no

Font
Theme

အခန်း ၂ တောဝက်ကို ထိုင်စောင့်ပေးမယ်

ကျန်းကျိုးက သက်ကယ်အမိုးပြုလုပ်ရန် ကျူပင် သို့မဟုတ် ကောက်ရိုးရနိုင်မည့်နေရာကို တွေးတောရင်း စိုးရိမ်နေသော်လည်း သူ့စိတ်ထဲတွင် ရုတ်တရတ် အုန်းပင်တစ်ပင် ပေါ်လာသည်။ တိုက်ဆိုင်စွာပင် သူတို့ရွာ၏အနီးတစ်ဝိုက်တွင် အုန်းပင်တွေရှိနေသည်။

သူ ပြန်သတိရလာတာ အချိန်နည်းနည်း ရှိနေပြီဆိုပေမယ့် သူ့ခန္ဓာကိုယ်ထဲမှာ တခြားလူတစ်ယောက် ဝင်နေခဲ့တာကြောင့် အခု သူ့မှာ သူ့နဲ့မဆိုင်တဲ့ အမှတ်တရတချို့ ရှိနေတယ်။ သူ့ခေါင်းထဲမှာ သူ မပိုင်တဲ့ အမှတ်ရစရာတွေ ရှိနေပေမယ့် အဲဒီမှတ်ဥာဏ်တွေက ရှုပ်ထွေးလွန်းတာကြောင့် သူ နားမလည်နိုင်တဲ့အရာတွေ အများကြီး ရှိနေခဲ့တယ်။ သူက အဲ့မှတ်ဥာဏ်တွေကို အကုန်စုစည်းပြီး တဖြည်းဖြည်း ပြင်ခွဲထုတ်ဖို့ ပြင်ဆင်ထားတယ်။ သူက အဲ့တာတွေကိုပြန်ချိန်ညှိဖို့ လိုနေသေးပေမယ့် တစ်ခါတစ်ရံမှာ အဲ့မှတ်ဥာဏ်တွေက မထင်မှတ်ပဲ ခုန်ပေါက်ထွက်လာတာက သူ့ကို အတော်လေး စိတ်မသက်မသာ ဖြစ်စေပြီး နည်းနည်း စိတ်ရှုပ်စေတယ်။

အခု သူ တွေးမိတဲ့ အုန်းပင်ကလည်း သူ့ရဲ့မှတ်ဥာဏ်တွေထဲက တစ်ခုပဲ၊ အချိန်ကူးပြောင်းလာတဲ့သူက သူ့ရဲ့မူရင်းဘဝမှာ ပျော်ပွဲစားထွက်ဖို့ နေရာတစ်ခုကို သွားခဲ့ဖူးပြီး အုန်းလက်တွေကို စုဆောင်းပြီး ယပ်တောင်နဲ့ အမိုးအကာလုပ်တဲ့သူတွေကို တွေ့ခဲ့ဖူးတယ်။ ပြီးတော့ အုန်းသီးတွေကနေ ဆီထုတ်ယူနေကြတာကိုတောင် တွေ့ခဲ့ဖူးတယ်။ အုံးရွက်တွေက အရမ်း ပျော့ပျောင်းပေမယ့် ခိုင်ခံ့မှုရှိတာကြောင့် သေသေချာချာ ရက်လုပ်လိုက်ရင် လေနဲ့မိုးဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ အမိုးတစ်ခုဖြစ်အောင် ပြုပြင်နိုင်လိမ့်မယ်။

ထိုအတွေး ပေါ်လာသည်နှင့် အကောင်အထည်ဖော်ရန် ကျန်းကျိုးက ဆုံးဖြတ်လိုက်သည်။ သူက ခြင်းတောင်းတစ်ခုကို ရှာဖွေကာ လျှော်ကြိုးများနှင့် ဓားတစ်ချောင်းကိုပါ ယူဆောင်ပြီး အပြင်ထွက်လာလိုက်သည်။ ထို့နောက် သူက တောင်ပေါ်သို့ တက်လာခဲ့ပြီး လမ်းတွင် သူတို့ရွာမှ မုဆိုးဖြစ်သော လျိုစန်းလန်နှင့် တွေ့ဆုံခဲ့သည်။ သူ တောင်ပေါ်သို့ တက်နေသည်ကို မြင်လိုက်သောအခါ လျိုစန်းလန်က အနည်းငယ် အံ့သြသွားပုံရသည်။ သို့သော်လည်း ကျန်းကျိုးက သူ့ကို ဘာမှ မပြောဘဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။ သူတို့နှစ်ယောက်စလုံးက စကားများများ ပြောတက်သူများ မဟုတ်သောကြောင့် နှစ်ယောက်စလုံးက စကားမပြောကြဘဲ တောင်ပေါ်သို့ တိတ်တိတ်ဆိတ်ဆိတ် တက်သွားကြသည်။

ကျန်းကျိုးက အုန်းပင်ကို မြင်သည်နှင့် ရပ်တန့်လိုက်သော်လည်း လျိုစန်းလန်က တောနက်ထဲသို့ သွားချင်နေပုံရသည်။ ယခုအချိန်က ဆောင်းဦးရာသီ၏အစ ဖြစ်ပြီး တောတွင်းရှိ ယုန်များနှင့် ငှက်ကလေးများက ကြီးမားကာ ဆူဖြိုးနေကြသည်။ ဤရာသီက အမဲလိုက်ရန် အကောင်းဆုံးရာသီ ဖြစ်ပြီး လျိုစန်းလန်ကလည်း ဆောင်းရာသီအတွက် ရိက္ခာအချို့ရရှိရန် လိုအပ်နေသည်။ ထို့ကြောင့် သူက တောထဲသို့ ဆက်ဝင်သွားခြင်းပင်။

ဆောင်းဦးသာ ဖြစ်နေသေးသောကြောင့် အုန်းပင်၏အလက်ကိုင်းများက စိမ်းလန်းနေသေးပြီး အလက်များ၏အလယ်တွင် အသီးခိုင်များ တွဲလောင်းကျနေသည်။ အသီးတချို့က စိမ်းနေသော်လည်း တချို့က အဝါရောင်သန်းနေပြီဖြစ်သည်။ ကျန်းကျိုးက ကြိုးတစ်စကို သစ်ပင်ထိပ်သို့ ပစ်တင်ကာ နောက်ကြိုးတစ်စကို သူ့၏ခါးတွင် ချည်နှောင်လိုက်ပြီး သူ့၏လက်ဖဝါးနှစ်ဘက်ကို ခပ်ကြမ်းကြမ်း ပွတ်သပ်ကာ အပင်ပေါ်သို့ အမြန်တက်လိုက်သည်။ သူ့၏လှုပ်ရှားမှုများက မြန်ဆန်ပြီး သပ်ရပ်နေသောကြောင့် သူက သစ်ပင်တက်ကျွမ်းကျင်မှန်း သိသာနေသည်။

ထိုအရာက သူ ငယ်ငယ်ကတည်းက သင်ယူထားသော အရည်အချင်းတစ်ခုပင်။

ကျန်းကျိုးက ငယ်စဉ်ကပင် ကြမ်းကြမ်းတမ်းတမ်း နေတက်ခဲ့ပြီး သူ့မိဘများ သူ့ကို ဂရုမစိုက်သည့်အချိန်များတွင် သူက ခုန်ပေါက်ကစားခြင်းနှင့် အမြင့်မှ ခုန်ချခြင်းတို့ကို နှစ်သက်ခဲ့သည်။ သူက သစ်ပင်တက်ခြင်း၊ တောင်ပေါ်သို့ သွားခြင်းနှင့် မြစ်ထဲတွင် ငါးဖမ်းခြင်းစသည့် မရေမတွက်နိုင်သော အရာများကို ပြုလုပ်ခဲ့သည်။ သူ ထိုကဲ့သို့ ပြုလုပ်တိုင်း ဝမ်ရန်က သူ့နောက်မှ နာနာခံခံ လိုက်လာတက်ပြီး သူ့ကို ဂရုစိုက်ပေးတက်သည်။ သူ သစ်ပင်ပေါ်တက်လျှင် ဝမ်ရန်က သူ့ကို စောင့်ကြည့်ပေးတက်ပြီး သူ ရေထဲဆင်းလျှင် သူ့၏အဝတ်အစားများကို စောင့်ရှောက်ပေးထားတက်သည်။ ဝမ်ရန်က နူးညံ့သိမ်မွေ့ပြီး အကျင့်စာရိတ္တကောင်းမွန်သော ကောငယ်လေးဖြစ်ကာ သူက သူ့၏အစ်ကိုကျိုးကို ဂရုစိုက်ရန် ချစ်စရာအသံလေးဖြင့် အမြဲပြောလေ့ရှိသည်။

ဝမ်ရန့်အကြောင်းကို ပြန်တွေးမိသောကြောင့် အုန်းပင်တက်နေသော ကျန်းကျိုးတစ်ယောက် ခတ္တတုံ့ဆိုင်းသွားရသည်။ အိမ်ကို ပြုပြင်ပြီးလျှင် ဝမ်ရန်ထံသို့ သွားကာ သူ့ကို ဒေါသထွက်စေသူမှာ သူ မဟုတ်ကြောင်းကို ပြောပြမည်ဟု တွေးနေမိသည်။

နောက်ဆုံးတွင် သူက အုန်းပင်ထိပ်ပေါ်သို့တက်သွားပြီး အုန်းလက်များကို ခုတ်ချလိုက်သောကြောင့် အုန်းလက်များက ဆူညံသံများနှင့်အတူ ပြုတ်ကျသွားသည်။ ထို့အပြင် သူက အုန်းသီးအချို့ကိုလည်း ခူးဆွတ်လိုက်သည်။ အုန်းသီးနှင့် အုန်းလက်များ လုံလောက်ပြီးဟု တွေးမိချိန်တွင် သူက အုန်းပင်ပေါ်မှ ပြန်ဆင်းလိုက်ပြီး အုန်းသီးများကို ခြင်းတောင်းထဲ ထည့်လိုက်သည်။

အုန်းလက်များကို တောင်ပေါ်မှ ထိုအတိုင်း သယ်ယူရခြင်းက ဒုက္ခများစွာကို ဖြစ်စေနိုင်သောကြောင့် ထိုအရာများ အားလုံးကို ပြန်မသယ်ခင် အုန်းလက်လေးများကို ဖဲ့ယူရန် စိတ်ကူးလိုက်သည်။ ယခုအချိန်တွင် နေမပြင်းသေးသောကြောင့် သူက အုန်းရွက်များ ဖဲ့ရန် အရိပ်ရသောနေရာတစ်ခုကို ရှာဖွေကာ ထိုင်ချလိုက်သည်။ သူက ယခင်က ဤအရာကို တစ်ခါမျှ မရက်လုပ်ဖူးသည့်တိုင် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ဖူးသူတစ်ဦးအနေဖြင့် သူက နည်းလမ်းကို အလျင်အမြန် ရှာဖွေနိုင်ခဲ့ပြီး သူ၏ လှုပ်ရှားမှုများက အတော်လေး ချောမွေ့လာသည်။ သို့သော် အုန်းလက်များက မာကျောပြီး သတိမထားပါက လက်ဖဝါးကို ခြစ်မိနိုငသေးသည်။ သို့သော်လည်း သူလက်က အသားထူသောကြောင့် သူက ဂရုမစိုက်ဘဲ ခပ်မြန်မြန်သာ ဆက်လုပ်နေခဲ့သည်။ ဗိုက်ဆာလာလျှင် သို့မဟုတ် ရေငတ်လာလျှင် အုန်းသီးကို ခွဲကာ အရည်ကို သောက်ပြီး အသားကို ကိုက်စားလိုက်သည်။ မွန်းတည့်ခါနီးတွင် အုန်းရွက်များအားလုံးကို ဆွဲဖဲ့ပြီး ဖြစ်ကာ စုစည်းချည်နှောင်ထားပြီး ဖြစ်သည်။

သူ တောင်ပေါ်မှ ပြန်ဆင်းခါနီးတွင် တောနက်ကြီးထဲမှ ကြေကွဲဖွယ်အော်သံများကို ရုတ်တရက် ကြားလိုက်ရသည်။ အသံက တောဝက်၏အသံနှင့် ပိုတူနေပြီး လူသံတော့ မဟုတ်ပေ။ ကျန်းကျိုးက တောနက်ထဲသို့ တိုးဝင်သွားသော လျိုစန်းလန်ကို ချက်ချင်း တွေးလိုက်မိသည်။ သူက မုဆိုးကောင်းတစ်ဦးဖြစ်သော်လည်း တောဝက်ကို တစ်ယောက်တည်း ကိုင်တွယ်ရန်မူ သူ့အတွက် ခက်ခဲမည်မှာ သေချာနေသည်။

တောဝက်များက တောရိုင်းတိရစ္ဆာန် ဖြစ်ပြီး ကြမ်းတမ်းရိုင်းစိုင်းသလို သန်မာပြီး ထက်ရှသော သွားများလည်း ရှိသည်။ ဂရုမပြုပါက လူကို ထိခိုက်စေနိုင်သည်။ လွန်ခဲ့သည့်နှစ်က သူတို့ရွာရှိ မုဆိုးလေးဦးပင် တောဝက်တစ်ကောင်ကို ရရှိရန် အတော်လေး ကြိုးပမ်းအားထုတ်ခဲ့သည်။

သူက အသံများကို နားထောင်လိုက်ပြီး လျိုစန်းလန် လှည့်ပတ်သွားလာနေချိန်တွင် တောဝက်နှင့်တိုးမိခြင်း ဖြစ်နိုင်ကြောင်း တွေးလိုက်မိသည်။ ယခုအခိုက်အတန့်တွင် တောဝက်က နာကျင်နေပုံရသော်လည်း အချိန်ကြာလာလျှင် မည်သူက အနိုင်ယူမည်မှာမူ မသေချာနိုင်တော့ပေ။

ထိုသို့ တွေးမိသည်နှင့် ကျန်းကျိုးက ဓားကို ယူယာ တောထဲသို့ ဝင်သွားလိုက်သည်။ သူက ဤနေရာတွင် ရှိနေသောကြောင့် လျိုစန်းလန်အား တောဝက်ကို တစ်ယောက်တည်း ရင်ဆိုင်ခွင့် မပြုနိုင်ပေ။ သူက အော်သံကြားသည့်အတိုင်း လိုက်လာခဲ့ပြီး သူ မျှော်လင့်ထားသည့်အတိုင်း လျိုစန်းလန်က တောဝက်နှင့်ရင်ဆိုင်ရင်း အမောဆို့နေသည်ကို တွေ့လိုက်ရသည်။ တောဝက်က အင်အားစုဆောင်းရန် မြေကြီးကို ခွာဖြင့် ရှပ်နေကာ လျိုစန်းလန်ဆီသို့ ပြေးဝင်ရန် အားယူနေသည်။

ကျန်းကျိုးက အသံမထွက်ဘဲ တိတ်တိတ်လေး ပုန်နေကာ ထိုတောဝက်ကို ဖြေရှင်းနိုင်ရန် ပြင်းပြင်းထန်ထန် တွေးတောနေခဲ့သည်။

လျိုစန်းလန်က ထိုနေရာ ရှိနေကာ တောဝက်နှင့် ရင်ဆိုင်နေဆဲဖြစ်သည်။ ထိုအချိန်တွင် ကျန်းကျိုး၏မျက်လုံးများက အုန်းရွက်များဖြင့် ကျစ်ထားသော ကြိုးပေါ်သို့ ကျရောက်သွားသည်။ အစပိုင်းတွင် သူက အုန်းလက်များကို ချည်နှောင်ရန် ထိုကြိုးကို တင်းတင်းကျပ်ကျပ် ကျစ်ထားခြင်း ဖြစ်ပြီး အုန်းလက်ပေါင်း တစ်ဒါဇင်ကျော်မှ အရွက်များဖြင့် ပြုလုပ်ထားသောကြောင့် ကြိုးက တောင့်တင်ပြီး အလေးချိန်တော်တော်များများကို ထိန်းနိုင်ရန် သေချာနေသည်။

သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သစ်ပင်များဆီသို့ အကြည့်ရောက်သွားချိန်တွင် အကြံတစ်ခု ရလိုက်သည်။

လျိုစန်းလန်က ဘေးဘက်သို့ လှိမ့်လိုက်ပြီး တောဝက်၏နောက်တစ်ကြိမ်တိုက်ခိုက်မှုကို ပွတ်ကာသီကာ ရှောင်တိမ်းခဲ့ပြီး သူလည်း အနည်းငယ် စိတ်ပျက်နေပြီ ဖြစ်သည်။

သူ တောထဲကို ဝင်လိုက်တာနဲ့ မြေပြင်ပေါ်မှာ ရှုပ်ထွေးနေတဲ့ ခြေရာတွေကို မြင်လိုက်ရတယ်။ ဒါပေမယ့် သူ တောဝက်နဲ့ ဝင်တိုးလောက်တဲ့အထိ ကံဆိုးမယ်လို့ မထင်ထားတာကြောင့် တောထဲကို နည်းနည်း ဆက်ဝင်လာခဲ့မိတယ်။ အကွယ်ကနေ ထွက်လိုက်တာနဲ့ ဒီတောဝက် ရေသောက်နေတာကို တွေ့လိုက်မယ်လို့တော့ သူလည်း ဘယ်ထင်ပါ့မလဲ? နောက်ဆုံးတော့ သူမှာ နောက်ဆုတ်ဖို့ အခွင့်အရေး မရှိတာကြောင့် သူ ဒီတောဝက်ကို ဒဏ်ရာရအောင် တွန်းအားပေးတိုက်ခိုက်ရုံပဲ တက်နိုင်တော့တယ်။ ဒါပေမယ့် တောဝက်ကလည်း သူ့ကို လွှတ်မပေးဘဲ အရူးအမူး ပြန်တိုက်ခိုက်နေခဲ့တယ်။ အခုတော့ သူ မောပန်းနေပြီ၊ ဒီ‌နေ့ သူ မလွတ်မြောက်နိုင်တော့မှာကို သူ စိုးရိမ်နေမိတယ်။

လက်ရှိအချိန်တွင် တောဝက်က သူ့ဆီသို့ နောက်တကြိမ် ပြေးဝင်လာသည်ကို သူ မြင်လိုက်ရပြီး စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးမှိတ်ချလိုက်သော်လည်း ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရပြီး တပြိုင်တည်းမှာပင် တောဝက်၏ နာကျင်ကြေကွဲဖွယ် ညည်းတွားသံကြီး ထွက်ပေါ်လာခဲ့သည်။ သူ မျက်လုံး ပြန်ဖွင့်လိုက်ချိန်တွင် ထိုတောဝက်က သူ့ဆီမှ ပြန်ခွာသွားပြီး သစ်ပင်တစ်ပင်ဆီသို့ ပြေးသွားသည်ကို သူ တွေ့လိုက်ရသည်။ သူ ထိုနေရာသို့ ထပ်ကြည့်လိုက်ရာ သစ်ပင်အောက်တွင် ရပ်နေသော ကျန်းကျိုးကို တွေ့လိုက်ရသည်။

ဒီခဏတာအတွင်းမှာ သူ ဘယ်လို ခံစားနေရမှန်းတောင် သူဘာသာသူ မသိနိုင်တော့ပါဘူး။ တကဘ်တော့ သူနဲ့ ကျန်းကျိုးက မရင်းနှီးကြပါဘူး။ သူက ကျန်းကျိုးရဲ့ အဓိပ္ပါယ်မဲ့ကိစ္စတွေကို ကြားဖူးခဲ့ပြီး အဲ့လူကို ကဲ့ရဲ့လှောင်ပြောင်ခဲ့ဖူးတယ်။ ခုန သူနဲ့ တွေ့တော့လဲ စကားလုံးဝ မပြောချင်ခဲ့ဘူး။ ဒါပေမယ့် အခု သူ့ရဲ့အသက်ကို ခြိမ်းခြောက်ခံနေရတဲ့ အချိန်မှာ သူ့ကို ကယ်တင်ခဲ့တဲ့သူက တကယ်ကိုပဲ ကျန်းကျိုးဖြစ်နေခဲ့တယ်။ ကျန်းကျိုးက အသံတွေ အားလုံးကို ကြားရမှာကို သူ နားလည်တယ်၊ ဘာပဲဖြစ်ဖြစ် ကျန်းကျိုးက သူ့ကို မကယ်ချင်ရင် တိတ်တိတ်လေး ပြန်ထွက်သွားလို့ ရတယ်။ ဒါပေမယ့် ကျန်းကျိုးက တကယ်ပဲ ဒီကို ရောက်လာပြီး သူ့ကို ကူညီပေးခဲ့တယ်။ အခုတော့ ကျန်းကျိုးက တောဝက်ကို တမင်တကာ ဒေါသထွက်စေပြီး ပစ်မှတ်ကို ပြောင်းလဲပစ်ခဲ့တယ်၊ တကယ်တော့ အဲ့လိုလုပ်မယ့်အစား သူ တိတ်တဆိတ် ထွက်သွားသင့်တယ်လေ။

သူက ကျန်းကျိုး၏ အကူအညီအတွက် ကျန်းကျိုးကို ကျေးဇူးတင်မိသော်လည်း ၎င်းက အချည်းနှီးသာ ဖြစ်သည်ဟု သူ ခံစားနေရပြီး ကျန်းကျိုးလည်း အသက်ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် သူက ကျန်းကျိုး လွတ်မြောက်နိုင်ရန် သူ့၏အမဲလိုက်ဓားကို ပြန်ကောက်ကိုင်လိုက်ပြီး တောဝက်ကို အသေအကျေ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သူ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း ကျန်းကျိုးက ပေါ့ပေါ့ပါးပါး ခုန်ပေါက်ပြေးလွှားကာ တောထဲသို့ ပြေးဝင်သွားပြီး တောဝက်က ကျန်းကျိုးနောက်သို့ လိုက်သွားသည်ကို သူ မြင်လိုက်ရသောကြောင့် သူလည်း အနောက်မှ အမြန်လိုက်သွားရတော့သည်။

ဤတောင်ပေါ်ရှိ သစ်ပင်ကြီးက ထူထပ်လွန်းသောကြောင့် တောဝက်၏လှုပ်ရှားမှုကို ခဏတာမျှ ထိန်းထားနိုင်သည်။ သို့သော်လည်း တောဝက်က လူကို လိုက်မမီသောကြောင့် ဒေါသ ပိုထွက်လာပြီး ပို၍ စိတ်မရှည် ဖြစ်လာပုံရကာ ပို၍ မြန်မြန် လှုပ်ရှားလာသည်။ လျိုစန်းလန်က တုန်လှုပ်သွားပြီး ကျန်းကျိုးဆီသို့ မြန်မြန် ချဥ်းကပ်သွားလိုက်သည်။

ရုတ်တရက်ဆိုသလိုပင် ကျန်းကျိုးရှေ့တွင် သစ်ပင်ကြီးတစ်ပင် ပေါ်လာပြီး လျိုစန်းလန်တစ်ယောက် မျက်လုံးပြူးသွားရသည်။

တကယ်လို့ ကျန်းကျိုးက သစ်ပင်ကို ဝင်တိုက်မိရင် သူ့နောက်က တောဝက်က သူ့ကိုမီသွားပြီး သူ့အသက်ကို ဆုံးရှုံးရလိမ့်မယ်။

"ကျန်းကျိုး သတိထား!" သူက စိုးရိမ်တကြီး အော်ဟစ်သတိပေးလိုက်ပြီး တချိန်တည်းမှာပင် တောဝက်ကို ဟန့်တားရန် သူ့ဓားကို မြှောက်တင်လိုက်သည်။

မမျှော်လင့်ဘဲ ကျန်းကျိုးက သစ်ပင်ကို ရှောင်တိမ်းကာ သစ်ပင်၏နောက်သို့ ဝင်ပုန်းလိုက်သော်လည်း တောဝက်က တစ်စုံတစ်ခုကို ခလုတ်တိုက်မိသွားပုံရကာ အရှိန်မထိမ်းနိုင်တော့ဘဲ သစ်ပင်ဆီသို့ ပြင်းပြင်းထန်ထန် ပြေးဝင်သွားတော့သည်။ တြိက်မိသည့်အရှိန်ကြောင့် တောဝက်ကြီး ဆန့်ငင်ဆန့်ငင် ဖြစ်နေချိန်တွင် သစ်ပင်နောက်တွင် ပုန်းနေသော ကျန်းကျိုးက သူ့ဓားရှည်ကို အမြန်ထုတ်ကာ တောဝက်ကို ခုတ်သတ်လိုက်သည်။ တောဝက်က နာနာကျင်ျကင် အော်ဟစ်မြည်တမ်းနေပြီး ခဏအကြာတွင် လုံးဝငြိမ်ကျသွားသည်။

လျိုစန်းလန်က ထိုအရာအားလုံးကို မြင်နေရပြီး အံ့သြတုန်လှုပ်မှုကြောင့် စကားပင် မပြောနိုင်တော့ပေ။

ကျန်းကျိုးကလည်း သူ့၏ခြေနှင့်လက်မှ အင်အားများ လျော့နည်းသွားသလို ခံစးလိုက်ရပြီး အသက်ကို ပြင်းပြင်းရှူကာ ထိုနေရာတွင် ထိုင်ချလိုက်သည်။ သူက တလမ်းလုံး ပြေးလွှားလာခဲ့ပြီး သူ့၏အင်အားများကို အလွန်အကျွံ သုံးစွဲခဲ့မိသည်။ ယခု တောဝက် သေသွားချိန်တွင် သူက စိတ်လျော့လိုက်ပြီး မည်သည့် ခွန်အားကိုမျှ မစုဆောင်းနိုင်တော့ပေ။

တောထဲတွင် လူနှစ်ယောက်၏အသက်ရှုသံများသာ ရှိနေပြီး အချိန်အတော်ကြာပြီးနောက်တွင် လျိုစန်းလန်က "ဒီတောဝက်က လေးလွန်းတယ်၊ ငါတို့နှစ်ယောက်ကလည်း ထတောင် မထနိုင်တော့ဘူး၊ ဘာလို့ အခြားရွာသားတွေကို မခေါ်ရမှာလဲ?"

ကျန်းကျိုးက ခေါင်းညိတ်လိုက်သည်။

သူတို့ ခဏတာမျှ အနားယူခဲ့ကြပြီး လျိုစန်းလန်က သူ့၏အင်အားများ အနည်းငယ် ပြန်ရလာသည်ဟု ခံစားမိသောကြောင့် တခြားလူများကို ရှာရန် တောက်အောက်သို့ တစ်ယောက်တည်း ဆင်းသွားခဲ့သည်။ ကျန်းကျိုးကလည်း ငြင်းဆန်မနေဘဲ မြေပြင်ပေါ်တွင် ထိုင်နေရင်းဖြင့် တောဝက်သေကြီးကို ကြည့်ကာ ပြုံးလိုက်ပြီး "ဒါဆို ငါ ဒီတောဝက်ကို စောင့်ကြည့်ပေးထားမယ်"

ကျန်းကျိုးက ခဏလောက် ထိုင်နေပြီး အလုပ်မလုပ်ဘဲ မနေနိုင်တော့ပေ။ သူက သစ်ပင်ကြီးတစ်ပင်မှ အရွက်များကို ခူးကာ အနီးပတ်ဝန်းကျင်မှ ရေသွား ခပ်လိုက်သည်။ သွေးနံ့က အခြားသားရဲတိရစ္ဆာန်များကို စွဲဆောင်မိမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်ပြီး သူက တောဝက်၏သွေးများကို ရေဖြင့် ဆေးချနေခဲ့သည်။ ထို့နောက်တွင် သူက တောဝက် နင်းမိခဲ့သည့် သစ်ပင်နှစ်ပင်ကြားတွင် ချည်ထားသော ထိုကြိုးကို ဖယ်ရှားလိုက်သည်။

ဒီကြိုးက သူ့အသက်ကို ကယ်ခဲ့တာလေ။

တခြားရွာသားများ တက်လာရန် အချိန်အတော်ကြာမည် ဖြစ်သောကြောင့် သူက သူ့၏အရင်နေရာဆီသို့ ပြန်သွားပြီး အုန်းရွက်များကို အကုန်ရွှေ့ထားလိုက်သည်။ ရွာသားများကို စောင့်နေစဉ်တွင် သူက ကူးပြောင်းသူ၏မှတ်ဥာဏ်အတိုင်း သီချင်းပင် ညည်းနေခဲ့သေးသည်။

ရွာသားများက အလျင်အမြန် ရောက်လာကြပြီး တောဝက်က မြေပြင်ပေါ်တွင် လဲကျနေကာ ကျန်းကျိုးက ထိုအနားတွင် အေးအေးဆေးဆေး ထိုင်နေသည်ကို တွေ့လိုက်ရသောကြောင့် သူတို့အားလုံး အံ့သြသွားကြသည်။ တစ်ချို့က ရယ်မောကာ “ဒီတောဝက်က ကျင်းလေးရာလောက် လေးတယ်။ ပြီးတော့ တော်တော်သန်မာတဲ့ပုံပဲ၊ ချွန်ထက်တဲ့ အစွယ်တွေလည်း ရှိနေသေးတယ်။ တကယ်လို့ အပြင်းအထန် တိုက်ခိုက်ခံလိုက်ရရင်တော့ တစ်ချက်ထဲနဲ့ မြေပြင်ပေါ်ကို လဲကျသွားနိုင်တယ်။ ဒီနေ့ မင်း ဒီတောဝက်ကို ဖမ်းနိုင်တယ်ဆိုတော့ ဆိုလိုတာက မင်းရဲ့ရောဂါ ပြန်ကောင်းနေပြီပေါ့"

လျိုစန်းလန်က ဤနေရာမှ တောဝက်နှင့် သူတို့၏ တိုက်ပွဲအကြောင်း လူတိုင်းကို ပြောပြပြီးကြောင်း သိသာထင်ရှားနေသည်။ ရွာရှိလူအများစုက ရိုးရိုးသားသား ပြာဆိုတက်ကြပြီး စိတ်ထဲရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောတက်ကြသည်။ မနှစ်က ကျန်းကျိုးတစ်ယောက် အလွန်ဆိုးရွားသော အပြုအမူများ ပြုမူခဲ့သည်ကို သူတို့ တွေ့ခဲ့ကြသော်လည်း ယခု သူက တိုးတက်လာပုံရသည့်အတွက် သူတို့က သူ့အတွက် စိတ်ရင်းဖြင့် ပျော်ရွှင်ပေးကြသည်။ တချို့ဆိုလျှင် ကျန်းကျိုးလက်ကို ဆုပ်ကိုင်ကာ ဝမ်းသားအားရ အားပေးနေသေးသည်။ ထိုနော်ကတွင် တောဝက်ကို ချည်နှောင်လိုက်ကြပြီး တောင့်တင်းသော သစ်ကိုင်းဖြင့် လျှိုကာ သယ်ဆောင်လိုက်ကြပြီး တောင်ပေါ်မှ ဆင်းလာခဲ့ကြသည်။

လျိုစန်းလန်က စိတ်အခြေအနေ ကောင်းပုံမရသော်လည်း သူက ကျန်းကျိုး၏အုန်းရွက်များကို ကူသယ်ပေးလာခဲ့သေးသည်။ ရွာသားအဖွဲ့ တောင်ပေါ်မှ တက်ကြွစွာ ပြန်ဆင်းလာကြသည်။

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်....

ငါရဲ့တကြော့ပြန်တိုက်ပွဲကို တောဝက်နဲ့ စတင်ရလိမ့်မယ်....

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment