရှိတယ်။ အဲ့တော့ အရင်းအနှီးမြင့်မားပြီး ဝယ်လိုအားက အရမ်းနည်းတယ်။

ခရီးကူးပြောင်းလာတဲ့ အဲ့လူကတော့ ဒီလုပ်ငန်းကို လက်ဝါးကြီးအုပ်နိုင်ရင် အကျိုးကျေးဇူးတွေ အများကြီးနဲ့ မြင့်မားတဲ့အမြတ်အစွန်းတွေ ရနိုင်မယ်လို့ တွေးခဲ့ပုံပါပဲ။

အခု သူ ပြန်ရောက်လာပြီဆိုတော့ သူလည်း မိသားစုအတွက် စီးပွားရေးကို ပြန်စချင်နေပြီ။ ဒါပေမယ့် သူက လူတိုင်းအတွက် လိုအပ်တဲ့အရာကိုပဲ ရောင်းချချင်တယ်။ အစားအသောက်၊ အဝတ်အစား၊ နေရာထိုင်ခင်းနဲ့ သွားလာရေး... အဲ့တာတွေက လူတိုင်းနဲ့ မဝေးကွာတဲ့ အရာတွေပဲ၊ သူကတော့ အိမ်ဆောက်ဖို့ နေနေသာသာ အဝတ်အစားတွေတောင် မဖန်တီးနိုင်ဘူး။ အဲ့တော့ အစားအသောက် လုပ်ငန်းတွေပဲ ကျန်တော့တယ်။ သူတို့ခေတ်မှာ မရှိခဲ့ဖူးတဲ့ အရာတစ်ခုကို ဖန်တီးဖို့တော့ လိုလိမ့်မယ်။

အရာအားလုံးရဲ့အစမှာ စိတ်ကူးသစ်တစ်ခုရှိဖို့ပဲ အရေးကြီးတယ်။ တိုက်တိုက်ဆိုင်ဆိုင် သူမှာ အချိန်ခရီးသွားရဲ့မှတ်ဥာဏ်တွေ ရှိတယ်။ သူ့ဝိညာဉ်က အိပ်ပျော်နေတာကနေ ပြန်နိုးလာတာကြောင့် ဖြစ်နိုင်ပြီး သူ့စိတ်ထဲက အချိန်ခရီးသွားရဲ့မှတ်ဥာဏ်တွေက မနေ့တစ်နေ့ကလို ရှင်းရှင်းလင်းလင်းနဲ့ ထင်ထင်ရှားရှား ကျန်နေခဲ့တယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က အဲ့လူ မြည်းစမ်းခဲ့တဲ့ အရသာတွေနဲ့ အသွင်အပြင်တွေကိုတောင် သူ မှတ်မိနိုင်တယ်။ ဒါက သူ့ရဲ့ အစားအသောက်လုပ်ငန်းကို အထောက်အကူဖြစ်စေမှာပါ။

ပြဿနာက တချို့ဟင်းချက်နည်းတွေက ပါဝင်ပစ္စည်းတွေ အရမ်းများနေပြီး ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေ ပါဝင်နေတာပါပဲ။ လောလောဆယ် သူမှာ ငွေအရင်းအနှီး မရှိသေးဘူး။ အဲ့တာကြောင့် သူအတွက် လွယ်ကူပြီး ရိုးရှင်းတဲ့ ဟင်းချက်နည်းကို ရွေးချယ်ဖို့ လိုအပ်နေသေးတယ်။ သူက ကြက်ဥကိတ်မုန့်လို့ခေါ်တဲ့ အချိုပွဲတစ်မျိုးကို စိတ်ဝင်စား နေမိတယ်။

သူ့မှတ်ဥာဏ်တွေအရ ဒီကိတ်မုန့်က နူးညံ့ပြီး ချိုတဲ့ အရသာ ရှိတဲ့အပြင် ပါးစပ်ထဲမှာ အလွန်တကူ ပျော်ဝင်သွားတက်တယ်။ အဓိကပါဝင်ပစ္စည်းလည်း သိပ်မများသလို အရင်းအနှီးလည်း မများဘူး၊ ကြက်ဥနဲ့ သကြားကတော့ နည်းနည်း ပြသနာရှိနိုင်တယ်။ ဒါပေမယ့် ကြက်ဥကိတ်မုန့်ဆိုရင် စားသုံးမယ့်သူတွေ အများကြီး ရှိလိမ့်မယ်။ မရောင်းရမှာကို စိုးရိမ်စရာ မလိုဘူး၊ မကုန်ရင်တောင် ရက်နည်းနည်းလောက် သိမ်းထားလို့ ရသေးတယ်။

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်.....

နောက်အခန်းမှာ အစားအသောက်ခရီးစဉ်ကြီး စတင်ပါတော့မယ်~

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment