အပိုင်း ၆၆
ငယ်ထိပ်ကို ယားကျိကျိဖြစ်စေခဲ့သည့် သူ၏ နှာခေါင်းမှလေငွေ့များလည်း တစ်ချက် ငြိမ်သက်သွားသည်။
အီယွန်းက မျက်လုံးလေးကစားကာ အနည်းငယ် လှုပ်ရှားနေသော သူ၏ လည်စေ့ကို ငေးကြည့်နေမိ၏။ တင်းမာသော တိတ်ဆိတ်မှု နှစ်ဦးကြားတွင် လွှမ်းမိုးသွားပြီးနောက် ထိုလူက စိတ်မရှည်သလို ခြောက်ကပ်ကပ် နှုတ်ခမ်းများကို လျှာဖြင့် ခပ်ဖွဖွ သပ်လိုက်သည်။ သူနှင့်အတူ အသက်အောင့်ထားမိသော အီယွန်း သူ၏အဖြေကို စောင့်ဆိုင်းနေသည့် အချိန်မှာပင်…
“အီယွန်း၊ ထိခိုက်သွားတဲ့နေရာ မရှိဘူးလား။”
“……”
အေးအေးလူလူ ထွက်ပေါ်လာသော ထိုစကားတစ်ခွန်းကြောင့် ထူးဆန်းစွာ စီးဆင်းနေသည့် အငွေ့အသက်က ခဏချင်းအတွင်း ပျောက်ကွယ်သွားရသည်။ စိတ်အထင်ပဲလားမသိ၊ ဂွမ်ချယ်ဝူက စကားလမ်းကြောင်းလွှဲလိုက်သလိုပင်။ သူက ခြေလှမ်းအနည်းငယ်ဆုတ်ကာ အကွာအဝေးတစ်ခု ခြားခဲ့သည်။
“ဒီနားက မနာဘူးလား။”
သူက အီယွန်း၏ ဗိုက်ဆီသို့ လက်လှမ်းလိုက်ပြီးမှ ရုတ်တရက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ကျောပိုးအိတ်ကို ကန်လိုက်စဉ်က အီယွန်း၏ ဝမ်းဗိုက်အထိပါ တွန်းပို့မိသွားသည်ကို အတော်လေး အာရုံစိုက်မိနေသည့်ပုံပင်။
“……ဘာမှမဖြစ်ပါဘူး။”
အီယွန်းက ပုံမှန်လိုမဟုတ်ဘဲ ဂွမ်ချယ်ဝူကို စိုက်ကြည့်နေမိသည်။ ရှိသမျှသတ္တိကို အကုန်စုပြီး ပြောခဲ့သည့် တောင်းဆိုချက် နှစ်ခုစလုံးက စဉ်းစားပေးစရာပင်မလိုသလို ပယ်ချခံလိုက်ရ၏။ ပူထူနေသော ပါးပြင်ကို အသာထား၊ ဘာကြောင့်မှန်းမသိ ခေါင်းမာချင်စိတ်က တရိပ်ရိပ် တက်လာတော့သည်။
ဒါလည်းမရ၊ ဟိုဟာလည်းမရဆိုရင်….
“အလုပ်မသွားပါနဲ့။”
တိုးညင်းသော်လည်း ပြတ်သားသည့် လေသံပင်။
ဂွမ်ချယ်ဝူက ခေါင်းကို အနည်းငယ် ငဲ့စောင်းကာ မျက်ခုံးဖျားကို ကုတ်လိုက်သည်။ အီယွန်း၏ ခန့်မှန်းရခက်သော အပြုအမူကြောင့် သူလည်း အတော်လေး အံ့အားသင့်နေခြင်းပင်။
“ယောက်ျားက ပိုက်ဆံရှာလာမှာကို မကြိုက်လို့လား။”
“ဂွမ်ချယ်ဝူက တောင်ထဲဝင်သွားရင် ခဏခဏ ဒဏ်ရာရလာတတ်လို့ မဖြစ်ပါဘူး။”
“အဲ့ဒါက ကိုယ်ပြောရမဲ့စကားထင်တယ်။”
သူက အီယွန်း ဝတ်ထားသည့် လူနာဝတ်စုံကို မကျေမနပ် ကြည့်ခဲ့သည်။
“ပိုက်ဆံ ရှာမလာလည်း ရပါတယ်။ ကျွန်မက နာမည်ကြီး သစ်ပင်ဆရာဝန် မဟုတ်ပေမဲ့ ဂွမ်ချယ်ဝူကိုတော့ အငတ်မထားပါဘူး။”
ဆုံးဖြတ်ချက်ခိုင်မာသော မျက်ဝန်းများက နှင်းစက်ကလေးများပမာ တောက်ပနေသည်။
ဂွမ်ချယ်ဝူက ဖြူစင်သည့် ထိုစိတ်ရင်းကို ကြာကြာမကြည့်နိုင်ဘဲ ဘာကြောင့်မှန်းမသိ တစ်စုံတစ်ယောက်၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသူလို ဂနာမငြိမ် ဖြစ်လာတော့၏။ ခေါင်းကို ဝှစ်ခနဲလှည့်၊ ဆံပင်များကို စိတ်လွတ်နေသလို သပ်တင်၊ လက်ချောင်းများကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ငယ်ထိပ်ပေါ်တင်ပြီး မျက်နှာကြက်ကို ခေတ္တ ငေးကြည့်နေခြင်းတို့ပင်။
သူက မျက်လုံးများကို တင်းတင်းမှိတ်ကာ တစ်စုံတစ်ရာကို တိုးတိုးလေး ရေရွတ်နေသည်။ သို့သော် အီယွန်း၏ နားထဲတွင် မကြားရသဖြင့် အဝေးမှကြည့်လျှင် နှုတ်ခမ်းလေးလှုပ်နေရုံသာ။
“…… အီယွန်း၊ ကိုယ့်ကို အဖြစ်မရှိတဲ့ယောက်ျားဖြစ်အောင် မလုပ်ပါနဲ့။”
စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်သော လူက တည်ငြိမ်စွာဖြင့် မျက်လုံးဖွင့်လာသည်။
“ကိုယ်တို့က တစ်နှစ်၊ နှစ်နှစ်ပဲ အတူတူနေကြမှာ မဟုတ်ဘူးလေ။ ရေရှည်ကို ကြည့်မှပေါ့။”
ထိုစကားကြောင့် အီယွန်း ကြောင်သွားရသည်။ ခေါင်းငုံ့ထားသော အီယွန်းက ထိုလူ၏ အင်္ကျီလက်အနားစကို အားမပါဘဲ ဆွဲလိုက်မိ၏။
“ကျွန်မက…… ဂျီကျရင်တောင်မှလား။”
“ဂျီကျတယ်။”
“တကယ်၊ တကယ်ပဲ အလုပ်မလုပ်လည်း ရတာမို့ အိမ်မှာပဲနေပေးပါလို့ တောင်းဆိုရင်တောင်လား။”
“……”
“အဲ့ဒါတောင်မှ ဆက်ဆက် ထွက်သွားရမှဖြစ်မှာလား။”
တွေဝေတွန့်ဆုတ်စွာ ဂွမ်ချယ်ဝူကို ကြည့်နေသော အီယွန်း၏ အကြည့်တို့က တုန်ယင်နေ၏။
“အကြောင်းအရာက ကွဲပြားပေမဲ့ ကျွန်မ အခု သုံးကြိမ်မြောက် တောင်းဆိုနေတာပါ။”
ဂွမ်ချယ်ဝူက သူ၏ အင်္ကျီလက်အနားစကို ဆွဲဆုပ်ကာ ဟိုထိဒီထိလုပ်နေသော အီယွန်းကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လိုက်မိသည်။
ပထမဆုံး သူ့ကို ကြောက်ရွံ့ခဲ့စဉ်ကနှင့် ဆင်တူသော်လည်း ကွဲပြား၏။ အီယွန်းက ယခုအထိ ကြောက်လန့်နေဆဲဖြစ်သော်လည်း ယင်းက သူ့ကြောင့် မဟုတ်သည့်အလား။ ရှောင်ဖယ်ရန် ကြိုးစားနေခြင်းမဟုတ်ဘဲ၊ ထိုအစား ပိုမိုကပ်တွယ်ချင်သော်လည်း မတိုးကပ်နိုင်၍ အလိုမကျဖြစ်နေခြင်း။
ရှည်လျားလှသော စောင့်ဆိုင်းခြင်းက နောက်ဆုံးတွင် နိဂုံးချုပ်သွားသည့် အခိုက်အတန့်ပင်။ ထိုအချက်ကို သဘောပေါက်သွားသည်နှင့် တစ်ပြိုင်နက် ဂွမ်ချယ်ဝူလည်း ချက်ချင်းပင် လောင်ကျွမ်းနေသောဖျူးစ်လို ဖြစ်သွားတော့သည်။
“အခု ကိုယ့်ကို နားပူနားဆာ လုပ်နေတာလား။”
သူက ခုန်လှုပ်နေသော သွေးကြောများကို လျစ်လျူရှုကာ မျက်လုံးများကို ကျုံ့လိုက်၏။
“မိန်းမစကားကို နားထဲမထည့်ဘူးလို့ ပြောချင်တာလား။”
ထိုလူက စိတ်လောနေသောအမူအရာကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားသော်လည်း အသံထဲတွင် ရောယှက်နေသည့် ရယ်သံကိုမူ ဖုံးကွယ်၍ မရပေ။
“ကိုယ် အိမ်မှာပဲနေတော့ ဘာတွေများ ကောင်းမှာမို့လို့လဲ။ ဆက်တိုက် sex ဖြစ်ဖြစ် လုပ်ပေးမှာမို့လို့လား။”
“…… ရှင်။”
“အီယွန်းက ကိုယ့်ကို ဘယ်လောက်အထိ ဆွယ်နိုင်မလဲဆိုတာ သိချင်လို့ပါ။”
အင်တာဗျူးစစ်နေသည့် လူလို သူ၏ သဘောထားကြောင့် အီယွန်း၏ပခုံးများ တောင့်တင်းသွားတော့သည်။
ဒါ၊ ဒါတော့ မဟုတ်သေးဘူးလေ။
အီယွန်း မျက်လုံးကို အလျင်အမြန် အဖွင့်အပိတ်လုပ်လိုက်မိ၏။
“အဲ့ဒီလောက် အကျိုးအမြတ်တော့ရှိဦးမှ ကိုယ်လည်း အသာလေး အိမ်မှာနေမှာပေါ့။ ကိုယ့်မှာရှိတာ ဒီခန္ဓာကိုယ်ပဲမို့လို့ ဒီလိုပဲ ညှိနှိုင်းလို့ရမယ်။ ရှေ့လျှောက် တောရိုင်းတိရစ္ဆာန်တွေ လိုက်ဖမ်းပြီး သွားလာနေရမလား မသိတာကို၊ အဲ့ဒီလို သွေးကြွနေတဲ့ ယောက်ျားကို ချည်ထားတုပ်ထားချင်ရင် အီယွန်းဘက်က အစွမ်းပြရမှာပေါ့။”
“…… ဘာကို၊ ဘယ်လိုလုပ်၊ ဘယ်…ဘယ်နှစ်ခါလောက် လိုချင်လို့လဲ။”
“အကြိမ်အရေအတွက်က အဓိပ္ပာယ်မရှိဘူး၊ နေ့ရောညပါ အဆုံးအထိ ကိုယ်ပဲ လုပ်မှာပါ။”
“…… ဂွမ်ချယ်ဝူ၊ လူတွေ တစ်ပတ်မှာ ၅ ရက်ပဲ အလုပ်လုပ်ကြတာ အကြောင်းရှိလို့ပါ။ အ၊ အလွန်အကျွံ ဖြစ်တာက….”
“အလင်းတစ်စက်တောင် မမြင်ရအောင် ပိတ်လှောင်ထားမယ်ဆိုပြီး ဘာလို့ စိတ်က နုရတာလဲ။”
“……”
“ကိုယ်ကတော့ အီယွန်းလုပ်တာကို ကြည့်ပြီးမှ ဆုံးဖြတ်ဖို့ စိတ်ကူးထားတာကို။”
အီယွန်းလည်း အံ့အားသင့်လွန်းသဖြင့် စကားပင် ဆွံ့အသွားရသည်။
‘ကျွန်မ ဘယ်တုန်းက အဲ့ဒီလို ပြောမိလို့လဲ။’
ကလေးဆန်ဆန် ပြောခဲ့မိသည့် စကားကို ထူးဆန်းစွာ အဓိပ္ပာယ်ကောက်လွဲနေသော ဂွမ်ချယ်ဝူကြောင့် အီယွန်း ကိုယ်တိုင်ပင်မသိလိုက်ဘဲ ထွက်ပေါက်တံခါးကို လှမ်းကြည့်မိတော့သည်။ ထိုအခါ ချက်ချင်းပင် နိမ့်ဆင်းသွားသောအသံက သတိပေးလာ၏။
“ဒဏ်ရာရတဲ့နေရာရှိရင် အခု ပြောပါ။”
စကားလွှဲရန်အတွက်သာ ပြောခဲ့သည်ဟု ထင်ခဲ့သော ခေါင်းစဉ်က ထပ်မံထွက်ပေါ်လာသော်လည်း ခံစားချက်က လုံးဝခြားနားနေသည်။
ဂွမ်ချယ်ဝူက ဆွဲတံခါးဘက်သို့ လျှောက်သွားကာ လော့ခ်ကို တင်းတင်းချပြီး ပြန်လာ၏။ သူ၏ အေးအေးလူလူ လမ်းလျှောက်လာပုံကို ကြည့်နေရင်း အီယွန်း၏ နှလုံးခုန်သံက ဗုံတီးသလို မြန်လာတော့သည်။ ထိုလူက ခုတင်ပေါ်တွင် ဝင်ထိုင်ကာ သူ၏ တုတ်ခိုင်တောင့်တင်းသော ပေါင်ကို ပုတ်ပြလေ၏။
“ကိုယ့်ပေါ်မှာ လာထိုင်။”
သူက အီယွန်းကို စိုက်ကြည့်ရင်း လူနာဝတ်စုံကို ချွတ်လိုက်သည်။ ပခုံးတစ်ဖက်ကို ဖိထားသော ပတ်တီးကြီးကြောင့်လားမသိ၊ ထိုအောက်တွင် ရှိနေသည့် ညီညာသော ဝမ်းဗိုက်ကြွက်သားများက တစ်ချက်တည်းနှင့် မြင်သာနေ၏။ အီယွန်းတစ်ယောက် လည်ပင်းပါ နီရဲသွားကာ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် ခြေထောက်များက လှုပ်ရှားသွားခဲ့သည်။
“စောစောက အီယွန်း ထွေးပွေ့ပေးပါဆိုပြီး ကိုယ့်ကို လာဆွကတည်းက….”
သူ၏ ပေါင်ပေါ် တက်ထိုင်လိုက်သည်နှင့် တင်ပါးက ပြင်းပြင်းထန်ထန် ဆွဲယူခံလိုက်ရကာ ခါးက ကပ်ပါသွားသည်။ မည်သည့်အချိန်ကတည်းက မာတောင်နေသည်မသိသော လိင်တံက အီယွန်း၏ ပေါင်ကြား တစ်နေရာကို ထောက်မိတော့၏။
“ဒီလို ဖြစ်နေခဲ့တာ။”
အနီးကပ်တွင် မျက်လုံးလယ်ဗယ်လ် တူညီစွာ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်မိကြသည်။
“အီယွန်းရဲ့ လူနာဝတ်စုံ ပွပွကြီးကိုလည်း ညဝတ်အင်္ကျီမှတ်ပြီး စိတ်ကြွနေခဲ့တာကို။”
ဂွမ်ချယ်ဝူက ကျောက်ခဲစများကြောင့် ဟိုတစ်ကွက် ဒီတစ်ကွက် ဒဏ်ရာရထားသော အီယွန်း၏ မျက်နှာကို လက်မဖြင့် ခပ်ကြမ်းကြမ်းဖိခဲ့သည်။ စပ်ဖျဉ်းဖျဉ်း ခံစားချက်ကြောင့် အီယွန်း မျက်မှောင်ကြုတ်သွားသော်လည်း သူကမူ လုံးဝ မလှုပ်မယှက်ပင်။
“တစ်ခါတော့ ချုပ်တည်းခဲ့ပါသေးတယ်။ ဆေးရုံခန်းထဲမှာ sex လုပ်ရင် အီယွန်းက အသံကောင်းကောင်းမထွက်ရဲဘဲ တွန့်ဆုတ်နေမှာစိုးလို့။”
“……”
“ဒါပေမဲ့ အဲ့ဒီမှာ ဂျီလာကျနေတယ်ပေါ့လေ။”
နောက်ဆုံးတွင် သရုပ်မှန်ကို ဖော်ပြလာသော နှုတ်ခမ်းအစုံက လခြမ်းကွေးသဏ္ဌာန် ပြုံးတက်သွားသည်။
“…… ဂွမ်ချယ်ဝူက ဘာမှမသိပါဘူး။”
အီယွန်း၏ ကြည်လင်သော မျက်ဝန်းများက မျက်ရည်များဖြင့် ဝေ့သီကာ တောက်ပနေသည်။ သူက တုန်ယင်နေသော လက်များဖြင့် ထိုလူ၏ မျက်နှာကို ဆွဲယူလိုက်၏။
နှုတ်ခမ်းများ မထိတွေ့မီ ဂွမ်ချယ်ဝူ၏ တင်းမာနေသော သူငယ်အိမ်တို့ ကျယ်သွားသည်ကို မြင်လိုက်ရသည်။ မတွန့်မဆုတ် တိုးကပ်လာသော ရင်ခုန်စရာ နှုတ်ခမ်းလေးကြောင့် လက်ထဲရှိသမျှ အရာအားလုံး လွတ်ကျသွားသလို အားများလျှောထွက်သွားရ၏။
ပူနွေးသော ဝင်သက်ထွက်သက်က နွေးထွေးစွာ ပျံ့လွင့်လာသည်။ အီယွန်း နူးညံ့သော နှုတ်ခမ်းများကို အားရပါးရဖိလိုက်သောအခါ သူ၏ ကိုယ်နံ့က နှာခေါင်းထဲသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာ၏။ ထုံးစံအတိုင်း သူ့ကို အတုခိုးသလို အောက်နှုတ်ခမ်းကို တစ်ချက် စုပ်ကြည့်လိုက်မိသည်။
ဂွမ်ချယ်ဝူက ဆတ်ခနဲတွန့်သွားကာ ချက်ချင်းပင် တုံ့ပြန်လာ၏။ ရံဖန်ရံခါ ညှို့ငင်ဆွဲဆောင်နိုင်သည်ဟု ထင်ခဲ့ဖူးသော သူ၏ နှုတ်ခမ်းများကို သတိထားကာ လျှာဖြင့်လျက်ပြီး စိတ်ကြိုက် ပွတ်သပ်လိုက်သည်။ ထိုအခါ စိတ်လောနေသလို အသက်ရှူသံများ ထွက်ပေါ်လာကာ သူက ဆုပ်ကိုင်ထားသော ခါးလေးကို နာကျင်အောင် ညှစ်ထားတော့၏။
အီယွန်း၏ အနမ်းက လူကို စိတ်လောလာစေအောင် နှေးကွေးကာ စိမ်ပြေနပြေရှိလှသည်။ ဂွမ်ချယ်ဝူ၏ ရေငတ်နေသူလို အတင်းအဓမ္မ တွန်းပို့ကာ လုယူတတ်သည်ပုံစံနှင့် တခြားစီပင်။
သို့သော်လည်း အီယွန်းတစ်ယောင် လည်ပင်းတစ်ဝိုက်တွင် ပူလောင်လာပြီး အောက်ပိုင်း၌ အပူဓာတ်များ စုစည်းလာသလို ခံစားနေရသည်။ နှုတ်ခမ်းဖျားလေးတွင်သာ ဝဲလည်နေသည့်တိုင် ညည်းသံထွက်နေသော ဂွမ်ချယ်ဝူကြောင့်ပင်။
နှုတ်ခမ်းများကိုဖိပြီး စုပ်ယူလိုက်တိုင်း လျှပ်စစ်ရှော့ခ် အထိခံရသလို ကြီးမားလှသော သူ၏ ကိုယ်အထက်ပိုင်းက ဆက်တိုက် ဆတ်ခနဲတွန့်သွားသည်။
ထို့နောက် ဂွမ်ချယ်ဝူ၏ နှုတ်ခမ်းကိုဟပြီး လျှာကို ထိုးသွင်းလိုက်သည့် အခိုက်အတန့်တွင်၊ တစ်ချိန်လုံး ပူလောင်နေသော အသားစိုင်က သံတိုင်များကို ဖျက်ဆီးပြီး ထွက်လာသလို အီယွန်း၏ လျှာကို ဖမ်းဆွဲလေတော့၏။
“……”
ပူနွေးသော ဝင်သက်ထွက်သက်များက မျက်နှာတစ်ပြင်လုံးကို ဟုန်းခနဲ လွှမ်းမိုးသွားကာ ထိုလူက ရှည်လျားသော ညည်းသံကို ထုတ်လွှတ်ခဲ့သည်။ သူက စောင့်နေသည့်အလား အီယွန်း၏ ပါးစပ်ထဲသို့ ကြမ်းတမ်းစွာ နယ်ချဲ့လာ၏။ မရိုးမရွ ခံစားချက်မှတစ်ဆင့် တဖြည်းဖြည်းနှင့် ရမ္မက်ဇောများ တက်လာရတော့သည်။
“အွန်း……ဟား……”
အီယွန်း၏ ခါးက အလိုလို ကော့တက်သွားသည်။ စေးကပ်စွာ စုပ်ယူနေသော အနမ်းကြောင့် အသိစိတ် လွင့်ထွက်သွားတော့မလိုပင်။
ဂွမ်ချယ်ဝူက အီယွန်း၏ နူးညံ့အိစက်သော တင်ပါးများကို အားရပါးရ ဆုပ်ကိုင်ကာ သူ၏ လိင်တံနှင့် အနီးကပ် ထိကပ်ခဲ့သည်။ ထိတွေ့နေသော နှုတ်ခမ်းများ အလျင်စလို ကပ်လိုက် ခွာလိုက်လုပ်တိုင်း စိုစွတ်သော အသံများ ထွက်ပေါ်နေ၏။
“ဟင်း……”
သူက ပျော့အိအိ လျှာလေးကိုဖိပြီး စုပ်ယူလိုက်၊ ထို့နောက် အခြားတစ်ဖက်မှ ပြန်လည် အုပ်မိုးလိုက်နှင့် လုပ်နေသည်။ ပူနွေးနေသော လျှာက ပါးစောင်အတွင်းဘက်မှ နူးညံ့သော အမြှေးပါးကို ဖိလာလျှင် ကြက်သီးမွေးညင်းများပင် ထသွားရ၏။
အီယွန်းက သူ၏ လှုပ်ရှားမှုအတိုင်း မဝံ့မရဲ လိုက်အတုခိုးရန် ကြိုးစားကြည့်သော်လည်း ထိုသို့လုပ်လေလေ ဂွမ်ချယ်ဝူက ပို၍ သောင်းကျန်းလေပင်။
သူက နှုတ်ခမ်းကို အောက်သို့ ဆင်းလိုက်ကာ အီယွန်း၏ နားပန်လေးနှင့်၊ နားရွက်လေးတို့ကို ပါးစပ်ထဲထည့်ပြီး တပြွတ်ပြွတ် စုပ်ယူခဲ့သည်။ အေးခနဲ ဖြစ်သွားသော ခံစားချက်ကြောင့် ဂွမ်ချယ်ဝူကို တွန်းထုတ်ရန် ပခုံးကို ကိုင်လိုက်သော်လည်း ပတ်တီးကြောင့် လက်ကို ပြန်ရုပ်လိုက်ရ၏။ သူက နှုတ်ခမ်းကို ထပ်မံ၍ အောက်သို့ဆင်းကာ အီယွန်း၏ လည်တိုင်လေးကို ကိုက်လိုက်ရာ အီယွန်းလည်း ညည်းသံလေးထွက်လာတော့သည်။
“ဟား……”
သူ နုနယ်သော အသားလေးကို ပွတ်သပ်လိုက်တိုင်း ထူးဆန်းစွာ ခြေတံနှစ်ဖက်ကြားတွင် လေးလံကာ တဆတ်ဆတ်ခုန်လာသလို ခံစားရသည်။ နောက်ဆုံးတွင် အီယွန်း လူးလွန့်ကာ နေရခက်ကြောင်း ပြလိုက်မှ ပူနွေးသော လက်တစ်ဖက်က အင်္ကျီထဲသို့ သဘာဝကျကျ ဝင်လာ၏။
ထိုအခိုက်အတန့်တွင် ထိုလူက အလိမ်အညာတစ်ခုလို တုံ့ခနဲ ရပ်တန့်သွားသည်။
“အတွင်းခံက ဘယ်လိုဖြစ်သွားတာလဲ။”
နီမြန်းနေသော မျက်လုံးများက အီယွန်းကို အပြစ်တင်သလို စိုက်ကြည့်လာ၏။
“အဲ့ဒါက……၊ လဲစရာ အတွင်းခံ မရှိလို့ ဒီတိုင်းပဲ……”
“အောက်ကရောလား။”
“…… ဟုတ်ကဲ့။”
အီယွန်း မျက်လွှာလေးချလိုက်တော့ ဂွမ်ချယ်ဝူ၏ မေးရိုးကြွက်သားများ တစ်ချက် တင်းသွားပြီးမှ ပြန်လျော့သွားသည်ကို မြင်လိုက်ရသည်။
မကြာမီ သူက အီယွန်း၏ နူးညံ့သော ရင်သားများကို ဆုပ်ကိုင်ကာ ဆာလောင်မွတ်သိပ်နေသူလို ဆုပ်နယ်တော့၏။ နံရိုးနားမှစ၍ ထင်ရှားစွာ မို့မောက်လာသော ရင်သားအောက်ခြေကို အပြည့်အဝ ဆုပ်ကိုင်ကာ အီယွန်း၏ လည်တိုင်ကို ပို၍မွတ်သိပ်စွာ စုပ်ယူလေသည်။
ခေတ္တ နှုတ်ခမ်းကို ခွာလိုက်သော ဂွမ်ချယ်ဝူက ရမ္မက်ရှိန်တက်နေသော မျက်လုံးများဖြင့် အီယွန်း၏ အင်္ကျီအနားစကို ဆွဲမလိုက်ချိန်တွင် အီယွန်းကလည်း လက်နှစ်ဖက်ကိုမြှောက်ကာ လိုက်လျောပေးလိုက်၏။
မျက်စိရှေ့တွင် ဖြူဝင်းသော ရင်သားများက လှုပ်ခါလျက် ထွက်ပေါ်လာသည်။
“ဟား……ငါ ိုး……”
သူက ဖောင်းကြွနေသော နို့သီးခေါင်းလေးကို ပြုစားခံထားရသူလို ဖမ်းယူငုံခဲလေတော့သည်။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အစ/အဆုံး ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။