အပိုင်း ၆၂
“…… တစ်ခုခု ရှိနေလို့လားဟင်။ ထပ်ပြီး တောဝက်တို့ ဘာတို့၊ အဲ့ဒီလိုမျိုးတွေလား။”
အီယွန်းက လုပ်လက်စအလုပ်ကို ရုတ်တရက် ရပ်လိုက်ကာ အသံကိုပါနှိမ့်ပြီး မေးလိုက်သည်။ သို့သော် ဂွမ်ချယ်ဝူကမူ မည်သူကြည့်ကြည့် ကြောက်စရာကောင်းလောက်အောင် မျက်မှောင်ကြုတ်လျက် ဟင်းလင်းပြင် တစ်နေရာကို စိုက်ကြည့်နေခဲ့ရာ သူ၏ ထိုကဲ့သို့ ထိလွယ်ရှလွယ်ဖြစ်နေသည့် ပုံရိပ်ကြောင့် အီယွန်းပါ လိုက်၍ တံတွေးမျိုချမိသွား၏။
ကြာရှည်လှသော တဒင်္ဂ ကုန်ဆုံးသွားပြီးနောက်တွင်မှ ဂွမ်ချယ်ဝူက အဓိပ္ပာယ်ဖော်မရသော မျက်လုံးများဖြင့် အီယွန်းကို စိုက်ကြည့်လာသည်။
“မပြောတတ်ဘူး။”
“ရှင်။”
“ကိုယ်လည်း သေချာမသိဘူး။ ဒါက ဘာလဲ၊ ဘယ်လိုအသံလဲဆိုတာ။”
အီယွန်း၏ မျက်ဝန်းများထဲတွင် မြူနှင်းများကဲ့သို့ စိုးရိမ်စိတ်များ စိမ့်ဝင်လာသောအခါမှ ဂွမ်ချယ်ဝူက စကားလမ်းကြောင်းလွှဲသွား၏။
“အီယွန်းက ဟွာအီဒုမ် ပရောဂျက်ကို ရချင်တာလား။”
“အင်း……”
အီယွန်း ပါးကို ကုတ်လိုက်သည်။
“တခြားလူတွေကြားရင် ရယ်ကြလောက်မလား။ မဖြစ်နိုင်တဲ့စကားလို ဖြစ်နေမယ်ထင်တယ်။”
“ဟင့်အင်း။ အီယွန်းလောက် သစ်ပင်ကိုချစ်တဲ့လူ နောက်ထပ် ဘယ်မှာရှိဦးမှာလဲ။”
ဂွမ်ချယ်ဝူက လေသံအေးအေးလေးဖြင့် ပြောနေသော်လည်း နောက်ပစ်ထားသော လက်များကို ဆုပ်လိုက်၊ ဖြန့်လိုက်ဖြင့် ထပ်ခါတလဲလဲ လုပ်နေခဲ့သည်။ ထူးဆန်းစွာပင် စိတ်အေးလက်အေး မနေနိုင်ဘဲဖြစ်နေ၏။
ဤနေရာသို့ စတင်ခြေချကတည်းက တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မကြားဖူးသော အသံများကို သဲ့သဲ့လေးဆိုသော်လည်း ဆက်တိုက်ကြားနေရသည်။ သို့သော် တောအုပ်အတွင်း၌မူ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။ မည်သည့်အရပ်မျက်နှာမှန်း အတည်မပြုနိုင်သော နေရာမှ တစ်ချက်တစ်ချက်လည်း တရွှပ်ရွှပ်၊ တစ်ချက်တစ်ချက် ဒုန်းခနဲ အသံများက အာရုံကြောကို ခြစ်နေ၏။
အာရုံခံစားမှုအားလုံးက အပ်တစ်ချောင်းလို စူးရှနေသော်လည်း မျက်နှာကိုမူ အေးဆေးတည်ငြိမ်အောင် ပြင်ဆင်ထားခဲ့သည်။ ထိုမတင်မကျ ခံစားချက်ကို အထပ်ထပ် ဖုံးကွယ်ရင်း အီယွန်း၏အရှေ့တွင်မူ လုံးဝ အရိပ်အယောင်မပြခဲ့။
အကြောင်းမူကား ဤသည်က အီယွန်း၏အိမ်မက်နှင့် ဆက်စပ်နေသည့် အလုပ်ဖြစ်သောကြောင့်ပင်။
“အာမခံချက်ရှိတဲ့ စာချုပ်တွေ၊ ပိုက်ဆံတွေထက်စာရင်……”
ဂွမ်ချယ်ဝူက ထပ်မံထွက်ပေါ်လာသည့် သေးငယ်သော ဆူညံသံတစ်ခုကြောင့် မျက်ခုံးပင့်လိုက်မိသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် အနီးနားမှ ငှက်တစ်ကောင် ပျံသန်းသွား၏။
ဘာများလဲ၊ ရိုးရိုးတောင်ပံခတ်သံပဲလား။
“ဂွမ်ချယ်ဝူက ကြည့်နေတာမို့လို့ ပိုပြီးတော့ ကောင်းကောင်းလုပ်ရမယ်ဆိုပြီး တွေးမိတာပါ။”
ရုတ်တရက် စူးရှနေသော အာရုံများက ငှက်မွေးကိုကျော်၍ သတိထားနေပြီး နူးနူးညံ့ညံ့ရှိလှသော အသံလေးဆီသို့ ရောက်ရှိသွားသည်။
“အဲ့ဒီတုန်းက…… တကယ်ပဲ မျက်နှာပူစရာကောင်းခဲ့တာ။ ကျွန်မက ဟွမ်ဂျိုယွန်းအရှေ့မှာ မာန်မတက်နိုင်ဘဲ ဖြစ်နေတဲ့အချိန်၊ ဂွမ်ချယ်ဝူက တစ်ခုချင်းစီ လိုက်ပြီး တုံ့ပြန်ပေးနေတာကိုကြည့်ရင်း ဒီလိုမျိုး ဆက်ပြီးတော့ လက်ရှောင်နေလို့ မဖြစ်ဘူးဆိုပြီး တွေးမိသွားတာလေ။ အဲ့ဒါကြောင့် ပိုပြီး ရင့်ရင့်ကျက်ကျက် ရင်ဆိုင်ချင်ခဲ့တာ။ ဖြစ်နိုင်ရင် ကျွန်မမှာရှိတဲ့ အရည်အချင်းနဲ့ပေါ့။”
“…….”
ဂွမ်ချယ်ဝူတွင် ထူးခြားသော အကြားအာရုံရှိသော်လည်း ယခုအခိုက်အတန့်တွင်မူ နားလေးသွားသည့်အလား ကမ္ဘာကြီးက တိတ်ဆိတ်သွားတော့သည်။ ဘာတစ်ခုမှ မကြားရတော့ပေ။
ခံစားချက်များ ပြည့်နှက်နေသော မျက်လုံးလေးများ၊ အားတက်သရော လှုပ်ရှားနေသော နှုတ်ခမ်းလေးများ၊ အီယွန်း၏ အမူအရာအလိုက် အနည်းငယ် မြင့်တက်သွားသော မျက်ခုံးလေးများက တစ်ခုချင်းစီ ရင်ထဲသို့ စွဲမြဲသွားရာ အသက်ရှူပင် ကျပ်လာရတော့၏။
“ဒီလိုကျွန်မကိုကြည့်ပြီး ဂွမ်ချယ်ဝူကိုလည်း မြန်မြန် စိတ်အေးချမ်းမှု ရစေချင်ခဲ့တာပါ။ နိုးလာတာ သိပ်မကြာသေးတဲ့အချိန်မို့လို့။ ကျွန်မ တကယ် ကြိုးကြိုးစားစား လုပ်ပါ့မယ်။ ပိုက်ဆံအများကြီးရလာရင် ကောင်းတာလေးတွေလည်း အများကြီး ဝယ်ပေးပါ့မယ်။”
အပြစ်ကင်းစင်ကာ ရိုးသားစွာ တောက်ပနေသည့် အီယွန်း၏ မျက်ဝန်းလေးများကို အရူးအမူး ပိုင်ဆိုင်ချင်မိသွားသည်။
“ပြီးတော့ နာကျင်နေတဲ့ သစ်ပင်တွေကို ကုပေးရတာက အမြဲတမ်း ပျော်ဖို့ကောင်းတယ်လေ။”
အီယွန်း မျက်လုံးလေးများကို လခြမ်းကွေးလေးဖြစ်အောင်မှိတ်ကာ ပြုံးပြလိုက်သည့် ခဏတွင် စိတ်လွတ်သွားသော လူက အလျင်စလို ခါးကို ကိုင်းညွှတ်လိုက်တော့၏။
“အွတ်……”
ထို့နောက် အီယွန်း၏ နှုတ်ခမ်းများကို တစ်ချက်တည်းနှင့် ရှာဖွေကာ ကိုက်ခဲခဲ့သည်။ အီယွန်း၏ ပါးပြင်ပေါ်သို့ ခန့်ညားလှသော နှာတံက ဖိကပ်သွားတော့၏။
အစကတည်းက နက်ရှိုင်းစွာ ဝါးမျိုထားသော နှုတ်ခမ်းလွှာများကို ထိုးခွဲကာ နီရဲသည့် လျှာဖျားက ကျွမ်းကျင်စွာ တိုးဝင်လာသည်။ လျှာကို ကြမ်းတမ်းစွာ ပွတ်တိုက်ရင်း ထင်ရှားသော မေးရိုးကိုလည်း အားမနာတမ်း ဟလာ၏။ နို့သီးလေးများကို သိမ်းပိုက်သလို နှုတ်ခမ်းကိုလျက်ပေးကာ ထွက်ပြေးနေသည့် လျှာကို ရစ်ပတ်ဆွဲယူရင်း တင်ပါးဆုံကို ပွတ်သပ်နှိုးဆွသကဲ့သို့ ဖြည်းဖြည်းချင်းဖိကာ ပွတ်တိုက်နေသည်။
အတွင်းကို လှုံ့ဆော်ပေးတိုင်း လျှံကျလာသော သွားရည်တို့က ချိုမြိန်လှ၏။ မောဟိုက်နေသော အီယွန်း နောက်သို့ဆုတ်သွားသောအခါ သေးငယ်သော ထိုမျက်နှာလေးကို အားဖြင့်မော့စေပြီး ပို၍ နက်ရှိုင်းစွာ ပေါင်းစပ်ခဲ့ပြန်သည်။
“အင့်……”
ခုခံရန် ကြိုးစားနေသော အသံလေးက အားအင်မဲ့စွာ ဝါးမျိုခံလိုက်ရသည်။ ခေါင်းကိုပင့်ကာ ငဲ့စောင်းလိုက်တိုင်း ကျန်ရှိနေသည့် ပင့်သက်များပင် မရှိတော့။ အနည်းငယ် ဟသွားသော နှုတ်ခမ်းကြားမှ စိုစွတ်နီရဲနေသော လျှာဖျားလေး ပေါ်ထွက်လာပြီး တစ်ဖက်လူ၏ ပါးစပ်ထဲသို့ လျှောခနဲ ပြန်လည်တိုးဝင်သွား၏။
ရွှံ့ပေနေသည့် လက်များက စေးကပ်နေပြီး မှောင်မိုက်သော တောအုပ်အတွင်းပိုင်းက အနမ်းဖလှယ်ရန် အဆိုးဝါးဆုံးနေရာပင်။ သို့သော်လည်း ခေါင်းက ပူလောင်စွာ ပေါက်ကွဲထွက်မတတ်ဖြစ်နေသောကြောင့် လုပ်စရာရှိသည်များကို ခေတ္တဘေးဖယ်ထားကာ ပြင်းပြစွာ နမ်းရှိုက်နေမိသည်။ ထိုလူက ဆက်၍ ထိန်းမထားနိုင်တော့ဘဲ အီယွန်း၏ ရင်သားကို ဝှစ်ခနဲ ဆုပ်ကိုင်လိုက်ချိန်တွင်။
“အင့်၊ အွတ်……”
အသက်ရှူကျပ်လာ၍လားမသိ၊ အီယွန်းက ဂွမ်ချယ်ဝူ၏ ကျောပြင်ကို အသည်းအသန် ထုရိုက်လေတော့သည်။ ဂွမ်ချယ်ဝူကမူ အစွမ်းကုန် တင်းမာနေပြီဖြစ်သော လိင်တံကြီးကို အီယွန်း၏ ဆီးစပ်နှင့် တရစပ်ပွတ်တိုက်ရင်း သွားများဖြင့် လျှာလေးကို ခဲကိုက်ထား၏။
“ဟင်းးးးး……”
အီယွန်း နာကျင်သလို ညည်းလိုက်မှသာ ကော်နှင့်ကပ်ထားသလို ရှိနေသော နှုတ်ခမ်းများက မခွာချင့်ခွာချင် ကွာသွားတော့သည်။
အရင်ဆုံး မြင်တွေ့လိုက်ရသည်က ဂွမ်ချယ်ဝူ၏ နီမြန်းနေသော မျက်ဝန်းများနှင့် ဖြောင့်စင်းသော နဖူးအလယ်တွင် ထောင်ထွက်နေသည့် စိမ်းဖန့်ဖန့် အကြောများပင်။
“ရုတ်၊ ရုတ်တရက်ကြီး ဒီမှာတော့ မဖြစ်ဘူးလေ။ ကျွန်မတို့က အခု စစ်ဆေးခံနေရတာကို……”
“သိပါတယ်။”
သို့သော် အေးဆေးလှသော အဖြေနှင့်မလိုက်အောင်ပင် သူ၏ လည်စေ့က အဆက်မပြတ် လှုပ်ရှားနေသည်။ နှစ်ဦးစလုံး ရင်ဘတ်များ နိမ့်ချည် မြင့်ချည်ဖြင့် ပြင်းပြင်းထန်ထန် အသက်ရှူနေကြရ၏။ အချင်းချင်း၏ သွားရည်များ ပေကျံကာ ပြောင်လက်နေသော နှုတ်ခမ်းများဆီမှ အကြည့်မခွာနိုင်ဘဲ ဖြစ်နေကြသည်။
“ကျွန်မ ဝါယာ……ဟို ဝါယာတွေကို ပြီးအောင်ဆက်ချည်ရဦးမယ်။”
“ဟုတ်ပါပြီ။”
တဒင်္ဂ တွေဝေနေသော အီယွန်းက အရင်ဆုံး ထိုနေရာမှ ရှောင်ထွက်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ်မျှသာ ထွက်လာရသေးသော်လည်း အနေအထားအငွေ့အသက်ပါ ကွာခြားသွား၏။ ကိုယ်တိုင်ပင် သတိမထားမိဘဲ ချွေးထွက်နေ၍လားမသိ၊ နဖူးကို ရှပ်ထိကျီစယ်သွားသော လေပြည်က အေးမြလှသည်။
နှုတ်ခမ်းက ပျားတုပ်ခံထားရသလို စပ်ဖျဉ်းဖျဉ်းဖြစ်နေကာ လှံစွပ်ကဲ့သို့ စူးရှသော အကြည့်များကလည်း အီယွန်းဆီသို့ စိုက်ဝင်နေဆဲပင်။ ဘယ်ကမှန်းမသိ တဆစ်ဆစ်နှင့် ပူနေသဖြင့် အီယွန်းလည်း လက်ကို အလုပ်များအောင် ထားရတော့သည်။
“အဟမ်း၊ အဟမ်း……”
ပထမဆုံးအနေဖြင့် ရှည်လျားသော ဝါယာကြိုးကို သစ်ပင်တစ်ပင်တွင် အရင်ဆုံး ကျပ်နေအောင် ပတ်လိုက်ပြီး ကျန်တစ်ဖက်ကိုမူ လဲကျတော့မည့်အလား စိုးရိမ်ရသော သစ်ပင်တွင် ချည်နှောင်လိုက်သည်။
ထို့နောက် သန်စွမ်းသော သစ်ပင်၏ ဝါယာကို တင်းကျပ်အောင် ဆွဲညှိလိုက်ရာ အီယွန်း၏ မျက်နှာလည်း အတူတူ ရှုံ့မဲ့သွားလေ၏။
“ဘာဖြစ်လို့လဲ။”
ဂွမ်ချယ်ဝူက ချက်ချင်းရောက်လာကာ အီယွန်း၏ လက်ဖဝါးလေးကို အတင်းဖယ်ထုတ်ခဲ့သည်။ ထိတွေ့လိုက်သော လက်မှတစ်ဆင့် လျှပ်စစ်စီးသလို ကျဉ်ခနဲ ခံစားလိုက်ရ၏။ အီယွန်းတစ်ယောက် နားရွက်များ ချက်ချင်း နီရဲသွားသော်လည်း မှင်သေသေနေလိုက်သည်။
“ဟင့်အင်း၊ ဘာမှမဖြစ်ပါဘူး။”
အီယွန်း သူ့ကို တည့်တည့်စိုက်ကြည့်နေသည့် ထိုလူကိုကြည့်ရင်း အနည်းငယ် အိုးတိုးအမ်းတမ်းဖြစ်သွား၏။
“ဒါကလေ တအားနာမှာ။ ဒီဒဏ်ရာရနေတဲ့သစ်ပင် အသက်ရှင်နေသရွေ့ သူက ဒီကနေ မလွတ်မြောက်နိုင်တော့ဘူး။”
ဂွမ်ချယ်ဝူ၏ ခံစားချက်ကင်းမဲ့သော အကြည့်များက ကြိုးတစ်ချောင်းအပေါ်တွင် အသက်ကို ပုံအပ်ထားရသည့် သစ်ပင်ဆီသို့ ရောက်သွားသည်။
ထိုအန္တရာယ်ရှိသော မြင်ကွင်းကို ကြည့်နေရင်းမှ မည်သည့်ခံစားချက်မျှ မရှိသော သူ၏ နှုတ်ခမ်းအစုံက တဖြည်းဖြည်းနှင့် လခြမ်းကွေးပုံစံ ပြုံးတက်လာ၏။ အီယွန်းက တုံ့ဆိုင်းစွာနှင့် မေးလိုက်သည်။
“ဘာလို့ ရယ်တာလဲဟင်။”
“ဟိုဟာက ကိုယ်ပဲ။”
“ရှင်။”
“လဲကျတော့မလို ဖြစ်နေတဲ့ ဟိုသစ်ပင်လေ။”
သူက လက်ညှိုးဖြင့် အန္တရာယ်ရှိနေသော သစ်ပင်ကို ညွှန်ပြခဲ့သည်။
“ဒါပေမဲ့ အီယွန်းကတော့ ဒီအကောင်းအတိုင်းရှိနေတဲ့ အပင်ကို သနားနေတယ်ပေါ့လေ။”
“……အဲ့ဒီလိုပဲ ဖြစ်မှာပေါ့။ မဆိုင်ဘဲနဲ့ ထောက်တိုင်လုပ်ပေးရတော့မှာလေ။ ဒီဝါယာက အရမ်းနာတာရှင့်။ အချိန်ကြာလာရင် သစ်ခေါက်ထဲအထိ ထိုးဖောက်သွားပြီး အမာရွတ်တွေ ကျန်ခဲ့မှာ။”
“တကယ် သနားစရာကောင်းတာပဲ။”
ရယ်မြူးရိပ် မသိမသာပါဝင်နေသော စကားပင်။ ထိုအခါ အီယွန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သဖြင့် ဂွမ်ချယ်ဝူက ရင်ဘတ်ပေါ်တွင် လက်ပိုက်လျက် ဒဏ်ရာရနေသော သစ်ပင်ကို မေးဆတ်ပြခဲ့သည်။
“ကိုယ်ကတော့ ဟိုအပင်ကို ပြုံးနေတယ်လို့ထင်တယ်။ ဒီသစ်ပင်လှလှလေးကို ဒီလိုနည်းနဲ့ပဲဖြစ်ဖြစ် မျက်နှာချင်းဆိုင်ပြီး ရှင်သန်နိုင်တာကို အဲ့ဒီကောင်က ဝမ်းသာနေတာ။”
“…….”
အီယွန်းတစ်ယောက် ဘာကြောင့်မှန်းမသိ ဘာစကားမှ ပြန်မပြောနိုင်ခဲ့။ ဝါယာကြိုး တစ်ခုတည်းကို အမှီပြုပြီး တစ်ပင်နှင့်တစ်ပင် ချည်နှောင်ထားရသည့် သစ်ပင်နှစ်ပင်ကို သေချာကြည့်ခဲ့သော်လည်း ဂွမ်ချယ်ဝူကဲ့သို့သော အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုး သူ့ထံမှ ထွက်မလာပေ။
အီယွန်းက အလကားနေ လက်မောင်းကို ပွတ်သပ်ရင်း နေရာအနှံ့ ပြန့်ကြဲနေသော လွှ၊ ကတ်ကြေး၊ စူး၊ တူ စသည့် ကိရိယာများနှင့် အားဆေးရည်များ၊ ကော်၊ အကြောဆေးပုလင်း စသည့် ဆေးဝါးများကို သိမ်းဆည်းရန် ပြင်လိုက်သည်။
ထိုခဏတွင်။
“…… ဟင်၊ ဟင်၊ ဂွမ်ချယ်ဝူ။”
သူက အကြောင်းပြချက်မရှိဘဲ အီယွန်း၏ လက်ကောက်ဝတ်ကို အတင်းဆွဲခေါ်သည့် နားမလည်နိုင်စရာ လုပ်ရပ်ကို လုပ်ခဲ့သည်။ ဟန်ချက်ပျက်သွားသော အီယွန်းတစ်ယောက် တင်ပါးဖြင့် မြေပြင်ပေါ်သို့ တရွတ်တိုက် လဲကျသွားသော်လည်း ဂွမ်ချယ်ဝူက မည်သည့်ရှင်းပြချက်မှမပေးဘဲ အားနှင့်သာ ဆွဲခေါ်နေ၏။ လုပ်ဆောင်ချက် တစ်ခုချင်းစီတိုင်းက အတင်းအဓမ္မဆန်လှသည်။ အီယွန်း မတ်မတ်ရပ်နိုင်သွားသောအချိန်တွင်မူ သူက အရှေ့ကိုသာကြည့်ပြီး အရူးတစ်ပိုင်း စတင်ပြေးတော့၏။
တင်းကျပ်စွာ ဆုပ်ကိုင်ခံထားရသော လက်ကောက်ဝတ်က ကျိုးလုမတတ် နာကျင်နေကာ ပခုံးအဆစ်ကလည်း ဆွဲဆန့်ခံနေရသည်။ မတတ်သာဘဲ သူ့နောက်သို့ လိုက်ပြေးနေရသော်လည်း အစကတည်းက သူ၏အရှိန်ကို မီရန်မှာ မလွယ်ကူသောကိစ္စပင်။
ပေါင်ကြွက်သားများ ပေါက်ထွက်မတတ် ပူလောင်လာကာ ချက်ချင်းပင် အသက်ရှူ ကျပ်လာရတော့သည်။ အီယွန်း၏ ထိုအခြေအနေကို မသိနိုင်စရာ အကြောင်းမရှိသော်လည်း အေးစက်လှသော ဂွမ်ချယ်ဝူက အနောက်သို့ တစ်ချက်ပင် လှည့်မကြည့်ခဲ့။ အသည်းအသန် အီယွန်း၏ လက်ကောက်ဝတ်ကိုသာ ဆုပ်ကိုင်ထားရာ သွေးမလျှောက်တော့သော လက်က ခဏချင်းအတွင်း နီမြန်းကာ ထုံကျဉ်လာတော့သည်။
“ဆေးအိတ်လေ……အဲ့ဒါ ထားခဲ့လို့ မဖြစ်……”
“သေရေးရှင်ရေးလို ပြေးစမ်းပါ။”
ကြမ်းတမ်းစွာ အက်ရှရှဖြစ်နေသော အသံပင်။
ဤဘက်သို့ လှည့်ကြည့်လာသော သူ၏ နဖူးပေါ်မှ ဆံစများက လေထဲတွင် ဖရိုဖရဲ လွင့်နေသည်။ ကြောက်စရာကောင်းလောက်အောင် တည်တင်းနေသော ထိုမျက်နှာကို မြင်လိုက်ရသည့် ခဏတွင် အီယွန်း၏ နှလုံးက ဒိန်းခနဲ တုန်လှုပ်သွားရ၏။ ဂွမ်ချယ်ဝူက လူနှစ်ဦးစာ ကျောပိုးအိတ်များကို ရှေ့ရော နောက်ပါ လွယ်ထားရင်း အီယွန်းကို အားနှင့် ထပ်မံဆွဲခေါ်ခဲ့ပြန်သည်။
ဝုန်း….
မြေကြီးများ တုန်ခါသွား၏။
“ဟင်…… ဟင်……”
ဝူးးးးးးး
ဘာမှန်းမသိရသည့် အသံကြီးနှင့်အတူ တစ်စုံတစ်ရာက အနည်းငယ်သော တုန်ခါမှုနှင့် အလုံးအရင်းနှင့် တိုးဝင်လာ၏။
ကုပ်ပိုးကို ဖြတ်သန်းသွားသော ထိတ်လန့်စရာခံစားချက်ကြောင့် အလိုလို အနောက်သို့ လှည့်ကြည့်လိုက်သည့်အချိန်တွင်။
“ဘာ၊ ဘာဖြစ်….”
အထပ်ထပ်ဆင့်နေသော တောင်ခြေက ပြိုကျပျက်စီးလာနေခြင်းပင်။
နှစ်ရက်ဆက်တိုက် ရွာသွန်းခဲ့သော မိုးသည်းထန်မှုကြောင့် ဖြစ်ပေလိမ့်မည်။ ခဲနေသော ရွှံ့နွံထုကြီးနှင့် ကျောက်ဆောင်များက ဆူနာမီလှိုင်းလုံးလို တိုးဝင်လာသော မြေပြိုမှုအရှိန်နှင့်အတူ အရှိန်အဟုန်ပြင်းစွာ လိမ့်ဆင်းလာနေသည်။
မည်မျှပင် ဝေ့ဝဲကြည့်ပါစေ ပုန်းခိုရမည့်နေရာ တစ်ခုမျှမရှိသလောက်ပင်။ သစ်ပင်ပေါ်မှာလည်း မလုံခြုံနိုင်။ အားနည်းသထက် အားနည်းနေပြီဖြစ်သော သစ်ပင်များက ကြောက်မက်ဖွယ် တိုးဝင်လာသည့် မြေပြိုမှုကို ခံနိုင်ရည်ရှိသည့်အားအင် မရှိကြပေ။
ပြီးခဲ့သည့်နှစ်က လူနေအိမ်ခြေများကို တိုက်စားသွားခဲ့သော ကြီးမားသည့် မြေပြိုမှုကြီး။ ယင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ အီယွန်း၏ ပါးစပ်မှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့သည်။ ခြေထောက်များ အားပျော့သွားသည့် ခဏတွင် ဂွမ်ချယ်ဝူက သူ့ကို ပွေ့ချီကာ ပခုံးပေါ်သို့ တင်လိုက်၏။
“……”
အီယွန်း၏ မြင်ကွင်းက ချက်ချင်းပင် မည်းမှောင်သော ကြောက်ရွံ့မှုများဖြင့် ဖုံးလွှမ်းသွားလေသည်။
ရွှံ့နွံအိုင်ကြီး လျှံကျလာချေပြီ။
လှိုင်းလုံးကြီးများကဲ့သို့ ဤတောအုပ်ကို လျင်မြန်စွာ ဖုံးလွှမ်းလာနေသော ထူထပ်လှသည့် မြေပြိုမှုကြီးက ယခုပဲဖြစ်ဖြစ် လူနှစ်ဦးကို ဝါးမျိုတော့မည့်အလား အပြေးအလွှား တိုးဝင်လာတော့၏။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အစ/အဆုံး ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။