no

Font
Theme

အပိုင်း ၁၈

မျက်နှာပျက်သွားသည့် ဂွမ်ချယ်ဝူက စကားမပြောဘဲ အီယွန်း၏ အသားကို ပွတ်သပ်နေသည်။ အီယွန်းက ကျောပြင်၌ လာထိသော အထိအတွေ့ကို မေ့ဖျောက်ရန် အစွမ်းကုန် ကြိုးစားနေရ၏။

“ဂွမ်ချယ်ဝူရှင့်၊ အဲ့ဒီလို တွန်းနေလို့ နည်းနည်းလေးမှ အပန်းမပြေပါဘူး။ ချေးတွန်းလက်အိတ်ကို ဟိုမှာထားခဲ့ပါတယ်။ အဲ့ဒါကို အရင်ယူပေးပါဦး။”

“နာကျင်နေတဲ့ပုံမို့လို့ပါ။”

“ရှင်...”

“အကိုင်အတွယ်မတည့်ရင် အီယွန်းရဲ့ကျောလေး နီရဲသွားမှာပေါ့။”

“......အဲ့ဒီလိုဖြစ်ဖို့ပဲ ရေချိုးနေတာ မဟုတ်ဘူးလားရှင့်။”

အီယွန်းက မာကျောသော သစ်သားနှင့် တောက်လျှောက် ပွတ်တိုက်မိရာမှာ အကွက်လိုက် အညိုအမည်းစွဲနေသည့် ခန္ဓာကိုယ်ကို ကုန်းကာ ဖုံးကွယ်လိုက်သည်။ ဂွမ်ချယ်ဝူတွင် မည်သို့သော အထင်လွဲမှုမျိုး ရှိနေမှန်းကိုမူ တစ်စက်ကလေးပင် မသိခဲ့။

“အဲ့ဒါဆို ဒီနေ့တော့ ရေချိုးတာမဟုတ်ဘူးလို့ပဲ သတ်မှတ်လိုက်ပါ။”

“ရှီး၊ နောက်နေတာလားရှင့်။”

အီယွန်းက ခေါင်းကိုသာ အနောက်သို့ ဆတ်ခနဲလှည့်ကာ ဒေါသတကြီး မော့ကြည့်လာသည်။ သူ့ကို စိုက်ကြည့်နေသည့် ချစ်စရာမျက်လုံးလေးများက အင်မတန် စူးရှပြင်းထန်လှ၏။

“ဒီအတိုင်း ကိုယ်နဲ့...”

ရယ်မြူးရိပ်ပင်မရှိသည့် အသံက ခေတ္တ ရပ်တန့်သွားသည်။

“ပေါ့ပေါ့ပါးပါး ကစားတယ်လို့ပဲ သဘောထားလိုက်ပါ။”

ဂွမ်ချယ်ဝူ၏ လက်ဖဝါးတစ်ပြင်လုံးက အီယွန်း၏ ကျောပြင်ပေါ်သို့ ပူနွေးစွာ လာရောက်ထိတွေ့ခဲ့သည်။ အနည်းငယ် ကြမ်းတမ်းသော လက်ဖဝါးက အီယွန်း၏ ပခုံးသားများကို ဖြည်းညင်းစွာ နှိပ်နယ်ပေးနေ၏။

“အော...”

လက်ကို ဆက်လက် လျှောချလာကာ ကျော၏ အလယ်ဗဟိုကို ဖိနှိပ်လိုက်သောအခါတွင် ခါးက ထူးဆန်းစွာ ဆတ်ခနဲတုန်သွားသည်။

နွေးထွေးသော ရေနှင့် ထိုထက်ပို၍ ပူနွေးသည့် လက်များ။ ပြီးတော့ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည့် အမာရွတ်ဟောင်းများ။ ထိုအရာများကြားတွင် ပွတ်တိုက်မှုကြောင့် အပူများ စတင်ဖြစ်ပေါ်လာသည်။ အီယွန်းက လေးတိလေးပင် သက်ပြင်းချသံ ထွက်လာမည်စိုး၍ နှုတ်ခမ်း အတွင်းသားကို အလျင်အမြန် ဖိကိုက်ထားလိုက်၏။ နွေနေ့၏ စိုထိုင်းမှုက သူ့အသားတွင် ကပ်နေသည်။

ဂွမ်ချယ်ဝူ၏ လက်ဖျားများက ရုတ်တရက် ရင်သားအောက်ဘက်ကို ရှပ်ထိပွတ်တိုက်သွား၏။ အီယွန်းက လက်နှစ်ဖက်ဖြင့် ရင်သားများကို စုစည်းကာ အလျင်အမြန် ကာကွယ်လိုက်သည်။ သူက အသာတကြည် နောက်ဆုတ်သွား၏။

လက်မဖြင့် ကျောရိုးတစ်လျှောက်ကို စက်ဝိုင်းပုံ ပွတ်သပ်ပေးသောအခါ ကျန်လက်ချောင်းလေးချောင်းက ခါးဆစ်နားသို့ ရောက်ရှိသွားသည်။ သူ၏ လက်နှစ်ဖက်ထဲတွင် အီယွန်း၏ခါးက အပြည့်အဝ ဖမ်းဆုပ်ခံထားရ၏။ အီယွန်းလည်း ထိုရေနွေးထဲတွင် အရည်ပျော်သွားလိုစိတ် ဖြစ်ပေါ်လာတော့သည်။

ထိုအစား နာကျင်အောင် ပြင်းပြင်းထန်ထန် ပွတ်တိုက်ပေးလျှင် ကောင်းပေမည်။ အီယွန်းတစ်ယောက် ကျောရိုးတစ်လျှောက် တုန်ယင်လာသည့် ခံစားချက်ကြောင့် မသက်မသာဖြစ်ကာ မျက်နှာကြက်ကိုသာ စိုက်ကြည့်နေမိသည်။

နီမြန်းနေသည့် သူ့မျက်နှာက ရေနွေးကြောင့်သာ ဖြစ်ရပေမည်။

~~~~

တစ်ခါ ကျောပြင်ကို ပြပြီးသွားတော့ အိပ်ရာတစ်ခုတည်းတွင် အတူအိပ်ရသည်က အင်မတန် လွယ်ကူသည့်ကိစ္စ ဖြစ်သွား၏။

ခြေလက်တွေလည်း ယခုကတည်းက ပျော့ခွေကာ အိပ်ငိုက်သလို ခံစားလာရသည်။ အီယွန်းလည်း အရှုံးပေးသည့်အလား သက်ပြင်းချလိုက်၏။

“ဂွမ်ချယ်ဝူ၊ ကောင်းကောင်းအိပ်ပါ။”

သူ စောင်ကို မကာ ဝင်လာတော့ မွေ့ရာက ပြည့်ကျပ်သွားသည်။ အီယွန်းလည်း ဖော်ပြ၍မရသော သက်သောင့်သက်သာ ခံစားမှုနှင့်အတူ မျက်ခွံများကို ဖြည်းဖြည်းချင်း မှိတ်ချလိုက်၏။

တကယ် ရှည်လျားလှသည့် တစ်နေ့တာပင်။ ရှေ့လျှောက်လည်း ဤအတိုင်းပဲ ဆက်သွားနိုင်ပါ့မလား။ ဂွမ်ချယ်ဝူနှင့် မနက်မှ ညအထိ အတူတူ လှုပ်ရှားခဲ့ရသည့် ပထမဆုံးနေ့။ ပင်ပန်းရသော်လည်း တော်သေး၍ ထင်ထားသလောက် မဆိုး...

“အခုကတည်းက အိပ်ချင်နေပြီလား။”

“ဟုတ်......ရှင်။”

အီယွန်းက စပရင်အလား ငေါက်ခနဲ ထထိုင်လိုက်သည်။

“ဘာဖြစ်တာလဲ။”

နေပါဦး၊ သက်သောင့်သက်သာ ဖြစ်တယ်ပေါ့လေ။

အခု ထင်ထားသလောက် မဆိုးဘူးလို့ ပြောမိလိုက်တာလား။

ရူးသွားပြီလား။

‘အဲ့ဒီလူက ငါ့ကို သတ်ဖို့လုပ်ခဲ့တာလေ၊ ငါကလည်း သူ့ကို လွှနဲ့ ရိုက်ချခဲ့တာကို။ အဲ့ဒီလူက... ဆိုးတဲ့အပြင် ကြောက်ဖို့လည်းကောင်းတဲ့လူ။’

ဝိုးတဝါး စိတ်အာရုံက ချက်ချင်း လက်တွေ့ဆန်သွားတော့သည်။ အီယွန်းက မသိစိတ်မှ တွေးလိုက်မိသည့် အတွေးကို ပြန်စဉ်းစားရင်း ကိုယ့်ခေါင်းကိုယ် ထုလိုက်၏။

ထိုအခါ သူနှင့်အတူ ထထိုင်လိုက်သည့် ဂွမ်ချယ်ဝူက သူ့လက်သီးသေးသေးလေးကို ဖမ်းဆုပ်ကာ မျက်ခုံးကို ပင့်လိုက်သည်။

“အခု ဘာလုပ်နေတာလဲ။”

ဒီလူ့ဘေးမှာ အိပ်ရတာ တကယ် သက်သောင့်သက်သာ ဖြစ်နေတာလား။

‘သတိထားစမ်းပါ ဆိုအီယွန်းရဲ့။’

အီယွန်း၏ မျက်လုံးများ တုန်ယင်နေသည်။

‘အဲ့ဒီတုန်းက သားသတ်ရုံကို မမေ့နဲ့လို့...’

အေးအေးဆေးဆေး နေထိုင်လိုသူ အီယွန်းက လူသတ်သည့် မျိုးနွယ်စုနှင့် လိုက်ဖက်မှုမရှိ။

ငါက လူသတ်သမားဘေးမှာ အေးအေးဆေးဆေး အိပ်နေတယ်ဆိုတာ အဓိပ္ပာယ်ရှိသေးရဲ့လား။

အီယွန်းတစ်ယောက် မိမိ၏ လက်လွတ်စပယ်နိုင်သည့် သဘောထားကြောင့် သွေးဆုတ်ဖြူရော်သွားတော့သည်။ ပြီးပြည့်စုံသည့် ဘေးအန္တရာယ် သတိမဲ့မှုပင်။ ပြီးခဲ့သည့်ရက်ပိုင်းက ကျိန်းသေပေါက် ဤမျှအထိ မပေါ့ဆခဲ့။

“အီယွန်း။”

ကိုယ်တိုင်ပင် သတိမထားမိဘဲ မျက်ခုံးကျုံ့ထားသော ဂွမ်ချယ်ဝူက အီယွန်း၏ ဦးခေါင်းကို ထွေးဆုပ်ကာ လှည့်လိုက်သည်။ ရှောင်ရှားရန်ပင် အချိန်မရလိုက်ဘဲ မျက်လုံးချင်းဆုံမိသွား၏။ အီယွန်းက အခြေအနေကို ငြင်းဆန်သည့်အလား မျက်လုံးများကို တင်းတင်းမှိတ်ပစ်လိုက်သည်။

“မျက်လုံးဖွင့်ပါ။”

“……”

“အခု ဘာလုပ်ချင်နေမှန်း နားမလည်တော့ဘူး။ ရုတ်တရက်ကြီး ဘယ်ကိုသွားဖို့ ခြေထောက်တစ်ဖက်ကို အပြင်ထုတ်ထားရတာလဲ။"

ထိုအခါမှ ခြေထောက်တစ်ချောင်းက ကြမ်းပြင်ကို ထောက်ထားမိကြောင်း ခံစားလိုက်ရ၏။ ထိုမျှအထိ ဗီဇအတိုင်း အလျင်စလို လုပ်ဆောင်မိသည့် လုပ်ရပ်ပင်။

မျက်နှာကို တစ်ဖက်လှည့်ချင်သော်လည်း သူက တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် တစ်လက်မလေးပင် လှုပ်ရှား၍မရခဲ့။ ထို့ကြောင့် ဆန္ဒပြသည့်အလား နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။

ဂွမ်ချယ်ဝူလည်း ရုတ်တရက် တစ်ကိုယ်လုံးနှင့် သူ့ကို ငြင်းဆန်နေသော အီယွန်း၏ပုံစံကြောင့် ရင်ထဲတွင် အေးစက်သွားတော့၏။

“တကယ် မျက်လုံးမဖွင့်ဘူးလား။ ကိုယ့်ကို မကြည့်ပေးတော့ဘူးလား။”

“……”

“ကိုယ်နဲ့ စကားတောင်မပြောချင်တော့ဘူးလားဟင်။”

တောင်းဆိုနေသလို အသံကိုပင် အီယွန်းက စိတ်ယိုင်ခြင်းမရှိခဲ့ပေ။

“အီယွန်းက လူတွေကို ချောင်ပိတ်အောင် မလုပ်ဖူးဘူးမဟုတ်လား။”

ထိုအချိန်တွင် ဂွမ်ချယ်ဝူက အီယွန်း၏ လည်ပင်းကို အားပြင်းစွာ ကိုက်ချလိုက်လေသည်။ ခေါင်းမာစွာ မှိတ်ထားသည့် မျက်လုံးများ ပွင့်သွားကာ အီယွန်း၏နှုတ်ဖျားမှ တိုပြတ်ပြတ် အော်သံတစ်ခု ထွက်ပေါ်လာ၏။

“အဲ့ဒါ​ကြောင့် ဒီလောက်အထိ အကြောက်အလန့်မရှိတာပေါ့။”

သူက ခေါင်းကို ပို၍ငုံ့ကိုင်းကာ အီယွန်း၏ အသားကို အားပြင်းပြင်း စုပ်ယူလိုက်သည်။ ပါးစပ်ကို ကျယ်ကျယ်ဟလိုက်တိုင်း ပြွတ်ဟူသော အသံများ ထွက်ပေါ်လာ၏။ ဇွဲကောင်းကောင်းနှင့် ကိုက်ကာ ပွတ်နေသဖြင့် နှာတံက ပိပြားသွားသည်။ လူကို ရူးသွပ်စေသည့် ကိုယ်သင်းနံ့တွင် သတိအားလုံး လွင့်ထွက်သွားတော့၏။

“အား...”

အီယွန်း၏ ပခုံးလေးတွန့်ကာ နာကျင်ကြောင်း ညည်းညူမှုက သူ၏သွေးများကို ပို၍လျင်မြန်စွာ လည်ပတ်စေခဲ့သည်။ ပါးစပ်ထဲရှိအမြှေးပါးများတွင် ကပ်ပါလာသည့် အီယွန်း၏ ညင်သာသော ကိုယ်သင်းနံ့က အရူးအမူးဖြစ်အောင် ဆွဲဆောင်နိုင်လှ၏။ နီရဲတောက်လောင်နေသော စိတ်တွန်းအားကြောင့် သူ၏သတိက တဖြည်းဖြည်း ပို၍ဝေဝါးလာရတော့သည်။

သူက လက်တစ်ဖက်ဖြင့် အီယွန်း၏ မေးစေ့နှင့် နားရွက်လေးကို ဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် နောက်စေ့ကို တင်းတင်းကျပ်ကျပ် ဖိချုပ်ထားလိုက်၏။ သွားဖုံးကြားတွင် နေရာလပ်မကျန်အောင် အီယွန်း၏ အရာရာ​ဖြင့် စွန်းထင်းသွားစေလိုသည်။ သွေးဖြစ်နေလျှင်ပင် မမှုပေ။

“...အား"

အီယွန်း တစ်ခါထပ်၍ ရုန်းကန်လိုက်သော်လည်း ရယ်သံသာ ထွက်လာသည်။ သူက သွားများကို စိုက်ချကာ နူးညံ့သောအသားလေးကို ကိုက်ဝါးလိုက်၏။

ဂွမ်ချယ်ဝူက အခုလေးတင် ရေဆေးထားသော သစ်သီးအလား အီယွန်းကို စိတ်တိုင်းကျ တပ်မက်သုံးဆောင်နေခဲ့သည်။ ယနေ့မနက်ကတည်းက စတင်ဖြစ်ပေါ်လာသည့် ဘာမှန်းမသိရသော မွတ်သိပ်မှုတစ်မျိုးပင်။

သူက ခေါင်းကိုလှည့်ကာ ပို၍တိုးဝင်လိုက်၏။ မြွေတစ်ကောင်အလား ပါးစပ်ကို ကျယ်ကျယ်ဟကာ စိုစွတ်သော လည်ပင်းသားကို ရစရာမရှိအောင် လုပ်ပစ်ချင်သည်။ ဗလာကျင်းနေသည့် သူ့ဦးနှောက်ထဲတွင် အပြင်းထန်ဆုံး ထွင်းထုထားနိုင်မည့် အမှတ်တရပင်။

အတွင်းခံဘောင်းဘီက တဖြည်းဖြည်း စိုစွတ်လာ၏။ တင်းကျပ်စွာ ထောင်မတ်နေသော လိင်တံထိပ်မှ ချွဲကျိကျိအရည်ကြည်များ စီးကျနေသည်။ ဤမျှလောက်သော လုပ်ရပ်လေးနှင့် ဖိနှိပ်ထားသည့် ညည်းသံများ ထွက်လာ၏။

“ဟား...”

ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပင်။ ဒီလိုမဟုတ်ဘဲ ထပ်ပြီးတော့။ ထပ်​ပြီးတော့။ တစ်စုံတစ်ရာက သူ့အား ပြင်းပြင်းထန်ထန် တွန်းအားပေးနေသည်။

ကြမ်းတမ်းစွာ ပွတ်ကြိတ်ပြီး မွှေနှောက်ခြင်းမပြုပါက ဤဝေဒနာလည်း လျော့ပါးသွားမည်မဟုတ်ဟု ထင်ရ၏။ သားရဲတစ်ကောင်အလား သူ၏ခါးက ရုတ်တရက် ဆတ်ခနဲလှုပ်ရှားသွားသည်။ လည်ပင်းတင်မကဘဲ တစ်ကိုယ်လုံးကို ဝါးမျိုပစ်ချင်နေသော အလိုဆန္ဒကြောင့်ပင်။

“......သတိ၊ သတိရသွားတာလား။ အဲ့ဒါကြောင့်လားဟင်။”

ထိုအခါ အီယွန်းက တုန်ရီစွာ မေးလိုက်သည်။

သစ္စာရှိပြီး သတိကြီးသောလူက ရုတ်တရက် လူတစ်ယောက်ကို သတိမပေးဘဲ ကိုက်လိုက်သည်မှာ ရူးသွပ်သွားသောကြောင့်သာ ဖြစ်ပေမည်။ ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသော အီယွန်းလည်း ထိုသို့သာ တွေးနိုင်ခဲ့၏။

ယင်းမှာ သူအကြောက်ဆုံးအရာ ဖြစ်နေပြီဟူသောသဘောပင်။

“ဂွမ်ချယ်ဝူရှင့်၊ မှတ်ဉာဏ်တွေ...... ပြန်ရလာပြီလားဟင်။”

အီယွန်း၏ အသံတွင် ကြောက်ရွံ့မှုက အပြည့်စွက်လျက်။

ထိုအချိန်တွင် ဂွမ်ချယ်ဝူက ရုတ်တရက် ခါးတွင် ဓားစိုက်ခံလိုက်ရသူအလား လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်သည်။ သွားကြိတ်တတ်သော သားရဲတိရစ္ဆာန်ပင် ဤမျှအထိ ပရမ်းပတာဖြစ်အောင် လုပ်နိုင်မည်မဟုတ်ပေ။

လည်ပင်းမှ နှုတ်ခမ်းကို ဖယ်ခွာသွားသောအခါ မှိုတက်နေသည့်အလား အနီရောင် အကွက်လေးများ အမှတ်ရာထင်ကျန်ခဲ့သည်။ ကျိန်းသေပေါက် ကြည့်ကောင်းသောပုံစံ လုံးဝမဟုတ်။

“...မဟုတ်ပါဘူး၊ အီယွန်း။ မဟုတ်ဘူး။”

သတိ၊ ကြောက်ရွံ့မှုနှင့် သံသယတို့ဖြင့် အီယွန်း၏ မျက်လုံးများက ပြင်းထန်စွာ တုန်ယင်နေသည်။ တိုက်ခိုက်လိုသောစိတ်ဆန္ဒ လုံးဝမရှိသူက အမွေးလေးများထောင်ကာ တစ်ဖက်မှ အခြေအနေကို မျှော်လင့်တကြီး အကဲခတ်နေ၏။

မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်နေသည့် အမူအရာမျိုးပင်။

ထိုအကြည့်တစ်ခုတည်းဖြင့် ဂွမ်ချယ်ဝူတစ်ယောက် သူ၏ အတိတ်ကို လှစ်ခနဲ မြင်လိုက်ရ၏။

ဝိုင်းစက်သော အီယွန်း၏ မျက်လုံးများက ချောင်းကြည့်ပေါက်များပင်။ ခုံးကြွနေသော မှန်ဘီလူးက ကံဆိုးသော ဆိုအီယွန်းနှင့် ရုန့်ရင်းကြမ်းတမ်းသည့် သူ၏ပုံစံကို အဖြူအမည်းဖြင့် ပြသနေသည်။

မူမမှန်သော စိတ်လှုပ်ရှားမှု အေးစက်သွားသောအခါ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်က ခါးသီးသောအရည်ကဲ့သို့ ပျို့တက်လာတော့၏။

“အီယွန်း၊ ကိုယ် မှားသွားပါတယ်။”

“......”

“ကိုယ် တစ်ချက်လေး စိတ်လွတ်ပြီး အမှားလုပ်လိုက်မိတာပါ။”

သူက ဆံပင်များကို သပ်တင်ပြီး ခေါင်းကို ငုံ့ထားလိုက်သည်။ လက်ဖဝါးဖြင့် မျက်လုံးတစ်ဝိုက်ကို လုံးဝဖုံးအုပ်ထားသည့် ပုံစံက အပြစ်ရှိစိတ်ကို ဖော်ပြနေ၏။

“တကယ် တောင်းပန်ပါတယ်။”

သို့သော် တစ်ချိန်တည်းမှာပင် ဂွမ်ချယ်ဝူ၏ ရင်ထဲ၌ ဗလောင်ဆူနေ၏။

အသားချင်းထိတွေ့မှု လုပ်ပြီးသည်နှင့် မှတ်ဉာဏ်ပြန်ရပြီလားဟု မေးခြင်းက ဘာသဘောလဲ။

‘ဂွမ်ချယ်ဝူ’ အဲ့ဒီကောင်နဲ့ တကယ်ပဲ ဘယ်လိုပုံစံမျိုး sex လုပ်ခဲ့လို့ ဒီလောက်တောင် ထိတ်လန့်ပြီး ကြောက်နေရတာလဲ။

အစိမ်းသက်သက်ဖြစ်နေသော  ဘာမှန်းမသိရသည့် ကြမ်းကြမ်းကြုတ်ကြုတ် ခံစားချက်ကြောင့် သူက စိတ်ငြိမ်သွားစေရန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ မေးရိုးကြွက်သားများ တင်းမာလာကာ ပြန်ပျောက်သွား၏။

“အီယွန်း၊ ဒီနေ့တော့ သပ်သပ်စီ ခွဲအိပ်ကြတာ ကောင်းမယ်ထင်တယ်။”

“......ရှင်။”

“ကိုယ့်ကိုယ်ကိုယ်ပေးတဲ့ အပြစ်ဒဏ်ပါ။ မနက်ခင်းလေးကို ပြန်ပေးလိုက်ပါ့မယ်။”

“......”

“တစ်လ၊ နှစ်လ ဖြစ်သွားလည်း ကိစ္စမရှိတာမို့လို့ အီယွန်း စိတ်ပြေတဲ့အထိ ကိုယ့်ကို မနှိုးပါနဲ့။”

ထို့နောက် ဂွမ်ချယ်ဝူက သံယောဇဉ်အမျှင်တန်းနေခြင်းမရှိဘဲ နေရာမှ ထွက်ခွာသွားသည်။

တကယ်ကြီးလား......

အီယွန်းလည်း မျက်လုံးအပြူးသားနှင့် သူထွက်ခွာသွားသည့်ပုံစံကို ငေးမောကြည့်နေမိ၏။

ပထမဆုံး ဝင်လာသည်က တော်ပါသေးရဲ့ဟူသော အတွေးပင်။ တစ်ယောက်တည်း အိပ်ရ၍ တော်သေးသည်။ မှတ်ဉာဏ်ပြန်မရသေး၍ တော်သေးသည်။

အီယွန်းက ကိုယ်တိုင်ပင် သတိမထားမိဘဲ နာကျင်နေသည့် လည်ပင်းကို ထိလိုက်မိကာ လန့်ဖျပ်သွား၏။ အနည်းငယ်မျှ လှုံ့ဆော်လိုက်ရုံနှင့်ပင် မီးလောင်ထားသလို ခန္ဓာကိုယ်ပါ တုန်ယင်ကာ နာကျင်ရသည်။ ဤအတိုင်းအတာအထိဆိုလျှင် လည်ပင်းကို လုံးဝ ကိုက်ဝါးထားသည်မှာ သေချာ၏။

“အာ..."

အိပ်ရာထဲမှ ထွက်လာသော အီယွန်းလည်း သူ့နောက်သို့ လိုက်သွားလိုက်သည်။

“ဂွမ်ချယ်ဝူ၊ ခဏလေးပါ။”

အလောတကြီးခေါ်သံကြောင့် လှေကား၏ အောက်ဆုံးတွင် ရပ်နေသော သူက အပေါ်သို့ မော့ကြည့်လာသည်။ သို့သော် မျက်လုံးချင်း ဆုံသည်နှင့် သူက အသံမထွက်ဘဲ ကျိန်ဆဲလိုက်၏။ ပါးစပ်လှုပ်ရှားသွားပုံကို ဖတ်လိုက်ရုံဖြင့်ပင် အင်မတန်ရိုင်းစိုင်းသော စကားလုံးဖြစ်သည်မှာ ကျိန်းသေပေသည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment