no

Font
Theme

အပိုင်း ၁၉

ထိုလူ၏ နှုတ်ခမ်းများက အနည်းငယ်ဟနေကာ နာကျင်နေသည့်ဟန်ဖြင့် မျက်ခုံးနှစ်ဖက်ကို ကျုံ့ထားသည်။ နီရဲနေသည့် မျက်ဝန်းထောင့်များက တစ်မျိုးတစ်ဖုံ စိတ်ကို လှုံ့ဆော်နှိုးဆွနိုင်လှ၏။ လန့်သွားသော အီယွန်းလည်း နောက်ဆုတ်လိုက်မိသည်။

“ဘာ၊ ဘာဖြစ်တာလဲ……အဆင်ပြေရဲ့လားဟင်။ ဘယ်နားက နေမကောင်းလို့လဲ။”

အီယွန်း လက်ရန်းကိုကိုင်ပြီး ဆင်းလာရန် ပြင်လိုက်တော့ သူက အေးစက်စက် မျက်နှာထားဖြင့် လက်ကိုမြှောက်ကာ တားလိုက်သည်။

“ဒီအတိုင်း အဲ့ဒီမှာပဲနေပါ။”

ဘာကြောင့်မှန်းမသိ တုန်ရီလှိုက်မောနေသော အသက်ရှူသံများ ရောစွက်နေသည့် အသံပင်။

“ရှင်။”

“အီယွန်း အခု ကိုယ့်အနံ့ကို လာရှူလိုက်မယ်ဆိုရင် အခန်းသပ်သပ်စီခွဲအိပ်ဖို့အတွေးက ပြတင်းပေါက်ကနေ ပျံထွက်သွားမှာမို့လို့ ဒီအတိုင်း အဲ့ဒီမှာပဲနေဖို့ ပြောနေတာပါ။”

“……”

“ဘာလို့လဲ၊ ကိုယ် ပြီးတာကို ထပ်ပြီး ကြည့်ချင်သေးလို့လား။”

အီယွန်း၏ အကြည့်က အမှတ်တမဲ့ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသို့ ရောက်သွားသည်။ ထိုအခါ အဝတ်အစား အပြင်ဘက်မှ အတိုင်းသား ပေါ်လွင်နေသော တုတ်ခိုင်သည့် ပုံရိပ်က သိသိသာသာ ဆတ်ခနဲလှုပ်ရှားသွား၏။

“……အဲ့ဒါက ကြည့်ချင်တယ်လို့ ပြောလိုက်တဲ့အချက်ပြလား။”

သူက မျက်လုံးအစွန်းများကို ကျုံ့လိုက်ကာ ဖြည်းညင်းစွာ မေးခဲ့သည်။

“မ...မဟုတ်ပါဘူး။”

“မဟုတ်တဲ့ပုံလည်း မပေါ်ပါဘူး။ စိတ်ဝင်စားနေတဲ့ပုံကို။”

“ကျွန်မ သိချင်တာက ကြမ်းပြင်ပေါ် စဉ်သွားလား၊ မစဉ်သွားဘူးလားဆိုတာကိုပါ။ ကျွန်မက အိမ်ရှင်ဆိုတော့လေ။ သစ်သားကြမ်းပြင်ပေါ် အစွန်းအထင်းဖြစ်တာမျိုးက ထိလွယ်ရှလွယ်ကိစ္စမို့လို့ပါ……”

အီယွန်းတစ်ယောက် အကြည့်လွှဲရင်း ခခယယလေး ပြန်ဖြေလိုက်သည်။ သူက 'အာ' ဟုဆိုကာ နားလည်သွားဟန်ဖြင့် ခေါင်းညိတ်ပြ၏။ ရှည်လျားစွာ ထွက်ပေါ်လာသော အသံနှင့်အတူ သူ၏ လည်စေ့ကလည်း လှုပ်ရှားသွားသည်။

“ဘာမှမဖြစ်ပါဘူး။ ကြမ်းပြင်က လုံခြုံပါတယ်၊ လောလောဆယ်ပေါ့။”

“……”

“ဒါပေမဲ့ ဒီအတိုင်း ဆက်ရပ်နေရင်တော့ လျှံကျသွားမလားမသိပါဘူး။”

အီယွန်း၏ မျက်နှာက ပေါက်ကွဲလုမတတ် နီရဲသွား၏။ ဂွမ်ချယ်ဝူက ထင်ရှားပြတ်သားသော အရောင်အသွေးကိုမြင်တော့ သွားရည်ကျမိသော်လည်း ချက်ချင်းပင် အံကိုကြိတ်လိုက်သည်။

အမြန်ဆုံး ထွက်သွားတာက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည့် သူက ချက်ချင်း တစ်ဖက်လှည့်ကာ ပထမထပ်ကို ဖြတ်လျှောက်သွား၏။

အီယွန်းက အတော်ပင် ပြတ်သားဟန်ရှိသော ကျောပြင်ကို ငေးကြည့်နေခဲ့ရာမှ သတိဝင်လာသည်။

“မဟုတ်ဘူးလေ၊ ကျွန်မပြောချင်တာ ဒီလိုမဟုတ်ပါဘူး။ အကြာကြီးအိပ်ဖို့ စဉ်းစားထားရင် အခန်းပြောင်းရမှာပေါ့။ ဂွမ်ချယ်ဝူက ကျွန်မအခန်းထဲ ဝင်သွားလိုက်တော့ဘယ်လိုလုပ်မလဲ။ ကျွန်မကို ဘယ်လိုနေခိုင်းမလို့...”

သို့သော် အီယွန်း၏စကားက မဆုံးလိုက်ပေ။

ဂွမ်ချယ်ဝူက တံခါးကို ဒုန်းခနဲမြည်အောင် ပိတ်ကာ တမင် လော့ခ်ပါချလိုက်သောကြောင့်ပင်။ သူ၏ လျစ်လျူရှုမှုကို ခံရခြင်းလည်းမှာ ယခုက ပထမဆုံးအကြိမ်ဖြစ်၏။

ထိုနေ့က ဂွမ်ချယ်ဝူတစ်ယောက် သူ့အား ခေါ်နေသော အသံများကြောင့် ကူကယ်ရာမဲ့စွာ သုတ်ရည်များ ပန်းလွှတ်ခဲ့ရသည်။ အတိုင်းထက်အလွန် ခံစားတုံ့ပြန်နိုင်စွမ်းမြင့်နေသော သူ့အတွက် အီယွန်း၏ ကိုယ်သင်းနံ့စွဲနေသော အိပ်ရာက ငရဲနှင့်တူသော နိဗ္ဗာန်ဘုံဖြစ်နေသဖြင့် နောက်ဆုံးတွင် ဂွမ်ချယ်ဝူလည်း အီယွန်း၏ ခေါင်းအုံးတွင် မျက်နှာကို ဖိအပ်ကာ ပေါက်ကွဲလုမတတ်ဖြစ်နေသော လိင်တံကို ပွတ်တိုက်ရင်း တစ်ညလုံး ညည်းတွားနေရတော့၏။

~~~~

“ဆေးရုံမှာ အီယွန်းရယ်၊ ယောက္ခမကြီးရယ်၊ ပြီးတော့ ကိုယ်ရယ်ပဲ ရှိတာလား။”

ဟွာအီဒုမ် ပရောဂျက် အစည်းအဝေး ညစာစားပွဲသို့ သွားနေစဉ်လမ်းတွင် ဂွမ်ချယ်ဝူ မေးခဲ့ဖူးသည်။

“အင်းဆက် ပါရဂူလည်း ရှိသေးပေမဲ့...အခုတလော ကျောင်းတက်နေရတာနဲ့ အလာကျဲတယ်ရှင့်။”

“တက္ကသိုလ်မှာလည်း ပို့ချပေးရတဲ့ပုဂ္ဂိုလ်ထင်ပါရဲ့။”

“မူလတန်းကျောင်းမှာပါ။”

ထိုစဉ်က အီယွန်း အခြားရှင်းပြချက်ကို ထပ်မပြောမိခဲ့။ မည်သို့ပင်ဖြစ်စေ တစ်အိမ်တည်း အတူနေထိုင်မည်ဆိုလျှင် ကိုယ်တိုင် မြင်တွေ့ရမည်ဖြစ်သောကြောင့်ပင်။

“ဆေးရုံအုပ် ဆရာမ...”

အိမ်ရှေ့တံခါး ရုတ်တရက် ပွင့်လာကာ ကလေးအသံလေးတစ်သံ ပီပြင်စွာ ထွက်ပေါ်လာသည်။ ဖောင်းကားနေသော ကျောပိုးအိတ်ကြီးက ကလေးငယ်ကို ဖိအားပေးနေသော်လည်း ယုံကြည်အားကိုး၍ရသည့် ခြေလှမ်းကျဲကျဲလေးများတွင် ခွန်အားအပြည့်ပင်။

ထိုကလေးက ဖန်အင်းဆက်သေတ္တာကို မြတ်နိုးစွာ ပွေ့ပိုက်ထားသည်။ ယခုမှ မူလတန်းကျောင်းသို့ စတင်ဝင်ခွင့်ရထားသည့် ၇နှစ်အရွယ် အီဂယူဘဲ့ဖြစ်၏။

“အခု နှစ်ဆယ့်ရှစ်စက် ပိုးတောင်မာကြီးနဲ့ နှစ်ဆယ့်ရှစ်စက် ပိုးတောင်မာကို ကိုယ့်ဘာသာ ခွဲခြားနိုင်နေပါပြီ။ ဒီနွေရာသီကျရင် တရုတ်ကပ်ပါးနကျယ်ကို ဆက်ဆက်ဖမ်းပြီး သုတေသန လုပ်မှာပါ။”

ထုံစံအတိုင်း ဂယူဘဲ့က နှုတ်ဆက်စကားထက် အသိပညာဗဟုသုတကို ဦးစွာ ထုတ်ဖော်ပြသ၏။ ထိုကလေးက သူ့နေရာဟု သတ်မှတ်ထားသည့် နေရာတွင် သဘာဝကျကျ ဝင်ထိုင်ကာ အင်းဆက်စွယ်စုံကျမ်းကို ထုတ်ယူ၍ ဖတ်ရှုနေသည်။

ယနေ့ အမြဲစိမ်းထင်ရှူးပင်ဆေးရုံသို့ တွေ့ရတာဝမ်းသာသည့် ဧည့်သည်များ ရောက်လာကြ၏။

တစ်ခုမှာ 'ဟွာအီဒုမ် ပရောဂျက်' အတွက် လျှောက်လွှာကို လက်ခံပြီး နောက်ဆုံးတွင် ပထမအကျော့ ပြိုင်ပွဲဝင်ရန် အသိပေးကြေညာချက် ထွက်လာခြင်းပင်။ နောက်တစ်ခုကား ဆေးရုံ၏ ဧည့်သည်ပါရဂူ ဆရာလေး အတော်ကြာပြီးမှ ပြန်လည်ရောက်ရှိလာခြင်းဖြစ်၏။

အီယွန်းက ​မတွေ့တာကြာပြီဖြစ်သည့် ကလေးငယ်အား ခပ်ပေါ့ပေါ့ လက်ဝှေ့ယမ်းပြပြီးနောက် ကွန်ပျူတာဆီသို့ ခေါင်းပြန်လှည့်လိုက်သည်။

စုစုပေါင်း ကုမ္ပဏီ ၅၀ကျော် ပါဝင်မည့် လူထုရှေ့မှ စိစစ်အကဲဖြတ်ပွဲ။ ယင်းတို့အနက် အမြဲစိမ်းထင်းရှူးပင်ဆေးရုံ၏ ပထမဆုံး ပြိုင်ဘက်မှာ အီယွန်း ကောင်းကောင်းသိသည့် 'စိမ်းလန်းသော သစ်ပင် ဆေးရုံ' ပင်။

အရပ်ပုပြီး ပိန်သွယ်သော်လည်း ရိုးသားကြိုးစားသည့် ဦးလေးကြီး ဦးစီးသော နေရာဖြစ်ကာ အီယွန်း၏ အမြင်တွင် အရည်အချင်း၊ ဂုဏ်သတင်း၊ အတွေ့အကြုံ အစရှိသဖြင့် အဘက်ဘက်မှ ခိုင်မာသည့် ဆေးရုံတစ်ခုဖြစ်ပေသည်။ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ရည်ညွှန်းချက်များဖြင့် နှိုင်းယှဉ်ကြည့်ပါက 'အမြဲစိမ်းထင်းရှူးပင်ဆေးရုံ' မှာ အတော်ပင် နိမ့်ကျနေ၏။

“ဒီတော့ ဘာတွေကို စိစစ်အကဲဖြတ်မှာတဲ့လဲ။"

ချူဂျာက ဘေးနားသို့ ကပ်လာကာ မေးခဲ့သည်။

“ကိုင်းချိုင်တာတဲ့။”

“ဒီလောက် အသံတစာစာနဲ့ ကြီးကြီးကျယ်ကျယ်တွေပြောပြီး ကိုင်းချိုင်ရုံလေးတဲ့လား။ အဲ့ဒါက ဘာများခက်လို့လဲ။ ငါပဲ ကတ်ကြေးလေး ဘာလေးနဲ့ သွားလုပ်ပေးရမလား။”

“ဒါပေမဲ့လည်း နည်းနည်း……”

အီယွန်း၏ မျက်နှာထားက မရေမရာဖြစ်သွားသည်။

“ဘာလို့လဲ။”

“အပင်က မီတာ ၃၀ မြင့်တယ်တဲ့။”

“……”

“……”

မျက်လုံးချင်းဆုံလိုက်သည့် မိန်းမနှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်ထားသည့်အလား နှုတ်ဆိတ်သွားကြသည်။

ပြဿနာက သစ်ပင်၏ အမြင့်မှာ ဆယ်ထပ်တိုက် အဆောက်အအုံနှင့် ညီမျှနေခြင်းဖြစ်၏။ ဟွာယန်းမြို့တော်က ဤတစ်ကြိမ်တော့ လူထုရှေ့မှ စိစစ်အကဲဖြတ်ပွဲအတွက် ဆိုင်းငံ့ထားခဲ့သော ရှုပ်ထွေးသည့် အခြေအနေများကို ယူဆောင်လာခဲ့ပုံပင်။

အီယွန်းက အီးမေးလ်တွင် ပူးတွဲပါရှိသည့် ဓာတ်ပုံကို စူးစူးစိုက်စိုက် ကြည့်ရှုလိုက်သည်။ ပုံမှန်မဟုတ်ဘဲ မှားယွင်းစွာ ဖြာထွက်နေသည့် သစ်ကိုင်းတစ်ခုက လမ်းမပေါ်သို့ စိုးရိမ်ဖွယ်ရာ ကွေးညွတ်ကျနေ၏။ မတော်တဆ ကျိုးသွားပါက မောင်းနှင်နေသော ကားကိုယ်ထည်ပေါ်သို့ ပြုတ်ကျကာ ကြီးမားသော မတော်တဆမှု ဖြစ်ပေါ်လာနိုင်သည့် အခြေအနေပင်။

“နေပါဦး၊ ဒါက ဘာစကားလဲ။”

ထိုအခိုက်အတန့်တွင် မေးလ်ကို အပေါ်ယံ ဖတ်နေသည့် ချူဂျာက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

“……လှေကား သုံးခွင့်မပြုဘူးတဲ့လား။”

စိတ်ဝင်စားစရာကောင်းသည်က အခြေအနေကို ပို၍ရှုပ်ထွေးအောင်လုပ်ခြင်းဖြင့် စီစဥ်သူများ၏ ရည်ရွယ်ချက်က ထင်ရှားလာခြင်းပင်။

“သစ်ပင်ကို ကိုယ်တိုင်တက်စေချင်နေတာထင်တယ်နော်။”

ယင်းက သစ်ပင်ဆရာဝန်တစ်ဦး၏ ပင်ကိုအရည်အချင်းနှင့် ကိုယ်ကာယ ကြံ့ခိုင်မှုကို စစ်ဆေးခြင်းဖြစ်၏။ သစ်ပင်ဆရာဝန်ဆိုသည်မှာ ထင်မထားလောက်အောင် ခန္ဓာကိုယ်ကို အများကြီး အသုံးပြုရသည့် အလုပ်ဖြစ်ပြီး အလုပ်သဘောအရ သစ်ပင်ပေါ်တက်၍ ခွဲစိတ်ကုသမှုများ ပြုလုပ်ရလေ့ရှိသည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် သစ်ပင်ကို မည်မျှ မကြောက်သနည်းဟူသော ပြဿနာပင်။

“ဘယ်လောက်ပဲ အဲ့ဒီလိုဖြစ်နေပါစေလေ၊ ဘာပဲဖြစ်ဖြစ် တက်နိုင်ခဲ့ရင်တောင် လူရဲ့အလေးချိန်ကြောင့် သစ်ကိုင်းက လှုပ်သွားမှာပဲ မဟုတ်ဘူးလား။”

“……”

ကျိန်းသေပေါက် ချူဂျာ ပြောသည့်အတိုင်း လွယ်ကူသည့် ကိစ္စတော့မဟုတ်ပေ။

အီယွန်းက မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားခန်းဝင်နေစဉ် အမှတ်တမဲ့ အကြည့်လွှဲလိုက်ရာမှ ရုတ်တရက် လျှင်မြန်စွာ လက်လှမ်းလိုက်​သည်။

“ဟဲ့၊ ဂယူဘဲ့ရေ… အဲ့ဒီထဲ ဝင်လို့မရ....”

စာဖတ်ပြီးသွားသော ဂယူဘဲ့က အီယွန်း၏ အခန်းတံခါးကို လက်ဖြင့် ထိကိုင်နေပေပြီ။ မျက်လုံးပြူးသွားသည့် အီယွန်းတစ်ယောက် ချက်ချင်း ပြေးထွက်သွားသော်လည်း ကလေး တံခါးဖွင့်သည်က ပိုမြန်၏။

ထူးဆန်းသော တိတ်ဆိတ်မှု ဖုံးလွှမ်းနေသည့် အခန်းထဲတွင်။

လုံခြုံစွာပိတ်ထားသည့် လိုက်ကာအောက်တွင် မတ်မတ်ဆန့်ဆန့် လဲလျောင်းနေသော လူတစ်ယောက်က အီယွန်း၏ အိပ်ရာကို နေရာယူထားသည်။ ဖြူဖျော့သော အသားအရေနှင့် ညင်သာစွာ မှိတ်ထားသည့် မျက်တောင်များကြောင့် ဤနေရာ၏ အချိန်က ရပ်တန့်နေသလိုပင်။

“……ပထမဆုံး မြင်ဖူးတဲ့ အဖိုသတ္တဝါပါ။”

ဂယူဘဲ့က ဂေါ်လီလုံးလို မျက်လုံးကို ပိုကျယ်အောင်ပြူးရင်း တီးတိုးရေရွတ်လိုက်သည်။ ထင်မှတ်မထားသည့် အရာတစ်ခု၏ ဖြစ်တည်မှုကြောင့် ကလေး၏ မျက်လုံးများ ဝိုင်းစက်တောက်ပလာတော့၏။ ကလေးက စောင်ကို သတိထား၍ ဆွဲလှန်ကာ အံ့ဩတကြီး ရေရွတ်ခဲ့သည်။

“ဒီ အဖိုသတ္တဝါမှာ ခေါင်း၊ ကိုယ်နဲ့ ခြေထောက်တွေ ပါဝင်ဖွဲ့စည်းထားပြီး လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်နဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို ဝင့်ဝင့်ကြွားကြွား ပိုင်ဆိုင်ထားပါတယ်။”

ဂယူဘဲ့က စွယ်စုံကျမ်းထဲသို့ ထည့်သွင်းမှတ်တမ်းတင်သည့်အလား တစ်သီကြီး စတင်ရွတ်ဆိုတော့သည်။ ပထမဆုံး မြင်ဖူးသူကို ထိုကဲ့သို့ ခွဲခြားစိတ်ဖြာခြင်းတွင် အညွှန်းနှင့် အကြောင်းအရာများက အရေးကြီးသည်ဟု ယူဆသော ဂယူဘဲ့၏ ကိုယ်ပိုင်နည်းလမ်းပင်။ သံစဉ်မပါသော ထိုအသံလေးက ဆက်လက် ထွက်ပေါ်နေသည်။

“အိပ်ရာကို ကျော်လွန်တဲ့ အရှည်ရှိပြီး လက်နဲ့ ခြေထောက်တွေ ကြီးမားပြီးတော့ နှာတံချွန်တာက ထူးခြားချက်ဖြစ်ပါတယ်။”

ဂယူဘဲ့က ထိုလူ၏နှာတံကို အလကားနေ စမ်းကြည့်လိုက်ရင်း ပြောခဲ့သည်။

“အဖိုကောင်ရဲ့ မျိုးပွားအင်္ဂါက...”

“တော်ပြီ၊ တော်ပြီ။”

အီယွန်းက ထိုကလေးကို ဆွဲထုတ်ကာ တံခါးကို ပြန်ပိတ်လိုက်သည်။ ဂယူဘဲ့က အရောင်တောက်နေသော မျက်လုံးလေးများဖြင့် အီယွန်းကို မော့ကြည့်ခဲ့၏။

“ဆေးရုံအုပ် ဆရာမ ရည်းစားရနေပါပြီ။”

“အဲ့ဒီလို မဟုတ်ဘူး။”

“အဖိုသတ္တဝါတွေက မိတ်လိုက်ရာသီကို အတူတူ ကုန်ဆုံးဖို့ ဒါမှမဟုတ် ဥတွေကို ကာကွယ်ဖို့အတွက် အမသတ္တဝါရဲ့ အသိုက်ထဲ ဝင်ရောက်တတ်ကြပါတယ်။ သတ္တဝါ စွယ်စုံကျမ်း စာမျက်နှာ ၁၉၃။”

အီယွန်းက ချောင်းဟန့်ရင်း ကုပ်သားလေးကို ကုတ်လိုက်သည်။

“အဲ့ဒီလို မဟုတ်ပါဘူးဆို။”

“ဆေးရုံအုပ် ဆရာမက အဖိုသတ္တဝါကို ဖမ်းပြီး ရုပ်လုံးသွင်းဆေးစီရင်ထားပါတယ်။”

“ဘာ။”

“ရှားပါးမျိုးစိတ်ပါ။ အဲ့ဒီ အဖိုသတ္တဝါက ရှားပါးမျိုးစိတ်ပါ။”

အီယွန်းတစ်ယောက် တောက်ပသော ဂယူဘဲ့၏ မျက်နှာလေးကို စူးရှသောမျက်နှာထားဖြင့် အကြောင်သား ငေးကြည့်နေမိသည်။

“အဖိုသတ္တဝါရဲ့ ပုံပန်းသဏ္ဌာန်က အရမ်းကောင်းပါတယ်။ ခမ်းနားထည်ဝါမှုရှိပါတယ်။ ခွန်အားလည်း သန်သန်မာမာရှိ၊ ကိုယ်ကာယဖွဲ့စည်းပုံလည်း ကောင်းပြီး အမဲလိုက်တာလည်း ကျွမ်းကျင်မယ်ထင်ပါတယ်။ သွားတွေကလည်း ခိုင်မာပါတယ်။ နောက်ခြေထောက်တွေကလည်း သန်မာပါတယ်။”

ဂယူဘဲ့၏ မျက်ဝန်းများတွင် ကြံ့ခိုင်သန်မာသော အဖိုသတ္တဝါအပေါ် စွဲလမ်းခြင်းများ အပြည့်စွက်လျက်။ အီယွန်းလည်း သက်ပြင်းချကာ ကိုယ်ကိုကိုင်းလိုက်သည်။

“ဂယူဘဲ့ရေ၊ အဲ့ဒါက ရှားပါးတာ မဟုတ်ဘူး၊ အန္တရာယ်ရှိတာ။”

“ကြံ့ခိုင်တဲ့ အဖိုသတ္တဝါဆိုတာ နဂိုကတည်းက အန္တရာယ်ရှိပါတယ်။”

အီယွန်းတစ်ယောက် နဖူးကို လက်ဖြင့်ဖိကာ “အား” ဟု ညည်းလိုက်သည်။ ဂယူဘဲ့က တရစပ် စကားတွေပြောနေ၏။

“အဖိုသတ္တဝါက မနိုးသေးပါဘူး။ နေ့ခင်းကြီးတောင် အိပ်နေတုန်းပါပဲ။ ဆရာမက အပင်တွေကိုပဲ ကြိုက်တာပါ။ အဲ့ဒါ့ကြောင့် အဆိပ်ရှိတဲ့ မြက်ကိုသုံးပြီး အဖိုသတ္တဝါကို ဖမ်းခဲ့တဲ့ ဖြစ်နိုင်ခြေ တော်တော်လေး များပါတယ်။ ဆေးရုံအုပ် ဆရာမက အဖိုသတ္တဝါကို ဖမ်းယူစုဆောင်းခဲ့တာပါ။”

အီယွန်းလည်း ခေါင်းကို ခါယမ်းလိုက်သည်။ ပူလောင်လွန်းသော ဤအခြေအနေကို လေဝင်လေထွက်ကောင်းအောင်လုပ်ရန် ဧည့်ခန်းလိုက်ကာကို အားပါးတရ ဆွဲဖွင့်လိုက်သည့်အချိန်တွင်...

“အားးးး”

မထင်မှတ်ဘဲ ပြင်းထန်သော အော်သံတစ်ခု ထွက်ပေါ်လာ၏။

ပြတင်းပေါက်တွင် ပုစဉ်းရင်ကွဲတစ်ကောင်အလား ကပ်တွယ်ကာ အတွင်းသို့ ချောင်းကြည့်နေသည့် ဟွမ်ဂျိုယွန်းကြောင့်ပင်။ ပြတင်းပေါက်တွင် ပြားနေအောင် ဖိထားသည့် ပါးပြင်က ဖက်ထုပ်အလား ပြားချပ်နေ၏။ အီယွန်းက ပြတင်းပေါက်ကို ခပ်ကြမ်းကြမ်း ဆွဲဖွင့်လိုက်သည်။

“ဒီမှာ ဘာလုပ်နေတာလဲ၊ စီနီယာ။”

“……အီယွန်း။”

ကိုယ့်ကိုယ်ကိုယ် ပြန်သနားနေသလို ဟွမ်ဂျိုယွန်း၏ အကြည့်က ချက်ချင်း ကပ်ပါလာသည်။

“ကလေးတစ်ယောက် နင့်အိမ်ထဲဝင်သွားတာ တွေ့လို့။”

“အဲ့ဒါ ဘာဖြစ်လဲရှင့်။”

ဟွမ်ဂျိုယွန်းက အီယွန်း၏ နောက်ကျောဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုအခါ ဂယူဘဲ့က သူ့ကို ခြောက်ကပ်ကပ် အကဲခတ်ပြီးနောက် စွယ်စုံကျမ်းရေးသားခြင်းကို ပြန်လည်စတင်တော့၏။

“ခေါင်း၊ ဝမ်းဗိုက်၊ ခြေထောက်တို့နဲ့ ဖွဲ့စည်းထားတဲ့ ဒီအဖိုသတ္တဝါရဲ့ ဝမ်းဗိုက်က ပုံပန်းသဏ္ဌာန် အတော်လေး ဆိုးပါတယ်။ ကြည့်လို့ မကောင်းပါဘူး။”

“ဂယူဘဲ့ရေ။”

အီယွန်းက ကောင်လေးကို တားမြစ်ဟန်ဖြင့် ပြောလိုက်သည်။

“လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်နဲ့ ပုံစံတော့ ပေါ်တယ်ဆိုရုံလေးပေါ်နေပေမဲ့ ပြတင်းပေါက်မှာ ကပ်နေတဲ့ ပုံသဏ္ဌာန်ကတော့ အမြင်မတင့်တယ်ပါဘူး၊ မျက်လုံးတွေကလည်း အလုပ်မလုပ်တော့ပါဘူး။ ပျက်စီးနေပါပြီ။”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment