no

Font
Theme

အခန်း ၁၁ ဆောင်းဦးရိတ်သိမ်းပွဲတော်

ကျန်းကျိုးက ဝမ်ရန်အကြောင်း တွေးတောရင်း မြန်မြန် ငွေရှာချင်နေခဲ့သည်။ အနည်းဆုံးအနေဖြင့် သူက သူတို့၏ အိမ်ဟောင်းကို အရင် ပြန်ရွေးချင်နေခဲ့သည်။

သူ အခု နေထိုင်နေတဲ့ ဒီနေရာက ဆိုးဝါးလွန်းပြီး ဝမ်ရန်နဲ့ သူတို့ရဲ့ကလေးငယ်လေးကို ဒီနေရာမှာ ဒုက္ခခံခိုင်းဖို့ သူ မလုပ်ရက်ပါဘူး။

ကံကောင်းထောက်မစွာဖြင့် သူ့၏ကြက်ဥမုန့်လုပ်ငန်းက တဖြည်းဖြည်း ပိုအဆင်ပြေ ချောမွေ့လာခဲ့သည်။ လုတာ့လန်က နေ့တိုင်း ကြက်ဥများနှင့်အတူ ရောက်လာတက်ပြီး သူက ထိုကြက်ဥများအားလုံကို ကြက်ဥမုန့်အဖြစ် ပေါင်းပေးရသည်။ ထို့နောက် သူတို့၏ မူလသဘောတူညီချက်အတိုင်း ခွဲဝေကာ သူက ကျန်နေသည့် သူ့၏ဝေစုကို ဦးလေးယွိဆီသို့ ပို့ပေးရသည်။ ဦးလေးယွိက လှေပေါ်မှတဆင့် ရှောင်းဟယ်မြစ်ကြောင်းတစ်လျှောက်မှ ကျေးရွာများကို ရောင်းချလေ့ရှိပြီး သူတို့နှစ်ယောက်လုံး ငွေအမြောက်အမြား ရှာဖွေနိုင်ခဲ့ကြသည်။

အချိန်တွေကြာလာသည်နှင့်အမျှ ကျန်းကျိုးက သူ့၏ဦးခေါင်းဒဏ်ရာ ပြန်လည်ကောင်းမွန်လာပြီး လုပ်ငန်းတစ်ခု ပြန်စလုပ်ကြောင်း သူ့ပတ်ဝန်းကျင်ရှိ လူတိုင်း သိလာကြသည်။ သူ ရောင်းချနေသည့် ကြည်ဥမုန့်ပွများက နူးညံ့ပြီး အရသာလည်း ရှိသည့်အပြင် ဈေးကလည်း မကြီးသောကြောင့် လူတော်တော်များများက ဝယ်ယူရန် ရောက်လာတက်ကြသည်။

ရှောင်းဟယ်ရွာမှ ရွာသားများက ဦးလေးယွိ၏လှေကို စောင့်နေမည့်အစား သူတို့နှင့် ပိုနီးသော ကျန်းကျိုး၏အိမ်သို့ ကြက်ဥမုန့်ဝယ်ရန် တိုက်ရိုက်ရောက်လာကြသည်။ သူတို့အထဲမှ ကြင်နာတတ်တဲ့ အဒေါ်လုကလည်း ကျန်းကျိုးဆီသို့ ရောက်လာခဲ့ပြီး သူမ ပျော်ရွှင်နေခဲ့သည်။ သူမက ကျန်းကျိုးအတွက် အကြံကောင်းတစ်ချို့ကိုလည်း ဝေမျှပေးခဲ့သည်။

“သိပ်မကြာခင်မှာ ဆောင်းဦးရိတ်သိမ်းပွဲတော် ကျင်းပတော့မယ်။ အဲ့အချိန်ရောက်ရင် မြို့ထဲမှာ ဈေးပွဲတော်တစ်ခုရှိလိမ့်မယ်၊ ဒီကြက်ဥမုန့်တွေကို မြို့ထဲယူသွားပြီး မရောင်းချင်ဘူးလား? စျေးရောင်းဖို့ ခုံသေးသေးလေးလုပ်လိုက်ရင် ရပြီ"

သူမ ပြောနေသည့် ဆောင်းဦးရိတ်သိမ်းပွဲတော်က ဆောင်းဦးရာအတွက် ကောက်ရိတ်သိမ်းပွဲတော် အကြောင်း ဖြစ်သည်။ ထိုရက်များတွင် ရှောင်းဟယ်မြစ်၏အနီး တစ်ဝိုက်ရှိ ရွာများနှင့် မြို့များတွင် ထိုကဲ့သို့သော စျေးများရှိတက်သည်။ ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် မြို့များတွင် လူအများအပြား ရှိသောကြောင့် ဆောင်းဦးရာသီ ရိတ်သိမ်းချိန်အတွင်း ဈေးများက အမြဲစည်ကားနေတက်ပြီး စျေးသည်များအတွက် ငွေရှာရန် အလွယ်ကူဆုံးအချိန်လည်း ဖြစ်သည်။

သာမာန်လယ်သမားများပင်လျှင် ၎င်းတို့၏မိသားစု၀င်ငွေကို ဖြည့်တင်းရန် အချို့သောအရာများကို ထုတ်ရောင်းကြသည်။ တစ်ချို့က အိမ်သုံးပစ္စည်းလေးများကို အလဲအလှယ်လုပ်လေ့ရှိကြသည်။

သူ ပြန်သတိရလာပြီးနောက် ကျန်ကျိုးက နောင်တရနေပြီး သူ့၏ကြက်ဥမုန့်လုပ်ငန်းကို ကောင်းကောင်း လုပ်ကိုင်နေကြောင်း တွေ့မြင်နေရသည်။ ထို့ကြောင့် အဒေါ်လုက ကျန်းကျိုးအနေဖြင့် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ရန် သတိပေးနေခြင်း ဖြစ်သည်။ သူမက သူ ပွဲတော်ကာလအတွင်းမှာ ငွေအများကြီးရနိုင်စေရန် တိုက်တွန်းနေခြင်း ဖြစ်သည်။

ကျန်းကျိုးကလည်း ထိုပွဲတော်အကြောင်းကို အသေအချာ သိနေခဲ့ပြီး သူ့၏ကိုယ်ပိုင် အစီအစဉ်များ ပြုလုပ်ထားပြီး ဖြစ်သည်။ သို့သော် သူက အဒေါ်လုကို ကျေးဇူးတင်နေဆဲဖြစ်သည်။ သူ ပထမဆုံး ပြန်နိုးလာသည့်အချိန်က သူမ၏အကူအညီပေးမှုကိုလည်း သူ ပြန်သတိရနေမိသေးသည်။ ယခုတကြိမ် သတိပေးမှုကို ထည့်သွင်းစဥ်းစားပြီးနောက် နောက်ဆုံးတွင် ကျန်းကျိုးက အဒေါ်လုအတွက် ကြက်ဥမုန့်နှစ်လုံး ပေးလိုက်သည်။

သူ့လက်ထဲမှ ကြက်ဥမုန့်တသုတ် ကုန်ခါနီးတွင် ကျန်းကျိုးက ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းပွဲအတွက် ပြင်ဆင်စရာများကို စတင် ပြင်ဆင်နေလေသည်။

အမှန်တကယ်တွင် ကြက်ဥမုန့်တစ်မျိုးတည်းက ငွေရှာရန် မလုံလောက်ပေ။ ထုတ်ကုန်တစ်ခုတည်းမှ ငွေအများကြီး ရှာနိုင်မည် မဟုတ်သောကြောင့် ကျန်းကျိုးက တခြားအရာများကို တွေးတောထားပြီး ယခုအချိန်က သူ့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။

ယခုအခါတွင် သူ၏မုန့်လုပ်ငန်းက နာမည်ကျော်ကြားလာသောကြောင့် သူက အစားအသောက်လုပ်ငန်းဖြင့် အမြတ်ထုတ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

သူ့၏ ကြက်ဥမုန့် ထုတ်လုပ်မှုပမာဏကို တိုးမြှင့်နိုင်ရန် ကျန်းကျိုးက သူတို့ရွာမှ လက်သမားတစ်ယောက်နှင့် တိုင်ပင်ပြီး နောက်ထပ် မုန့်ပေါင်းခွက်တစ်စုံ ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။ ကျန်းကျိုး၏ လိုအပ်ချက်နှင့် တောင်းဆိုမှုများက များလွန်းပြီး ၎င်းက သူ့ဘဝတွင် သူ လုပ်ဖူးသမျှထဲမှ အကြီးဆုံးသော လက်ရာဖြစ်သည်။ ကျန်းကျိုးက သူ့ကို အလွှာပေါင်းများစွာ ထည့်ခိုင်းခဲ့ပြီး သူကလည်း အကောင်းဆုံး လုပ်ပေးခဲ့သည်။

ကျန်းကျိုးက ဤမုန့်ပေါင်းခွက်ကို ပွဲတော်အတွင်း အသုံးပြုမည် ဖြစ်သည်။

မကြာမီ ဆောင်းဦးရိတ်သိမ်းပွဲ ရောက်ရှိလာပြီး ကျန်းကျိုးက ဦးလေးကျန်းထံမှ နွားလှည်းကို ကြိုငှားထားပြီး သူ့ပစ္စည်းများကို ဈေးထဲသို အရင်ရွှေ့ထားကာ နေရာကောင်းတစ်နေရာကို ကြိုဦးထားလိုက်သည်။

သူ့ပတ်ဝန်းကျင်မှ လူများက သူ့ကို မသိကြပေ။ ထိုလူများက သူနှင့်တစ်ခါမှ မတွေ့ဖူးသည့်သူများ ဖြစ်သောကြောင့် ကျန်းကျိုးက သူတို့ကို နှုတ်ဆက်စကားပင် မပြောတော့ဘဲ သူ့၏မီးဖိုကို မီးစမွှေးလိုက်သည်။

သူက အိုးကြီးတစ်လုံးထဲသို့ ရေထည့်ကာ မုန့်ပေါင်းခွက်ကို တင်လိုက်ပြီး ထိုအပေါ်မှ အုပ်ထားလိုက်သည်။ ကျန်းကျိုးက ထိုအိုးရှေ့တွင် စားပွဲရှည်နှစ်လုံးကို ခင်းလိုက်ပြီး စားပွဲတစ်လုံးက သူ ပြုလုပ်ပြီးသည့် မုန့်များကို တင်ရန်ဖြစ်ပြီး နောက်စားပွဲရှည်တစ်လုံးက သူ ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ရန် ဖြစ်သည်။

ကောင်းကင်မှ အလင်း‌ရောင် ထွက်ပေါ်လာချိန်တွင် ဈေးက စတင်စည်ကားလာပြီ ဖြစ်သည်။

မရေမတွက်နိုင်သော လူများ စုဝေးရောက်ရှိလာပြီး မြစ်ထဲသို့ လှမ်းကြည့်လိုက်လျှင် ဖွေးဖွေးလှုပ်အောင် လှော်ခတ်သွားလာ နေကြသည့် လှေများစွာကို မြင်နေရပေလိမ့်မည်။ ထိုလှေများပေါ်မှ လူများအားလုံးက လူပင်လယ်ထဲသို့ ဖြည်းညှင်းစွာ ပေါင်းစည်းလာကာ ဈေးထဲသို့ ရောက်ရှိလာကြပြီး သူတို့စိတ်ဝင်စားသည့်ဆိုင်တစ်ခုစီသို့ သွားနေသောကြောင့် တစ်ဖြည်းဖြည်း လူစုကွဲသွားပြန်သည်။

ဖြတ်သွားသော လူအုပ်ကြီးကို မြင်လိုက်သည်နှင့် တပြိုင်နက် ကျန်းကျိုးက သူ့၏ကြီးမားသော မီးဖိုကြီးကို ဖွင့်ရန် သူ၏ခွန်အားရှိသမျှကို အသုံးပြုလိုက်သည်။ မွှေးကြိုင်လွန်းသည့် ကြက်ဥမုန့်ရနံ့များက လေထဲသို့ ထိုးတက်သွားပြီး လမ်းတစ်ဝိုက် ပျံ့နှံ့သွားသည်။ လက်ရှိအချိန်တွင် ဆွဲမက်ဖွယ်အကောင်းဆုံးမှာ လမ်းတစ်လျှောက်လုံးနီးပါးပျံ့လွင့်နေသည့် ကြက်ဥမုန့်၏ရနံ့ဖြစ်သည်။

စျေးသို့ ရောက်လာသူများထဲမှ ကျန်းကျိုး၏ ကြက်ဥမုန့်ကို မြည်းစမ်းဖူးသူအချို့ဆိုလျှင် ချိုမြိန်သည့်အရသာကို ပြန်တွေးမိသွားကြပြီး ဗိုက်ဆာလာသလို ခံစားနေကြရသည်။ သူတို့က ထိုအနံ့ကို အလွန်ရင်းနှီးနေကြသည်။ သူတို့အားလုံးက သူတို့၏မိသားစုဝင်များနှင့်အတူ လာခဲ့ကြပြီး သူတို့၏မိသားစုဝင်တချို့က ထိုကြက်ဥမုန့်ကို မစားဖူးကြပေ။ ကြက်ဥမုန့်အကြောင်းကို မသိသော်လည်း စမ်းစားကြည့်ရန် စိတ်ဝင်စားနေသူများလည်း ရှိနေသေးသည်။ သူတို့က မြို့ထဲတွင် တစ်နေကုန်နေရမည်ဟု ခန့်မှန်းထားကြပြီး ယနေ့ကဲ့သို့နေ့မျိုးတွင် စားသောက်ဆိုင်များ၌ လူများ ပြည့်နေတက်သည်။ ထို့အပြင် ပွဲတော်ရက်အတွင်း၌ စားသောက်ဆိုင်များက ၎င်းတို့၏စျေးနှုန်းများကို တိုးမြှင့်ထားတက်ကြသည်။ နောက်ထပ် အကြောင်းအရာတစ်ခုက ထိုအစားအစာများကို စားရန် အနည်းငယ် ငြီးငွေ့နေကြခြင်း ဖြစ်သည်။ နောက်ဆုံးတွင် သူတို့၏ဗိုက်ကို ဖြည့်ရန် ကြက်ဥမုန့်နှစ်တုံးဝယ်လိုက်ခြင်းက ပိုကောင်းပြီး တခြားအရာများဝယ်ရန် ပိုက်ဆံ အနည်းငယ် ချန်ထားနိုင်မည်ဟု တွေးလိုက်ကြသည်။

တစ်ချို့က သူ့တို့ စိတ်ထဲတွင် စွဲထင်နေသည့်ရနံ့ကို အနံ့ခံရင်း ကျန်းကျိုး၏ဆိုင်နားသို့ ရောက်ရှိလာကြသည်။

လူတိုင်းက လူစုလူဝေးကို ကြည့်ရန် အမြဲစိတ်ဝင်စားကြပြီး အကယ်၍ တစ်နေရာတွင် လူများစွာ စုဝေးနေပါက ၎င်းတို့က စိတ်လှုပ်ရှားစွာဖြင့် ပျော်ပျော်ရွှင်ရွှင် ပါဝင်လာကြပေလိမ့်မည်။ ထိုသို့ဖြင့် သိပ်မကြာခင်မှာပင် ကျန်းကျိုး၏ ဈေးဆိုင်တစ်ဝိုက်၌ လူအုပ်ကြီး စုရုံးလာခဲ့သည်။ အားလုံးက ကျန်းကျိုးကို မေးခွန်းများ မေးနေကြသည်။

ကြက်ဥမုန့်ကို စားဖူးသူများက "သူဌေး၊ ဒါက ကျန်းတာ့ရဲ့မိသားစုက ကြက်ဥမုန့်နဲ့အတူတူပဲလား? တစ်ခု ဘယ်လောက်လဲ?"

"ဟေ့ ဒီကျန်းတာ့က ဘယ်သူလဲ? ကြက်ဥမုန့်ဆိုတာက ဘာလဲ?"

တချို့လူများကတော့ မသိကြပေ။

အခြားလူများကလည်း စားပွဲပေါ်ရှိ ပစ္စည်းများကို လက်ညှိုးထိုးပြပြီး “ဒါက ဘာလဲ? စားလို့ ရလား?"

"ရတယ်၊ ဒီကြက်ဥမုန့်က ငါကိုယ်တိုင် လုပ်ထားတာပါ။ ငါက ကျန်းတာ့ပါ။ ဒီကြက်ဥမုန့်က တစ်လုံးကို သုံးဝမ်ပဲ... ဈေးတက်မှာ မဟုတ်ဘူး” ကျန်းကျိုးက အပြုံးဖြင့် စိတ်ရှည်လက်ရှည် ရှင်းပြနေခဲ့သည်။

ကျန်းကျိုးက အခြားဇလုံများကို အဖုံးဖွင့်လိုက်ပြီး သူ ပြင်ဆင်ထားသော တခြားအရာများဖြစ်သည့် အသီးအရွက်အရည်များဖြင့် အရောင်ဆိုးထားသော ဆန်မုန့်များကိုလည်း ပြသလိုက်သည်။ ဆန်မုန့်များတွင် အစိမ်းရောင်၊ အနီရောင်၊ လိမ္မော်ရောင်နှင့် အဝါရောင်စသည်ဖြင့် အရောင်မျိုးစုံရှိပြီး ဟင်းနုနွယ်ရွက်စိမ်း၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ မုန်လာဥနီနှင့် ပြောင်းဖူးစသည့် ဟင်းရွက်နှင့် အသီးအနှံများ၏ အရည်များကို ညှစ်ယူကာ ဆေးဆိုးထားခြင်း ဖြစ်သည်။ သူက ထိုဆန့်မုန့်များကို အချွန်ပုံစံ အတုံးသေးသေးလေးများ လှီးဖြတ်ပြီး အရောင်အသွေးစုံစည့် ပန်းပွင့်သဏ္ဍာန်လေး ဖြစ်အောင် ပြန်စီထားခဲ့သည်။ ကလေးများက လှပသော ရောင်စုံပစ္စည်းများကို အမြဲနှစ်သက်တက်ကြသည်။

ထို့အပြင် ရွှေဖရုံသီးပေါင်းလည်း ရှိနေသေးသည်။ သူက ရွှေဖရုံသီးသေးသေးလေးများကို ရွာသားများထံမှ ဝယ်ယူခဲ့ပြီး အခွံခွာကာ ထိပ်ပိုင်းကို ဖြတ်တောက်ပြီး အတွင်းပိုင်းမှ အစေ့များကို ခြစ်ထုတ်ထားခဲ့သည်။ ထို့နောက် ထိုရွှေဖရုံသီး၏အလယ်ထဲသို့ လှီးဖြတ်ထားသည့် လတ်ဆတ်သော မျှစ်များ၊ ကြွက်နားရွက်မှိုနှင့် မှိုအမျိုးမျိုးတို့ကို ထည့်ပြီး ပေါင်းထားခြင်းဖြစ်သည်။ အောက်ခြေတွင် ကန်စွန်းဥအလွှာတစ်ခုလည်း ရှိနေသေးသည်။

ကျန်းကျိုးက ယနေ့တွင် သူ့စီးပွားရေး ကြီးကြီးမားမား ဖြစ်ထွန်းမည်ကို မျှော်လင့်ထားပြီး ဖြစ်သည်။

လူတွေက သူတို့ရဲ့ဆာလောင်မှုကို တခါတည်း ပြေပျောက်စေနိုင်တဲ့ အစားအစာကို မဝယ်စားဘဲ အစားအစာမျိုးစုံကို တစ်ခုချင်းစီ ဝယ်စားပြီး သူတို့ရဲ့ဗိုက်ကို ဖြည့်ကြလိမ့်မယ်။ ဒါကြောင့် သူက ကြီးကြီးမားမားတွေ မလုပ်ဘဲ သေးငယ်တဲ့ပုံစံ သရေစာတွေကို ရွေးချယ်ပြုလုပ်ထားခဲ့တာလေ။

ကျန်းကျိုးက ထိုသိုသောအရာများစွာကို ပြုလုပ်ထားသည့်အပြင် အချိန်ခရီးသွားသူ၏ မှတ်ဉာဏ်ထဲမှ ဆူရှီဟု ခေါ်သည့် သရေစာကိုလည်း ပြင်ဆင်ထားခဲ့သေးသည်။ သူက ဝက်သားကို အသားမျှင်ဖြစ်အောင် ပြုလုပ်ထားပြီး မြစ်ပုဇွန်နှင့် သခွားသီးများကို အချောင်းလေးများ ဖြစ်အောင် လှီးထားခဲ့သည်။ သူ့မှတ်ဥာဏ်ထဲမှ တကယ့်ဆူရှီအစစ်လောက် မပြည့်စုံသော်လည်း လက်ရှိအနေအထားတွင် အရသာရှိပြီး ထူးခြားသည့်စားစရာတစ်မျိုး ဖြစ်နေလေသည်။

သူ့ဆိုင်တွင် စားစရာများ အများကြီး ရှိနေပြီး အားလုံးက လူတော်တော်များများကို ဆွဲဆောင်နိုင်သည့် ဆန်းသစ်သောအရာများ ဖြစ်သသည်။ ကျန်းကျိုးက တစ်ယောက်တည်း ရှိနေသောကြောင့် စားစရာများ ယူပေးခြင်း၊ ဆူရှီလိပ်ခြင်း၊ ငွေသိမ်းခြင်းစသည် အရာအားလုံးကို ကိုယ်တိုင်ပြုလုပ်နေသည်။ ထို့ကြောင့် နေ့လည်စာ စားရန်ပင် အချိန်မရှိလောက်အောင် အလွန်အလုပ်များနေပြီး ဆာလောင်မှု ပြေပျောက်စေရန် ဆန်မုန့်နှစ်တုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ ထိုးထည့်လိုက်ရသည်။

သူ အလွန်အလုပ်များနေသောကြောင့် သူနှင့် မနီးမဝေးတွင် ရပ်နေသည့် ဝမ်ရန်ကိုပင် သူ မတွေ့လိုက်ပေ။ ဝမ်ရန်က ကလေးလေးကို ချီထားပြီး ထိုနေရာတွင် ရပ်နေကာ သူ့ကို ခဏလောက် စောင့်ကြည့်နေသေးသည်။ ထို့နောက် သူက တစ်ခုခုကို တွေးမိသွားပုံဖြင့် လှည့်ထွက်သွားခဲ့သည်။

ဤဈေးက ရက်အတော်ကြာအောင် တည်ရှိနေမည် ဖြစ်သောကြောင့် ကျန်းကျိုးက နေ့တိုင်းလာပြီး ဆိုင်ဖွင့်ရန် စီစဉ်ထားခဲ့သည်။ သူက အရင်ဆုံး သူ့၏ပုံရိပ်ကို တည်ဆောက်ပြီး သူ့၏ကိုယ်ပိုင် ဆိုင်းဘုတ်ကို ထူထောင်ရန် ကြံစည်ထားခဲ့သည်။ သူ့ထံတွင် စိတ်ကူးကောင်းတစ်ခုလည်း ရှိနေသေးသည်။

အရင်ဆုံး ဆိုင်‌သေးသေးလေး တစ်ဆိုင်ဖွင့်မယ်၊ ပြီးရင် နေရာတစ်ခု ရအောင်ကြိုးစားပြီး ဆိုင်ကြီးတစ်ဆိုင် ထပ်ဖွင့်မယ်.... မဝေးတော့တဲ့ အနာဂတ်မှာ သူ ဆိုင်တွေ အများကြီး ဖွင့်နိုင်လိမ့်မယ်။

သူက ပျော်ပျော်ကြီး တွေးနေပြီး သူ့လှုပ်ရှားမှုများကလည်း ပိုမြန်လာခဲ့သည်။ သူက လုံ့လဝီရိယရှိပြီး အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သူ ဖြစ်သည်။ ညအချိန် နီးလာချိန်တွင် သူက သူ့ဝင်ငွေနှင့် ပတ်သက်ပြီး အကြမ်းဖျင်း တွက်ချက်လိုက်ရာ ယနေ့အတွက် ငွေနှစ်လျန်လောက် အမြတ်အစွန်းကျန်ပုံရသည်။

သူ့ဆိုင်တွင် ရှိရှိသမျှအကုန်လုံးနီးပါး ရောင်းကုန်သွားပြီ ဖြစ်သည်။ ညဘက်တွင် မီးပုံးပွဲတော်ရှိသောကြောင့် သူက သူ့ဆိုင်ကို ဆက်ဖွင့်ရန် အစီအစဉ် မရှိတော့ပေ။ သူက ဆိုင်ကို သန့်ရှင်းရေး လုပ်ပြီး မနက်ဖြန်အတွက် အနည်းငယ် ဈေးဝယ်ထွက်ရန် စိတ်ကူးထားခဲ့သည်။

သူ လမ်းထောင့်တစ်ခုကို ကွေ့ဝင်လိုက်ပြီး မြစ်ကမ်းဘက်မှ လမ်းကြားကို ဖြတ်ကူးနေချိန်တွင် ဝမ်ရန်က ကလေးလေးကို ချီထားရင်း မနီးမဝေးလမ်းကြားတွင် ပိတ်ဆို့ခံနေရသည်ကို သူ လှမ်းတွေ့လိုက်ရသည်။

လမ်းကို ပိတ်ဆို့ထားသည့်လူက ဝမ်ရန်ကို ညစ်ညမ်းသောအကြည့်ဖြင့် ကြည့်နေပြီး မောက်မာသောလေသံဖြင့် မေးလိုက်သည်။

“ဟေး… ကောလေး.... မင်းက ဘာလို့ ဒီမှာ တစ်ယောက်တည်းရှိနေရတာလဲ?”

ဒီစာရေးသူမှာ ပြောစရာ ရှိပါတယ်.....

ရှောင်ယိ (လက်ချောင်းလေးများကို ကိုင်လျက်) : အစ်ကိုကြီး... မင်းက မျက်မမြင်ပဲ ဖြစ်ရမယ်....

ကျန်းကျိုး : ဟီး ဟီး :-)

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment