no

Font
Theme

အပိုင်း ၆၈

“……”

အမြဲတမ်း အေးအေးလူလူနှင့် တည်ငြိမ်လွန်းလှသော အီဝူရှင်း၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေသည်။

ထိုမျက်နှာကို တည့်တည့်ရင်ဆိုင်လိုက်ရချိန်တွင် ရက်အတော်ကြာအောင် မနားတမ်း ကျဆင်းနေသည့် နှင်းမုန်တိုင်းကြား၌ပင် ပူနွေးသော အပူရှိန်က ဝုန်းခနဲ တိုးဝင်လာ၏။

ယောက်ျားတွေက ပုံမှန်ဆိုရင် ဒီလိုမျက်နှာမျိုး ရှိကြတာလား။ ဒီလိုမျိုး ကြမ်းတမ်းပြီး အရိုင်းဆန်တဲ့ အကြည့်တွေနဲ့ မိန်းမတစ်ယောက်ကို ကြည့်တတ်ကြတာလား။

ဆောယောင်းကမူ အိမ်ထောင်သက်တမ်းတစ်လျှောက် sex လုပ်နေစဉ်မှာပင် ခင်ပွန်းဖြစ်သူ၏ မျက်နှာကို မမြင်ဖူးခဲ့သဖြင့် ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိခဲ့ပေ။

နက်ရှိုင်းစွာ နစ်ဝင်နေသော မှောင်မိုက်သည့် မျက်လုံးများ။ လူတစ်ယောက်ကို ဖောက်ထွင်းကြည့်နေသည့် ဗြောင်ကျကျ အကြည့်များ။

မျက်စိမကွယ်ခင်ကရော၊ ပြန်မြင်ရပြီးသည့်နောက်ပိုင်း၌ပါ ဤမျှအထိ လေးလံပြီး တစ်ချက်တစ်ချက် လူကို မြှူဆွယ်ဖြားယောင်းသလို ဖြစ်နေသည့် အကြည့်မျိုးကို ပထမဆုံး မြင်ဖူးခြင်းပင်။

ဆောင်းဝုချန်း၏ ရွံရှာဖွယ် အကြည့်မျိုးနှင့်တော့ မတူပေ။ အီဝူရှင်း၏ တောက်လောင်နေသော မျက်လုံးများထဲတွင် ဒေါသ၊ နှမြောတသမှုတို့နှင့်အတူ မသိမသာ လှုပ်ခတ်နေသော မီးလျှံများ ရှိနေသည်။ ယခင်လို မျက်လုံးကိုသာ ပြန်မှိတ်ပြီး ရှောင်ဖယ်ချင်စရာကောင်းသည့် အတိုင်းအတာအထိပင်။

“အင်း……”

မျက်နှာကို ဟိုဘက်ဒီဘက် လွှဲရင်း ဆက်တိုက် ရုန်းကန်နေသော်လည်း ပြင်းထန်သော အင်အားက ဆောယောင်း၏ ဦးခေါင်းကို တစ်ဖန် ထိန်းချုပ်ခဲ့ပြန်သည်။ သူက တစ်စုံတစ်ရာကို အတင်းဖျစ်ညှစ် တောင့်ခံနေသည့်အလား ဆောယောင်း၏ နှုတ်ခမ်းသားများကို ကိုက်နေ၏။

မပြေပျောက်နိုင်သော ရမ္မက်ဆန္ဒကို ထိုသို့သော နည်းလမ်းဖြင့် ပေါက်ကွဲထုတ်နေသည့်အလား။ နောက်ဆုံးတွင် နှုတ်ခမ်းသားလေးများ ပေါက်ပြဲသွားကာ သွေးညှီနံ့ ခပ်ဖွဖွကို ခံစားလိုက်ရသည်။

“အင့်... နာ…တယ်……”

ကိုယ်ငွေ့ကို အချင်းချင်း မျှဝေနေသည့် လုပ်ရပ်က ယခုအခါ ဝါးမျိုဖျက်ဆီးခြင်းအဖြစ်သို့ ပြောင်းလဲသွားချေပြီ။ အီဝူရှင်းက ထိုသွေးစများကို အရသာရှိစွာ စုပ်ယူနေ၏။ ထိုအကျိုးဆက်ကြောင့် အရေပြားအောက်ခြေမှ စတင်ကာ ပူရှိန်းသော အပူဓာတ်က ဝှစ်ခနဲ ပျံ့နှံ့သွားတော့သည်။ လျှာချင်း မရစ်တွယ်ရသေးသော်လည်း နှုတ်ခမ်းချင်း ထိကပ်လိုက်၊ ခွာလိုက် လုပ်နေရုံမျှဖြင့် ရမ္မက်ကြွစရာအသံများ ဆက်တိုက် ထွက်ပေါ်လာ၏။

“ဟား……”

ခြောက်သွေ့နေခဲ့သော နှုတ်ခမ်းသားများက မကြာမီမှာပင် စိုစွတ်သွားရသည်။ စက္ကန့်ပိုင်းမျှ ကုန်ဆုံးသွားသလား၊ သို့မဟုတ် မိနစ်ပိုင်းကြာအောင် နှုတ်ခမ်းချင်း ပွတ်တိုက်နေခဲ့သလား ဆိုသည်ကိုပင် အချိန်ကာလကို သိရှိအာရုံခံနိုင်စွမ်းများ ပျောက်ဆုံးကုန်သဖြင့် မသိနိုင်တော့ပေ။

ပူနွေးသော ဝင်သက်ထွက်သက်များ အပြန်အလှန် ကူးစက်နေသည်။ နှာတံမြင့်မြင့်များက တစ်ဦး၏ပါးပြင်ပေါ်တစ်ဦး ဖိကပ်နေသဖြင့် အသက်ရှူရန်ပင် ခက်ခဲလှ၏။ သို့သော် အေးစက်နေသော နှုတ်ခမ်းများက ထုံကျဉ်လာလောက်အောင် အရည်ပျော်ကျသွားကာ နှေးကွေးစွာ ခုန်နေခဲ့သော နှလုံးခုန်သံကလည်း တစ်ချက်ကလေးဆိုသော်ငြား ပြန်လည် မြန်ဆန်လာပြန်သည်။

နှာခေါင်းမှ မှုတ်ထုတ်လိုက်သော ပြင်းထန်သည့် ထွက်သက်ကို အရိုင်းဆန်စွာ ကြားနေရ၏။ သို့သော်လည်း အသိစိတ် လုံးဝ လွတ်ထွက်မသွားသေး၍လားမသိ၊ တားမြစ်ချက်တစ်ခုအလား ပါးစပ်အတွင်းပိုင်းအထိတော့ ကျူးကျော်ဝင်ရောက်ခြင်း မရှိသေးပေ။

ဆောယောင်းကိုယ်တိုင်ပင် တစ်ချက်တစ်ချက် လျှာကို လှုပ်ရှားချင်နေသော်လည်း သူ၏ ထိန်းချုပ်နိုင်စွမ်းက အံ့ဩစရာကောင်းလှသည်ဟု တွေးမိတော့သည်။

“ဟား……”

မကြာမီ နှုတ်ခမ်းချင်း ခွာလိုက်သော သူက ဆောယောင်း၏ လည်ပင်းအောက်ဘက်ကို ချက်ချင်း စမ်းသပ်ကြည့်လာ၏။ ဆောယောင်းက ထိုအခွင့်အရေးကို အမိအရဖမ်းကာ အလှည့်စားခံရသူလို အော်ဟစ်လိုက်သည်။

“နည်းပြကြီး……ကျွန်မက နမ်းရအောင်လို့ ပြောတာ…… ဟား…… မဟုတ်ပါဘူး……”

“ဒါက ဘာလို့ နမ်းတာဖြစ်ရမှာလဲ။”

“ရှင်။”

“လျှာလေး တစ်ချက်တောင် မစုပ်ရဘဲနဲ့ ဒါက ဘယ်လိုလုပ် နမ်းတာဖြစ်မှာလဲ။”

မောဟိုက်နေသော အသက်ရှူသံကို ထိန်းရင်း နားလည်မှုအလွဲကို ပြင်ဆင်ပေးလိုက်သော်လည်း ပြန်လာသည့်စကားက ထိုမျှသာ။ ဆောယောင်း မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်သည်။

“အဲ့ဒါဆို ဒါက ဘာလဲ။”

“အဖွဲ့ဝင် ဟန်ဆောယောင်းရဲ့ ပါးကို ရိုက်တာထက် ဒီနည်းလမ်းက ပိုပြီး အကျိုးရှိလို့ လုပ်တာ။”

“……”

“မင်းပဲ ပါးမရိုက်ပါနဲ့ဆို။”

အီဝူရှင်းက သွားရည်တို့ဖြင့် ပြောင်လက်နေသော သူ့နှုတ်ခမ်းသူ လျှာဖြင့်သပ်ကာ ပြုံးလိုက်သည်။ ဆောယောင်းက ဖူးရောင်နေသော သူ၏ နှုတ်ခမ်းထက် ပို၍နီရဲပြီး ထူထဲသော လျှာဆီသို့ တစ်ချက်လေး အကြည့်ရောက်သွားမိ၏။ ထူးဆန်းစွာပင် ရင်ထဲ၌ လှုပ်ခတ်သွားရသည်။

“မျက်နှာသွေးလည်း ပြန်တက်လာပြီ၊ ပြာနှမ်းနေတဲ့ နှုတ်ခမ်းတွေလည်း မရှိတော့တာကို ဘာက ပြဿနာလဲ။”

“ဒါပေမဲ့လည်း…… ပါးစပ်ကို ဘာလို့ အဲ့ဒီလို…… လှုပ်ရှားရတာလဲလို့……”

“အဲ့ဒါဆို။”

“ဟား…… တစ်ခုခုပြောရင်းနဲ့ အသိစိတ်ပြန်ဝင်အောင် လုပ်ကြစို့ဆိုပြီး ပြောခဲ့တာမဟုတ်ဘူးလား။”

“ဒီတော့ အခု ငါနဲ့ အဲ့ဒီ သောက်ကျိုးနည်း အိမ်ထောင်ဖက်အကြောင်း အတင်းပြောရအောင်ပေါ့လေ။”

“အဲ့ဒီလောက်ကြီးတော့ သောက်ကျိုးနည်း မဟုတ်……”

“ရယ်စရာပါလား။ ငါ့မိန်းမက ဘယ်သူမှန်း သိလို့လား။”

“ဒါဆို ဒီမှာ နည်းပြကြီးနဲ့ ဘာအကြောင်း ပြောရမှာလဲ……အနည်းဆုံး ဘုံတူတဲ့ အကြောင်းအရာက အဲ့ဒါပဲရှိတာကို……”

“ဒါဆိုလည်း တစ်ခါလောက် ပြောကြည့်လေ။ စောက်ရမ်း စိတ်ဝင်စားဖို့ ကောင်းမှာပဲ။”

သို့သော် အဓိပ္ပာယ်မရှိတာဟူသော မျက်နှာထားနှင့် ပူနွေးသော နှုတ်ခမ်းများက ဆောယောင်းကို ထပ်မံ အုပ်မိုးသွားပြန်သည်။

“....”

အီဝူရှင်းက ဆောယောင်း၏မေးစေ့ကို မြဲမြံစွာ ဆုပ်ကိုင်ကာ ဖွင့်ဟခဲ့သည်။

စိတ်ထဲတွင်မူ ဝုန်းခနဲ တွန်းထုတ်လိုက်ချင်သော်လည်း ဂျာကင်ထဲတွင် ပိတ်မိနေသော လက်နှစ်ဖက်က လုံးဝ အသုံးမဝင်ပေ။ အောက်ပိုင်းဆိုလျှင် မပြောတတ်သော်လည်း၊ အပေါ်သို့မူ လက်က မြှောက်၍မရချေ။

သူက နောက်တစ်ကြိမ် ပူနွေးသော ဝင်သက်ထွက်သက်များကို ဝါးမျိုရင်း နှုတ်ခမ်းသားများကို ငုံခဲကာ အသားချင်း ထိတွေ့ပွတ်တိုက်ခဲ့သည်။

အီဝူရှင်း၏ ကြမ်းတမ်းသော ဦးဆောင်မှုအောက်တွင် ဆောယောင်း၏ ခန္ဓာကိုယ်က အားမရှိဘဲ ယိုင်နဲ့နေရ၏။

“တကယ်တော့ နည်းပြမှာလည်း ပြောစရာတွေ အများကြီးပဲ။”

သူက နှုတ်ခမ်းချင်းခွာသွားသည့် အခိုက်အတန့်တွင် စကားကို အဆက်အစပ်မဲ့စွာ ဆက်ပြောလာသည်။

“ငါ့ဇနီးဖြစ်ခဲ့တဲ့ မိန်းမက စာရွက်ပေါ်မှာ ယောက်ျားတွေနာမည်ကို အစီအရီ ချရေးထားပြီး……”

“……”

ဆောယောင်း၏ မျက်လုံးများ အနည်းငယ် ဝိုင်းစက်သွားသည်။ ဒီအတိုင်း ပြောလိုက်ခြင်းဖြစ်သော်လည်း တကယ်ကြီး ဖြစ်နေသတဲ့လား။

“ဒီအတိုင်း လွှတ်ထားရင် တစ်နေ့လုံး ညစ်ညစ်ညမ်းညမ်း အတွေးတွေပဲ တွေးနေမဲ့ပုံနဲ့……”

“……”

“အဲ့ဒါတောင်မှ မျက်လုံးလေးပဲ လှလှလေး ပင့်ကြည့်ပေးလိုက်ရင် အကုန်ဖြစ်တယ် မှတ်နေတာ။”

“……”

“တောင်ပေါ်မှာပဲဖြစ်ဖြစ်၊ ပင်လယ်မှာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကိုလည်း လက်လွတ်စပယ် သုံးတတ်သေးတယ်။”

“ဘယ်ကနေ အဲ့ဒီလို ထူးဆန်းတဲ့ မိန်းမကို……”

သူက နှုတ်ခမ်းချင်း ထပ်မံ၍ ဖိကပ်လာပြန်သည်။ ချောကျိကျိ ဖြစ်နေသော အမြှေးပါးများ ထိကပ်သွားကာ နှာခေါင်းချင်း ထိတွေ့မှုကြောင့် ပြင်းထန်သော ဝင်သက်ထွက်သက်များ ပိုမိုပူနွေးလာ၏။ ဟောဟဲဆိုက်နေသော ဝင်သက်ထွက်သက်များက ပိုမိုနက်ရှိုင်းစွာ တိုးဝင်ရောယှက်နေသည်။

အီဝူရှင်းက အဆုံးအထိ လျှာကိုမသုံးရန် ဆုံးဖြတ်ထားပုံရကာ အားမရသည့်အလား သွားဖုံးများကို နမ်းရှုံ့ပြီး ဆောယောင်း၏ အောက်သွားများကို ကျွတ်ထွက်မတတ် စုပ်ယူနေ၏။ ထိုအချိန်တိုင်း ဆုပ်ကိုင်ခံထားရသော မေးရိုးက ထုံကျဉ်လာကာ အလိုအလျောက် စီးကျလာသော သွားရည်တို့ကို မျိုချလိုက်သည့်အခါတိုင်း အောက်ပိုင်းကို ညှစ်မိတော့သည်။

မခံစားသင့်သော၊ အပြစ်ရှိသလို ခံစားရလောက်သည့် အပူရှိန်မျိုးပင်။

ဤအခြေအနေသို့ ရောက်လာတော့ ဆောယောင်း ဝန်ခံလိုက်ရ၏။

ငါယောက်ျားက…… နမ်းတဲ့နေရာမှာ သိပ်မတော်တာလား။

ဂင်ဟျွန်းပီပီ တကယ် ရိုးအခဲ့တာပဲနေမှာ……

ခဏနေတော့ အီဝူရှင်းက ပြွတ်ခနဲ အသံထွက်သည်အထိ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် စုပ်ယူပြီးမှ ခွာသွားသည်။

ပြင်းထန်စွာ တုန်လှုပ်နေသော မျက်ဝန်းနှစ်စုံ ဆုံတွေ့သွားကြ၏။

အီဝူရှင်းက အရှက်မရှိမျက်နှာပြောင်သည့်ပုံပေါ်သော်လည်း ဆောယောင်းကမူ ရှုပ်ထွေးနေခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ၏ မျက်လုံးထဲတွင်လည်း မသ်ိမသာ နောင်တရိပ်များ စတင်စုပုံလာတော့၏။

ဟင့်အင်း၊ နောင်တဆိုတာထက်……စိတ်ကျဉ်းကျပ်တာနဲ့ ပိုနီးစပ်တယ်။

လည်ပင်းညှစ်ခံထားရသည့် မျက်နှာထားမျိုး ဖြစ်နေသည်။

အလောင်းကို ကိုက်မိခဲ့လျှင်ပင် ထိုမျှအထိ စိတ်ပျက်သည့်မျက်နှာထားမျိုး ရှိမည်မဟုတ်ပေ။

​ဆိုးဝါးလှသော အမှား။

ထိုမျက်နှာထားကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ဆောယောင်း စိတ်သက်သာရာရသွားသည်။

ရှင့်အမှားဖြစ်နေလို့ တော်သေးတာပေါ့……လှည့်ထွက်သွားလိုက်ရင် မေ့ပစ်နိုင်တဲ့ ချွတ်ချော်မှုဖြစ်နေလို့ တော်သေးတာပေါ့။

“ဖြစ်ချင်ဖြစ် အဆုံးသတ်ပေးခဲ့ရောပေါ့။”

အနေအထားအငွေ့အသက်ကို ပြောင်းလဲရန် စကားလမ်းကြောင်းလွှဲခြင်းက အကောင်းဆုံးပင်။ ဆောယောင်းက ပူရှိန်းနေသော နှုတ်ခမ်းကို မသိကျိုးကျွန်ပြုကာ စကားဆက်​ခဲ့သည်။

“နည်းပြကြီးလို စိတ်နဲ့ လူပါးဝတဲ့ ဇနီးကို ဒီအတိုင်း လွှတ်ထားရင် ရင်ထဲမှာ မခံချိမခံသာဖြစ်နေမှာပေါ့။”

“……”

“ဒါက မပြေပျောက်နိုင်လို့ Trauma အဖြစ် ကျန်နေခဲ့တာပါ။ ကျွန်မ လည်ပင်း အကိုက်ခံရတာလေးနဲ့တောင် လူကို ဘာဖြစ်သလဲဆိုပြီး အသည်းအသန် စစ်နေတာကို။ အဲ့ဒီလို အပြုအမူတွေကို မြန်မြန်ပြင်မှ အတူတူ အလုပ်လုပ်ရတာ အဆင်ပြေမှာ မဟုတ်ဘူးလား။”

“ဟား……”

“အဲ့ဒီကနေ နည်းနည်းလောက်ပဲဖြစ်ဖြစ် စိတ်သက်သာရာ ရသွားတယ်ဆိုရင်တော့ ကျွန်မဆီမှာ အကြွေးတင်နေပြီလို့ မှတ်ထားပေးပါ။”

သူက ရုတ်တရက် အားမရှိတော့သည့်အလား ဆောယောင်း၏ ဦးခေါင်းထက်တွင် မေးစေ့ကို တင်ထားရင်း ခန္ဓာကိုယ်ကို ဖြေလျှော့ခဲ့သည်။ သူ အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ်လိုက်တိုင်း ဆောယောင်း၏ ဆံပင်များက ယားကျိကျိနှင့် လှုပ်ခတ်နေ၏။

“အသာလေး ကြည့်လိုက်တော့ နည်းပြကြီးက ထူးဆန်းတဲ့ နေရာတွေမှာ ပျော့ညံ့နေတာပဲ။ ကျွန်မတို့ကို နှိပ်စက်နေတဲ့ လေးပုံတစ်ပုံလောက်ပဲ လုပ်ကြည့်ပါလား။”

“သူ့ကို ပိုပြီး နှိပ်စက်ရမယ်ပေါ့လေ။”

သူက ခပ်ဖွဖွရယ်ရင်း ဆောယောင်း၏ စကားကို သံယောင်လိုက် မေးခဲ့သည်။

“ကျွန်မသာဆိုရင် အဲ့ဒီလိုယောက်ျားကို ဒီအတိုင်း မထားပါဘူး။”

ဆောယောင်း မိမိ၏ ခင်ပွန်းက မိန်းမနာမည်များ အစီအရီ ရေးနေမည့် ပုံရိပ်ကို တစ်ချက်လေး စိတ်ကူးကြည့်မိသည်။ ထိုအခါ အီဝူရှင်း ပေးခဲ့သော အပူရှိန်ထက် နှိုင်းယှဉ်၍မရလောက်အောင် ပြင်းထန်သော ဒေါသမီးများ ရင်ထဲမှ ဝုန်းခနဲ တောက်လောင်လာ၏။

ထိုအခါမှသာ မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားသော ဆောယောင်းက ထပ်မံပြောလာသည်။

“မျက်နှာလေးပဲ ကြည့်ပြီး တွေ့ခဲ့ကြတာဆိုတော့ အဲ့ဒီလို ထူးဆန်းတဲ့လူနဲ့ တိုးတာပေါ့။”

“ဒါဆို အဖွဲ့ဝင် ဟန်ဆောယောင်းကရော မျက်နှာမကြည့်ဘဲ တွေ့ခဲ့တာလား။”

“ကျွန်မက အဲ့ဒီအချိန်မှာ မျက်စိကွယ်နေတာဆိုတော့ ဘာမှမကြည့်ဘဲ တွေ့ခဲ့တာပါ။”

“အဲ့ဒီတော့ အဆင်ပြေသွားရောလား။”

“……”

ဆောယောင်းတစ်ယောက် ခွန်းတုံ့ပြန်စရာ စကားမရှိသဖြင့် ဒေါသထွက်သော်လည်း ပါးစပ်ပိတ်နေမိသည်။ ထိုစဉ် တစ်စုံတစ်ရာကို အကဲခတ်သလို ခေါင်းကို ငဲ့စောင်းလိုက်သော အီဝူရှင်း၏ မျက်နှာထားက ရုတ်ခြည်း ပြောင်းလဲသွား၏။

“ဒါနဲ့ အဖွဲ့ဝင် ဟန်ဆောယောင်း။”

မျက်နှာကို တင်းမာစွာထားရင်း သူက သွားကြိတ်ကာ မေးလာသည်။

“စောစောကတည်းက ဘာလုပ်နေတာလဲ။”

“ဘာကိုလဲရှင့်။”

နမ်းခဲ့သည့်ကိစ္စကို ထပ်ပြောလာမည်စိုးသဖြင့် ဆောယောင်းက မသိချင်ယောင်ဆောင်လိုက်သည်။ ထိုအခါ အီဝူရှင်းက မျက်မှောင်ကြုတ်လျက် ဒေါသတကြီး မေးလာ၏။

“မင်း အခု လက်ကို ဘယ်နားမှာ ထားထားတာလဲ။”

“……”

နှစ်ဦးသား၏ အကြည့်ချင်း ထပ်မံ ဆုံတွေ့သွားကြသည်။ အပြစ်တင်သည့်အလား စူးရှသော အကြည့်များကြောင့် ဆောယောင်းက သူ၏ ပေါင်ကြားမှ မိမိ၏လက်ကို ဖြည်းဖြည်းချင်း ဖယ်လိုက်၏။

ကိုယ်တိုင်ပင်မသိလိုက်ဘဲ နွေးထွေးသောနေရာကို ရှာဖွေရင်း သူ၏ ပေါင်ကြားအထိ လက်က ရောက်သွားခဲ့ခြင်းပင်။

နှုတ်ခမ်းတွေ အရည်ပျော်အောင် လုပ်နေရတာနဲ့ အသိစိတ်လွတ်နေမယ် ထင်ထားတာကို……

ဆောယောင်းက အကြည့်လွှဲကာ ဆင်ခြေပေးသလို ပြောလိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်မလည်း မသိလိုက်ဘဲနဲ့…… လက်က အေးနေလို့ အဲ့ဒီနေရာက အနွေးဆုံးမို့လို့ပါ……”

“……”

“Hot pack ထားထားတာလည်း မဟုတ်ဘဲနဲ့ တော်တော်လေး အသုံးဝင်ပါတယ်။”

“တကယ် အဓိပ္ပာယ်မရှိလိုက်တာ……”

သူက ဆဲရေးသလို သက်ပြင်းချလိုက်ရာ ဆောယောင်းကလည်း အလျှော့မပေးဘဲ ပြန်ပြောမိတော့သည်။

“နည်းပြကြီးလည်း ကျွန်မရဲ့ အဲ့ဒီထဲကို လက်ချောင်းထည့်ခဲ့တာပဲမဟုတ်လား……”

“……”

“အဲ့ဒါအပြင် အခုက လေ့ကျင့်ရေးလည်း မဟုတ်ဘဲနဲ့ လက်တွေ့အခြေအနေကြီးမှာကို တကယ် တွန့်တိုလွန်းပါတယ်။ တစ်ယောက်တည်းပဲ နွေးနွေးထွေးထွေး ရှိနေပြီးတော့……တစ်လက်စတည်း အတူတူ နွေးနွေးထွေးထွေးနေကြရအောင်ပါ……”

ဆောယောင်းက လက်ကိုဖယ်ရန်မဆိုထားနှင့် သူ၏ ပေါင်ကြား၊ ထိုအင်္ဂါအောက်သို့ လက်နှစ်ဖက်ကို ပို၍နက်နက်ရှိုင်းရှိုင်း ထိုးထည့်လိုက်သည်။

အာ……ထင်တဲ့အတိုင်း ဒီနေရာက အနွေးဆုံးပဲ……

ဘာကြောင့်မှန်းမသိ ထိုနေရာက တင်းမာလာသလို ခံစားရသော်လည်း အအေးဒဏ်ကြောင့် အသိစိတ်မကပ်တော့သော ဆောယောင်းအဖို့ ပို၍ပူနွေးလာခြင်းက အကျိုးအမြတ်တစ်ခုလိုသာ ခံစားရ၏။

ထိုစဉ် အီဝူရှင်းက သူ့ကို ဖက်ထားသည့် လက်မောင်းကို ဝုန်းခနဲ ဖယ်လိုက်ရင်း အေးစက်စွာ ရေရွတ်ခဲ့သည်။

“ရပြီမို့လို့ မင်း ထွက်တော့။”

သူ ဇစ်ကို မညှာမတာ ဆွဲချလိုက်သည့် အခိုက်အတန့်မှာပင်။

ဒုန်း၊ ဒုန်း….

ကျောက်မီးသွေးတွင်းတူးနေသည့်အလား ဆူညံသံများနှင့်အတူ ရေခဲစများက မိုးသီးကြွေသလို ကြွေကျလာသည်။ ခေါင်းမော့ကြည့်လိုက်တော့ ချွန်ထက်သော Spike များပါသည့် တစ်စုံတစ်ယောက်၏ ဖိနပ်အောက်ခြေက လှုပ်လှုပ်ရှားရှား ဖြစ်နေသည်ကို မြင်လိုက်ရ၏။

“အဖွဲ့မှူး….”

ရင်းနှီးနေသော အသံက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။ ကိုယ်အပေါ်ပိုင်းနှင့် အောက်ပိုင်းတွင် ခိုင်မာသော Harness ကို ချိတ်ဆက်ထားပြီး ကြိုးကိုကိုင်ကာ ဆင်းလာနေသည့် လူ။ နည်းပြ ဂျင်ဟိုဂျယ်က Goggle ကို ချွတ်လိုက်ရင်း ယုံကြည်မှုအပြည့်ဖြင့် အော်ဟစ်လေ၏။

“ခန္ဓာကိုယ်ရော အဆင်ပြေရဲ့လားခင်ဗျ……အချက်ပြ ရတာနဲ့ ချက်ချင်း လှုပ်ရှားလိုက်တာပါ။”

ထိုလူ၏ နောက်ကွယ်တွင် ရေခဲနံရံကို အသီးသီးထိုးစိုက်ရင်း ဆင်းလာကြသော နည်းပြများကို တစ်စုတစ်ဝေးတည်း မြင်တွေ့လိုက်ရသည်။ ထိုအခါ ဆောယောင်းက အီဝူရှင်းကို တုပ်နှောင်ထားသော ကြိုးရှည်ရှည်ကို အမြန် စစ်ဆေးလိုက်၏။

ခန္ဓာကိုယ်လည်း ဘေးကင်းကာ အကောင်ကြီးကြီးကလည်း ငြိမ်နေသည်။

နောက်ဆုံးတော့ အိမ်ပြန်ရန် အချိန်တန်ပေပြီ။

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၀၅ အထိ ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment