no

Font
Theme

အပိုင်း ၃၀

“ကြမ်းတမ်းတဲ့ မိတ်လိုက်ရာသီ စတင်ပြီဆိုရင် ဆင်တွေရဲ့ နားထင်တွေက ဖောင်းကြွလာပြီး အရေပြားကြားကနေ စေးကပ်တဲ့ အရည်တွေ စီးကျလာတတ်ပါတယ်။”

ငြိမ်သက်စွာ နားထောင်နေရင်း ကြားလိုက်ရသည့် ထိုစကားမှာ တကယ်ပင် ထူးဆန်းလှ၏။

“စိတ်နေစိတ်ထားကလည်း ထိန်းမနိုင်သိမ်းမရအောင် ကြမ်းတမ်းခက်ထန်လာတတ်တာပါ။ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့တဲ့ ဆင်တွေက မြင်မြင်သမျှ အရာအားလုံးကို ဝှေ့ယမ်းတိုက်ခိုက်ပြီး ပြေးဝင်လာတတ်ကြပါတယ်။”

“……”

“ဆေးရုံအုပ် ဆရာမက အဲ့ဒီအဖိုကောင်ကို သတိထားရပါမယ်။”

'မိတ်လိုက်ရာသီ' ဟူသော အဓိပ္ပာယ်ကို တကယ်နားလည်၍ ပြောနေခြင်းလား မသိသော်လည်း အီယွန်းကမူ ပညာရပ်ဆိုင်ရာ ဗဟုသုတများအား စိတ်အားထက်သန်စွာ ပြောပြနေသည့် ဂယူဘဲ့၏ ခံစားချက်ကို ရှားရှားပါးပါး တွေ့မြင်ရ၍ ဝမ်းသာမိခဲ့သည်။

ဂယူဘဲ့က သူ့နည်းသူ့ဟန်ဖြင့် သတိပေးနေရင်းမှ ပြတင်းပေါက်အပြင်ဘက်ရှိ ဂွမ်ချယ်ဝူကို စူးစိုက်ကြည့်နေ၏။ အင်းဆက်များနှင့် စွယ်စုံကျမ်းများအပြင် ဤကလေးက အခြားတစ်စုံတစ်ယောက်အပေါ် စိတ်ဝင်တစားရှိနေခြင်းမှာ အံ့သြစရာပင်။

သို့သော်လည်း ထိုသူက ဘာကြောင့် ဂွမ်ချယ်ဝူ ဖြစ်နေရသနည်း။

“ဆင်တွေက ချစ်ဖို့အတွက် အဆင်သင့်ဖြစ်ပြီဆိုရင်...."

ထိုစဉ် ဂွမ်ချယ်ဝူက အိမ်ရှေ့တံခါးကိုဖွင့်ကာ ဝင်လာသဖြင့် အီယွန်းလည်း ကွတ်ကီးဝိုင်းဝိုင်းတစ်ချပ်ကို ဂယူဘဲ့၏ ပါးစပ်ထဲသို့ ပြန်၍ခွံ့ပေးလိုက်မိသည်။

အု... မြင်မြင်သမျှ အကုန်လုံးကို ဝှေ့ယမ်းတော့တာပါပဲ။

~~~~

“ဂယူဘဲ့ရဲ့စကားမှာ တခြားရည်ရွယ်ချက် မပါပါဘူး။”

အီယွန်းက ‘အမြဲစိမ်းထင်းရှူးပင်ဆေးရုံ’ စတစ်ကာ ကပ်ထားသည့် ဟောင်းနွမ်းသော ထရပ်ကားလေးကို မောင်းနှင်ကာ ဆေးရုံသို့သွားနေစဉ် ပြောလိုက်သည်။

“ကလေးက ဘာမှမသိဘဲ အဖိုလို့ ခေါ်တာက....”

“သိပါတယ်။ အဲ့ဒီလိုမဟုတ်မှန်း။”

“သူက တစ်ခုခုကို စွဲလမ်းသွားပြီဆိုရင် သေရင်သေပါစေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဇွတ်လုပ်တတ်လို့ပါ။”

“ဒါဆိုရင်တော့ ကိုယ်နဲ့ တူတာပဲ။”

ရုတ်တရက်ဆိုသလို စတီယာရင်ဘီးကို ကိုင်ထားသည့် အီယွန်း၏လက်များ တုန်ယင်သွားသည်။ ကားစက်နှိုးကတည်းက သူ့ထံသို့ တစ်စိုက်မတ်မတ် ကျရောက်နေသော အကြည့်။ ဘေးထိုင်ခုံတွင် ကိုယ်ကို ကျုံ့ကာ ထိုင်နေသော ဂွမ်ချယ်ဝူက သူ့ကို စူးစိုက်ကြည့်နေ၏။

“……ဂွမ်ချယ်ဝူရှင့်၊ အရှေ့ကို နည်းနည်းလောက် ကြည့်ပါဦး။ အရှေ့ကို တစ်ချက်လောက်။”

“ကိုယ်က ကားမောင်းနေတာလည်း မဟုတ်တာကို အဲ့ဒီလိုလုပ်ဖို့ လိုလို့လား။”

“အဲ့ဒီလိုနဲ့ ကျွန်မ မတော်တဆမှုဖြစ်ရင် ရှင်လည်း နစ်နာမှာပါ။”

“မတော်တဆမှုဖြစ်အောင် လုပ်မှာလား။”

“ဖြစ်ချင်လည်း ဖြစ်မှာပေါ့။”

ခရမ်းလွန်ရောင်ခြည်ထက်ပင် စူးရှလှသော ထိုအကြည့်များထံမှ လွတ်မြောက်ရန် အီယွန်းအသံကို မြှင့်လိုက်သည်။ ညာဘက်ခြမ်းမှ နေရောင်ပင် မလာပါဘဲနှင့် နားရွက်ဖျားများ အကြောင်းမဲ့ ပူနွေးလာရ၏။ ဂွမ်ချယ်ဝူက မကျေနပ်သလို အဟမ်းဟု ချောင်းဟန့်ခဲ့သော်လည်း အလိုက်တသိပင် ခေါင်းကို လွှဲပေးခဲ့သည်။

“အီယွန်း၊ ကိုယ် မှတ်ပုံတင် လိုအပ်တယ်။”

“……”

မီးနီပြနေချိန်ပင်။

အချိန်ကိုက် မရပ်နိုင်ဘဲ ဘရိတ်ကို ခပ်ကြမ်းကြမ်း နင်းလိုက်မိသဖြင့် စတီယာရင်နှင့် ရင်ဘတ် တိုက်မိတော့မလို ဖြစ်သွားသည်။ ထိုကြားထဲသို့ လျင်မြန်စွာ ဝင်ရောက်လာသော ဂွမ်ချယ်ဝူ၏ လက်သာမရှိခဲ့လျှင်...

“ရရဲ့လား။”

သံမဏိကဲ့သို့ မာကျောသော သူ၏လက်မောင်းနှင့် နူးညံ့သော ရင်သားတို့ ဖိကပ်မိသွားသည်။ အီယွန်း၏ မျက်နှာတစ်ခုလုံး နီမြန်းလာသဖြင့် ခေါင်းကိုပင် မဖော်ရဲတော့ပေ။

ဖြစ်ရလေ၊ နို့သီးခေါင်းက အတိအကျ ဖိမိသွားရတယ်လို့။

လျှပ်စစ်စီးသွားသလို ကျဉ်ခနဲဖြစ်သွားကာ အပူရှိန်တက်လာသည်။ နို့သီးခေါင်းလေးကို ပွတ်တိုက်မိသွားပြီး ပိပြားသွားသော ရင်သားများက တစ်ဖန်ပြန်၍ ရုန်းကြွလာစဉ် အီယွန်းက ဟနေသော ဒူးနှစ်ဖက်ကို အလိုလို စေ့လိုက်မိ၏။ တဒင်္ဂအတွင်း ခန္ဓာကိုယ်အောက်ပိုင်းက ဆတ်ခနဲတုန်ယင်သွားသည်။ အီယွန်းအတွက် စိမ်းသက်သော ခံစားချက်ပင်။

“အီယွန်း၊ ဘယ်နားက နာလို့လဲ။”

“မဟုတ်ဘူး၊ မဟုတ်ပါဘူး။”

အီယွန်းက ခေါင်းကိုပါ အပြင်းအထန် ခါယမ်းလိုက်သည်။ ပြင်းထန်သော ဤခံစားချက်က မိမိတစ်ယောက်တည်း ဖြစ်နေခြင်းပဲလားမသိ ဂွမ်ချယ်ဝူကတော့ တည်ငြိမ်နေသည့်ပုံပင်။

“……ဂွမ်ချယ်ဝူရှင့်၊ ဟိုလေ၊ တော်တော်လေး ကပ်နေပါပြီ။”

အီယွန်းက ကိုယ်ကို အနောက်သို့ ခပ်ဝေးဝေး ဆုတ်လိုက်သည်။

လက်တစ်ဖက်ဖြင့် ယာဉ်မောင်းသူထိုင်ခုံ၏ ခေါင်းမှီကို ကိုင်ထားကာ ကျန်လက်တစ်ဖက်ဖြင့် စတီယာရင်ကို တားထားရင်း သူ၏ ခန္ဓာကိုယ်က အီယွန်းအနားသို့ တိုးကပ်လာ၏။ အနီးကပ် မြင်တွေ့လိုက်ရသော သူ၏ အညိုရောင်ဖျော့ဖျော့ မျက်ဝန်းများက ရင်သပ်ရှုမောဖွယ်ရာပင်။

“…….”

“…….”

နီးကပ်လွန်းသော အကွာအဝေးဖြစ်သဖြင့် ပို၍ပင် ရှင်းလင်းစွာ မြင်နေရသည်။ တုန်ယင်နေသော သူ၏မျက်ဝန်းများက အီယွန်း၏ နှုတ်ခမ်းထက်သို့ သက်ဆင်းကာ စိုက်ကြည့်လာသည့် ထိုအခိုက်အတန့်တွင်။

အီယွန်းက အကြောင်းမဲ့ ခြောက်သွေ့လာသော နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိသည်။

“……ဒါနဲ့ ရုတ်တရက်ကြီး မှတ်ပုံတင်က ဘာဖြစ်လို့လဲဟင်။”

“…….”

“ဂွမ်ချယ်ဝူရှင့်။”

“……ဟုတ်ကဲ့။ အတည်တကျ အလုပ်အကိုင် ရှာကြည့်မလို့ပါ။”

သူက မျက်လုံးကို ဖြည်းဖြည်းချင်း ပြန်ဆုံခဲ့သည်။

ပြန်ဆုံလိုက်ရသော မျက်ဝန်းများက နီရဲနေသော အိုးထဲမှ အရည်များအလား ဆူပွက်နေ၏။ အီယွန်း၏ လည်တိုင်တစ်ခုလုံးတွင် ချက်ချင်းပင် ချွေးစေးများ ထွက်လာတော့သည်။

“သုံးလို့ရတာဆိုလို့ ဒီခန္ဓာကိုယ်ပဲ ရှိတာဆိုတော့ သုံးစားရမှာပေါ့။”

အီယွန်း၏ အကြည့်ကို အတင်းအဓမ္မ ဖမ်းစားထားသည့် ထိုလူက ‘တီတီ’ ဟု မြည်လာသော ကားဟွန်းသံကို ကြားမှသာ အနောက်သို့ ဆုတ်သွားတော့သည်။

သူလုပ်ခဲ့သည်က နေရာဟောင်းသို့ ပြန်သွားရုံသာ ဖြစ်သော်လည်း အသက်ရှူကျပ်မတတ် ဖြစ်နေသော လေထုက ချက်ချင်းပင် လွင့်စင်သွား၏။

“ဖုန်းနဲ့ ဘဏ်စာအုပ်လုပ်ပြီး အလုပ်ကို ဖြစ်ဖြစ်မြောက်မြောက်လုပ်ပါ့မယ်။”

သို့သော် နေသာထိုင်သာရှိသွားသည့် ခံစားချက်က ခဏသာ။ အီယွန်း၏ နှလုံးက တဒိန်းဒိန်း ခုန်လာတော့သည်။ ဤသည်က မကောင်းသော နိမိတ်ပင်။

အဲ့ဒီလိုအရာမျိုး……ငါ့မှာ မရှိတာကို ဘယ်လိုလုပ်ရမလဲ။

~~~~

“အခြေအနေက တော်တော့်ကို ကောင်းပါတယ်။”

ဆရာဝန်က လည်ပင်းကို အရှေ့သို့ ဆန့်ထုတ်ကာ ကွန်ပျူတာ မော်နီတာကို စိုက်ကြည့်နေသည်။ စခရင်န်ပေါ်တွင် အီယွန်း နားမလည်နိုင်သော ဦးနှောက်လှိုင်း ဂရပ်ဖ်များနှင့် ကိန်းဂဏန်းများ အပြည့်ရှိနေ၏။ ဆရာဝန်က ဘီးလှိမ့်ကုလားထိုင်ပေါ်မှ ထရပ်ကာ အီယွန်းနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

“သေချာတာကတော့ ဆိုအီယွန်း ရှိ၊ မရှိအပေါ် မူတည်ပြီး လူနာရဲ့ အိပ်စက်ခြင်းက ဆုံးဖြတ်ချက်ပေးသွားတာပါပဲ။ ဒါက စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ဖို့များပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အကြောင်းအရင်းမျိုးစုံ ရှိနိုင်ပါတယ်ဗျ။”

ထွက်ပြေးစရာ လမ်းမရှိအောင် အတည်ပြုချက်ပေးလိုက်ခြင်းပင်။ အီယွန်း ခဲရာခဲဆစ် တံတွေးမျိုချလိုက်မိသည်။

“လူနာက ဆိုအီယွန်းရဲ့ မျက်နှာကိုပဲ မှတ်မိနေတာကလည်း အရိပ်အမြွက် ဖြစ်နိုင်တယ်ဗျ။”

ကြည်လင်သော မှန်နံရံနောက်ကွယ်တွင် လူနာဝတ်စုံဝတ်ထားသည့် ဂွမ်ချယ်ဝူက ခေါင်းတွင် ကြိုးပေါင်းများစွာ တပ်ဆင်ထားလျက် လဲလျောင်းနေသည်။ ယနေ့ စစ်ဆေးမှုကို အီယွန်းနှင့်အတူ ဘေးချင်းယှဉ်လဲလျောင်းပြီး ပြုလုပ်ခဲ့ခြင်းပင်။ အိပ်ရာမှ နိုးခါစဖြစ်သော သူက ဘေးမှ လစ်ဟာနေသော နေရာကို စမ်းသပ်ရှာဖွေရင်း မှန်နံရံနောက်ကွယ်ကို တည့်တည့်စိုက်ကြည့်လာသည်။

“ဒီကနေစပြီးတော့ ကျွန်တော့်ရဲ့ ခန့်မှန်းချက်သက်သက်ပါပဲ၊ လူနာက မတော်တဆမှုမဖြစ်ခင်မှာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာတစ်ခုခု ရခဲ့တာမျိုးလည်း ဖြစ်နိုင်ပြီး....”

ဘယ်သူကလဲ။ ဂွမ်ချယ်ဝူကလား။

အဲ့ဒီတုန်းက ပြင်းထန်တဲ့ စိတ်ဒဏ်ရာကို ကျွန်မက ပိုရခဲ့တာပါလို့……

ဆရာဝန်က ခေတ္တ စကားကို ရပ်လိုက်ပြီး အီယွန်းကို လေးနက်စွာ ကြည့်ခဲ့သည်။

“သစ်ပင်လူသား အခြေအနေမှာ အိပ်မွေ့ချခံလိုက်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။”

“……ရှင်။”

အီယွန်းက မျက်ခုံးများကိုကျုံ့ကာ ကြောင်အမ်းအမ်းဖြင့် တုံ့ပြန်လိုက်မိသည်။

“လူနာက မမှတ်မိတာပဲ ရှိတာပါ။ သတိမေ့နေတဲ့ ၂ နှစ်တာ ကာလအတွင်းမှာ သိလျက်နဲ့ဖြစ်စေ၊ မသိဘဲနဲ့ဖြစ်စေ ကြားခဲ့ရတာတွေကို မသိစိတ်က စုဆောင်းထားခဲ့တာမျိုးလည်း ဖြစ်နိုင်တယ်ဗျ။”

ဆရာဝန်က လက်ပိုက်ထားသော လက်ချောင်းများဖြင့် မေးစေ့ကို အဆက်မပြတ် ပွတ်သပ်နေသည်။

“သတိပြန်ရခါစ လူနာက အဲ့ဒီလို စကားမျိုး ပြောခဲ့ဖူးလို့ပါ။”

ဆရာဝန်၏ နက်မှောင်သော မျက်ဝန်းများက အီယွန်းထံ ကျရောက်လာသည်။

“နိုးမလာအောင် လုပ်ပေးပါဆိုပြီး။”

“……”

ခေါင်းကို အရှိန်ပြင်းပြင်း အရိုက်ခံလိုက်ရသလိုပင်။ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် အကြည့်ကို နှိမ့်ချလိုက်ရင်း အီယွန်း လက်ကို တင်းတင်းဆုပ်ထားမိသည်။ တူနှင့် ထုနေသလို တဒိန်းဒိန်း ခုန်နေသော သွေးခုန်နှုန်းကြောင့် အသက်ရှူပင်မဝတော့။

အီယွန်းက လဲလျောင်းနေသော ဂွမ်ချယ်ဝူကို မရပ်မနား စကားများ ပြောခဲ့ဖူး၏။ အတည်ပြုခြင်း၊ တောင်းဆိုခြင်းနှင့် အသနားခံခြင်းများ ပြုလုပ်ရင်း သူ ထာဝရ အိပ်ပျော်နေပါစေဟု ဆုတောင်းခဲ့ဖူးသည်။

“အဲ့……အဲ့ဒီ အိပ်ပျော်နေတဲ့ syndrome ဆိုတာ...”

“Klein-Levin Syndrome ပါ။”

“ဟုတ်ကဲ့၊ အဲ့ဒါပါ။ အဲ့ဒီ syndrome က အမြစ်ပြတ် ကုသလို့ရလားရှင့်။”

“ကုထုံး သီးသန့်ရှိနေတာမျိုး မဟုတ်ဘဲ အခုလောလောဆယ်မှာတော့ ဆိုအီယွန်းရဲ့ အခန်းကဏ္ဍက အရေးအကြီးဆုံးလို့ မြင်ပါတယ်။”

အမည်တပ်၍မရသော တာဝန်ဝတ္တရားများက အီယွန်း၏ရင်ဘတ်ကို ဖိနှိပ်ထားသည်။ သူ တောင်းခဲ့သည့် ဆုတောင်းများက တကယ် ဂွမ်ချယ်ဝူဆီသို့ စီးဝင်သွားခဲ့လေသလား။

လူသတ်သမားဟု တစ်ထစ်ချ ယုံကြည်ထားသော တစ်ဖက်လူအပေါ် ဤကဲ့သို့သော ခံစားချက်မျိုး ခံစားရမှဖြစ်မည်လား။

အီယွန်း၏ မျက်ဝန်းအောက်တွင် အရိပ်အယောင်များ ယှက်သန်းလာသည်။ တစ်ဖက်တွင် လက်တုံ့ပြန်လိုသောစိတ်က ပြုံးပြနေသော်လည်း အခြားတစ်ဖက်တွင်မူ နောင်တစိတ်က ခေါင်းထောင်လာ၏။

“ဒါနဲ့…… လူနာဆီကနေ ထူးဆန်းတဲ့ အချက်မျိုး မခံစားမိဘူးလားဗျ။”

ထိုစဉ် ဆရာဝန်က ကုတ်အဖြူကို ဘေးသို့ ဖယ်ကာ ခါးထောက်လိုက်သည်။

“ပုံမှန်အားဖြင့် ဒီ syndrome မှာ ရန်လိုမှု၊ ကာမစိတ် အလွန်အကျွံ ပြင်းထန်မှုနဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ ပူးတွဲပါလာတတ်ပါတယ်။ အိမ်မှာ အဲ့ဒီလို ပြဿနာမျိုးတွေ ဖြစ်ခဲ့တာမျိုး မရှိဘူးလား။”

“…….”

ရေထဲတွင် တွန်းထုတ်ခံလိုက်ရသော စက္ကူလှေလေးအလား မျက်ဝန်းများ တုန်လှုပ်သွားသည်။ မှတ်မိစရာများက များလွန်းလှ၏။

“……ပုံမှန်မဟုတ်တဲ့ အပြုအမူနဲ့ ကာမစိတ် အလွန်အကျွံ ပြင်းထန်တာ၊ ဟုတ်လားရှင့်။”

“လူနာတိုင်းမှာ တွေ့ရတဲ့ ရောဂါလက္ခဏာမျိုးတော့ မဟုတ်ပေမဲ့ အဲ့ဒီလို လက္ခဏာမျိုးတွေ ပြလာတယ်ဆိုရင်တော့ အသိပေးပါ။”

“…….”

“အဲ့ဒီလို အခြေအနေနဲ့ တစ်အိမ်တည်းမှာ အတူနေဖို့က ခက်ပါလိမ့်မယ်။”

တဒင်္ဂအတွင်း ဂွမ်ချယ်ဝူ၏ အပြုအမူများက ရုပ်ရှင်ပြကွက်များအလား ဖြတ်ပြေးသွားတော့သည်။

“ပုံမှန်မဟုတ်တဲ့ အပြုအမူဆိုရင် ဥပမာ ဘယ်လိုမျိုးလဲဟင်။”

“ဆင်ခြင်တုံတရားကနေ သွေဖည်ပြီး ပုံမှန်မဟုတ်ဘဲ ရုတ်တရက် ထိန်းမနိုင်သိမ်းမရ လုပ်ဆောင်တဲ့ အပြုအမူတွေကို ဆိုလိုတာပါ။ အဲ့ဒီလိုဖြစ်လာရင် စိတ်ခံစားချက်၊ စိတ်နေစိတ်ထားနဲ့ အလိုဆန္ဒတွေက စွဲလမ်းမှု၊ စိတ်လှုပ်ရှားမှုနဲ့ ကာမစိတ်တွေအဖြစ် ချဲ့ကားပြီး ပေါ်ထွက်လာတတ်ပါတယ်။”

ဆရာဝန် ပြောသည့်အတိုင်းပင်။

သူက ဒုတိယထပ် တံခါးနှင့် တံခါးဂျက်ကို ဖျက်ဆီးခဲ့သည်၊ ကြက်အစိမ်းကို ကိုက်ဖြတ်စားခဲ့သည်၊ ဗြုန်းစားကြီး သုက်လွှတ်ပြီးမြောက်ခြင်း၊ နမ်းရှိုက်ခြင်းများ လုပ်ခဲ့သလို၊ မည်သည့်ကိရိယာမျှမပါဘဲ မီတာ ၃၀ မြင့်သော သစ်ပင်ထိပ်ဖျားအထိ တက်ခဲ့ဖူးသည်။

ထို့အပြင် ပထမဆုံး တွေ့ဖူးသည့် ဟွမ်ဂျိုယွန်းက အီယွန်း၏ အမည်ကို ခေါ်သည့်အချိန်တိုင်း အလွန်အမင်း ကြမ်းတမ်းသော တုံ့ပြန်မှုများကို ပြခဲ့၏။

‘သူ့ရဲ့ ပင်ကိုယ်ဗီဇကြောင့်လို့ပဲ ထင်ခဲ့တာ။ တကယ်တော့ ဒါတွေ အကုန်လုံးက…ရောဂါလက္ခဏာတွေ ဖြစ်နေနိုင်တယ်ပေါ့လေ။’

ရှင်းပြ၍မရသော်လည်း အီယွန်းတစ်ယောက် ဘာကြောင့်မှန်းမသိ ဟာတာတာ ဖြစ်သွားရသည်။

ခဏနေတော့ ဆရာဝန်က မှန်ပြတင်းပေါက်ကို တောက်တောက်ဟု ခေါက်လိုက်၏။ ထိုအချက်ပေးသံကို သဘောပေါက်သော ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်များက ဂွမ်ချယ်ဝူတွင် တပ်ဆင်ထားသော ကြိုးအမျိုးမျိုးကို ဖြုတ်သိမ်းခဲ့ကြသည်။ ဆရာဝန်က ခုတင်ပေါ်မှ ဖြည်းဖြည်းချင်း ထလာသော ဂွမ်ချယ်ဝူကို စေ့စေ့စပ်စပ် ကြည့်နေ၏။

“ဆေးကို မမှီဝဲရတဲ့ လူနာဆိုတာ မရှိပါဘူး။”

ခြေဖျားကိုသာ ငုံ့ကြည့်နေသော အီယွန်း ခေါင်းမော့ကြည့်လိုက်သည်။

“လူနာက……ဆိုအီယွန်း မရှိရင် မဖြစ်တဲ့အတွက် ကျိန်းသေပေါက် တွယ်ကပ်လာပါလိမ့်မယ်။ တစ်နှစ်၊ နှစ်နှစ်လောက်နဲ့တင် ပြီးသွားမဲ့ကိစ္စမျိုး မဟုတ်ဘူးဗျ။ အသင့်ပြင်ထားပါရဲ့လား။”

အီယွန်းကို စူးစိုက်ကြည့်နေသော ဆရာဝန်၏ မျက်လုံးများက အရာအားလုံးကို သိနေသယောင်ပင်။

ရုတ်တရက် ဤလူသည်လည်း ဂွမ်ဂီဆော့၏ မျက်စိနှင့် နား ဖြစ်သည်ဟူသော အချက်က အီယွန်းထံ အသစ်အဖြစ် ရိုက်ခတ်လာသည်။ အီယွန်း၏ အလိမ်အညာများကို ထိုလူက တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်ဟူ၍။

“ဒါပေမဲ့ ကျွန်တော်ကတော့ လူနာကို ပိုပြီးသနားမိတယ်ဗျ။”

ဆရာဝန်က ခေါင်းကို ငဲ့စောင်းလျက် မှိုင်တွေတွေ ရေရွတ်ခဲ့သည်။

“လူနာက တစ်သက်လုံး ဆိုအီယွန်းဆီမှာ တောင်းပန်တိုးလျှိုးပြီး နေသွားရတော့မှာမို့လို့ပါ။”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment