no

Font
Theme

အခန်း ၁၂ ကောင်လေးက ငါ့ရင်ခွင်ထဲမှာ

ကျန်းကျိုးက ထိုလူကို တစ်ချက်ကြည့်လိုက်သော်လည်း သူ ထိုလူကို မမှတ်မိပေ။ သူက သူ့တို့၏ပတ်ဝန်းကျင်ရှိ ရင်းနှီးနေသည့် ရွာနှင့် မြို့များမှ မဖြစ်နိုင်ပေ။ ထိုအမျိုးသားက ကျောက်စိမ်း၊ ရွှေစသည်တို့ဖြင့် ပြုလုပ်ထားသော အသုံးအဆောင်ပစ္စည်းများကို ဆင်မြန်းထားပြီး ကောင်းမွန်သည့်အဝတ်အစားများကို ၀တ်ဆင်ထားသည်။ သူက သာမန်မိသားစုမှ လူနှင့် မတူဘဲ သူ့နောက်မှ လူငယ်နှစ်ယောက်လည်း လိုက်ပါနေခဲ့သည်။ ထိုလူနှစ်ယောက်က သူတို့ရှေ့မှ လူကို ခယသောအကြည့်ဖြင့် ကြည့်နေကြသည်။ ရှေ့မှလူက သူ့၏ခြေထောက်များကို ကားထားပြီး သူတို့၏ခေါင်းကို စောင့်ငဲ့ထားသည်မှာလည်း ပခုံးနှင့်ပင် ထိတော့မယောင်ထင်နေရသည်။ ထို့အပြင် ဤကဲ့သို့ ဆောင်းရာသီအချိန်၌ သူက ယပ်တောင်ကို တဖျပ်ဖျပ် ခပ်နေကာ သူ့တကိုယ်လုံးကလည်း ယိမ်းထိုးနေသေးသည်။

ကျန်းကျိုးက ချမ်းသာမိသားစုမှ ကလေးများ၏ အပြုအမူကို နားမလည်သော်လည်း ထိုလူက သူ့ဇနီးလေးအား နှောက်ယှက်နေသည်ကိုတော့ သူ နားလည်နိုင်သေးသည်။

ထိုလူက မောက်မောက်မာမာ အမူအရာဖြင့် ဝမ်ရန်ကို ဆက်မေးနေသေးသည်။ "မင်း ဘယ်သွားမလို့လဲ ကောငယ်လေး"

သူ့နောက်မှ အစေခံဖြစ်ဟန်တူသူက ချက်ချင်းပဲ ဝင်ထောက်ပေးလိုက်သည်။

"သခင်လေး၊ သူ မီးပုံးပွဲတော် သွားကြည့်မှာ ထင်တယ်"

"ငါ မင်းကို ပြောခိုင်းနေလို့လား?"

သခင်ငယ်လေးက ထခုန်လိုက်ပြီး သူ့အစေခံ၏ခေါင်းကို သူ့လက်ထဲမှ ခေါက်ယပ်တောင်ဖြင့် ရိုက်ချလိုက်သည်။ ထိုနောက် သူက "ငါက ဒီအလှလေး ပြောတာကို နားထောင်ချင်တာ!"

အလှကလေး ဝမ်ရန်ကတော့ သူ့ကို အေးစက်စက် ပြန်ကြည့်ကာ ရှောင်ကွင်းပြီး ထွက်သွားရန် ပြင်ဆင်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက သူ့ရင်ခွင်ထဲမှ ‌ရှောင်ယိကို ပိုမိုတင်းကျပ်အောင် ပွေ့ဖက်ထားလိုက်သည်။

ဆင်းရဲသားလေးဝမ်ရန်ကို နောက်ပြောင်ရန် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ရောက်လာသည့် ‌သခင်ငယ်လေးကလည်း သူ့ကို မည်သို့မျှ လွတ်မြောက်ခွင့် ပေးမည် မဟုတ်ပေ။ သူက ဝမ်ရန်ကို တားဆီးရန် အလောတကြီး လှမ်းဆွဲလိုက်သော်လည်း ပြင်းထန်သည့်အားတစ်ခု သူ့လက်ပေါ်သို့ ကျရောက်လာပြီး သူ့လက်က လမ်းတဝက်တွင် ရပ်တန့်သွားခဲ့သည်။

ကျန်းကျိုးက ဒေါသအပြည့်ဖြင့် "မင်း ဘာလုပ်တာလဲ?!!"

သူ့လက်ကို ဆုပ်ကိုင်ခံလိုက်ရချိန်တွင် သခင်ငယ်လေးက လျှပ်စီးလက်သကဲ့သို့ တကိုယ်လုံးတုန်ခါလာပြီး လွတ်မြောက်ရန် အပြင်းအထန် ကြိုးစားတော့သည်။

"မင်း၊ မင်း.... မင်းက ဘာလုပ်ချင်တာလဲ!?"

သို့သော် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည့် ကျန်းကျိုးက သန်မာလွန်းသောကြောင့် သူ လွတ်အောင် မရုန်းနိုင်ခဲ့ပေ။ ကျန်းကျိုး၏ဆုပ်ကိုင်မှုက ပိုပြင်းထန်လာသောကြောင့် သူက လွတ်မြောက်ရန် ပိုဆန္ဒစောလာပြီး သူ့လက်ကို တွန့်လိမ်နေရင်း နောက်သို့ ပြန်ဆုတ်သွားခဲ့သည်။ ရုန်းကန်နေရင်းဖြင့် သူက သူ့၏အစေခံများကို အော်ဟစ်လိုက်သေးသည်။

"ဘာလုပ်နေကြတာလဲ? ဒီသခင်လေးကို မကူညီကြသေးဘူးလား?! ငါ့ကို မြန်မြန် ပြန်ဆွဲထားပေး"

သူက ဒီသခင်ငယ်ကို မြန်မြန်ပြန်ဆွဲဟု ပြောလိုက်သော်လည်း သူ့နောက်မှ အစေခံများက သူတို့၏သခင်လေးကို မဆွဲရဲပဲ ကျန်းကျိုး၏လက်ကို တွန်းထုတ်ရန် ရောက်လာကြသည်။ "ငါတို့ရဲ့သခင်ငယ်လေးကို လွှတ်လိုက်စမ်း!"

ထိုအခြေအနေကြောင့် မြင်ကွင်းက အတော်လေးရယ်စရာ ဖြစ်လာခဲ့သည်။ သခင်ငယ်လေးက ဝမ်ရန်ကို အရင်နောက်ပြောင်ခဲ့ပြီး ကျန်းကျိုးက သူ့ဇနီးလေးအား အကာအကွယ်ပေးနေသည်မှာ ထင်ရှားနေသော်လည်း ယခုအခါ အစေခံများက ကျန်းကျိုးထံမှ သူတို့၏သခင်လေးကို ပြန်ဆွဲထုတ်နေရသည်။

သခင်ငယ်လေးက အလွန်မောက်မာနေခဲ့သော်လည်း ယခုအချိန်တွင် သူ့၏အစေခံနှစ်ယောက်နှင့်အတူ ကျန်းကျိုး၏ချုပ်ကိုင်မှုမှ သူ့လက်ကို ဆွဲထုတ်ရန်ပင် အားမရှိနေခဲ့ပေ။

အတိုချုပ်ပြောရလျှင် ပြင်ပလူတစ်ဦး၏အမြင်အရ ကျန်းကျိုးက သခင်ငယ်လေးအား ကျီစယ်နေပုံရပြီး သူ့အစေခံများက သခင်ငယ်လေးကို ကာကွယ်ပေးနေသည်ဟု ထင်ကောင်းထင်သွားနိုင်သည်။ ဝမ်ရန်ကတော့ ဖြတ်သွားဖြတ်လာတစ်ဦးသာ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ကျန်းကျိုးက ဤသခင်ငယ်ကို အကြာကြီး ဖမ်းဆွဲထားရန် အစီအစဉ် မရှိခဲ့ပေ။ သူက ထိုသခင်ငယ်လေး ဝမ်ရန်ကို မတားနိုင်ရုံသာ ရည်ရွယ်ထားသောကြောင့် ပြန်လွှတ်ပေးလိုက်သည်။

ဆန့်ကျင်ဘက်တွင် သခင်ငယ်လေးက လွတ်မြောက်ရန် အလွန်အမင်း ရုန်းကန်နေခဲ့သောကြောင့် သူ လွှတ်ပေးလိုက်ချိန်တွင် နောက်သို့ ယိုင်သွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။

သူက သူ့၏လက်ကောက်ဝတ်နီနီကို ဆုပ်ကိုင်ထားပြီး ကျန်းကျိုးကို စိုက်ကြည့်နေကာ "မင်းက ငါ့ကို ဒီလိုလုပ်ရဲတယ်ပေါ့!"

ကျန်းကျိုးက သူ့ကို ပြန်စိုက်ကြည့်လိုက်ပြီး "မင်းကို ဘယ်သူက အရင် စနောက်ခိုင်းလို့လဲ!"

ထို့နောက် သူက စိုးရိမ်တကြီးဖြင့် သူ့ဇနီးလေးဘက်သို့ လှည့်ကာ “မင်း အဆင်ပြေရဲ့လား? ထိခိုက်မိသွားသေးလား?"

ကျန်းကျိုးက ဝမ်ရန်ကို နူးညံ့သောအကြည့်ဖြင့် ကြည့်နေခဲ့သည်။ ၎င်းက သူ့ခင်ပွန်း သူ့ကို ကြည့်လေ့ရှိသည့် နူးညံ့သိမ်မွေ့သော မျက်လုံးများဖြစ်ပြီး အလွန်ရင်းနှီးနေသည်ဟု ဝမ်ရန် ခံစားနေမိသည်။ ထိုမျက်လုံးများထဲမှ ချစ်ခြင်းမေတ္တာအရိပ်အငွေ့များကို သူ ခံစားနိုင်ပြီး သူ့နှလုံးသားကို နွေးထွေးစေခဲ့သည်။

ဝမ်ရန်၏နှလုံးသားက အနည်းငယ် နာကျင်နေခဲ့ပြီး သူက ကျန်းကျိုးကို ပြန်ဖြေရန် သူ့ခေါင်းကိုသာ ခါယမ်းပြလိုက်သည်။

ကျန်းကျိုးက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက်တွင် သူ့အကြည့်များက ဝမ်ရန်၏လက်မောင်းထဲမှ ကလေးလေးဆီသို့ ရောက်သွားပြီး ထိုနေရာတွင် ရပ်တန့်နေလေသည်။ သူ့၏မျက်လုံးများထဲတွင် တမ်းတမှုများ ပြည့်နေသော်လည်း ကလေးကို ပွေ့ချီရန် ဝမ်ရန်ကို မတောင်းဆိုဝံ့ပေ။

ဤနေရာရှိ လူနှစ်ဦးက တစ်ယောက်ကိုတစ်ယောက် နွေးထွေးစွာ ကြည့်နေကြသော်လည်း သူတို့နှင့် မနီးမဝေးတွင်ရှိနေသော သခင်ငယ်လေးက မြစ်ကမ်းနားရှိ လက်ရန်းများကို ကိုင်ထားရင်’ ‘ဝေါ့’ဟူသော အသံဖြင့် ဆိုးဆိုးရွားရွား အန်နေသည်။

အစေခံနှစ်ယောက်က ထိတ်လန့်နေပြီး အပြစ်ရှိသလို ခံစားနေရသော်လည်း ကျန်းကျိုးကိုလည်း အနှောက်အယှက် မပေးရဲကြချေ။ သူတို့၏ သခင်ငယ်လေး ပျို့အန်နေသည်ကို မြင်လိုက်ရချိန်တွင် စိုးရိမ်သွားပုံဖြင့် သူတို့၏သခင်လေးရှိရာသို့ ပြေးသွားကြရင်း “မင်းက ငါတို့ရဲ့သခင်လေးကို နှောင့်ယှက်ဝံ့တယ်။ အခု သူ့မှာ မကောင်းတာတစ်ခု ကြုံလာရင် မင်း စောင့်နေလိုက်တော့။ ငါတို့က မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး!”

ကျန်းကျိုးက ထိုလူသုံးယောက်၏ ဦးခေါင်းများက မကျန်းမမာ ဖြစ်နေသည်ဟု တွေးလိုက်သည်။

သူတို့က ဝမ်ရန်ကို အရင်ဆုံး ဒုက္ခပေးခဲ့ပြီး အခုတော့ သူတို့က ခံရတဲ့သူတွေလို ပြုမူနေကြတယ်။

ကျန်းကျိုးက သူတို့နှင့် စကားပင် မပြောချင်တော့ဘဲ ဝမ်ရန်နှင့်အတူ ထွက်သွားရန် ပြင်ဆင်လိုက်သည်။

သို့သော် ကျန်းကျိုး မမျှော်လင့်ထားသည့်အချိန်တွင် ဝမ်ရန် သူ့ဘက်သို့ လှည့်လာပြီး ရှောင်ယိကို သူ့၏ရင်ခွင်ထဲ ထည့်ပေးလိုက်ကာ သခင်ငယ်လေးဆီသို့ လျောက်လှမ်းသွားခဲ့သည်။

ကျန်းကျိုးက ကလေးလေးကို ထုပ်ပိုးထားသည့် နူးညံ့သော ခြုံစောင်ထုပ်လေးကို အနည်းငယ် တင်တင်းကျပ်ကျပ် ပွေ့ဖက်ထားမိသည်။ ဝမ်ရန်က ကလေးကို အချိန်အကြာကြီး ပွေ့ဖက်ထားခဲ့သောကြောင့် သူ့၏ရင်သွေးလေးဆီမှ နွေးထွေးမှုကို သူ ခံစားနေရသည်။ သူက ကလေးလေးကို ကြည့်ရန် သူ့ခေါင်းငုံ့ထားခဲ့သည်။

ဒါက သူ့ရဲ့ကလေးလေးပဲ။

သူ ကြည့်နေချိန်မှာပင် နူးညံ့ပျော့ပျောင်းပြီး ရှုံ့တွနေသည့် မျက်နှာသေးသေးလေးပေါ်မှ စပျစ်သီးကဲ့သို့ မျက်လုံးဝိုင်းဝိုင်းလေးက ပွင့်လာကာ ကလေးလေးက သူ့လက်များအား မငြိမ်မသက် ဆန့်တန်းထားသည်ကို သူ တွေ့လိုက်ရသည်။

ကျန်းကျိုးက လုံးဝ မလှုပ်ဝံ့ပေ။ သိုသော် ကလေးလေး လက်ဆန့်လိုက်လျှင် အအေးမိသွားမည်ကို စိုးရိမ်သောကြောင့် သူ့လက်ကလေးကို အနှီးထုပ်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။ သို့သော် သူ ကလေးလေး၏လက်ကို ပြန်မထည့်ပေးနိုင်ခင်မှာပင် အချိန်အတော်ကြာအောင် မတွေ့ရသေးသည့် သူ့အဖေက သူ့ထံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည်ကို ခံစားလိုက်ရ၍ ဖြစ်ကောင်းဖြစ်နိုင်ပုံဖြင့် ကလေးလေးက သူ့လက်မကို လှမ်းကိုင်လိုက်ပြီး သူ့မျက်လုံးလေးကို မှေးကျဥ်းကာ ပြုံးနေလေသည်။

ဖခင်ဖြစ်လာပြီး နောက်ပိုင်း သူ့သားလေးကို ပထမဆုံးအကြိမ် ပွေ့ချီခွင့်ရလိုက်သည့် ကျန်းကျိုးက ကလေး၏ဆွဲဆောင်မှုကို လုံးလုံးလျားလျား ခံလိုက်ရတယ်။ သူက ကလေးကို နှစ်ကြိမ်ခန့်ချော့မြူပြီးမှ ဝမ်ရန်ကို လှမ်းကြည့်လိုက်သည်။

ဝမ်ရန်က ပျို့အန်နေသည့် သခင်ငယ်လေး၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ထိုလူငယ်လေးက ထိတ်လန့်သွားပုံဖြင့် နောက်သို့ တွန့်ဆုတ် တွန့်ဆုတ် ပြန်ဆုတ်သွားခဲ့သည်။ သို့သော် သူက အနည်းငယ် အားနည်းနေပုံရကာ မြေပြင်ပေါ်သို့ ဖင်ထိုင်ကြသွားပြီး အနိုင်ကျင့်ခံနေရသည့် မယားငယ်တစ်ယောက်ကဲ့သို့ နောက်သို့ ‌ရွေ့လျားနေဆဲပင်။

သခင်ငယ်လေးက ဆက်မအန်နိုင်တော့ဘဲ ထိတ်လန့်နေပုံဖြင့် “မင်း ဘာလုပ်ချင်လို့လဲ?”

ဝမ်ရန်က သူ့ကို နှစ်ခါလောက် ကြည့်လိုက်ပြီးမှ "ခင်ဗျားက ဒီလိုပုံစံနဲ့ မွေးလာတာလား?"

သခင်ငယ်လေးက နားမလည်ပုံဖြင့် မျက်လုံးပြူးသွားခဲ့သည်။

ဝမ်ရန်က တစ်ချိန်လုံး သတိထားနေခဲ့ပြီး သခင်ငယ်လေးက တခြားသူများနှင့် ထိတွေ့ခြင်းမှ ရှောင်လွှဲနေခဲ့ကြောင်း သူ သတိပြုမိခဲ့သည်။ သူ့နောက်မှ လိုက်လာသည့် သူ့၏အစေခံများကလည်း ​သူတို့သခင်လေးကို ကူညီရန်ပင် သူ့လက်ကို ​​မကိုင်​ရဲကြပေ။ တခြားသူကို စနောက်နေသည့်အချိန်မှာပင် သူက ဟိတ်ဟန်ထုတ်နေမှန်း သိသာနေပြီး တကယ်မလုပ်ရဲကြောင်း မြင်သာနေခဲ့သည်။ ထို့ကြောင့် ဤသခင်ငယ်လေးကို ကြောက်စရာ မလိုဟု သူ သတ်မှတ်ထားခဲ့သည်။ သို့သော်လည်း သူက ဆိုးဆိုးရွားရွား အော့အန်နေသည်ကို မြင်လိုက်ရသောကြောင့် ဝမ်ရန်က သူ့ကို အနည်းငယ် သနားသွားပြီး ထိုမေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့် သခင်ငယ်လေးက သူ့အခြေအနေကို သိထားပုံရပြီး ဝမ်ရန်ကို အနီးကပ်ခွင့် မပြုရဲပေ။

ဝမ်ရန်က သူ အရင်က ဖတ်ခဲ့ဖူးသည့် ဆေးစာအုပ်များအကြောင်း ပြန်တွေးလိုက်ပြီး “သူတစ်ပါးကို ထိမိတာနဲ့ မကြာခဏ အော့အန်တတ်ရင် အကြံတစ်ခု ပေးမယ်။ ဒါက ခင်ဗျားရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့် ဖြစ်နိုင်တယ်။ ခင်ဗျား ခင်ဗျားရဲ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ရင် နွားနို့များများသောက်ပြီး ဂျင်းပြားလေးတွေ ဝါးပေး ဒါမှမဟုတ် ဂျင်းပြုတ်ရည် သောက်ပေါ့"

သူက ထိုသခင်လေး၏ မျက်နှာကို တချက်ကြည့်လိုက်ပြီး “ခင်ဗျားရဲ့မျက်နှာက ဖြူဖျော့နေပြီး မင်းမျက်လုံးတွေ မှိုင်းဝေနေတာကိုလည်း ကျွန်တော် မြင်နေရတယ်။ အဲ့တာက ချီချို့တဲ့ပြီး သရက်ရွက်နဲ့ အစာအိမ်ကို အေးစက်စေလို့ ဖြစ်လာတဲ့ လက္ခဏာပဲ။ နို့က ခင်ဗျားအတွက် အကောင်းဆုံးဆေးပဲ"

ထိုစကားကို ပြောပြီးနောက် ဝမ်ရန်က သခင်ငယ်လေး၏တုံ့ပြန်မှုကို ဂရုမစိုက်တော့ဘဲ ပြန်ထရပ်လိုက်ပြီး ရှောင်ယိကို ခေါ်ရန် ကျန်းကျိုးဆီသို့ ပြန်လာခဲ့သည်။ သို့သော်လည်း သူ့လက်နှစ်ဖက်ကို အကြာကြီး ဆန့်ထားပြီးနောက်တွင်ပင် ကျန်းကျိုးက ‌ရှောင်ယိကို ပြန်မပေးဘဲ ပျော်ပျော်ရွှင်ရွှင် ပွေ့ဖက်ထားခဲ့သည်။

သူ့ဇနီးလေးကို မပွေ့ဖက်နိုင်ရင် အနည်းဆုံးတော့ သူ့လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးမယ့် ချစ်ဖို့ကောင်းတဲ့ သားလေးတစ်ယောက်ရှိနေသေးတယ်။

သို့သော်လည်း ဝမ်ရန် မျက်ခုံးပင့်လိုက်သည်ကို မြင်လိုက်ရသောကြောင့် ကျန်းကျိုးက ရှောင်ယိကို မပေးချင်ပေးချင် ပြန်လွှဲပေးလိုက်သည်။

ဝမ်ရန်က ရှောင်ယိကို ပြန်ယူရန် ရှေ့တိုးလာပြီး ရှောင်ယိကို ပြန်ပွေ့ချီလိုက်ချိန်တွင် ကလေးလေး၏လက်ချောင်းလေးများက ကျန်းကျိုး၏ဆံပင်များကို ဆုပ်ကိုင်ထားပြီး လုံးဝ မလွှတ်ဘဲ တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

ကျန်းကျိုး၏ဆံပင်ရှည်နှုန်းက အခြားသူများထက် အမြဲနှေးကွေးနေပြီး ယခုအချိန်တွင် ၎င်းက သူ့၏ရင်ဘတ်အောက်သာ ရှိနေဆဲဖြစ်သည်။ ရှောင်ယိက ထိုဆံပင်များကို အတိအကျ ရှာတွေ့သွားခဲ့ပြီး ခက်ခက်ခဲခဲ ဖမ်းဆွဲထားခဲ့သည်။

ကျန်းကျိုးက နာကျင်မှုကြောင့် သူ့၏ဦးရေပြားတစ်ခုလုံး ထုံကျင်သွားသလို ခံစားလိုက်ရပြီး နာကျင်မှု လျော့ပါးစေရန် ရှောင်ယိ၏လက်နောက်သို့ လိုက်ပါသွားခဲ့ပြီး ဝမ်ရန်ပေါ်သို့ မှီချလိုက်ရသည်။

ဤယိမ်းထိုးမှုက ကြောက်မက်ဖွယ်ကောင်းလှသည်။

မူလက ကျန်းကျိုးက ရှောင်ယိကို ပြန်ပေးရန်အတွက် အနည်းငယ် ငုံကိုင်းထားခဲ့သည်။ ယခုတွင် သူက သားဖြစ်သူ၏လက်နောက်သို့ လိုက်သွားရင်း ဝမ်ရန်နှင့်အလွန် နီးကပ်သွားသည်ကို သူ တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်ကြားတွင် နေရာလွတ် အနည်းငယ်သာ ကျန်တော့ပြီး တစ်ယောက်နှင့်တစ်ယောက် ထိလုနီးပါး ဖြစ်နေခဲ့သည်။

ကျန်းကျိုးက သူ့ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး ဝမ်ရန်၏ မျက်တောင်များနှင့် ဖျော့တော့သော မျက်လုံးများကို မြင်လိုက်ရသည်။ သူ သတိမလစ်သွားသေးခင် ကာလများ၌ ညဘက်များတွင် ဝမ်ယန်က သူ့ရင်ခွင်ထဲတွင် ခိုအောင်းနေတက်ကာ ရံဖန်ရံခါ သူ့ကို မော့ကြည့်ပြီး စကားပြောချိန်မျိုးတွင် သူက သူ၏နူးညံ့သိမ်မွေ့သော မျက်လုံးလေးများကို မျက်တောင် တဖျပ်ဖျပ် ခတ်နေလေ့ရှိခဲ့ဖူးသည်။

ဝမ်ရန်ကလည်း ကျန်းကျိုး၏ဆံပင်များ ကျွတ်သွားမည်ကို စိုးရိမ်ပြီး ကလေးလေးကို အသံတိုးတိုးဖြင့် ချော့နေရင်းမှ သူ၏ခေါင်းကို စောင်းငဲ့က တိုးတိုးလေး ပြောလိုက်သည်။ "သူက ပစ္စည်းတွေကို အဲ့လို ဖမ်းဆွဲတက်နေပြီ။ ခဏစောင့်လိုက်ပါ၊ ခနနေရင် သူ ပြန်လွှတ်ပေးလိုက်မယ်"

ဝမ်ရန်က ကျန်းကျိုးကို ခေါင်းမော့မကြည့်ဘဲ ရှောင်ယိကိုသာ တမင်ကြည့်နေခဲ့သည်။ သူ့ဇနီးလေးက သူ့ကို မကြည့်သောကြောင့် ကျန်းကျိုးတစ်ယောက် အနည်းငယ် စိတ်ပျက်သွားသော်လည်း တိုးတိုးလေး ပြန်ဖြေလိုက်သေးသည်။

"အဆင်ပြေပါတယ်"

ထိုနေရာတွင် ရှိနေဆဲဖြစ်သည့် သခင်ငယ်လေးက မတ်တတ်ထရပ်လိုက်ပြီး သူတို့နှစ်ဦး၏ ချိုမြိန်သော အခိုက်အတန့်ကို မြင်သွားခဲ့သည်။ သူက မထိန်းနိုင်တော့ဘဲ ဆဲရေးလိုက်တော့သည်။

"ဟမ့်... ခွေးကောင်!"

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment