အပိုင်း ၆၉
-တစ်ညလုံး စိတ်ပူလိုက်ရတာ သေတော့မလားမှတ်ရတယ်။
ဖုန်းစပီကာကိုကျော်၍ ဟိန်းထွက်လာသောအော်သံကြောင့် အီယွန်း ဖုန်းကို ခပ်ဝေးဝေးသို့ ခေတ္တခွာထားလိုက်ရသည်။ တရှုံ့ရှုံ့ငိုသံကို ကြားနေရသော်လည်း မသိကျိုးကျွန်ပြုပေးထားလိုက်၏။ အဆက်မပြတ်ထွက်ပေါ်လာသည့် ဆူပူကြိမ်းမောင်းသံများက ချူဂျာ ရှူးခနဲ နှပ်ချေးညှစ်လိုက်ပြီးမှသာ အဆုံးသတ်သွားတော့သည်။
-ဒါပေမဲ့လည်း သမက်ဂွမ်က နင်အိပ်နေတယ်၊ ဒဏ်ရာအနည်းအကျဉ်းကလွဲရင် ဘာမှမဖြစ်ဘူးဆိုပြီးတော့ ဖုန်းဆက်လာတယ်။
“အာ……”
-စိတ်မပူဖို့ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး ပြောရှာလို့သာပေါ့။
တစ်ချက်ကလေး ချူဂျာ၏အသံက ပိုပိုကဲကဲ နူးညံ့သွားရာမှ တစ်ဖန် ပြန်လည်ခက်ထန်လာပြန်သည်။
-နှလုံးသားမရှိတဲ့ ကောင်မစုတ်လေးတစ်ယောက်ကတော့ လက်ချောင်းတွေပဲ ကျိုးသွားလို့လားမသိဘူး၊ ဖုန်းလေးတစ်ချက်တောင် ဆက်ဖော်မရတာပါ။
မွန်းတည့်နေပြီဖြစ်သည်ကိုမြင်မှ လန့်နိုးလာသည်မှာ မိနစ်ပိုင်းမျှသာ ရှိသေးသည်။ ဖုန်းထဲတွင် လွဲသွားသောခေါ်ဆိုမှုပေါင်းများစွာ ရှိနေသော်လည်း အီယွန်းက ဘေးနားရှိ အိပ်ရာနေရာလွတ်ကို ကြည့်ကာ ကြောက်လန့်တကြား မလှုပ်မယှက်နိုင်ဖြစ်နေခဲ့ခြင်းပင်။ အကယ်၍ တိုက်တိုက်ဆိုင်ဆိုင် လူနာခန်းထဲသို့ ဂွမ်ချယ်ဝူသာ ဝင်မလာခဲ့လျှင် အီယွန်း မည်မျှအထိ ထိုသို့ဖြစ်နေမည်မှန်း မည်သူမျှ သိနိုင်မည်မဟုတ်ပေ။
အီယွန်းတစ်ယောက် မိမိ၏မြင်ကွင်းထဲသို့ ဂွမ်ချယ်ဝူ ဘေးကင်းစွာ ရောက်ရှိလာကြောင်း အတည်ပြုပြီးမှသာ တောင့်တင်းနေသော ပုခုံးများကို လျှော့ချနိုင်တော့သည်။ ထိုအခါမှသာ တုန်ခါနေသော ဖုန်းသံကို ကြားနိုင်စွမ်းရှိလာပြီး ပြန်ဖြေရန် အားအင်ရှိလာ၏။ အီယွန်းက ဂွမ်ချယ်ဝူ သယ်လာသော ဈေးဝယ်အိတ်ကို တစ်ချက်လှမ်းကြည့်ရင်း ပြောလိုက်သည်။
“ခဏနေ လာခဲ့ပါမယ်။ ဒီနေ့က နှစ်ပတ်လည်နေ့ မဟုတ်လား။”
-အမလေးနော်၊ မတော်ရင် နင့်အသုဘနေ့တောင် ဖြစ်သွားနိုင်တာကို။ ငါ့ကို အာရုံစိုက်မနေနဲ့။
“မဟုတ်တာ၊ အခုပဲ လာခဲ့ပါ့မယ်။ တစ်ယောက်တည်း မလုပ်ဘဲ အိမ်ကိုလာခဲ့ပါ။”
အီယွန်း ဖုန်းကို အမြန်ချကာ နေရာမှ ထရပ်လိုက်သည်။ လှုပ်ရှားလိုက်တိုင်း ပေါင်ကြားမှ အောင့်တောင့်တောင့်ဖြစ်နေသော်လည်း သည်းမခံနိုင်လောက်သည့် အခြေအနေမျိုးတော့ မဟုတ်ပေ။
“……ဘယ်သွားခဲ့တာလဲ။”
“အီယွန်းက အဲ့ဒီပုံစံနဲ့ အပြင်ထွက်လို့မဖြစ်ဘူးလေ။”
သူက မျက်ခုံးကို တစ်ချက်ပင့်လိုက်ရင်း အီယွန်း၏ လူနာဝတ်စုံကို မသိမသာ ဝေ့ဝဲကြည့်ခဲ့သည်။ အတွင်းခံပင် ဝတ်မထားသော အီယွန်း၏အသားစိုင်များကို ထိုအကြည့်တစ်ချက်ကပင် ပြင်းပြင်းထန်ထန် ထိတွေ့ပွတ်သပ်သွားသလို ခံစားလိုက်ရ၏။
ထိုလူက မက်မွန်ရောင်ဖျော့ဖျော့ နူးညံ့သည့် ဘရာစီယာနှင့် အတွင်းခံဘောင်းဘီကို ကမ်းပေးလာရာ အီယွန်းလည်း ယင်းတို့ကို အမြန်ဆွဲယူကာ ကျောနောက်တွင် ဝှက်လိုက်သည်။
“ပိုက်ဆံက ဘယ်ကရတာလဲ။”
ထိုစကားကြောင့် ဂွမ်ချယ်ဝူက ဟက်ခနဲရယ်ချင်စိတ်ကို အောင့်ထားရသလို မျက်နှာက အနည်းငယ် ပျက်ယွင်းသွားသည်။
“လမ်းမှာ ကိုယ်တို့အိမ်ရဲ့ မိသားစုဆရာဝန်ဆိုတဲ့လူနဲ့တွေ့လို့ သူ့ဆီကို တင်ပြလိုက်တာ။ ဆေးရုံမြေအောက်ထပ်မှာ လူသုံးကုန်ပစ္စည်းတွေကအစ မရှိတာလည်း မရှိဘူးပဲ။”
“ဒါပေမဲ့လည်း…… ချယ်ဝူက အခုအထိ လူနာပဲကို။ ကျွန်မကိုပဲ နှိုးလိုက်ပါတော့လား။”
ထိုအခါ မျက်စိတစ်မှိတ်အတွင်း အနားသို့ ရောက်ရှိလာသော ထိုလူက အီယွန်း၏ ခါးကို တင်းတင်းကျပ်ကျပ် ဖက်ခဲ့သည်။
“ဘယ်နေရာသွားသွား အဲ့ဒီလို ဖြူစင်လွန်းတဲ့စကားတွေ မပြောပါနဲ့။”
“……”
ပူနွေးသော လေငွေ့များ လည်တိုင်ဆီသို့ ကျရောက်လာချိန်တွင် မနေ့ညက တစ်ညလုံး အနှိပ်စက်ခံထားရသော ပေါင်ကြားက တဒိတ်ဒိတ်နှင့် အောင့်လာသည်။ ဂွမ်ချယ်ဝူ၏ ကိုယ်နံ့၊ လေငွေ့၊ အသံနှင့် ပြင်းထန်သော ဆုပ်ကိုင်အားတို့အပေါ် အလိုအလျောက် တုံ့ပြန်နေသော မိမိ၏ ခန္ဓာကိုယ်ကြောင့် အီယွန်းတစ်ယောက် အတော်ပင် ပျာယာခတ်သွားရ၏။
“ဒီလောက်လေး ထိရုံနဲ့တင် ဖောင်းကြွနေတဲ့ နို့သီးခေါင်းလေးရဲ့ပုံစံကို မျက်စိထဲမြင်ယောင်နေတာ။ ကိုယ် တစ်ညလုံး စုပ်ထားတဲ့ နို့သီးခေါင်းလေးကို တခြားကောင်တွေ ရိပ်မိသွားပြီး လိုက်ကြည့်နေမှာကို ဘယ်လိုစိတ်နဲ့ အသာကြည့်နေရမှာလဲ။”
အီယွန်း မျက်လုံးများ ပူနွေးလာသဖြင့် သူက ဂွမ်ချယ်ဝူ၏ ကျယ်ပြန့်သော ရင်ခွင်ထဲတွင် မျက်နှာကို ဝှက်ထားလိုက်တော့သည်။
“အပေါ်အောက် အတွင်းခံတောင် ဝတ်မထားတဲ့ အီယွန်းကို တစ်ယောက်တည်း အပြင်လွှတ်ဖို့ဆိုတာ နောက်လည်း ဘယ်တော့မှရှိလာမှာမဟုတ်ဘူး။ ခေါင်းကို သေနတ်နဲ့ အပစ်ခံရတာမဟုတ်ရင် ဘယ်လိုလင်ယောက်ျားက အဲ့ဒီလောက် သွေးကြောင်တဲ့အလုပ်မျိုး လုပ်မှာလဲ။”
သူက တိုးညင်းသောအသံနှင့်အတူ အီယွန်း၏ခါးကို ဖြည်းဖြည်းချင်း ပွတ်သပ်ပေးနေသည်။
“ချ၊ ချယ်ဝူက နည်းနည်းလောက် ထပ်လှဲနေတာ ပိုကောင်းမယ်ထင်တယ်။”
“ကိုယ်နဲ့အတူ လှဲပေးမယ်ဆိုရင်ပေါ့။”
အာခေါင်များ ခြောက်ကပ်လာသဖြင့် အကြောင်းအရာ အမြန်ပြောင်းရန် ကြိုးစားခဲ့သော်လည်း ဘာမှမထူးပေ။ သွယ်လျသော လည်တိုင်ပေါ်တွင် မျက်နှာအပ်ကာ ခွေးပေါက်လေး အမြီးနှံ့သလို ပွတ်သီးပွတ်သပ်လုပ်နေသော ထိုလူကြောင့် အပူရှိန်က ပို၍သာ တက်လာရသည်။
“……ကျွန်မ အိမ်ကို ခဏဝင်ပြီး ညနေကျရင် ပြန်လာခဲ့ပါ့မယ်။”
“အဲ့ဒါတော့ မကြိုက်တာကို။”
ရုတ်တရက် ခါးကို ဖက်ထားသောအားက ပို၍ပြင်းထန်လာသည်။ ထိုအခါ အီယွန်းက ခေတ္တတွေဝေနေပြီးမှ သူ၏ကျောကို ပုတ်ပေးလိုက်၏။
“ချယ်ဝူက သံမဏိမဟုတ်ဘူးလေ။ အသက်ရှင်နေတဲ့ လူသားတစ်ယောက်ပါ။ အခုက ငယ်သေးလို့သာ၊ အသက်ကြီးလာရင် နာတာရှည်ရောဂါတွေ ဖြစ်လာလိမ့်မယ်။ ပြန်နာလန်ထူဖို့ စောင့်ရတာ ပျင်းစရာကောင်းမှာဆိုပေမဲ့ အနည်းဆုံးတော့ ဒီအချိန်ကာလကို လျစ်လျူမရှုပါနဲ့။”
“……”
“ပြီးတော့ ဒဏ်ရာရထားတဲ့လူက၊ အဲ့ဒီညမှာတင်…………ပါ လုပ်ခဲ့သေးတယ်တဲ့လား။”
“ဘာလုပ်လို့လဲ။”
ဂွမ်ချယ်ဝူက ဆုံးမစကားပြောနေသောကြောင့် အကြောစိမ်းလေးများ ထနေသည့် အီယွန်း၏ လည်တိုင်ပေါ်သို့ အငမ်းမရ နမ်းရှိုက်ခဲ့သည်။
“……ရောင်နေတဲ့ကြားက ဆက်တိုက်လုပ်ခဲ့တာမဟုတ်လား။”
တိုးတိုးလေးပြောလိုက်သော အသံထဲတွင် အပြစ်တင်သံ သဲ့သဲ့လေး ပါဝင်နေ၏။
“အဲ့ဒါက ကိုယ့်ပုခုံး ရောင်နေတာကို ပြောတာလား၊ ဒါမှမဟုတ် အီယွန်းရဲ့ အပေါက်လေး….”
“နှစ်ခုလုံးပါ။”
အီယွန်း ထိုလူ၏ ကျောပြင်ကို ဖတ်ခနဲနေအောင် တစ်ချက် ရိုက်လိုက်သည်။
ဂွမ်ချယ်ဝူကမူ ပွင့်ထွက်လာမည့် ရယ်သံကို ထိန်းချုပ်ရန် အခက်တွေ့နေရ၏။
ဤမိန်းမ၏ အရာအားလုံးကို သူ သဘောကျသည်။ သစ်ပင်လူသားဘဝက မိမိကို စွန့်ပစ်မသွားခဲ့သည့် တာဝန်သိစိတ်ကိုရော၊ စနောက်ရလွယ်သည့် သူ၏ ရိုးသားဖြူစင်မှုကိုရော၊ မကျွမ်းကျင်သော sex ကိစ္စရော အားလုံးက ချစ်စရာကောင်းလွန်းသဖြင့် ရင်ခွင်ထဲမှ လုံးဝ မလွှတ်ချင်တော့ပေ။ ဂွမ်ချယ်ဝူ ဆုံးရှုံးသွားသော မှတ်ဉာဏ်များက မည်သို့ပင်ဖြစ်စေ၊ ထိုအတိတ်များအတွက် တစ်စက်ကလေးမျှ မနှမြောမိတော့သည့်အထိပင်။ မိမိက ပို၍တန်ဖိုးရှိသော အရာကို ရရှိခဲ့သည်ဟု ယုံကြည်ထား၏။
“ဘယ်သူ့ဘက်ကပဲဖြစ်ဖြစ် ရောင်နေလို့ဆိုပြီး လီးကို ဒီအတိုင်း ပြန်ထုတ်ပစ်တာ ငတုံးပဲနေမှာပေါ့။”
“……ချယ်ဝူ၊ ဒီလောကမှာ ယဉ်ကျေးမှုဆိုတဲ့ စကားလုံးရှိတယ်ရှင့်။”
ရုတ်တရက် သူက ကပ်ထားသော ကိုယ်ကို ခွာလိုက်ကာ အီယွန်းကို ငုံ့မိုးကြည့်လာသည်။
“ကိုယ့်အတွက်ကတော့ ယဉ်ကျေးတာထက် နေ့တိုင်းလုပ်ဖို့က ပိုအရေးကြီးတယ်။”
ကြောင်တောင်တောင်နှင့် မျက်တောင်လေးခတ်နေသော အီယွန်းကို ကြည့်ရင်း ဂွမ်ချယ်ဝူက မျက်နှာချင်းဆိုင် ဖြစ်သွားစေရန် ကိုယ်ကို ကိုင်းလိုက်သည်။
“အီယွန်းကရော မကြိုက်လို့လား။”
နေ့ခင်းဘက် နေရောင်အောက်တွင် ပို၍ ဖျော့တော့နေသော မျက်ဝန်းများက ဝင်းလက်နေ၏။ အီယွန်း တဒင်္ဂ ပြောမည့်စကားကိုပင် မေ့လျော့သွားကာ ပန်းဝတ်မှုန်များ ပျံ့လွင့်နေသလိုရှိသော ပယင်းရောင် မျက်ဆန်များကို ငေးကြည့်နေမိသည်။
“……မ၊ မကြိုက်တာတော့ မဟုတ်ပေမဲ့ လုပ်ပြီးရင် နာပါတယ်။”
“အဲ့ဒါ ကိုယ်က လူပျိုပေါက်လေးလို လုပ်မိလို့လား။”
ဂွမ်ချယ်ဝူ၏ မျက်ခုံးနှစ်ဖက်က ရုတ်တရက် ကျုံ့သွားသည်။
“နှိုင်းယှဉ်တာမျိုးတော့ မလုပ်ချင်ပေမဲ့……ကိုယ် အရင်ကထက် အများကြီး ညံ့သွားလို့လားဟင်။”
“……”
အီယွန်း သင့်တော်မည့် အဖြေကို ရှာမတွေ့နိုင်ဖြစ်နေစဉ် သူက စိုးရိမ်ပူပန်သော မျက်နှာထား ဖြစ်လာသည်။
“မဟုတ်တောင် ကိုယ်က သိတာဘာမှမရှိလို့၊ နည်းလမ်းလည်းမရှိဘဲ ခွေးလို ဆောင့်ရုံပဲဆောင့်နေမိတာ ဖြစ်မှာပေါ့။ အီယွန်းက အဲ့ဒီ ယဉ်ကျေးမှုဆိုတာကို လိုချင်တယ်ဆိုရင် ကိုယ် အရင်ဆုံး သင်ယူပါ့မယ်။ ဆယ်ခါလုပ်မဲ့အစား ငါးခါပဲလုပ်ပြီး၊ ငါးခါလုပ်မဲ့စား သုံးခါပဲ လျှော့လုပ်ရင်၊ ဟား…… အဆင်ပြေသွားမလား။”
ထိုလူက ဆဲရေးစကားကို အံကြိတ်ကာ ထုတ်ဖော်လိုက်သလို မျက်လုံးကို တင်းတင်းမှိတ်ထားသည်။
“အဲ့ဒါ မဟုတ်ပါဘူး။”
အီယွန်း မျက်နှာအရဲသားနှင့် အော်ပြောလိုက်သည်။
“အဲ့ဒါကြောင့် မဟုတ်ပါဘူး၊ ချယ်ဝူကြောင့် မဟုတ်ဘဲ……”
“မဟုတ်ဘဲ။”
“ဒီအတိုင်း……အဲ့ဒါက အရမ်းကြီးနေတော့ ကျွန်မက နည်းနည်းလောက် ညင်ညင်သာသာလေး လုပ်စေချင်လို့ပါ……”
“ထင်တဲ့အတိုင်းပဲ၊ အပြင်မထွက်ပါနဲ့။”
စောစောကအထိ စိုးရိမ်တကြီးဖြစ်နေသော ဂွမ်ချယ်ဝူက ရုတ်တရက် အကြည့်ကို စူးစူးစိုက်စိုက် စိုက်ကြည့်ရင်း တံတွေးမျိုချခဲ့သည်။
“အဲ့ဒါမှ မဖြစ်ရင် ကိုယ်လည်း ဆေးရုံဆင်းမယ်။”
~~~~
နောက်ဆုံးတွင် VIP ခန်းကို တစ်ညအိပ်သည့် မိုတယ်လိုသာ အသုံးပြုပြီးနောက် ထွက်လာခဲ့ကြသော လူနှစ်ဦး အိမ်သို့ ဦးတည်ခဲ့ကြသည်။
ယနေ့က ချူဂျာ၏ တတိယမြောက် ခင်ပွန်း၊ ဆိုလိုသည်က အီယွန်း၏ သွေးဝေးသောဆွေမျိုး ဦးလေး၏ နှစ်ပတ်လည်နေ့ပင်။ အရင် ကွယ်လွန်သွားကြသော ချူဂျာ၏ ခင်ပွန်းများအနက် မပျက်မကွက် လုပ်ပေးသည့် နှစ်ပတ်လည်နေ့လည်းဖြစ်၏။ ခြံဝင်းတံခါးအပြင်ဘက်မှပင် အကြော်နံ့များ သင်းပျံ့နေသဖြင့် အားနာစိတ်ပင် မရှိဘဲ တံတွေးမျိုချလိုက်မိတော့သည်။
အိမ်ရှေ့သို့ရောက်တော့ စီတန်းထားသော ကျောက်ခဲလေးများက ပုရွက်ဆိတ်အုပ်လို ခြေဖဝါးအောက်မှ ဖြတ်သန်းသွား၏။ အီယွန်းက ထိုကျောက်ခဲများအနက်မှ ပိုးကောင်လေးများ အလှဆင်ထားသော ချစ်စရာ ကျောက်ခဲလေးများကို ကောက်ယူကာ အိတ်ကပ်ထဲ ထည့်လိုက်သည်။ သူများအတွက် တိုက်ဆိုင်မှုတစ်ခုလို မြင်ရနိုင်သော်လည်း ဤနောက်ပြောင်ကျီစယ်ဟန် စီတန်းထားမှုက အီယွန်း၏ မျက်လုံးထဲတွင် ပြင်းထန်သော စိုးရိမ်မှုအဖြစ် မြင်ရ၏။
ယင်းမှာ ဂယူဘဲ့၏ ကိုယ်ပိုင်ဖော်ပြချက်တစ်ခုဖြစ်ကြောင်း သိနေသည်။ ကလေးငယ်တစ်ယောက်ပင် မိမိ၏စိတ်ကို ဤမျှအထိ ထက်ထက်သန်သန် ဖော်ပြနေသည်ကို……
“တကယ်ပဲ ဒါကတော့ မဟုတ်သေးပါဘူး။”
အီယွန်းက မိမိနောက်မှ လိုက်လာသော ခန္ဓာကိုယ်ထွားထွားနှင့် လူကို မကျေမနပ် ကြည့်လိုက်သည်။
“ချယ်ဝူက ထပ်ပြီး နားနေမှဖြစ်မှာကို တရားလွန်လုပ်ရာက တကယ် ဒုက္ခရောက်ကုန်လိမ့်မယ်လို့။”
အီယွန်းက ဂွမ်ချယ်ဝူ၏ ကွဲနေသော နဖူးကို တစ်ချက်ချင်း လှမ်းကြည့်ရင်း နှုတ်ခမ်းကို သပ်လိုက်သည်။ တစ်စုံတစ်ယောက်ကမူ သာမန်ဒဏ်ရာဟု ဆိုနိုင်သော်လည်း ရုတ်တရက် ပေါ်လာသော အက်ကြောင်းကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အီယွန်းအတွက်မူ ထိုဒဏ်ရာက ပျက်စီးနေသော လျှပ်စစ်ကြိုးတစ်ခုလို ခံစားရ၏။
ထိုတဒင်္ဂ တွေ့ဆုံမှုက ထင်မှတ်မထားသော ရိုက်ချက်တစ်ခု ဖြစ်ခဲ့သောကြောင့်ပင်။
အီယွန်းက ကြောက်ရွံ့မှုကို ဗုံဆင်ထားသည့်အင်္ကျီလို ဝတ်ထားရသည်။ မိမိကို သတ်ရန် ကြိုးစားခဲ့သည့်လူ ပြန်လာမလား မသိနိုင်ပေ။
ထိုမရေမရာဖြစ်နေသော ခံစားချက်က အမှန်တကယ် ဖြစ်လာခဲ့သည့် အခိုက်အတန့်တွင်။ အီယွန်း၏ သဲနာရီက ပို၍ပင် အရှိန်အဟုန်နှင့် စီးဆင်းသွားတော့သည်။
“အီယွန်းလည်း ကိုယ့်ကို ပြောခဲ့ဖူးတယ်မဟုတ်လား။ ဘယ်နေရာပဲဖြစ်ဖြစ် ခေါ်သွားပေးပါဆိုပြီးတော့။ ကိုယ်လည်း အဲ့ဒီလို စိတ်မျိုးပါပဲ။”
“အဲ့ဒါနဲ့….”
“ဒါနဲ့ မတူဘူးဆိုတဲ့ စကားကိုတော့ မပြောပါနဲ့။”
“……ဒါပေမဲ့ ချယ်ဝူက ကျွန်မစကားကို တစ်ခါတည်းနဲ့ ပယ်ချခဲ့တာပဲလေ။”
အီယွန်း ဒေါသတကြီး အသက်ရှူနေတော့ သူက ပြတ်ပြတ်သားသားပင် ပြောလာသည်။
“ကိုယ်က အသက်ရှင်ချင်လို့ အဲ့ဒီလို လုပ်ခဲ့တာပါ။”
ရုတ်တရက် မကျေမနပ်ဖြစ်နေသော အသက်ရှူသံများ ရပ်တန့်သွား၏။
“အဲ့ဒီလိုမှ မဟုတ်ရင် ကိုယ်သေသွားတော့မလို ခံစားရလို့။ အီယွန်းကို ရှေ့တန်းတင်တယ်ဆိုတာ ကိုယ့်အတွက် အဲ့ဒီလို အဓိပ္ပာယ်မျိုးပါ။”
သူက ပင်ပန်းနေဟန်ဖြင့် မျက်မှောင်ကြုတ်ရင်း အီယွန်း၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာသည်။
“ဒီအတိုင်း မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ အလိုလိုသိစိတ်အရ မင်းကို ကယ်တင်ပြီး မင်းနောက်ကို လိုက်နေမိတာ။ အဲ့ဒါက အခုလိုမျိုး တစ်ကိုယ်ကောင်းဆန်သလို မြင်ရနိုင်ပေမဲ့ ကိုယ့်ကမ္ဘာရဲ့ စံနှုန်းက အီယွန်းဖြစ်နေပြီသားကို ဘယ်လိုလုပ်မလဲ။ ကိုယ့်ကို သနားပေးလို့ မရဘူးလား။”
“……”
သို့သော် အီယွန်း မည်သို့မျှ မလှုပ်မယှက်ရှိနေတော့ ဂွမ်ချယ်ဝူ၏ ပုခုံးကျယ်ကျယ်များ လျှောကျသွားတော့သည်။
“ထင်တဲ့အတိုင်း ကိုယ်က လူပျိုပေါက်လေးလို နမော်နမဲ့ လုပ်တဲ့ကောင်မို့လို့….”
“အိမ်ထဲရောက်တာနဲ့ မ၊ မဖြစ်မနေ လှဲနေရမယ်နော်။”
လက်ဖဝါးမှ စတင်လာသော အပူရှိန်က နှလုံးသားဆီသို့ အလျင်အမြန် ကူးစက်သွားတော့သည်။ ထိုအပူရှိန်ကြောင့် လန့်သွားသော အီယွန်းတစ်ယောက် တံခါးကို အမြန်ဖွင့်ကာ အရင် ပြေးလုမတတ် လျှောက်သွားလိုက်တော့၏။
တစ်ချက်တစ်ချက် စပ်ဖျဉ်းဖျဉ်းဖြစ်တတ်သော မျက်နှာပေါ်မှ ဒဏ်ရာလေးများသာ မရှိလျှင် မနေ့က အဖြစ်အပျက်မှာ အိမ်မက်တစ်ခုလိုပင် လက်တွေ့မဆန်ပေ။ ဒေသတွင်း သတင်းများတွင် ဟွာအီဒို၏ မြေပြိုမှုသတင်းများကို တစ်နေ့လုံး ကြားနေရပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်မည့် စစ်သားများ တင်ဆောင်ထားသော ဂျစ်ကားများကလည်း လမ်းမပေါ်တွင် တရစပ် ဖြတ်သန်းနေကြသည်။ ထိုသို့ ဆူညံလှသော အခြေအနေမျိုးတွင်ပင် အီယွန်း၏ စိတ်က တည်ငြိမ်နေနိုင်သည်မှာ….
“အီယွန်း၊ အတူတူ သွားရအောင်။”
ပြီးပြည့်စုံစွာ ပြန်လည်ရရှိခဲ့သော နေ့စဉ်ဘဝကြောင့် ဖြစ်ပေလိမ့်မည်။
အိမ်ထဲသို့ ဝင်လိုက်တော့ ရိုးရှင်းသော်လည်း နွေးထွေးသော နှစ်ပတ်လည်ကန်တော့ပွဲကို မြင်တွေ့လိုက်ရသည်။ ချူဂျာက ရိုးရာထုံးတမ်းများကို လိုက်နာမနေဘဲ အမှတ်တရများဖြင့်သာ စားပွဲတစ်ခုလုံးကို အပြည့်ဖြည့်ထား၏။
ဦးလေး ကြိုက်တတ်သော ပေါ့ပြက်ပြက် ကော်ဖီ၊ ဟင်းချက်ညံ့သော ချူဂျာ အကုန်တူးအောင် ကြော်ထားသည့် ဂင်ချီပန်ကိတ်၊ မနပ်သည့် ထမင်း၊ ဟောင်းနွမ်းနေသော ကဗျာစာအုပ်။ ပြီးနောက် ရောဂါဝေဒနာ ခံစားနေရစဉ်မှာပင် ဦးလေး အဆုံးအထိ လက်မလွှတ်ခဲ့သော၊ ယခုအခါ အသက်ကြီးသွားပြီဖြစ်သည့် တစ်ယောက်သောမိန်းမ၏ အပြုံးအထိ။
“ချူဂျာ၊ ကျွန်မ ရောက်ပါပြီ။”
နှစ်စဉ်ရောက်ရှိလာသော နှစ်ပတ်လည်နေ့ ဖြစ်သော်လည်း အီယွန်းက ချူဂျာ၏ မျက်နှာထားကို ထူးဆန်းသည်ဟု အမြဲ တွေးမိလေ့ရှိသည်။ တဒင်္ဂ အခိုက်အတန့်လေးကို ရင်ထဲတွင် ထွေးပွေ့ကာ ရှင်သန်နေသော ထိုအမျိုးသမီး၏ မျက်နှာက အီယွန်းကို ‘အချစ်ဆိုတာ ဘာလဲ’ ဟု ဇဝေဇဝါ ဖြစ်စေရန် လုံလောက်လှ၏။
သို့သော် ပထမဆုံးအကြိမ်အဖြစ်၊ အီယွန်း….
ချူဂျာ၏ ထိုမျက်နှာတွင် မိမိ၏ အနာဂတ်ကို မြင်ယောင်လိုက်သလို ခံစားလိုက်ရသည်။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အစ/အဆုံး ဖတ်လို့ရပါပြီ။
၁၇.၁၀.၂၀၂၆ ကနေ ၃၀.၁၁.၂၀၂၆ အထိ Miel's Translation က telegram paid group ရှိတဲ့ novel အားလုံး ပရိုမိုးရှင်း ရှိတယ်နော်။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။