no

Font
Theme

အခန်း ၃ အေးအတူပူအမျှ

တောင်ခြေသို့ ရောက်သည်နှင့်တပြိုင်နက် လူအုပ်စုက ကျန်းကျိုး၏ သက်ကယ်တဲရှေ့သို့ သွားကာ တောဝက်ကို နေရာချလိုက်ကြသည်။ ကျန်းကျိုးက တောကောင်ကို မည်သို့ကိုင်တွယ်ရမည်ကို မသိသည့်အပြင် လိုအပ်သည့်ကိရိယာများလည်း မရှိသောကြောင့် အတွေ့အကြုံရှိသူများက ၎င်းကို ကိုင်တွယ်ပေးရန် ကူညီပေးနေကြသည်။

သူတို့ရွာက ရိုးရိုးရှင်းရှင်းသာ ဖြစ်ပြီး အသားရှားပါးသောကြောင့် အထူးနေ့ရက်များတွင်သာ အသားစားနိုင်ကြသည်။ ထို့ကြောင့် နှစ်သစ်ကူးကာလတွင်သာ ဝတ်များနှင့် သိုးများကို သတိလေ့ရှိပြီး ယခု ကျန်းကျိုးက တောဝက်တစ်ကောင် ဖမ်းမိလာကြောင်းကြားသောအခါ အားလုံးက သူ့အိမ်ရှေ့သို့ စုရုံးရောက်ရှိလာကြသည်။ ချမ်းသာသော မိသားစုများကလည်း သူတို့၏ အသားစားချင်သော စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ရန်အတွက် သူတို့၏အိမ်သို့ ပြန်ယူသွားရန် အသားအချို့ဝယ်ချင်နေကြသည်။

မကြာမီတွင် လယ်ကွင်းထဲ၌ အိုးကြီးတစ်အိုးဖြင့် ရေဆူအောင် တည်ထားလိုက်ပြီး လျိုစန်းလန်က ဓားရှည်တစ်လက်ကို ကိုင်ဆောင်ကာ တောဝက်၏လည်ပင်းကို ဓားဖြင့် ထိုးလိုက်ပြီး ရင်ဘတ်အထိ ဆွဲခွဲလိုက်သောကြောင့် ဓားရှည်တစ်လျောက် ​သွေးများ စီးကျလာသည်​။

ပုံမှန်အားဖြင့် ဝတ်သတ်လျှင် ဝက်သွေးကို မစားကြဘဲ လွှင့်ပစ်လေ့ရှိကြသည်။ ဝက်သွေးက ညှီလွန်းသည်ဟု ရွာသားများက သတ်မှတ်ထားကြပြီး မည်သို့ စားရမည်ကိုလည်း မသိကြပေ။ ယခုအချိန်တွင် ကျန်းကျိုးက သူ့၏မှတ်ဉာဏ်များထဲမှ တစ်ခုခုကို တွေးလိုက်မိပြီး ဝက်သွေးများကို ဇလုံတစ်ခုဖြင့် ခံကာ ဘေးဖယ်ထားလိုက်ပြီး သူ့ဘာသာသူ ခဲသွားမည့်အချိန်အထိ စောင့်နေရန် တွေးတားလိုက်သည်။

ဝက်သွေးများ ကုန်သွားသော အချိန်တွင် လျိုစန်းလန်နှင့် အခြားသန်မာသောလူတစ်ယောက်က ရေနွေးပူပူများကို အသုံးပြုပြီး တောဝက်၏အမွှေးများကို ဖယ်ရှားလိုက်သည်။ ထိုနောက် တောဝက်၏ဗိုက်ကို ဖွင့်လိုက်ပြီး အူများ အားလုံးကို ထုတ်ယူကာ ဖယ်ထားလိုက်သည်။ ထိုအရာကလည်း ကျန်းကျိုးတောင်းဆိုသော အရာဖြစ်သည်။

လျိုစန်းလန်နှင့် အခြားသူများက အသားများ လှီးဖြတ်နေစဉ်တွင် ရွာသားများက ကျန်းကျိုး၏အနီးတဝိုက်သို့ စုရုံးလာကြပြီး "ကျန်းတာ့ (ကျန်းမိသားစုမှအကြီးဆုံးသား) ဒီအသားကို ရောင်းပေးလို့ ရမလား?"

ကျန်းကျိုးက "အင်း၊ ငါ ရောင်းပေးမှာပါ။ ဒီတောဝက်ကို ငါနဲ့ လျိုစန်းလန်က တတက်ဆီ ယူကြမယ်၊ ငါ တစ်ယောက်တည်း အများကြီး မစားနိုင်ဘူး။ မင်းတို့ လိုချင်ရင် ငါ့ကို ပြောလေ။ ကျန်တဲ့တဝက်ကတော့ လျိုစန်းလန်ရဲ့သဘောအတိုင်းပဲ"

လျိုစန်းလန်က အံ့အားသင့်သွားပြီး "ဒီတောဝက်ကို မင်း သတ်လိုက်တာလေ၊ ငါ ဘာမှ မလုပ်ရဘူး။ ငါက ဘယ်လိုလုပ်ပြီး ဝေစုအများကြီး ယူနိုင်မှာလဲ?"

“မင်းက တောဝက်ကို ရှာတွေ့ခဲ့တဲ့သူလေ၊ ငါက အသံကြားပြီး မင်းကို ကူညီဖို့ လာရင်းနဲ့ တောဝက်ကို သတ်လိုက်တာပါ။ မင်း မငြင်းပါနဲ့၊ ဒီတစ်ဝက်က မင်းအပိုင်ပဲ" ကျန်းကျိုးက ခေါင်းယမ်းကာ ပြန်ငြင်းလိုက်သည်။

လျိုစန်းလန်သာ ဒီတောဝက်ကို ရှာမတွေ့ရင်၊ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပြီး အသံတွေ ထွက်မလာရင် သူက ဘာတွေဖြစ်နေလဲဆိုတာ မသိနိုင်သလို ဒီတောဝက်ကို သတ်နိုင်မှာလည်း မဟုတ်ပါဘူး။ ပြီးတော့ သူက အခုမှ ပြန်နိုးလာတာလေ၊ ရွာသားတွေရဲ့အမြင်မှာ သူက ပျင်းရိပြီး အခွင့်အရေးယူတက်တဲ့သူပဲ၊ အခုက အချိန်ခရီးသွားတဲ့သူ နှောက်ယှက်ခဲ့တဲ့ ကိစ္စတွေကို ပြောင်းပြန်လှန်ပြီး လူတွေက သူ့ကို အထင်ကြီးအောင် ပြန်ပြောင်းလဲဖို့ အချိန်ကောင်းပဲ။

မငြင်းနိုင်တော့သောကြောင့် လျိုစန်းလန်က သဘောတူလိုက်ပြီး "မင်းက အဲ့လိုပြောနေမှတော့ ငါ ထပ်မပြောတော့ပါဘူး။ ငါ လျိုစန်းလန်က မင်းရဲ့ကျေးဇူးကို ပြန်ဆပ်ပါ့မယ်"

လျိုစန်းလန်က သူ့လက်ကို သုတ်လိုက်ပြီး သူတို့ကို ကူညီပေးနေသော လူကြီးတချို့ကို ညွှန်ပြကာ “ဒီညီအကိုတွေက ငါတို့ကို အသားသယ်ဖို့ ကူညီပေးခဲ့တဲ့အတွက် သူတို့အတွက်လည်း ဝေစု ပေးရမယ်။ မင်းက ငါ့ကို တစ်ဝက်တောင် ပေးနေတာဆိုတော့ သူတို့အတွက် ဝေစုကို ငါ့ဝေစုထဲကနေက ပေးလို့ရမလား?"

ကျန်းကျိုးက သူနှင့် ငြင်းခုံမနေတော့ဘဲ ခေါင်းညိတ်လိုက်သည်။

လျိုစန်းလန်က ဓားကို ပြန်ကောက်ကိုင်လိုက်ပြီး နှစ်ခြမ်းခွဲလိုက်သည်။ အတန်ကြာစဉ်းစားပြီးနောက်တွင် သူက သူ့ဝေစုအခြမ်းမှ ခြေထောက်နှစ်ချောင်းကို ဖြတ်ကာ ကျန်းကျိုးကို လှမ်းပေးလိုက်သည်။ ထို့နောက် သူက အဆီများသောအသား သုံးကျင်းခန့်နှင့် ဝတ်ဗိုက်သား အချို့ကို ထပ်လှီးဖြတ်လိုက်ပြီး “ဒါက ညီအစ်ကိုတွေ အတူ စားကြဖို့ပဲ၊ ငါက ဟင်းချက်မတတ်ဘူး။ ဒါအလုပ်ကို မင်းအတွက် ချန်ထားပေးမယ်"

ကျန်းကျိုးက ပြုံးလိုက်ပြီး "ကောင်းပြီ၊ အဲ့တာကို ငါ့တာဝန်ထားလိုက်။ အသားတွေကို လူကြီးတွေနဲ့ ရွာသားတွေအတွက် အရင်ဝေမျှပေးကြမယ်"

သူတို့အတွက် ဖယ်ထားပြီးနောက်တွင် အသား ကျင်းတစ်ရာကျော် ကျန်နေသေးသောကြောင့် ကျန်းကျိုးက ချိန်ခွင်ငှားလိုက်ပြီး ကျန်နေသည့်အသားအားလုံးကို ရောင်းချပေးလိုက်သည်။ သို့သော်လည်း ရွာသားအများစုက မချမ်းသာကြဘဲ အပိုငွေလည်း မရှိသလောက်ပင်။ ထို့ကြောင့် အသားအများစုကို အခြားပစ္စည်းများနှင့် လဲလှယ်ခဲ့ရပြီး တချို့က အများကြီး ဝယ်ယူနိုင်ကြသော်လည်း တချို့ကတော့ အနည်းအကျင်းသာ ဝယ်နိုင်ကြသည်။ ချမ်းသာသော မိသားစုများက ကျင်း ၂၀ မှ ၃၀ အထိ ဝယ်ကြပြီး မချမ်းသာသောမိသားစုတချို့ကတော့ အသားကို မြည်းစမ်းကြည့်၍ ရနိုင်လောက်သည့် ကျင်းဝက်ခန့်ပမာဏကိုသာ ဝယ်ယူနိုင်ကြသည်။

နောက်ဆုံးတွင် ကျန်းကျိုးထံ၌ ဝက်ခြေထောက်လေးချောင်းနှင့် အသားသုံးဆယ်ကျင်း ခန့်သာ ကျန်နေခဲ့ပြီး အခြားရွာသားများထံမှ လဲလှယ်ရရှိသည့် ကြက်၊ ဘဲ၊ ငါးများလည်း ကျန်နေခဲ့သည်။ ထိုအပြင် သူထံတွင် ငွေတစ်လျန်ကျော်ကျော် နှစ်လျန်နီးပါးလည်း ရလိုက်သေးသည်။ ဤတောဝက်က အမှန်တကယ်ကို အဆီများပြီး အသားများ ပြည့်နေသည်မှာ ထင်ရှားလှသည်။

ထို့နောက်တွင် သူက အသားများကို ဝမ်းသာအားရ ပြန်သယ်သွားပြီး သူ့ကို ကူညီပေးခဲ့သည့် ရွာသားများအတွက် ချက်ပြုတ်ပေးရန် ပြင်ဆင်လိုက်သည်။ လူအိုကြီးယန်၏အိမ်ဟောင်းက ပျက်လုနီးပါးဖြစ်နေခဲ့သော်လည်း အတွင်းထဲတွင် မီးဖို ရှိနေသောကြောင့် ရိုးရှင်း‌သောဟင်းများကို ချက်ပြုတ်နိုင်‌သေးသည်။ တောဝက်ကို ကူသယ်ပေးခဲ့သော ရွာသားများက သူတို့အတွက် အသားများစွာ ချက်ပြုတ်နေသည်ကို မြင်သောကြောင့် အနည်းငယ် ရှက်ရွံ့အားနားနေကြသည်။ သူတို့က အလကားစားရမည်ကို အားနာလွန်းသောကြောင့် ခြံဝင်းကို ကူညီသန့်ရှင်းပေးကာ အမှိုက်များကို လှဲကျင်းပေးကြသည်။ သူတို့၏ ကျန်းကျိုး၏အိမ်ခေါင်မိုးကိုပင် ကူညီပြုပြင်ပေးနေသောကြောင့် ကျန်းကျိုးက အပြင်ဘက်တွင် မီးဖိုတစ်ခု ပြင်ဆင်ကာ ခြံထဲတွင်သာ ချက်ပြုတ်ရတော့သည်။

ကျန်းကျိုးက ရွာသားများနှင့် လဲလှယ်ထားသော ပစ္စည်းများကို သေသေချာချာ ကြည့်ရှုလိုက်ပြီး ဝက်သားခေါက်ဆွဲပြုတ်ကို လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုခေါက်ဆွဲကို ရွာထဲမှ အ‌ဒေါ်ချန်က ယူဆောင်လာခြင်း ဖြစ်သည်။ ချန်မိသားစုတွင် မြေအများကြီး ရှိနေပြီး သူတို့က ထိုမြေများအားလုံးကို ဂရုမစိုက်နိုင်သောကြောင့် လယ်မြေများက မြေသြဇာ ချို့တဲ့ပြီး မြေအနည်းငယ်မြုံသွားခဲ့သည်။ ထို့ကြောင့် အဒေါ်ချန်က ကန်စွန်းဥနှင့် ပြောင်းကဲ့သို့သော သီးနှံများ စိုက်ပျိုးရန် နည်းလမ်းကို စဉ်းစားခဲ့သည်။ ထိုခေါက်ဆွဲက ချန်မိသားစု၏ အားလပ်ချိန်များတွင် ထိုသီးနှံများမှ စမ်းသပ်ဖန်တီးထားသောအရာ ဖြစ်ပြီး ရံဖန်ရံခါတွင် စျေးသို့ သွားကာ ရောင်းချ‌လေ့ရှိကြသည်။ လုပ်အား စိုက်ထုတ်ရမှု များပြားသောကြောင့် ထိုခေါက်ဆွဲက ဈေးမသက်သာသော်လည်း လူအများက စားရန် ဆန္ဒရှိနေကြဆဲပင်။

ကျန်းကျိုးက ဝက်သားကို အိုးထဲသို့ ထည့်လိုက်ပြီး ရေနွေးဖြေလိုက်သည်။ ထို့နောက် အသားကို ပြန်ထုတ်ကာ အရောင်လှစေရန်အတွက် သကြားရည် အနည်းငယ်ကို အိုးထဲ ထည့်လိုက်ပြီး ရွှေညိုရောင် သန်းလာသည်အထိ စောင့်လိုက်သည်။ ထို့နောက် အသားကို အိုးထဲသို့ ပြန်ထည့်လိုက်ပြီး ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကို ထည့်မွှေကာ အိုးကို ပြန်ဖုံးထားလိုက်သည်။

သူက မီးနည်းနည်းဖြင့် ချက်ပြုတ်နေပြီး တဖြည်းဖြည်း မွှေးလာသည်အထိ စောင့်နေသောကြောင့် အသားနံ့သင်းသင်းလေး ထွက်လာသည်။ အနံက ပြင်းထန်ခြင်း မရှိသော်လည်း အသားမစားရသည်မှာ ကြာနေပြီ ဖြစ်သော ဤလူများ၏ လောဘကိုတော့ နှိုးဆွပေးနိုင်ခဲ့သည်။ လူတိုင်းက တံတွေး မျိုချနေကြပြီး ဟင်းအိုးကို စိုက်ကြည့်နေကြသည်။

ကျန်းကျိုးက သူတို့ကို ဂရုမစိုက်တော့ဘဲ နောက်ထပ် ဝက်သားဗိုက်ကို အမြန်လှီးဖြတ်လိုက်သည်။ သူက အဆီအများဆုံးရှိသောအပိုင်းကို ရွေးချယ်လိုက်ပြီး သုံးပုံနှစ်ပုံက အဆီပါသော အပိုင်းဖြစ်သည်။ သူက ထိုအသားများကိုလည်း ရေနွေးဖြောရုံ ပြုတ်လိုက်သည်။ ထို့နောက် ဟင်းခတ်အမွှေးအကြိုင်များ မီးပြင်းပြင်းဖြင့် မွှေထားလိုက်ပြီး ရွာသားများဆီမှ ရထားသော အာလူးနှင့် ကြက်သွန်မြိတ်ကို ပါးပါးလှီးထည့်ကာ ထပ်မွှေလိုက်သည်။ ပဲချဉ်ငံပြာရည် တစ်ဇွန်း ထပ်ထည့်ပြီးနောက်တွင် ပါးပါးလှီးထားသော ဝက်သားကို ထည့်လိုက်ပြီး ရောမွှေလိုက်သည်။ နှစ်ခါပြန်ချက်ထားသော ဝက်သား၏ရနံ့က အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုးထွက်လာပြီး လူတိုင်း၏နှာခေါင်းများထဲသို့ စိမ့်ဝင်သွားတော့သည်။

လျိုစန်းလန်က တံတွေးမျိုချလိုက်ပြီး သက်ပြင်းချလိုက်ကာ "မင်း ချက်ပြုတ်လိုက်တာနဲ့ အနံ့က ဘာလို့ ဒီလိုဖြစ်လာရတာလဲ?"

ကျန်းကျိုးက သူ့ကို ပြန်ရယ်ပြလိုက်ပြီး ဘာမှ မပြောခဲ့ပေ။

အရင်တုန်းက ဒီလူတွေက ဗိုက်ပြည့်ဖို့ပဲ စိတ်ပူနေကြရပြီး အစားအသောက်က အရသာရှိ မရှိကို တွေးတောဖို့ အားလပ်ချိန်ဆိုတာ ဘယ်လိုရှိနိုင်ပါ့မလဲ? ပြီးတော့ သူတို့ ရွာမှာက နှစ်သစ်ကူးမှာပဲ အသားနည်းနည်း ဝယ်ကြတာလေ။ အဲ့ထဲက အသားအများစုကို ပူဇော်ပွဲအတွက်သုံးကြရပြီး ဟင်းခတ်အမွှေးအကြိုင်တွေ မထည့်ဖို့ တားမြစ်ထားတာကြောင့် အသားထဲကို ဆားအနည်းငယ် ထည့်ပြီး ပြုတ်လိုက်တာပါပဲ။ လူတွေ စားရတဲ့အချိန် ရောက်ရင် အရသာက သိပ်မကောင်းဘူး၊ အငန်ဓာတ်ကိုပဲ ခံစားရလိမ့်မယ်။

ကျန်းကျိုး ချက်ပြုတ်နေချိန်တွင် အဒေါ်လုက အဝေးမှ ဟင်းသီးဟင်းရွက်ခြင်းတောင်းဖြင့် ပြန်လာနေပြီး သူ့ကို မြင်သည်နှင့် သူမက သူ့ကို စကားပြောခွင့်မပေးဘဲ ခရမ်းသီးနှစ်လုံး လှမ်းပေးလိုက်ပြီး "လယ်ကွင်းထဲမှာ ခရမ်းသီးအရင့်တွေပဲ ကျန်တော့တာလို့ ငါ ထင်နေခဲ့တာ၊ အခုတော့ ဒီခရမ်းသီးနှစ်လုံးကို ရှာတွေ့ခဲ့တယ်၊ မင်းဦးလေးနဲ့ ငါက ခရမ်းသီး စားရတာ ငြီးငွေ့နေပြီဆိုတော့ မင်းကို ပေးလိုက်မယ်"

သူမက ကြင်နာတတ်သောကြောင့် ကျန်းကျိုးက သူမအတွက် အသားတစ်ပိုင်း လှီးဖြတ်လိုက်သည်။ သို့သော်လည်း သူ ဘာမှ မပြောရသေးခင်မှာပင် အဒေါ်လုက သူမ၏ခြေထော် မီးလောင်နေသလို ထွက်ပြေးသွားပြီး “ဒါက ခရမ်းသီးနှစ်လုံးပဲ၊ ဘာမှ အဖိုးမတန်ဘူး။ မင်း ဒီအတိုင်း ယူထားလိုက်လို့ရတယ်၊ ငါ့ကို အသားတွေ မပေးနဲ့။ ငါက မင်းကို လှည့်စားဖို့ ဒီကို ရောက်နေတာ မဟုတ်ဘူး!”

ကျန်းကျိုးက သူမကို နောက်မှ ကျေးဇူးပြန်ဆပ်ရန်သာ တွေးထားလိုက်တော့သည်။ သူက နောက်သို့ ပြန်လှည့်ကာ ဟင်းဆက် ချက်နေခဲ့ပြီး ကြက်ဥနှင့်ခရမ်းသီးမွှေကြော် တစ်ပန်းကန်စာကို ထပ်ပြင်ဆင်လိုက်သည်။ နောက်ဆုံးတွင် သူက လူတိုင်းစားနိုင်ရန် ဖိတ်ခေါ်လိုက်သည်။

ခဏအကြာတွင် လူလေး၊ ငါးယောက် ဝိုင်းထိုင်နေကြပြီး စားစရာများကို မကုန်မချင်း စားသောက်ကြတော့သည်။

အဲ့တာက သူတို့အားလုံး စားစရာတွေ ချွေတာနေတာပါပဲ၊ ဖြန်းတီးလို့ မဖြစ်ဘူးလေ၊ နောက်ဆုံးတော့ သူတို့ရဲ့ပါးစပ်တွေက ဆီတွေနဲ့ ပြောင်လက်နေပြီး အင်တုံအောက်ခြေက ထမင်းတွေကို ဆီနဲ့ရောမွှေလုနီးပါးပါပဲ။

သူတို့ ထမင်းစားနေချိန်တွင် ကျန်းကျိုးက ဝက်ခြေထောက်လေးချောင်းကို သန့်ရှင်းရေး လုပ်နေပြီး တစ်ချောင်းကို ပဲပိစပ်ဖြင့် ရောချက်ကာ နောက်တစ်ချောင်းကို ပဲငံပြာရည်ဖြင့်ပြုတ်ပြီး ဝက်ခြေထောက်စွပ်ပြုတ် ပြလုပ်လိုက်သည်။ ကျန်နေသည့် ခြေထောက်နှစ်ချောင်းကိုမူ ချန်ထားရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက တောဝက်သား တစ်ကျင်းခွဲခန့်ကို လှီးဖြတ်လိုက်ပြီး အပေါက်ဖောက်ကာ လျှော်ကြိုးဖြင့် ချည်နှောင်လိုက်ပြီး အပြင်သို့ သယ်လာခဲ့သည်။

လျိုစန်းလန်က ပန်းကန်များကို ကူညီဆေးကြောပေးနေပြီး သူ အပြင်ထွက်မည်ကို မြင်လိုက်သောကြောင့် လှမ်းမေးလိုက်သည်။

"မင်း ဘယ်သွားမလို့လဲ?"

ကျန်းကျိုးက "ဝမ်ရန်ရဲ့အိမ်ကို သွားမလို့"

လျိုစန်းလန်က ချက်ချင်း နားလည်သွားပြီး သူ သယ်ဆောင်သည့်အရာများကို ကြည့်ကာ သူ့ကို မျက်လုံးမှိတ်ပြလိုက်ပြီး "မင်းက မင်းရဲ့မိန်းမကို တကယ်ချစ်တတ်တာပဲ"

ကျန်းကျိုးက အနည်းငယ် အားကိုးရာမဲ့ နေခဲ့ပြီး ဝမ်ရန်က သူ့ကို စကားပြော မပြောပင် သူ မသိနိုင်တော့ပေ။

သူ လှည်းပေါ်က ပြုတ်ကျပြီး သတိလစ်သွားလို့ အစားထိုးခံလိုက်ရတာမျိုး မဖြစ်သေးခင်မှာ ဝမ်ရန်က နေ့တိုင်း မောပန်းနွမ်းနယ်နေပြီး အားနည်းနေတာကြောင့် အမြဲတမ်းအိပ်ချင်နေခဲ့တယ်။ သူက ဝမ်ရန် နေမကောင်းဖြစ်မှာကို စိုးရိမ်မိတာကြောင့် မြို့က ဆေးဆရာကို ဖိတ်ခေါ်ခဲ့တယ်။ အံ့သြစရာကောင်းတာက ဝမ်ရန်မှာ ကိုယ်ဝန်ရှိ နေခဲ့တယ်။ ကောတွေ ကိုယ်ဝန်ရနိုင်တယ်ဆိုတာ သူတို့ သိထားပေမယ့် ကိုယ်ဝန်ရနိုင်တဲ့ အခွင့်အလမ်းက နည်းပါးလွန်းတယ်။ ဒါပေမယ့် သူနဲ့ ဝမ်ရန်က ငယ်စဉ်ကတည်းက ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး ချစ်ကျွမ်းဝင်ခဲ့တာကြောင့် သူတို့ရဲ့မိဘတွေက သူတို့ရဲ့အိမ်ထောင်ရေးကို သဘောတူခဲ့ကတယ်။ အဲ့တာကြောင့် တခြားသူတွေကလည်း သူ ယောက်ျားလေးတစ်ယောက်နဲ့ လက်ထပ်တာကို ဘာမှ မပြောနိုင်ပါဘူး။ သူမှာလည်း ကလေးယူဖို့ အစီအစဉ် မရှိပေမယ့် ဝမ်ရန်က ကိုယ်ဝန်ရှိလာမယ်လို့တော့ ဘယ်ထင်ထားပါ့မလဲ?

အဲဒီနေ့က သူ အရမ်းစိတ်လှုပ်ရှားနေပြီး လှည်းပေါ်ကနေ ပြုတ်ကျသွားခဲ့တယ်...

အချိန်ကူးပြောင်းလာသူရဲ့မှတ်ဉာဏ်တွေအရတော့ အဲ့လူက ယောက်ျားတစ်ယောက် ကိုယ်ဝန်ရှိနေတာကို မယုံနိုင်ခဲ့ဘူး။ သူက ဝမ်ရန့်ကို အရူးတစ်ယောက်လို့ သတ်မှတ်ခဲ့တယ်။ အဲဒီလူက ဘာမှ ဖွင့်မပြောခဲ့ပေမယ့် သူက ကျန်းကျိုးနဲ့ စရိုက်နဲ့ မတူတော့ဘူး။ ဝမ်ရန်က အရင်ကတည်းက အရမ်းထက်မြက်တာကြောင့် သူ ဘယ်လိုမှ မရိပ်မိဘူးဆိုတာ မဖြစ်နိုင်ဘူး။

တကယ်တော့ ဝမ်ရန်နဲ့ အဲ့ဒီလူ ရန်ဖြစ်ရတဲ့ နောက်ကွယ်က အကြောင်းအရင်းအမှန်က မအောင်မြင်တဲ့ လုပ်ငန်းကြောင့် မဟုတ်ဘူးလို့ သူ ထင်နေမိတယ်။ ဒီအကြောင်းပြချက်က လုံးဝ မဖြစ်နိုင်ဘူး။ တစ်ခါက ဝမ်ရန်က သူ့လက်ကို ဆုပ်ကိုင်ထားပြီး သူနဲ့ အေးအတူပူအမျှ မျှဝေ ခံစားပေးမယ်လို့ ပြောခဲ့ဖူးတယ်။ ဆိုင်တစ်ဆိုင်အတွက်နဲ့ ဘယ်လို ရန်ဖြစ်ရမှာလဲ?

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment