no

Font
Theme

အပိုင်း ၂၄

လက်နှစ်ဖက်အပြည့်ရှိနေသော ပန်းပွင့်ချပ်များက ရုတ်တရက် လေနှင့်အတူ လွင့်ပါသွားလေသည်။

ထိုလူ၏ လက်ထဲတွင် ကိုင်ထားသည်က ကျိန်းသေပေါက် အကေးရှားပန်းဖြစ်ပါလျက် ဘာကြောင့်များ သူ တစ်ချိန်က ကိုက်စားခဲ့ဖူးသော ကြက်၏ လည်ပင်းကို အီယွန်း အမှတ်ရမိသွားသည်မသိ။ အီယွန်းတစ်ယောက် ခဲရာခဲဆစ် တံတွေးမျိုချလိုက်မိသည်။

ထိုစဉ် အကေးရှားပန်းတစ်ပွင့် ပါးစပ်ထဲသို့ ရုတ်တရက် ဝင်လာ၏။

"ပုံစံကို အရင်ဆုံး ပြပေးမှပေါ့။"

အေးစက်သော မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ ရှိမနေပေ။ ဂွမ်ချယ်ဝူက အကဲခတ်နေသည့်အလား အီယွန်းကို စူးစူးစိုက်စိုက် ငုံ့ကြည့်နေရုံသာ။

"......အမ်း"

အီယွန်းလည်း ကိုယ်တိုင်ပင်သတိမထားမိဘဲ အကေးရှားပန်းကို စုပ်ယူလိုက်မိသည်။ နှုတ်ခမ်းထက်သို့ ကျုံ့သွားသယောင်ရှိသော အကြည့်စူးစူးတို့ ကျရောက်လာ၏။

"နောက်တစ်ခါ ထပ်လုပ်ပါဦး။"

သူက အီယွန်း၏ နှုတ်ခမ်းဆီသို့ ပန်းကို ထပ်မံ၍ ထည့်ပေးခဲ့သည်။ အေးစက်နေသော လက်ချောင်းများက ဖူးကြွနေသော အောက်နှုတ်ခမ်းလေးကို ထိလိုက်၊ ဖယ်သွားလိုက် လုပ်နေ၏။

"အရသာရှိရဲ့လား။"

"အမ်......ငယ်ငယ်ကတော့ အရသာရှိခဲ့ပေမဲ့ အခုတော့ အဲ့ဒီလောက်အထိ မချိုတော့ပါဘူး။ အခုခေတ်မှာ တခြားမုန့်ပဲသရေစာတွေကလည်း အများကြီး ရှိနေပြီဆိုတော့လေ......"

"ဒါဆို လျှာကို ဘယ်လိုမျိုး သုံးလဲဟင်။"

"ရှင်။"

အီယွန်းက ထူးဆန်းသော စကားကို ကြားလိုက်ရသည့်အလား မျက်လုံးကို အဝိုင်းသား ပြူးလိုက်မိသည်။

"ဒီနေရာကို ကြည့်လိုက်ရင် ဝတ်ရည်ထွက်တဲ့ အပေါက်လေး ရှိနေတာကို....."

သူက အကေးရှားပန်း၏ အဖျားပိုင်းကို လက်ညှိုးထိုးပြရင်း ဆက်ပြောခဲ့သည်။

"အီယွန်းက ဒီအတိုင်း အပေါ်ယံလေးပဲစားပြီး ပြီးသွားတာလား။"

"အာ......"

"လျှာကို ချွန်ချွန်လေးလုပ်ပြီး အပေါက်ထဲကို ထည့်ကြည့်မှ အဆုံးအထိ အကုန်စားနိုင်မှာ မဟုတ်ဘူးလား။ ချန်ထားရင် နှမြောစရာပဲမဟုတ်လားဗျ။ အဲ့ဒီလိုလေး တစ်ခါလောက် လုပ်ကြည့်ပါဦး။"

ဤတစ်ကြိမ်တွင်မူ ကိုယ်တိုင် လုပ်ကြည့်စေချင်သည့်အလား ပန်းကို ကမ်းပေးရုံသာ ပေးခဲ့သည်။ အီယွန်းတစ်ယောက် ထိုလူ၏ စည်းချက်အတိုင်း လိုက်ကနေရမှန်း သိသော်လည်း ထူးဆန်းလှစွာပင် ငြင်းဆန်နိုင်ခြင်းမရှိခဲ့ပေ။

သူက ဂွမ်ချယ်ဝူ၏ မျက်နှာထားကိုကြည့်ရင်း အကေးရှားပန်း၏ ဝတ်ရည်ကို ဖြည်းဖြည်းချင်း လျက်လိုက်တော့သည်။ သွားကြားမှ အသာလေးထွက်လာသော နီမြန်းသည့် လျှာဖျားက စိတ်ကျဉ်းကျပ်ရလောက်အောင် နမော်နမဲ့နိုင်လှသည့်အတွက် မျက်နှာချင်းဆိုင်မှ 'ရှီး' ဟု ရယ်သံသဲ့သဲ့ ထွက်လာ၏။ အီယွန်းလည်း ချက်ချင်းဆိုသလို ရဲတက်သွားသော မျက်နှာဖြင့်ပင် ထပ်ပြောလိုက်သည်။

"ကျွန်မ နဂိုကတည်းက ဒီလိုမျိုး မလုပ်တတ်ပါဘူး။"

"ဒါဆို ဘယ်လိုမျိုးလဲ။"

"ဒီအတိုင်း ဝတ်ရည်ကို နည်းနည်းလေး ဝါးလိုက်ပြီးတော့မှ......"

"ဝါးတယ်၊ ဟုတ်လား။"

"ဟုတ်ကဲ့၊ အဲ့ဒီလိုမျိုး ဝါးလိုက်ရင် ကျန်နေတဲ့ ဝတ်ရည်က ဖျစ်ခနဲပေါက်ထွက်လာပြီးတော့......"

ဂွမ်ချယ်ဝူက နိမ့်ဆင်းကျလာသည့် အရိပ်အလား စိုစွတ်ကာ လေးလံထိုင်းမှိုင်းသည့် အကြည့်ဖြင့် သူ့ကို စိုက်ကြည့်နေသည်။ အီယွန်းလည်း ပို၍ နီးကပ်လာပါက ခဏတွင်းချင်း အမျိုခံရမည်ကို အမြဲ ရှောင်ရှားနေသည့်အလား စကားသံက တဖြည်းဖြည်း တိမ်ဝင်သွားတော့၏။

"ကောင်းသားပဲ။ အဲ့ဒီလို စားတာလည်း အရသာရှိလောက်မှာပါ။"

ဂွမ်ချယ်ဝူက ပန်းကို လျက်လိုက်သည်။ သူက အီယွန်းကို စူးစူးစိုက်စိုက် ကြည့်နေရင်း ပါးစပ်ထဲတွင် လျှာကို လှည့်ပတ်လိုက်၏။ ချိုင့်ဝင်သွားလိုက်၊ ပြန်ပြည့်လာလိုက် ဖြစ်နေသော ပါးပြင်က ချောမွတ်နေသည်။

"အီယွန်း။"

ထိုစဉ် သူက လက်ကိုဆန့်ထုတ်ကာ အီယွန်း၏ နှုတ်ခမ်းလေးကို အားပါးတရ ပွတ်သပ်ခဲ့သည်။ အီယွန်း လန့်ဖျပ်သွားသော်လည်း သူကတော့ ဘာမှမဟုတ်သလို ပြောလာ၏။

"ပေနေလို့ပါ။"

မဖြစ်နိုင်။ ဤသည်က တကယ်ကို အဓိပ္ပာယ်မရှိသော စကားပင်။ သို့သော် သိသာလှသော ထိုဆင်ခြေစကားကြောင့်ပင် အီယွန်းတစ်ယောက် ခန္ဓာကိုယ်ထဲတွင် အပူရှိန်တက်လာတော့သည်။

"ကြည့်ရတာ မင်းက အခွံခွာစားရတာကိုမှ ပိုသဘောကျတဲ့ပုံပဲ။"

အတားအဆီးမရှိ လေက တိုက်ခတ်ဝင်ရောက်လာတော့သည်။

~~~~

ဧည့်ခန်းတံခါး ဒုန်းခနဲ ပိတ်သွားသည်နှင့် နှုတ်ခမ်းများက အရူးအမူး ထိစပ်သွား၏။

ဂွမ်ချယ်ဝူက အီယွန်းကို နံရံဆီသို့ ဆောင့်တွန်းပစ်ကာ အောက်နှုတ်ခမ်းလေးကို စုပ်ယူလိုက်သည်။ ပူနွေးသော လျှာက ပါးစပ်အတွင်းသားများကို အသည်းအသန် မွှေနှောက်ကာ အမြှေးပါးများကို ပွတ်တိုက်သွား၏။ ကြီးမားသော လက်က အီယွန်း၏ ဆံပင်များကို ဆွဲယူလိုက်သည်တွင် ဦးခေါင်းက မော့သွားသည်။ ထိုအခါ ပို၍ နက်ရှိုင်းသောနေရာအထိ လျှာက ထိုးဝင်လာ၏။

"ဟင်း......"

အီယွန်းလည်း ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သော ခံစားမှုကြောင့် လည်တိုင်တစ်လျှောက် ကျဉ်ခနဲ ဖြစ်သွားရသည်။ လူတစ်ယောက်နှင့် ဤမျှလောက်အထိ နက်ရှိုင်းစွာ ထိတွေ့ရလိမ့်မည်ဟု တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။

ထိုလူက နှုတ်ခမ်းများကို ကိုက်ဖဲ့စားလုမတတ်ဝါးရင်း လျှာကို ထိုးသွင်းခဲ့သည်။ အသားစိုင်နှစ်ခု ယှက်နွှယ်သွားကာ လျှာရင်းကို မျိုချခံလိုက်ရချိန်၌ အီယွန်း၏ အတွေးမှန်သမျှ လွင့်ပျောက်သွားရ၏။ ဖောင်းကြွလာကာ အရှေ့ကို တွန်းဖိထားသည့် သူ့ကို လက်ခံနေရသဖြင့် အီယွန်းတစ်ယောက် အသက်ရှူရ မောဟိုက်လာတော့သည်။

"ဟား......"

ခဏ၊ ခဏလေး......။

တကယ်ပဲ ဘယ်...ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဖြစ်သွားရတာလဲ......။

ဒီအတိုင်း တည့်တည့်ရှုရှုနဲ့ ပန်းကို ဝေစားနေခဲ့ကြတာလေ။

အီယွန်းတစ်ယောက် ထုံထိုင်းနေသောခေါင်းဖြင့် စောစောကဖြစ်ရပ်ကို ပြန်လည် စဉ်းစားကြည့်မိသည်။

နေဝင်ဆည်းဆာအောက်တွင် တစ်စုံတစ်ရာက ဖောင်းကြွလာသည့်အလား ထူးဆန်းသော မရေမရာ အငွေ့အသက်တစ်မျိုး ပေါ်လာ၏။ သူ့အတွက် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သော ထူးဆန်းသည့် ထိုခံစားမှုထဲ နစ်မြုပ်နေစဉ် ရုတ်တရက် ကြောက်စရာကောင်းသော မျက်နှာထားဖြင့် ဂွမ်ချယ်ဝူက သူ့ကို ဆွဲခေါ်ကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။ ယင်းက အစပင်။

စိတ်ထဲတွင် ဗလာကျင်းနေသည့်ကြားမှပင် အီယွန်း သူ့ကို တစ်ချက် တွန်းထုတ်ပစ်လိုက်သည်။ ထိုသို့ လုပ်လေလေ၊ ထိုလူက နှုတ်ခမ်းလေးများကို အနုစိတ် နေရာချကာ ပို၍ဇွဲကောင်းစွာ နမ်းရှိုက်လေလေပင်။ မြဲမြဲမြံမြံ ရစ်နှောင်ကာ ပွတ်သပ်ခဲ့သည်။ နှုတ်ခမ်းကို စုပ်ယူပြီး လျှာကိုရစ်ပတ်ကာ အဆက်မပြတ် ရောယှက်ခဲ့၏။

အီယွန်း သူ၏ ရင်ဘတ်ကို နောက်တစ်ကြိမ် ထပ်မံ တွန်းလိုက်သည်။

"......"

စောင့်ဆိုင်းနေသည့်အလား မျက်လုံးချင်း ဆုံသွားတော့၏။ ပြင်းပြင်းပြပြ တွယ်ယှက်နေသော နှုတ်ခမ်းများနှင့် ဆန့်ကျင်စွာ အေးစက်လှသောအကြည့်ပင်။

အီယွန်း ဆတ်ခနဲ လန့်သွားကာ သူ့ကိုယ်ကို ဖယ်ထုတ်ရန် ကြိုးစားလိုက်သည်တွင် ထိုအခြေအနေကို လျင်မြန်စွာ ရိပ်မိလိုက်သော သူက ပို၍ ကြမ်းတမ်းလာတော့သည်။ အီယွန်း၏ ကိုယ်လေးကို ရှိသမျှအားနှင့် ထွေးပွေ့ဖက်တွယ်ကာ ဝတ်ရည်ကျန်နေသော နှုတ်ခမ်းများကို စုပ်ယူနေသည့်အလား ဆွဲယူနမ်းရှိုက်လေ၏။

လျှာချင်း ရစ်ပတ်သွားသောအသံက အရိုင်းဆန်လှသည်။ ခပ်သဲ့သဲ့ထွက်ပေါ်လာသော ညည်းသံထက်သို့ သူက မထိတထိ ပွတ်သပ်သွား၏။ အီယွန်း၏ ခန္ဓာကိုယ်လည်း အလိုလို တုန်ရီလာတော့သည်။

ဒီလိုလုပ်လို့မဖြစ်ဘူး။

ခေါင်းထဲတွင် အနီရောင် သတိပေးမီးလုံး အော်မြည်လာသည်။

ရုန်းထွက်လိုက်။

အီယွန်းက အနည်းငယ် ပြင်းသောအားဖြင့် သူ့ပခုံးကို ဖတ်ခနဲ ရိုက်လိုက်သည်။ ထိုလူက ဘာမှမဖြစ်သလို မျက်နှာကို အသာလေး ထောင့်ချိုးပြောင်းလိုက်ကာ ဆိုဖာဘက်သို့ လျှောက်သွား၏။

“အွတ်......”

အီယွန်းတစ်ယောက် ယခုအခါတွင်မူ အားမနာဘဲ ပြင်းပြင်းထန်ထန်ပင် သူ့ပခုံးနှင့် လည်ပင်းကို တဖတ်ဖတ် ထုရိုက်တော့သည်။ နှုတ်ခမ်းကို ရှောင်ရှားရန် ခေါင်းကို လှည့်လိုက်ကာ တင်းတင်းချုပ်ကိုင်ခံထားရသော ခါးကို လူးလွန့်လိုက်၏။

သို့ရာတွင် ရုန်းထွက်ရန် ကြိုးစားလေလေ ချုပ်နှောင်ထားသည့်အားက ပိုမို ပြင်းထန်လာလေလေပင်။ ဂွမ်ချယ်ဝူက အာခေါင်ကို ဖြည်းဖြည်းချင်း ပွတ်သပ်ရင်း ပြုံးနေ၏။

နှစ်ဦးသား ဆိုဖာလက်တင်ကို တိုက်မိကာ လဲကျသွားသည့်တိုင် အနမ်းက မရပ်တန့်ခဲ့ပေ။ အီယွန်း၏ ကိုယ်ပေါ်တွင် သဘာဝကျကျ နေရာယူထားသော ထိုလူက လျှာကို ပြင်းပြင်းထန်ထန် စုပ်ယူလိုက်ပြီးမှ နှုတ်ခမ်းကို ခွာသွားခဲ့သည်။

စိုစွတ်နေသော အသားစိုင်များက ပြွတ်စ်ဟူသော အသံဖြင့် ကွာသွား၏။

“……”

“……”

စိတ်လှုပ်ရှားစွာ ရှူထုတ်လိုက်သည့် သူ၏ ပင့်သက်က အရိုင်းဆန်လှသည်။ တင်းမာနေသလို အကြည့်စူးစူးက ဆာလောင်နေသော တောရိုင်းတိရစ္ဆာန်တစ်ကောင်အလား ထိလွယ်ရှလွယ်ဖြစ်နေ၏။

“ကိုယ်က ဒီနေရာမှာ လင်မယားလိုဆက်ဆံရအောင်လို့ပြောရင် ကိုယ့်ဇနီးက ဘာပြောမလဲဆိုတာ သိချင်တယ်။”

“အာ...... အာ......”

ခေါင်းက စက္ကူဖြူလို လုံးဝ ဗလာကျင်းသွားသည်။ အီယွန်းတစ်ယောက် ဘာမှမတွေးနိုင်တော့။

တုတ်ခိုင်မာကျောသော တစ်စုံတစ်ရာက သူ့ဝမ်းဗိုက်ကို ဖိထောက်နေ၏။ ယင်းမှာ ထောင်မတ်နေသော လိင်တံဖြစ်ကြောင်း အတွေ့အကြုံမရှိသောသူပင် မသိဘဲနေမည်မဟုတ်။ လေးလံသော ဖိအားက အဖြေပေးရန် တိုက်တွန်းနေသည်။

“......ကျွန်မတို့က platonic ဆန်ဆန် နေခဲ့ကြတာကို။”

“အဲ့ဒါက အတိတ်ကကိစ္စမဟုတ်လား။”

ဂွမ်ချယ်ဝူက မျက်ဝန်းအိမ်ကိုကျုံ့ရင်း ပယ်ချလိုက်သည်။

“ကိုယ့်ကို အဲ့ဒီအချိန်က ဂွမ်ချယ်ဝူနဲ့ တူတဲ့လူလို့ ထင်နေတာလား။”

အီယွန်း၏ မျက်လုံးများက တုန်ယင်သွားသည်။

“မတူဘူးထင်တယ်။”

သူက ထူးဆန်းစွာ မျက်လုံးများပါပါအောင် ပြုံးခဲ့သည်။

“အဲ့ဒီ တပ်ထွက်ကောင်ကို မေ့လိုက်ပြီး ချစ်သူအသစ်လေးနဲ့ ပျော်ကြရအောင်ပါ။”

ကျိန်းသေပေါက် ဤဆက်ဆံရေးကို ဦးဆောင်သူက အီယွန်း ဖြစ်သင့်သည်ကို။ အီယွန်းတစ်ယောက် ရုတ်တရက် နောက်ထပ် စီးကြောင်းထဲ ဆွဲခေါ်ခံရသလို ခံစားလိုက်ရသည်။

သူက ခေါင်းကိုငုံ့ကိုင်းကာ အီယွန်း၏ နှုတ်ခမ်းလေးကို ကိုက်လိုက်၏။

“ရှေ့လျှောက်လည်း သဘောကောင်းပြီးတော့ လိမ်လိမ်မာမာ နေသွားပါ့မယ်။”

အမြှေးပါးများကို ပွတ်တိုက်ပြီး ထိုးသွင်းလိုက်သော လျှာက အီယွန်း၏ သွားရည်များကို ခိုးယူသွားသည်။ အသားကို အညှာအတာမဲ့စွာ ကိုက်ခဲ့သည့် အစပိုင်းနှင့်မတူဘဲ နူးညံ့စွာ နမ်းရှိုက်လာသော နှုတ်ခမ်းက ကြင်ကြင်နာနာရှိလှ၏။ သို့သော် ထိုးဖောက်လုမတတ် အကြည့်စူးစူးကမူ အထက်စီးဆန်လှပေသည်။

“အီယွန်းက ထုတ်ပါလို့ပြောရင် ထုတ်ပေးပြီး သွင်းပါလို့ပြောရင် သွင်းပေးပါ့မယ်။”

သူက အီယွန်း၏ တီရှပ်ကို ခွေးတစ်ကောင်လို ကိုက်ဆွဲခဲ့သည်။ အဝတ်စကို သွားကြားထဲကိုက်ကာ ဆွဲယူလိုက်စဉ် အီယွန်း၏ ရင်အုံက သူ၏ အပေါ်သွားများနှင့် ပွတ်တိုက်မိသွား၏။ အီယွန်းလည်း ခြေချောင်းလေးများကို အလိုလို ကုပ်ထားလိုက်မိသည်။

“အဲ့ဒါကလေ......။ ကျွန်မအတွက် အဲ့ဒါက နည်းနည်း ခက်ခဲပါတယ်......”

“ဘာကိုဆိုလိုတာလဲ။”

မစဉ်းမစား ရေစီးအတိုင်းပါသွားသည်မှာ တစ်ကြိမ်တည်းဖြင့် လုံလောက်ပေပြီ။ အီယွန်းက အဘိဓာန်ကို လှန်နေသကဲ့သို့ သင့်တော်မည့် စကားလုံးများကို ရှာဖွေလိုက်သည်။

“ဂွမ်ချယ်ဝူလည်း ကျွန်မနဲ့ လုပ်ချင်မှာမဟုတ်ပါဘူး။”

သူ မျက်မှောင်အနည်းငယ်ကြုတ်လိုက်စဉ်။

“......သစ်တုံးလိုလူပါ။”

“......”

“ကြားထားလားရှင့်။ ကျွန်မက အဲ့ဒီ နာမည်ကြီး သစ်တုံးလေးပါပဲ။”

ထိုစကားတစ်ခွန်းက တင်းမာနေသော လေထုကို တစ်ချက်တည်းဖြင့် ခွဲပစ်လိုက်သည်။

“......အ...အရင်တုန်းကလည်း ပြောခဲ့ဖူးပေမဲ့ ကျွန်မတို့ နှစ်ယောက်က ဆိုဒ်ချင်း မကိုက်လို့ sex လုပ်တဲ့အခါ နာတာမျိုးရှိပါတယ်။ ပြီးတော့ ကျွန်မက မွေးရာပါ သစ်တုံးလိုလူမို့လို့ အစကနေ အဆုံးထိ မျက်နှာသေနဲ့ပဲ လှဲနေတတ်တာပါ။ စကားကြားရုံနဲ့တင် ပျင်းစရာပဲ မဟုတ်လားရှင့်။”

“စိတ်ဝင်စားစရာပဲ။”

“ရှင်။”

ဂွမ်ချယ်ဝူက မျက်ဝန်းအိမ်ကို လုံးဝ မလှုပ်ရှားစေဘဲ ပြုံးလိုက်သည်။

“ဘယ်အချိန်အထိ အဲ့ဒီလိုမျိုး လှည့်ဖြားနေနိုင်ဦးမလဲဆိုတာက စိတ်ဝင်စားစရာကောင်းလို့ပါ။”

“......”

အီယွန်း၏ မျက်နှာထားက ချက်ချင်းဆိုသလို တင်းမာသွားလေသည်။

“ရှေ့လျှောက် အီယွန်းက နည်းနည်းပိုပြီးတော့ သစ္စာရှိတဲ့ပုံစံမျိုးကို ပြမှဖြစ်မှာပါ။ ကိုယ်တို့က တကယ်ပဲ ချစ်လို့ လက်ထပ်ခဲ့တဲ့သူတွေဆိုရင်ပေါ့။”

သွေးတိုးစမ်းသလို အကြည့်ကြောင့် အီယွန်းလည်း လက်ဖျားလေးများမှစ၍ တုန်ရီလာတော့သည်။

“နောက်တစ်ခါလည်း ဒီနေ့လိုမျိုးပဲ စိတ်လှုပ်ရှားပြီးတော့ နွားသိုးကြိုးပြတ်တိုးဝင်လာပြီး ဆင်တူမေးခွန်းကို မေးဦးမှာပါ။ အဲ့ဒီအခါကျရင်တော့ သေချာတဲ့အဖြေတစ်ခု ကြိုတင်ပြင်ဆင်ထားတာက ကိုယ့်အတွက် အကျိုးရှိမယ်ဆိုတာကိုပဲ သိထားပေးပါ။”

သူက အီယွန်းကိုပင့်ပြီး ဆိုဖာပေါ်တွင် အကျအနထိုင်စေခဲ့သည်။

~~~~

မထင်မှတ်ဘဲ နမ်းခဲ့ပြီးနောက် အိုးတိုးအမ်းတမ်း ခွာခဲ့ရသူနှင့် တစ်ဖန်ပြန်၍ စောင်တစ်ထည်တည်း အတူတူ ခြုံရမည့် အခြေအနေက တကယ်ပင် အနေခက်ရသည်။

အီယွန်း ရေချိုးပြီး ထွက်လာစဉ် ဂွမ်ချယ်ဝူက အီယွန်း၏ ရုံးခန်းထဲသို့ ဝင်ခဲ့ပုံရပြီး ရင်းနှီးသော စာအုပ်တစ်အုပ်ကို ကိုင်ထားလျက်ရှိနေ၏။

“အီယွန်း၊ အိပ်မက်လှလှ မက်ပါစေ။”

“......ဂွမ်ချယ်ဝူကရော။”

“အရင် အိပ်နှင့်ပါ၊ ကိုယ်က ဒါလေးဖတ်ပြီးမှ အိပ်မယ်။”

သူက ဒုတိယထပ်ရှိ အိပ်ခန်းမီးကိုပိတ်ကာ ဝင်လာခဲ့သည်။ ယခုမူ အခန်းထဲတွင် အိပ်ရာဘေးစားပွဲပေါ်ရှိ မီးအိမ်တစ်ခုသာ မှိန်မှိန်လေး လင်းနေ၏။ ထိုလူက စောင်ကိုမကာ ဝင်လာပြီး ခုတင်ခေါင်းမှီတွင် ကျောမှီကာ ထိုင်လိုက်သည်။

စာရွက်လှန်လိုက်သည့် ရွှပ်ခနဲ အသံက အရုဏ်တက်အချိန်လို တိတ်ဆိတ်လှ၏။

“......”

အီယွန်းလည်း အိပ်မပျော်နိုင်ခဲ့ပေ။ နေ့လယ်က အိပ်ရေးဝအောင် တစ်ရေးအိပ်ထားခဲ့သဖြင့် ညသန်းခေါင် နီးနေပြီဖြစ်သော်လည်း မျက်လုံးကြောင်နေ၏။

နောက်ဆုံးတွင် အီယွန်းတစ်ယောက် စောင်ထဲတွင် တစ်ကိုယ်လုံးကို ပတ်ထားလျက် ထိုလူ၏ ဘေးတိုက်ရုပ်သွင်ကို စတင်လေ့လာတော့သည်။ တိတ်ဆိတ်စွာ စာဖတ်နေသည့် သူက အခြားလူတစ်ယောက် ဖြစ်သွားသည့်အလား တည်ကြည်သိမ်မွေ့လှ၏။

စောစောလေးကမှ အပူတက်နေသော လိင်တံကို အတင်းထိုးသွင်းရန်လုပ်ခဲ့သည်နှင့် လုံးဝဆန့်ကျင်ဘက် ယခုကဲ့သို့ စာရွက်ပေါ်တွင်သာ အာရုံစိုက်ထားသည့် တည်ငြိမ်ရိုးသားသော အပြုအမူကြောင့် အီယွန်း အင်မတန် လန့်မိရသည်။

ဗိုက်ချင်း ထိစပ်မိခဲ့သည့်ကိစ္စ၊ ခြေတံများ ရစ်ပတ်မိခဲ့သည့် ကိစ္စများကို ဆက်တိုက် အာရုံစိုက်မိနေသူက သူတစ်ယောက်တည်းဖြစ်နေသလိုပင်။ ဘာမှမဟုတ်သော စကား၊ အဓိပ္ပာယ်မဲ့သောအသံလေး တစ်ခုကြောင့်ပင် အာရုံကြောများက ထိန်းချုပ်မရအောင် တောင့်တင်းကာ အရိပ်အခြည်ကို ကြည့်နေမိတော့၏။

ထိုစဉ် ဂွမ်ချယ်ဝူက တပ်ခနဲ စာအုပ်ကို ပိတ်လိုက်လေသည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment