no

Font
Theme

အခန်း ၁၃ ဇနီးလေးရဲ့လက်ကို ဆုပ်ကိုင်ထားမယ်

ကျန်းကျိုးက သူ့ဆံပင်ကို ပြန်လွှတ်ပေးရန် ရှောင်ယိအား စိတ်ရှည်ရှည် ချော့မော့နေပြီးမှ ဝမ်ရန်ကို လှမ်းမေးလိုက်သည်။

"မီးပုံးပွဲတော်ကို ကြည့်ဖို့ လာတာလား?"

လက်ရှိအချိန်တွင် ကျန်းကျိုးက သူ့ခင်ပွန်းအစစ်နှင့်တူနေပြီး ကျန်းကျိုး၏ နူးညံ့သိမ်မွေ့မှုက စိုးရိမ်ပူပန်မှုအပြည့်နှင့် ခုခံကာကွယ်မှုတက်သော ဝမ်ရန်၏သတိကို အနည်းငယ် လျှော့ကျသွားစေခဲ့သည်။ နောက်ဆုံးတွင် သူတို့၏ပတ်ဝန်းကျင်လေထုက အနည်းငယ် ပိုကောင်းလာခဲ့သည်။

ဝမ်ရန်က အနည်းငယ် ဝမ်းနည်းနေပုံဖြင့် ကလေးငယ်လေးကို ပွေ့ဖက်ထားရင်း သူ့ခေါင်းကိုသာ ညိတ်ပြလာခဲ့သည်။

ကျန်းကျိုးက ခဏတမျှ တုံ့ဆိုင်းနေပြီးမှ “အခု လူတော်တော်များ ဒီကို လာကြတော့ လူအရမ်းများနေပြီ။ မင်း ကလေးနဲ့အတူ သွားဖို့က ခက်လိမ့်မယ်။ မင်းမိဘတွေက မင်းနဲ့အတူ လိုက်မလာဘူးလား?"

“သူတို့ ဒီကို ရောက်နေကြပြီ၊ ကျွန်တော်က ကိစ္စတစ်ခုကြောင့် အနောက်ဘက်လမ်းကို လာချင်လို့ ရှောင်ယိကို ခေါ်ပြီး လမ်းလျှောက်ထွက်လာခဲ့တာ"

‘ရှောင်ယိ’

ကျန်းကျိုးက ထိုစကားနှစ်လုံး ဂရုတစိုက် နားထောင်လိုက်ပြီး သူ့နှလုံးသား တစ်ခုလုံး နူးညံ့ပျော့ပျောင်းသွားသလို ခံစားလိုက်ရသည်။

ဝမ်ရန်က သူ့ကို ရှာဖို့ ဒီဘက်ကို ရောက်လာတာ ဖြစ်နိုင်လား?

ပြီးတော့ ‘ယိ’ ဆိုတာက ‘တစ်’ လေ၊ သူ့ဇနီးလေးက သူ့ကို လွမ်းနေပြီး သူပြန်လာတာကို စော်မျှော်နေတာ ဖြစ်နိုင်မလား? သူတို့ နောက်ထပ် သားသမီးတွေ အများကြီး ထပ်မွေးပြီး အိုမင်းသွားတဲ့ အတူတူ နေသွားကြမယ်.....

"မင်းတစ်ယောက်တည်း လျောက်သွားနေတာက အဆင်မပြေဘူး၊ ကိုယ် မင်းကို စန်းရွှေ့လမ်းရောက်အောင် ပြန်ခေါ်သွားပေးရမလား?"

ကျန်းကျိုးက ဝမ်ရန်နှင့်အတူ မီးပုံးပွဲတော်ကို လည်ချင်သည်ဟု မပြောဘဲ သူ့ကို စန်းရွှေ့လမ်းသို့ လိုက်ပို့ပေးမည်ဟုသာ ပြောခဲ့သည်။

စန်းရွှေ့လမ်းက သူတို့ ရှိနေသည့်နေရာနှင့် သိပ်မဝေးဘဲ အလယ်တွင် ဈေးတစ်ခုသာ ရှိသည်။ စန်းရွှေ့လမ်းပေါ်တွင် မီးပုံးပွဲတော် ကြည့်ချင်သူများနှင့် အမြဲပြည့်နေလေ့ရှိသည်။

သူတို့နှစ်ယောက်တည်း ရှိနေမည် မဟုတ်သောကြောင့် ကျန်းကျိုးက မတော်တဆ သူ့ကို အန္တရယ်တစ်ခုခု ပေးနိုင်မည် မဟုတ်ဟု ဝမ်ရန်က တွေးလိုက်ပြီး စိတ်ပူမနေတော့ပေ။

သို့သော်လည်း ဝမ်ရန်က ကျန်းကျိုး၏မျက်လုံးများကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီးမှ သဘောတူလိုက်သည်။ နှစ်ယောက်သား ပွစိပွစိ ရေရွတ်နေသာ သခင်ငယ်လေးနှင့် သူ့၏ကျေးကျွန်များကို ထားရစ်ကာ ထွက်လာခဲ့ကြသည်။

သို့သော် သခင်ငယ်လေးက သူတို့ကို မတားဘဲ ဘာကြောင့်မှန်းမသိ ကြောင်တောင်တောင် ရပ်ကျန်နေခဲ့သည်။

ကျန်းကျိုးနှင့် ဝမ်ရန်တို့ ပျောက်ကွယ်သွားချိန်မှ သခင်ငယ်လေးက သတိပြန်ဝင်လာပြီး သူ့ခြေထောက်ကို ဆောင့်နင်းကာ သက်ပြင်းချလိုက်သည်။

သူ့၏ကျေးကျွန်နှစ်ယောက်က သူ့မျက်နှာကို ကြည့်နေပြီး သတိအနေအထားဖြင့် မေးလိုက်ကြသည်။

"သခင်လေး၊ ကျွန်တော်တို့ လမ်းလျှောက်ထွက်ဦးမှာလား?"

သခင်ငယ်လေးက သူ့၏မျက်ခုံးများကို ပင့်တင်လိုက်ပြီး သူ့နောက်လိုက်နှစ်ယောက်ကို စိုက်ကြည့်ကာ သူ့လက်ထဲမှ ယပ်တောင်ဖြင့် တစ်ယောက်ပြီး တစ်ယောက် ခေါင်းခေါက်လိုက်သည်။ သူက “ဘာ လမ်းလျှောက်ထွက်မှာလဲ? ဒါက အချိန်ဖြုန်းနေတာပဲ! ဒီစုတ်ပြတ်နေတဲ့နေရာ အရမ်း ကျဥ်းမြောင်းပြီး မီးပုံးပွဲတော်ကလည်း ပျင်းစရာကောင်းလွန်းတယ်။ အလှတရားကို နည်းနည်းလေးတောင် မခံစားနိုင်ခဲ့ဘူး။ အိမ်ပြန်ကြမယ်!"

အစေခံနှစ်ယောက်က ရွေးချယ်စရာ မရှိဟန် ခါးသီးနေသည့် မျက်နှာများဖြင့် သူ့နောက်မှ လိုက်ပါသွားကြသည်။ သို့သော်လည်း သူတို့က တစ်ယောက်၏မျက်နှာကို တစ်ယောက် ပြန်ကြည့်နေကြသေးသည်။

အရင်တုန်းက သူတို့က သူတို့သခင်လေးရဲ့နောက်ကို လိုက်ခွင့်မရခဲ့ဘူး၊ သူတို့အတွက် အပြင်ထွက်ဖို့ အခွင့်အရေးက ရှားပါးလွန်းတယ်၊ အခု လိုက်လာရတော့လည်း မီးပုံးပွဲတော်ကိုတောင် မကြည့်နိုင်ခဲ့ကြဘူး။ သနားစရာကောင်းလိုက်တဲ့ ဘဝလေးတွေ....

သခင်ငယ်လေးကတော့ ဘာမှ ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး လှည့်ထွက်သွားခဲ့သည်။

******

ထိုသခင်ငယ်လေးက လျိုအိမ်တော်ထဲသို့ အမှန်တကယ် ဝင်သွားသည်ကို ကျန်းကျိုးသာ မြင်လိုက်ရပါက သူ အံ့အားသင့်နေမည် ဖြစ်သည်။ ဤသည်မှာ အရာရှိအသစ်အဖြစ် နေရာလွှဲပြောင်းယူရန် ပြောင်းရွှေ့လာသည့် လျိုမိသားစု၏အိမ်တော် ဖြစ်သည်။ ယခုန သူတို့ မြင်လိုက်ရသည့် သခင်ငယ်လေးက ထိုအရာရှိ၏သား ဖြစ်နေခဲ့သည်။

လျိုမိသားစုက လူဦးရေ အလွန်နည်းပါးပုံရသည်။ သခင်ငယ်လေး အိမ်ထဲသို့ ပြန်ဝင်လာချိန်တွင် သန့်ရှင်းရေး လုပ်နေသည့်အစေခံနှစ်ယောက်မှ လွဲ၍ အတွင်းဘက်တွင် မည်သူမျှ မရှိပေ။

သခင်ငယ်လေးက သူ့ခြံဝင်းထဲသို့ ခြေလှမ်းသုံးလှမ်းဖြင့် ပြန်ပြေးသွားခဲ့ပြီး ချိုးရေပြင်ပေးရန် သူ့အစေခံများအား လှမ်းအော်လိုက်သည်။

သက်တောင့်သက်သာ ရေချိုးပြီးနောက် သူက အတွင်းဝတ်များဖြင့် ကုတင်ပေါ်ကို မှီကာ ထိုင်နေခဲ့သည်။ ထိုအချိန်တွင် သူ့အမေ လွှတ်လိုက်သော အစေခံတစ်ဦး ရောက်လာသည်ကို သူ တွေ့လိုက်ရသည်။

“သခင်လေး၊ သခင်မက ဒီနေ့ အပြင်ဘက်က စားစရာတွေ အများကြီး ဝယ်ထားခဲ့တယ်။ သခင်လေး အပြင်ထွက်ရတာကို မကြိုက်ဘူးဆိုတာ သခင်မက သိနေတော့ လူတစ်ချို့ကို ဈေးကို သွားခိုင်းပြီး အကောင်းဆုံးအစားအစာတွေကို ဝယ်လာခဲ့ဖို့ ညွှန်ကြားခဲ့တယ်လေ။ အခု အရာသာရှိတဲ့ စားစရာတွေ အားလုံးကို ဝယ်ထားပြီး ခန်းမထဲမှာ ထည့်ပေးထားတယ်၊ သခင်လေး မြည်းစမ်းကြည့်ချင်လား?”

သခင်လေးလျိုတွင် အဓိက ဝါသနာနှစ်မျိုး ရှိပြီး တစ်မျိုးက အလှလေးများကို နောက်ပြောင်လှည့်စားလိုခြင်း ဖြစ်သည်။ နောက်တစ်မျိုးကတော့ သူ့၏အစားစာချင်စိတ်ကို ဖြည့်ဆည်းရန် ဖြစ်သည်။ သူ့ဆန္ဒကြောင့် သူက အထူးသဖြင့် အချစ်ဝတ္ထုများနှင့် အရသာရှိသော အစားအစာများကို လေ့လာရာတွင် အထူး ကျွမ်းကျင်လှသည်။ အရသာရှိနိုင်မည့် စားစရာ တစ်ခုခု ရှိနေသည်ကို ကြားလိုက်သည်နှင့် သူက ချက်ချင်း စိတ်လှုပ်ရှားသွားပြီး အပြင်အဝတ်ပင် မဝတ်ဘဲ ပြေးထွက်သွားခဲ့သည်။

"အမေ! သား ရောက်လာပြီ!!"

သခင်မလျိုက ပထမဆုံးအကြည့်တစ်ချက်ဖြင့်ပင် ချမ်းသာကြွယ်ဝသော အမျိုးသမီးတစ်ဦးဖြစ်မှန်း သိသာနေခဲ့သည်။ သူမ၏သားလေးက ပြေးလွှားလာနေသည်ကို မြင်လိုက်ရချိန်တွင် သူမက စိတ်ပူသွားပြီး “ပုဖျင်၊ ဖြေးဖြေး လမ်းလျှောက်လာခဲ့ပါ သားလေးရယ်... ဒီစားစရာတွေက လေထဲကို ပျံပြီး ပျောက်သွားမှာ မဟုတ်ပါဘူး။ မင်းက ဘာလို့ အရမ်းစိတ်​လော​နေရတာလဲ?"

သခင်လေးလျို၏နာမည်အပြည့်အစုံက လျိုပုဖျင် ဖြစ်ပြီး သူ့မိဘများ သူ့အတွက် နာမည်ပေးစဥ်တွင် မည်ကဲ့သို့ တွေးနေမှန်း မည်သူမျှ မသိနိုင်ပေ။

(T/N: ပုဖျင် ဆိုတာက မှားယွင်းတာ/ မကျေနပ်တာ/တရားမျှတမှုမရှိတာ အဲ့လိုနေရာတွေမှာ သုံးတာပါတဲ့)

လျိုပုဖျင်ကတော့ သူ့အား သွားရည်ကျစေသော ထိုအရသာရှိသည့် အစားအစာ အားလုံးကို စားရန်သာ အာရုံရောက်နေပြီး မစောင့်နိုင် ဖြစ်နေခဲ့သည်။

"အရသာရှိတဲ့ အစားအစာတွေ ဘယ်မှာလဲ?"

ထို့နောက် သူက စားပွဲပေါ်ရှိ စားသောက်ဖွယ်ရာများဆီသို့ တည့်တည့်‌လျှောက်သွားလိုက်ပြီး ပတ်ပတ်လည်ကို ကြည့်ရှုပြီးနောက် သူ စိတ်ဝင်တစား မရှိတော့ဘဲ “ဒါပဲလား? ချင်းကျိုးနဲ့ ကွာခြားတာ ဘာမှလည်း မရှိဘူး”

ချင်းကျိုးက လူအများအပြား ဝင်ထွက် သွားလာရာ နေရာဖြစ်ပြီး ၎င်းက တိုင်းပြည်တစ်ဝှမ်းလုံးရှိ ကုန်သည်များ စုဝေးရာနေရာဖြစ်သည်။ အခြေခံအားဖြင့် အသစ်အဆန်း အများကြီး တွေ့နိုင်ပြီး ပစ္စည်းအမျိုးအမည်များကလည်း တခြားနေရာများထက် ပိုပေါများသည်။ ချင်းကျိုးတွင် ရှာမတွေ့နိုင်သည့်အရာ မရှိသလောက်ပင်။

လျိုပုဖျင်က စားပွဲပေါ်မှ အစားအစာများကို ကြည့်လိုက်ပြီး ငြီးငွေ့သွားကာ မြေပဲတစ်ပန်းကန် ဆွဲယူပြီး မြေပဲများကို ဂရုတစိုက် ဝါးနေခဲ့သည်။

သခင်မလျိုက မျက်တောင် တဖျပ်ဖျပ်ခတ်နေရင်း သူမ၏သားဆီသို့ စားစရာများ တစ်ခုပြီး တစ်ခု လွှဲပေးနေခဲ့သည်။ "သားလေး တိမ်လွှာမုန့် စားချင်လား? ဒါမှ မဟုတ် ဘဲခြေထောက်စားချင်လား?"

လျိုပုဖျင်က ခေါင်းယမ်းလိုက်သည်။

သခင်မလျို အဝါရောင်မုန့် နောက်တစ်ပန်းကန် ယူလိုက်ပြီး "ဒါကို စမ်း စားကြည့်မလား?"

လျိုပုဖျင်က ထိုမုန့်ကို တစ်ချက်ကြည့်လိုက်သည်။

ဒီလေးထောင့်ပုံစံမုန့်က နူးညံ့ပုံ ပေါ်‌နေပေမယ့် ခြောက်သွေ့မယ်လို့ ထင်ရတယ်။ သူ ဒီလိုအစားအစာမျိုးကို စားရတာ အရမ်းမုန်းတယ်။

သူ ခေါင်းခါပြတော့မည် ဖြစ်သော်လည်း မွှေးရနံ့လေးက သင်းပျံ့လာပြီး ထိုအနံ့က အလွန်ကောင်းမွန်သောကြောင့် သူ့ကို ပြင်းရန် တွန့်ဆုတ်သွားစေခဲ့သည်။

ဒါဆိုလည်း စမ်းပြီး စားကြည့်လိုက်တာပေါ့လေ။

သူ့က မုန့်ပန်းကန်ပြားကို လှမ်းယူလိုက်ပြီး မုန့်တစ်ပိုင်းကို ဖဲ့ယူလိုက်သည်။ သို့သော် မုန့်က သူ မျှော်လင့်ထားသလိုမျိုး ပျော့ဖတ် မနေခဲ့ပေ။ ထိုအစား ထိတွေ့မှုက ထူးခြားလှပြီး မုန့်ကို ဖဲ့လိုက်ချိန်တွက် အမှုန်အမွှားလေးများ ထွက်လာပြီး အနည်းငယ် ပျော့ပျောင်းသော အထိအတွေ့မျိုးကို ခံစာလိုက်ရသည်။

အလုံအလောက် လေ့လာကြည့်ပြီးနောက် သူက မုန့်ကို တစ်ကိုက် စမ်းကိုက်ကြည့်လိုက်သည်။ ထူးဆန်းသည်က မုန့်၏ပါဝင်ပစ္စည်းကို သူ အရသာမခံနိုင်သေးပေ။ အထဲတွင် ဝက်သားပါနေပုံရသော်လည်း ဝက်သားခြောက်နှင့် ပိုတူပြီး လတ်ဆတ်သည့်အသားတော့ မဟုတ်ပေ။ အပြင်ဘက် မုန့်အကာတွင်လည်း အငန်အရသာရှိသလို ထူးထူးခြားခြားလည်း ချိုမြိန်နေသေးသည်။ အရသာနှစ်မျိုးကို ရောစပ်ထားသောကြောင့် အနည်းငယ် ထူးဆန်းနေသော်လည်း မထင်မှတ်ဘဲ အရသာရှိလွန်းလှသည်။

သခင်မလျိုက သူမ၏သားကို မျှော်တလင့်တကြီး ကြည့်နေခဲ့ပြီး "အရသာ ဘယ်လိုလဲ?"

လျိုပုဖျင်က မုန့်ကို တစ်ကိုက် ထပ်ကိုက်လိုက်ပြီး သူ့ခေါင်းကို ထပ်ခါထပ်ခါ ငြိမ်နေကာ အသံတိုးတိုးဖြင့်သာ တုံ့ပြန်လိုက်သည်။

“အမ်း….”

သခင်မလျိုက စားပွဲကို လက်ဖြင့် ပုတ်လိုက်ပြီး “ဒီမုန့်က ရှောင်းဟယ် ရွာက ကျန်းကျိုး ရောင်းတဲ့မုန့်ပဲ။ သား ကြိုက်ရင် အမေ သားအတွက် ကြိုမှာပေးနိုင်မယ့်သူကို ရှာပေးမယ်"

လျိုပုဖျင်က မျက်ဝန်းတောက်တောက်များဖြင့် “အမေ၊ သား တခြားတစ်ခုလည်း လိုချင်သေးတယ်”

“ကောင်းပြီ၊ ရမယ်၊ ရမယ်၊ အမေက သားပြောတဲ့အတိုင်း လုပ်ပေးမယ်"

******

ကျန်းကျိုးကတော့ သူ မတော်တဆ တွေ့ခဲ့သည့် လျိုပုဖျင်တစ်ယာက် သူ့၏မုန့်များအား လောဘတကြီး တောင့်တနေသည်ကို မသိသေးပေ။

သူက လူထူထပ်သောလမ်းတစ်ခုပေါ်တွင် ရှိနေပြီး ဝမ်ရန်၏အနားမှ တစ်လှမ်းချင်း လိုက်ပါနေခဲ့သည်။ ထိုအရာက သူတို့ ငယ်စဥ်က သူ ရှောင်ဝမ်ရန်ကို စျေးထဲသို့ ခေါ်လာခဲ့သည့်အချိန်နှင့် တူညီနေခဲ့သည်။

ထိုအချိန်တွင် သူတို့နှစ်ဦးလုံး အလွန်ငယ်ရွယ်နေဆဲဖြစ်ပြီး သူတို့က တခြားလမ်းသွားလမ်းလာများ၏ ခါးလောက်သာ အရပ်ရှည်ကြသေးသည်။ လူစုလူဝေးကြားထဲတွင် လမ်းလျှောက်သည့်အခါ အရှေ့မှ လမ်းကိုပင် မမြင်နိုင်ကြပေ။ ဝမ်ရန်က လူအုပ်ကို ကြောက်သည့်အတွက် ကျန်းကျိုး၏အင်္ကျီထောင့်စွန်းကို လှမ်းဆွဲထားခဲ့သည်။ ကျန်းကျိုးက ဝမ်ရန် အင်္ကျီထောင့်စွန်းကို လွတ်သွားပြီး ပျောက်ဆုံးသွားမည်ကို ကြောက်သည့်အတွက် ဝမ်ရန်၏လက်သေးသေးလေးကို သူ့လက်ဖြင့် လှမ်းကိုင်ထားလိုက်သည်။

ကျန်းကျိုး၏ကာကွယ်မှုဖြင့် ဝမ်ရန်က လှည့်ပတ်ကြည့်ရှုရန် ရဲရင့်လာသော်လည်း သူက နာခံမှု ရှိနေခဲ့သေးသည်။ စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့လိုက်လျှင် သူက ကျန်းကျိုးကို ကြည့်ကာ အသံတိုးတိုးလေးဖြင့် “ကျိုးကောကော”ဟု ခေါ်လေ့ရှိသည်။

*****

လက်ရှိအချိန်တွင် ကျန်းကျိုးက သူ့ခေါင်းကို စောင့်ငဲ့လိုက်ပြီး ဝမ်ရန်ကို ကြည့်လိုက်သည်။ လမ်းဘေးရှိ မီးရောင်များက ဝမ်ရန်၏ မျက်နှာကို လင်းထိန်နေစေပြီး နွေးထွေးသော အလင်းရောင်က သူ့မျက်နှာလေးကို အလွန်နူးညံ့သိမ်မွေ့နေစေသည်။

လျှပ်တပြက်တွင် သူက လွန်ခဲ့သောနှစ်များသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရပြီး သူ့အကြည့်များထဲတွင် လက်ရှိ ဝမ်ရန်နှင့် ရှောင်ဝမ်ရန်တို့က ထပ်တူကြနေခဲ့သည်။

ကျန်းကျိုးက သူ့နှလုံးခုန်နှုန်း အလွန်မြန်ဆန်လာသည်ကို ခံစားလိုက်ရသည်။ သူက ဝမ်ရန်၏သွေးဆောင်မှုကို ခံရရန် လွယ်ကူသော်လည်း သူ သတိလစ်သွားပြီးနောက် “ဆုံးရှုံးခြင်း” ဟူသည့် ခံစားချက်ကို မြည်းစမ်းခွင့်ရခဲ့သည်။ ယခုအချိန်တွင် သူက သူ့ထံတွင် ရှိရှိသမျှ အရာအားလုံးကို မြတ်နိုးသင့်ကြောင်း နားလည်နေခဲ့ပြီ ဖြစ်သည်။

မီးပုံးပွဲတော် စတင်ကျင်းပနေပြီ ဖြစ်သောကြောင့် လူပိုများလာပြီး နှစ်ဖက်စလုံးမှ လူများက သူတို့ကို ဖိညှပ်နေကြသည်။

“ရူး.....”

မီးပုံးပွဲတော်၏စတင်ချိန်ကို ကိုယ်စားပြုသည့် မီးရှူးမီးပန်းများက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ပေါက်ကွဲသွားကြသည်။

သူတို့၏ ဦးခေါင်းထက်တွင် လှပသော မီးရှူးမီးပန်းများ ပေါက်ကွဲနေချိန်တွင် ကျန်းကျိုးက ဝမ်ရန်၏လက်လေးကို ဆုပ်ကိုင်ထားလိုက်ပြီး "မကြောက်နဲ့နော်"

ဝမ်ရန်ကလည်း သူ့လက်ကို မရုန်းဘဲ ပြန်ကိုင်ထားခဲ့သည်။

သူ့နှလုံးသားထဲမှာ ဘယ်လိုခံစားရတယ်ဆိုတာကိုတော့ သူက လွဲပြီး ဘယ်သူမှ သိမှာ မဟုတ်ပါဘူး။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment