အပိုင်း ၃၃
“အားနာပေမဲ့ နှစ်ယောက်က ဘယ်လိုပတ်သက်တာလဲရှင့်။”
ထိုစဉ် ဂျူဒုံမီက နှစ်ယောက်စလုံးကို တစ်လှည့်စီကြည့်ရင်း မေးလာသည်။
အချိန်ကိုက်လိုအပ်နေသော မေးခွန်းပင်။ အီယွန်းက တည်ငြိမ်သောမျက်နှာထားဖြင့် ထိုလူ၏ ခေါင်းမာလှသော မျက်ဝန်းတို့ကို စိုက်ကြည့်လိုက်သည်။
“ကျွန်မရဲ့……ဝန်ထမ်းပါ။”
သူ၏ လုပ်ရပ်တိုင်းက ရောဂါလက္ခဏာကြောင့်ဆိုလျှင် မိမိအနေဖြင့် တကယ့်စိတ်ရင်းနှင့် ရောဂါကြားမှ ကွာခြားချက်ကို ကိုယ်တိုင် မျက်မြင်အတည်ပြုရန် လိုအပ်ပေသည်။
“ညတိုင်း အတူအိပ်ကြတာကိုတော့ ဘာလို့ ချန်ခဲ့တာလဲ။”
ဂွမ်ချယ်ဝူက ခနဲ့တဲ့တဲ့ ရယ်ခဲ့သည်။ သူ၏ လှောင်ရယ်သံက အင်မတန် စူးရှလှသဖြင့် ဂျူဒုံမီပါ မျက်လုံးအဝိုင်းသားနှင့် အကဲခတ်နေရသည့် အတိုင်းအတာပင်။
ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
“……အာ၊ ဟုတ်ပါပြီ။ လူငယ်တွေဆိုတော့ အဲ့ဒီလိုလည်း ဖြစ်နိုင်တာပေါ့။ ဒီဘက်ခေတ်မှာ ဒါက မလွှဲရှောင်နိုင်တဲ့ကိစ္စပါပဲ။”
ခေတ္တမျှ ကြောင်သွားသော ဂျူဒုံမီက ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည်ရရှိသွားသည်။ ရုပ်ရည်တင်မကဘဲ စိတ်ဓာတ်ပါ ကြံ့ခိုင်ပုံရသော အမျိုးသမီးပင်။
“ဒါဆိုရင် ကျွန်မကို လုပ်ငန်းကတ်လေးပဲဖြစ်ဖြစ် တစ်ချက်လောက် ပေးလို့ရမလား။”
“ဝန်ထမ်းမှာက အခုအထိ လုပ်ငန်းကတ် မရှိသေးတော့ ဒါလေးဆိုရင်ရော အဆင်ပြေမလားရှင့်။”
ဤသည်က မိမိ စတင်လိုက်သော စမ်းသပ်မှု၏ အစပင်။
အီယွန်းက အရေးပေါ်အနေဖြင့် မိမိ၏ လုပ်ငန်းကတ်ကို ထုတ်ပေးလိုက်သည်။ ဂျူဒုံမီက ခါးကို ကိုင်းညွှတ်ကာ ယဉ်ကျေးပျူငှာစွာ လက်ခံယူခဲ့၏။
“အာ……။ သစ်ပင်ဆရာဝန် ဖြစ်နေတာကိုး။”
သူက မျက်လုံးအဝိုင်းသားနှင့် အီယွန်းကို ဝမ်းသာအားရ ကြည့်လာသည်။ ထို့နောက် အဓိပ္ပာယ်ပါပါဖြင့်၊ အတိအကျပြောရလျှင် တံတွေးမျိုချချင်စိတ် ပေါက်နေသည့်အလား ဂွမ်ချယ်ဝူကို တစ်ချက်ဝေ့ကြည့်လိုက်၏။
“သစ်ပင်ဆေးရုံရဲ့ ဝန်ထမ်းက တောဝက်ကို ပုဆိန်နဲ့ ဘယ်လိုများ ပေါက်သတ်နိုင်ရတာလဲ။ အရည်အချင်းတွေကို အလဟဿ ဖြုန်းတီးနေတာ မဟုတ်ဘူးလားရှင့်။ စိတ်မရှိရင် သစ်ပင်ဆေးရုံမှာ ဘာအလုပ်လုပ်တာလဲ သိပါရစေ။”
“ပန်းအလှပြင်ပါတယ်။”
ထိုလူက ဆူးကဲ့သို့ စူးရှသော အကြည့်တို့ကို လူတစ်ယောက်တည်းဆီသို့သာ နက်နက်ရှိုင်းရှိုင်း စူးစိုက်ထားရင်း အေးအေးလူလူပင် ပြန်ဖြေခဲ့သည်။
“ပ၊ ပန်းလို့ ပြောလိုက်တာလားရှင့်။”
ဂျူဒုံမီ၏ မျက်နှာတွင် တစ်စုံတစ်ခု လွင့်ပြယ်သွားသည့်အလား အေးစက်သွားသည်ကို မြင်လိုက်ရသည်။ မျက်မှောင်ကြုတ်နေသော သူက ရုတ်တရက် အီယွန်းဘက်သို့ လှည့်လာ၏။
“ဟိုလေ၊ တောင်ပေါ်မှာ ကယ်ဆယ်ရေးလုပ်တဲ့အခါ တစ်ခါတလေ သစ်ပင်တွေကို ထိခိုက်မိတာမျိုး ရှိတတ်ပါတယ်။ အဲ့ဒီလိုအခါမျိုးကျရင် ဆက်သွယ်လို့ ရမလားရှင့်။”
အီယွန်းလည်း ယခုကဲ့သို့ ဖောက်သည်ရလာခြင်းမျိုး တစ်ခါမှမရှိခဲ့ဖူးသဖြင့် ကြောင်သွားရာမှ တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားလိုက်သည်။
“ဟုတ်ကဲ့၊ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ရှင်။”
ချူဂျာရေ၊ ကျွန်မတော့ တစ်ပွဲတိုးသွားပြီ……
ထိုသို့ဖြစ်နေစဉ်အတွင်းမှာလည်း ဂျူဒုံမီ၏ ပြင်းပြသော အကြည့်တို့က ဂွမ်ချယ်ဝူထံ၌သာ စွဲမြဲနေဆဲပင်။
ထိုလူက အခြားမိန်းမ၏ လက်ကောက်ဝတ်ကို၊ မျက်ဝန်းတို့ကို ဇွတ်အတင်း ဆွဲထားမှန်း သိလျက်နှင့်ပင် ဂျူဒုံမီက ဂရုစိုက်ပုံမရပေ။
အီယွန်းက အချစ်ရေးအတွေ့အကြုံ မရှိသော်လည်း ဂျူဒုံမီ ပြသနေသည့် လုပ်ရပ်က အတော်လေး ရှင်းလင်းသိသာလှ၏။ ယင်းမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းပင်။
စမ်းသပ်မှုခံယူရမည့်သူက ကျိန်းသေပေါက် ဂွမ်ချယ်ဝူ ဖြစ်သင့်သော်လည်း၊ မိမိကိုယ်တိုင် ပါဝင်ပတ်သက်မိသွားပြန်ပြီဟူသော အတွေးကို ဖျောက်ဖျက်၍ မရခဲ့ပေ။
“ဒါဆိုရင် အမြန်ဆုံး သက်သာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ နောက်တစ်ခါတွေ့ရင်တော့ ဆက်ဆက် နာမည်လေး ပြောပြပေးပါဦးနော်။”
ထိုသို့ဖြင့် ဂျူဒုံမီက မုန်တိုင်းတစ်ခုအလား ဝင်လာကာ ပြန်ထွက်သွားခဲ့သည်။ တစ်ဖက်တွင် စုနေသော လုပ်ဖော်ကိုင်ဖက်များက သူ၏ ကျောကို ပုတ်ကာ ဆံပင်များကိုဖွပြီး စနောက်နေကြ၏။
“ဒါက ဘာလုပ်တာလဲဆိုတာ တကယ် နားမလည်နိုင်တော့ဘူး၊ အီယွန်း။”
“……”
“ဝန်ထမ်းပေါ့လေ၊ ဟုတ်လား။”
ပြန်လည်သုံးသပ်သလို တိုးညင်းစွာ မေးလာသော အသံကြောင့် စိမ့်ခနဲဖြစ်သွားရသည်။
“ကိုယ့်ကို မိတ်ဆက်ပေးဖို့ စကားလုံးက အဲ့ဒါအပြင် မရှိဘူးလား။ ကိုယ်က ဘယ်လိုအချိန်မှာ မျက်ဖြူဆိုက်တတ်မှန်း ကောင်းကောင်းသိနေရက်နဲ့ ဘာလို့ ကျောခိုင်းပြရပြန်တာလဲ။”
သတိပေးသလို စိုက်ကြည့်နေသည့် အကြည့်က သာမန်မဟုတ်ပေ။ အီယွန်းလည်း ခဲရာခဲဆစ် တံတွေးမျိုချလိုက်မိသည်။
“ကိုယ်က လိုက်သွားပြီး ဘာလုပ်မလဲဆိုတာ သိလို့လား။”
“……ဂျူဒုံမီက....”
အီယွန်း ထပ်ရှင်းပြရန် ပြင်လိုက်သည့် အခိုက်အတန့်မှာပင်။
“ဘယ်တုန်းက တွေ့ဖူးလို့ အခုကတည်းက ဂျူဒုံမီ ဖြစ်နေရတာလဲ။”
ဂွမ်ချယ်ဝူက ခုတင်ပေါ်မှ ထရပ်လိုက်သည်။ သူက အီယွန်း၏ ဦးခေါင်းထက်တွင် ဧရာမ အရိပ်ကြီးတစ်ခုကို လွှမ်းမိုးရင်း ခပ်တိုးတိုး ရယ်လိုက်၏။
“အီယွန်းက သစ်ပင်တွေပဲ ကိုင်တွယ်ဖူးလို့ မသိတာလား။”
မျက်ဆန်များသာ လှုပ်ရှားပြီး မိမိကို ငုံ့မိုးကြည့်နေသော မျက်ဝန်းများထဲတွင် ထူးဆန်းသော အရောင်အဝါတို့ ကိန်းအောင်းနေသည်။
“ခွေးကို တအားတွေ ချီးလိုကိုင်တွယ်နေတာပဲ။”
~~~~
အိမ်ပြန်လာသည့်တစ်လျှောက်လုံး နှစ်ယောက်သား စကားတစ်ခွန်းမှ မဆိုခဲ့ကြပေ။ ဂွမ်ချယ်ဝူက ခေါင်းကို ဘေးစောင်းကာ ပြတင်းပေါက်အပြင်ဘက်ကိုသာ ကြည့်နေပြီး အီယွန်းကမူ အလုပ်မရှိအလုပ်ရှာရင်း စတီယာရင်ဘီးကိုသာ ပွတ်သပ်နေမိသည်။
ထိုသို့ဖြင့် အေးစက်စက် အနေအထားတစ်မျိုး စီးဆင်းနေသော ကားလေးအတွင်း၌...
သူ့ကို မသိမသာ ခိုးကြည့်နေမိသော အီယွန်းတစ်ယောက် မှန်ပြတင်းပေါ်တွင် ထင်ဟပ်နေသည့် ထိုလူ၏ အကြည့်များနှင့် အကြည့်ချင်း တည့်တည့်တိုးသွားတော့သည်။
“……”
ခိုးကြည့်ရင်း အမိဖမ်းခံလိုက်ရသူက ဂွမ်ချယ်ဝူသာ ဖြစ်သင့်၏။
သူက မျက်ခုံးအစွန်းကို အသာအယာ ပင့်လိုက်ရုံမှလွဲ၍ အေးစက်စက် မျက်နှာထားကတော့ ပြောင်းလဲမသွားပေ။ သို့သော် တစ်ချက် မြင်ရုံဖြင့်ပင် သူ၏မျက်နှာထက်၌ အမိုက်အမှောင် ကြည်နူးမှုများ စိမ့်ဝင်နေသည်ကို အတိုင်းသား မြင်လိုက်ရသည်။
ယခု လန့်ဖျပ်ကာ အကြည့်လွှဲမိသူက အီယွန်းသာ။ အကြောင်းရင်းမရှိ နှလုံးခုန်နှုန်းများ မြန်လာကာ အာခေါင်များ ခြောက်ကပ်လာသည်။
သူ့ထံတွင် မည်သည့်အကာအကွယ်မှမရှိဘဲ ဖော်ထုတ်ပြသထားရသော ပါးပြင်တစ်ဖက်က တဆစ်ဆစ် ယားကျိကျိဖြစ်လာ၏။ ပန်းဝတ်မှုန်များသဖွယ် အန္တရာယ်ရှိသော အကြည့်များက တရစပ် ကပ်ငြိလာသဖြင့် အသားလေးများပင် အဖုအပိန့်ထလာသလို ခံစားရသည်။ နားမလည်နိုင်စရာ ခံစားချက်က အိမ်ရောက်သည့်အထိ ဆက်ရှိနေ၏။
အသက်ရှူကျပ်ဖွယ် အပြန်လမ်းပင်။
ဂွမ်ချယ်ဝူက ဆရာဝန် အရေးပေါ်ထုတ်ပေးလိုက်သော လူနာဝတ်စုံကို လည်ပင်းနောက်မှနေ၍ ဆွဲချွတ်ခဲ့သည်။ အိမ်ရှေ့တံခါးကို ကျော်လိုက်သည်နှင့် ကျော၊ ခေါင်း၊ လက် အစီအစဉ်အတိုင်း အဝတ်အစားများကို ချွတ်ပစ်သည့်ပုံစံမှာ အရေခွံလဲနေသလို သဘာဝကျလှ၏။
လက်ကောက်ဝတ်တွင် စည်းထားသော ရိုးရှင်းသည့် ကျောက်ပတ်တီး၊ ရင်ဘတ်ကို ဖြတ်ကျော်ကာ ပတ်ထားသော ထူထဲသည့် ပတ်တီးများ၊ သွေးစများ ခြောက်ကပ်နေသည့် ခေါင်းနှင့် မျက်နှာ။
ရုတ်တရက် သူက ခေါင်းကို ငဲ့စောင်းလာ၏။
“ရေချိုးပေးပါ။”
“……ကျွန်၊ ကျွန်မကလားဟင်။”
“ခွေးက အပြင်မှာ စိတ်ကြိုက်လျှောက်ကစားပြီး ညစ်ပတ်လာရင် သခင်က သေသေချာချာ ရေချိုးပေးမှပေါ့။ အမွေးတွေလည်း အခြောက်ခံပေးရမယ်လေ။”
အီယွန်းတစ်ယောက် တကယ်ပင် ဆွံ့အသွားရတော့သည်။
“ဒါက အခြေခံထဲက အခြေခံပဲကို။ သစ်ပင်တွေပဲ ကိုင်တွယ်ဖူးလို့များလား၊ လက်စလက်နက တော်တော်လည်း ညံ့တာပဲ။”
“တစ်ချိန်ကတော့ စေတနာ့ဝန်ထမ်း မလုပ်ပါနဲ့ဆို……”
“စေတနာ့ဝန်ထမ်းဆိုတာ အခကြေးငွေမယူတဲ့ လုပ်ရပ်ဆိုပေမဲ့....”
သူက ခပ်ရေးရေးပြုံးရင်း အနားသို့ ဖြည်းဖြည်းချင်း တိုးလာသည်။
“အီယွန်းသာ လုပ်ပေးမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ကိုယ်က နှစ်ဆပြန်ပေးဖို့ စဉ်းစားထားတာကို။ ကိုယ့်ကို ဘယ်လောက်တောင် အရှက်မရှိတဲ့ကောင်လို့ ထင်နေတာလဲ။”
“……”
“ရေချိုးပေးပါ။”
ခပ်အေးအေး လေသံဖြစ်သော်လည်း အသံတိတ် အောက်သို့ စိုက်ကြည့်နေသော မျက်ဝန်းများကြောင့် တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။
ရေချိုးကန်က ကျဉ်းလွန်းလှ၏။
ဂွမ်ချယ်ဝူက ပေါ့ပေါ့ပါးပါး အနေအထားဖြင့် ခြေထောက်နှစ်ဖက်ကို ရေချိုးကန်ဘောင်ပေါ် တင်ထားသည်။ သူ လှုပ်ရှားလိုက်တိုင်း နွေးသည်ဆိုရုံရှိသော ရေများက ကြွေပြားကြမ်းပြင်ပေါ်သို့ ဒလဟော ဖိတ်စဉ်ကျလာ၏။ မျက်နှာနှင့် ဆံပင်များပေါ်မှ ဆေးကြောပစ်လိုက်သော အနီရောင်သွေးများက ရေချိုးကန်အတွင်း၌ မင်ရည်များအလား ပျံ့နှံ့သွားသည်။
ခေါင်းကို အနောက်သို့ မှီထားသော ထိုလူက အီယွန်း ဝင်လာသံကိုကြားတော့ မျက်လုံးပင့်ကြည့်လာ၏။ ထွက်နေသော သူ၏ လည်စေ့က ဖြည်းဖြည်းချင်း လှုပ်ရှားသွားသည်။
“……”
“……”
စိုထိုင်းမှုက အရေပြားပေါ်တွင် ကပ်ငြိနေ၏။
အီယွန်းက အခြေခံစည်းကမ်းပင် မလိုက်နာဘဲ ရေထဲသို့ နစ်ဝင်နေသော ထိုလူကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ပတ်တီးတွေ အကုန်စိုကုန်ပြီလေ။”
“ဘာပဲဖြစ်ဖြစ် ပြန်လာဦးမှာပဲ မဟုတ်လား၊ အဲ့ဒီဆရာဝန်က။”
ပျင်းတိပျင်းတွဲ အသံနှင့်အတူ ရေကျသံ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
“ဒါဆို ဘာလို့ ဘောင်းဘီဝတ်ပြီး ဝင်သွားရတာလဲ။”
“လက်က နာနေတော့ ဘောင်းဘီခါးပတ်ကွင်းကို မဖြုတ်နိုင်လို့ပါ။”
“……အဲ့ဒါကို ဘယ်သူက ယုံမှာလဲ။”
မည်သူကြားကြား ရယ်စရာကောင်းသော ဆင်ခြေပင်။ မစုံမလင်သော လက်နက်ကိရိယာများဖြင့် တောဝက်ကိုပင် သတ်နိုင်ခဲ့သူက လက်ကောက်ဝတ်လေး နာရုံနှင့် ဘောင်းဘီခါးပတ် မဖြုတ်နိုင်ဘူးတဲ့လား။
“ဟိုမှာ ကောင်းနေတဲ့လက် ရှိနေတာပဲမဟုတ်ဘူးလား။”
“ကြိုးစားကြည့်ပေမဲ့ လက်က ဟိုရောက်ဒီရောက် ဖြစ်နေလို့ လက်လျှော့လိုက်တာပါ။”
သူက ရေချိုးကန်ဘောင်ပေါ် တင်ထားသော လက်မောင်းပေါ်သို့ ပါးကို အပ်လိုက်သည်။ သို့သော် အီယွန်းထံ တည့်တည့်မတ်မတ် ချိန်ရွယ်ထားသော အကြည့်များကမူ ဝမ်းနည်းရိပ်စွက်နေသော အသံနှင့် ဆန့်ကျင်စွာ စူးရှနေ၏။ ကြည်လင်သော ထိုအကြည့်များထဲတွင် ပြုံးယောင်ပင်သမ်းနေလိုက်သေးသည်။
“အပင်လိုမျိုး ငြိမ်နေခဲ့ရတဲ့ အချိန်တွေကြောင့်ပဲလားမသိဘူး၊ ခန္ဓာကိုယ်က ရုတ်တရက် ပြောစကားမနားထောင်တော့ ကြောက်ပြီး စိုးရိမ်နေလို့ပါ။”
ဤကဲ့သို့ အင်မတန် အားနွဲ့ချင်ယောင်ဆောင်နေခြင်းပင်။
“အီယွန်း၊ မြန်မြန်လုပ်ပေးပါ။ မြန်မြန်ရေချိုးပြီး နားချင်နေပြီ။”
အီယွန်းလည်း တံခါးကို ဆောင့်ကန်ပြီး အပြင်ထွက်မသွားနိုင်ခဲ့ပေ။
ပုရွက်ဆိတ်တွင်းလေးကြောင့် ကမ်းပါးပြိုကျနိုင်သလို မှတ်ဉာဏ်အစအနများ ပြန်ရနေပြီဖြစ်သော ထိုလူကို သွားဆွ၍ ဘာမှအကျိုးရှိမည်မဟုတ်။ အက်ကြောင်းထင်နေသော နံရံတစ်ခု ပြိုကျရန်မှာ ခဏလေးအတွင်း ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
“……ကျွန်မက တဘက်သုံးတဲ့သူပါ။ တဘက်နဲ့ပဲ ရေချိုးပေးပါမယ်။”
“ခါးပတ်ကွင်းကနေ အရင်စဖြုတ်ပေးပါ။”
အီယွန်းက တွေဝေမနေဘဲ ရေချိုးကန်ထဲသို့ လက်ကို ထည့်လိုက်သည်။ နွေးထွေးသော အပူရှိန်က အေးစက်တောင့်တင်းနေသော သူ့ကို ချက်ချင်း အရည်ပျော်သွားစေ၏။ ဂရုတစိုက်နှင့် ဂွမ်ချယ်ဝူ၏ ဘောင်းဘီခါးပတ်နေရာကို စမ်းနေစဉ် သူ့ထံမှ 'အား' ဟု တိုပြတ်ပြတ် အသံထွက်လာသည်။
“……”
ထိုအခါမှ အီယွန်းလည်း မိမိကိုယ်မိမိ မျက်လုံးများ တင်းတင်းမှိတ်ထားမိကြောင်း သတိပြုမိတော့၏။
မျက်ခွံများကို ပင့်လိုက်တော့ လက်ကောက်ဝတ်ကိုထောက်ကာ ကြည့်နေသော သူနှင့် အကြည့်ချင်း တည့်တည့်ဆုံသွားသည်။
“အဲ့ဒီနေရာ မဟုတ်ဘူးလေ၊ အီယွန်း။”
“ရှင်။”
“အဲ့ဒါက ကိုယ့်ရဲ့ဥတွေကို။ နည်းနည်းလောက်ပိုပြီး အပေါ်ကိုတက်ရမှာ။”
အီယွန်း လန့်ဖျပ်ကာ လက်ကိုပြန်ရုပ်လိုက်တော့ ဂွမ်ချယ်ဝူက ဘာကို မကျေမနပ် ဖြစ်သွားသည်မသိ မျက်မှောင် ပြင်းပြင်းထန်ထန် ကြုတ်သွား၏။ ထို့နောက် အီယွန်းကို ချိုင်းအောက်မှနေ၍ ပင့်မကာ ရေချိုးကန်ထဲသို့ ဆွဲချခဲ့သည်။
“……အာ့”
အတိအကျပြောရလျှင် သူ၏ ကိုယ်ပေါ်သို့ တင်လိုက်ခြင်းပင်။
မျက်စိတစ်မှိတ်အတွင်း အဝတ်အစားများ စိုရွှဲသွားလေသည်။ အီယွန်းက ထိုလူ၏ ရင်ဘတ်ကိုထောက်ကာ ခေါင်းကို ဆတ်ခနဲ မော့လိုက်၏။
“အခု နောက်နေတာလား။”
အီယွန်း အော်လိုက်တော့ ဂွမ်ချယ်ဝူက ခပ်ဖွဖွ ရယ်ခဲ့သည်။
“နောက်တာကို အီယွန်းက အရင်စတာလေ။”
“ကျွန်မက ဘယ်တုန်းကလဲ……”
“ကိုယ့်ဇနီးက ကိုယ့်ကို အရောင်းကောင်တာပေါ်တင်ပြီး အောင်သွယ်တော် လုပ်ပေးနေတာကို မြင်ရတာက သွေးပျက်စရာပဲ မဟုတ်ဘူးလား။”
ဒါက ပြီးသွားတဲ့ ကိစ္စမဟုတ်ဘူးလား။
သို့သော် ဂွမ်ချယ်ဝူ၏ မဲ့နေသော နှုတ်ခမ်းအစုံကို မြင်လိုက်ရသည့် ခဏမှာပင် ဤအချိန်အထိ သူ၏ဒေါသကို အောင့်ထားခဲ့ခြင်းဖြစ်ကြောင်း သတိပြုမိတော့၏။
အငြင်းအခုံက ယခုမှ စတင်ချေတော့မည်။
“တစ်ခါတလေကျရင် အီယွန်းရဲ့ အကျင့်တွေကို ပြင်ပေးချင်စိတ် ပေါက်လာပါတယ်။”
“အဲ့ဒါက ဘာကို……”
“ခွေးရဲ့ လည်ပတ်ကြိုးကို ကိုင်ထားရုံနဲ့ ဘာလုပ်မှာလဲ။ တင်ပါးကိုတော့ ဒီအတိုင်း လွှတ်ထားတာကို။”
ချက်ကျလက်ကျ အငြင်းအခုံကြောင့် အီယွန်း ဆွံ့အသွားရသည်။
“ခါးပတ်ကွင်း ဖြုတ်ဖို့လေးတောင် အတုန်တုန်အယင်ယင်နဲ့ ကိုယ့်ကို အောက်ကနေ ကိုင်တွယ်ဖို့ ဒီလောက် ချီတုံချတုံဖြစ်နေတာကို၊ ဘယ်လိုများ တခြားမိန်းမဆီရောင်းစားဖို့ စဉ်းစားနိုင်ရတာလဲ။”
“……”
“မနှမြောဘူးလား။”
အီယွန်းက မျက်တောင်များကို တဖျပ်ဖျပ်ခတ်ရင်း သူ့ကို ကြည့်နေမိသည်။
ထိုအခိုက်အတန့်တွင် ထိုလူက အီယွန်း၏ စိုရွှဲနေသော ရင်သားကို ငုံခဲလေ၏။
ဘရာစီယာအပေါ်မှ ဖောင်းကြွနေသော အသားနုလေးကို စုပ်ယူလိုက်သည့်အခါ မြင့်မားသော နှာတံက ရင်သားပေါ်သို့ ပြားကပ်စွာ ဖိနှစ်ကျရောက်လာတော့သည်။
~~~~
Miel's Translations